အက်စတိုးနီးယားအာဏာပိုင်များသည် ရုရှားနှင့်နယ်နိမိတ် ဆက်စပ် နေသော အဓိကဝင်/ထွက်ပေါက်တစ်ခုတွင် သံမဏိဂိတ်များနှင့် အတားအဆီး များ တပ်ဆင်ရန် စတင်လုပ်ဆောင်နေကြောင်း ဒေသခံရုပ်သံ ERR က စနေနေ့ (ဩဂုတ် ၂) တွင် ဖော်ပြခဲ့သည်။ အဆိုပါအစီအမံသည် လုံခြုံရေး ကို မြှင့်တင်ရန် ရည်ရွယ်သည်ဟု သတင်းများအရသိရပြီး မော်စကိုနှင့် NATO နိုင်ငံများအကြား တင်းမာမှုများ တိုးလာနေချိန်တွင် ဆောင်ရွက် ခြင်း ဖြစ်သည်။

ယင်းအခြေခံအဆောက်အအုံ အဆင့်မြှင့်တင်မှုများကို အက်စတိုးနီးယား နှင့် ရုရှားအကြား အဓိက ဖြတ်သန်းရာနေရာတစ်ခုဖြစ်သော နာဗာ (Narva) နယ်စပ်ဂိတ်တွင် တပ်ဆင်လျက်ရှိသည်။ အက်စတိုးနီးယားဘက်ခြမ်းရှိ တံတားဝင်ပေါက်တွင် သံမဏိဂိတ်များ တပ်ဆင်ထားပြီး လမ်းလျှောက် သူများနှင့် မော်တော်ယာဉ်များကို ထိန်းချုပ်ရန် ထပ်ဆောင်း အကာအရံ များကို တံတား၏အလယ်တွင် ထားရှိထားသည်။ "အဆိုပါ အတားအဆီး များသည် နယ်စပ်စစ်ဆေးရေးဂိတ်ကို အတင်းအကျပ် ဖြတ်ကျော် မောင်းနှင် ခြင်းကို တားဆီးပေးပါသည်။ အခြေခံအားဖြင့် နယ်စပ်ထိန်းချုပ်မှုမှ ရှောင်တိမ်းခြင်းကို ကာကွယ်ရန် ကူညီပေးပါသည်" ဟု ရဲနှင့် နယ်ခြားစောင့် တပ်ဖွဲ့၏ နာဗာဂိတ်တာဝန်ခံ Antti Eensalu က ERR မှ ကိုးကား ပြောကြားခဲ့သည်။
၎င်းက အဆိုပါတပ်ဆင်မှုလုပ်ငန်းများကို လာမည့်လတွင် ပြီးစီးရန် မျှော်လင့် ထားကြောင်း ဖြည့်စွက်ပြောကြားခဲ့ပြီး လိုအပ်ပါက နယ်စပ်ဂိတ်ကို အပြည့်အဝ ပိတ်နိုင်ရန် ယင်းအဆင့်မြှင့်တင်မှုများက အထောက်အကူ ပြုမည် ဟု အတိအလင်း ပြောကြားခဲ့သည်။ အာဏာပိုင်များသည် အက်စတိုးနီးယား၏ တောင်ပိုင်းရှိ Luhamaa နှင့် Koidula နယ်စပ် ဂိတ်များတွင်လည်း အလားတူ အတားအဆီးများ တပ်ဆင်ရန် စီစဉ် နေသည်ဟု သိရသည်။
ဘော်လ်တစ်နိုင်ငံများဖြစ်သော လတ်ဗီးယားနှင့် လစ်သူယေးနီးယားတို့ ကဲ့သို့ပင် အက်စတိုးနီးယားသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်း ပဋိပက္ခ မြင့်တက်လာပြီးနောက် ရုရှားအပေါ် ပိုမိုတင်းမာသော သဘော ထားကို ကျင့်သုံးလာခဲ့ပြီး ယူကရိန်းပဋိပက္ခအပြီးတွင် ရုရှားက ကျူးကျော် နိုင်သည်ဟု မှန်းဆခဲ့သည်။ ကရင်မလင် က အဆိုပါအချက်ကို ထပ်ခါ တလဲလဲ ငြင်းဆိုခဲ့ပြီး အက်စတိုးနီးယားနှင့် အခြားဘော်လ်တစ်နိုင်ငံများ ဆောင်ရွက်သည့် အလားတူ အစီအမံများကို "ရုရှားမုန်းတီးရေး" (Russophobic) အဖြစ် တံဆိပ်ကပ်ခဲ့သည်။
တနင်္ဂနွေနေ့ (ဩဂုတ် ၃) တွင် အက်စတိုးနီးယား ကာကွယ်ရေး ဝန်ကြီး ဌာနက NATO သည် နိုင်ငံတွင်း ဂျာမန်-ဒတ်ချ် မဟာမိတ်တပ်ဖွဲ့ (German-Dutch Allied Corps) တပ်စွဲထားရန် စဉ်းစားနေကြောင်း ကြေညာ ခဲ့သည်။ အဆိုပါလှုပ်ရှားမှုသည် ဘော်လ်တစ်ဒေသတွင် မဟာမိတ် အဖွဲ့ ၏ ရှိရင်းစွဲစစ်ရေးအခြေစိုက်စခန်းများကို ပိုမိုချဲ့ထွင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ယခုနှစ်အစောပိုင်းတွင် အက်စတိုးနီးယားသည် နျူကလီးယား စွမ်းရည်ရှိသော စစ်လေယာဉ်များအပါအဝင် F-35 တိုက်လေယာဉ်များ နှင့် မဟာမိတ်တပ်ဖွဲ့များကို လက်ခံထားရှိရန် အဆင်သင့်ဖြစ်ကြောင်း အချက်ပြခဲ့သည်။ ကရင်မလင်က ထိုသို့သော တပ်ဖြန့်ချထားမှုများကိုရုရှား၏ အမျိုးသားလုံခြုံရေးအတွက် တိုက်ရိုက်ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်မည်ဟု တုံ့ပြန်ခဲ့သည်။
၂၀၂၄ ခုနှစ်တွင် အက်စတိုးနီးယားသည် ဘော်လ်တစ်ကာကွယ်ရေးမျဉ်း (Baltic Defense Line) လက်တ်ဗီယားနှင့် လစ်သူယေးနီးယားတို့နှင့် ပူးပေါင်းသည့် ဒေသဆိုင်ရာ စီမံချက်၏ အစိတ်အပိုင်းအဖြစ် ၎င်း၏ အရှေ့ဘက်နယ်စပ်တစ်လျှောက် ရာနှင့်ချီသော ကွန်ကရစ်ဘန်ကာများကို တည်ဆောက်ရန် အစီအစဉ်များကိုလည်း ကြေညာခဲ့သည်။မော်စကိုက ဥရောပအား ခြိမ်းခြောက်မှုမရှိကြောင်း ထပ်လောင်း ပြောကြား ခဲ့ပြီး ထိုသို့သော ကာကွယ်ရေးတည်ဆောက်မှုများအတွက် ငွေကြေးသုံးစွဲရန် လိုအပ်ချက်ကို သံသယဖြစ်နေခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က နှစ်နိုင်ငံကြား ချစ်ကြည်ရေး ပိုမိုခိုင်မာစေရန် အရှေ့ပင်လယ်အတွင်း ပူးတွဲရေတပ်စစ်ရေး လေ့ကျင့်ခန်းကို ဩဂုတ်လ ၃ ရက်တွင် လုပ်ဆောင်ကြောင်း သိရသည်။
အဆိုပါ အင်အားကြီးနှစ်နိုင်ငံသည် စီးပွားရေးနှင့်နိုင်ငံရေးတွင် ပူးပေါင်းဆောင် ရွက်မှုများကို တိုးမြှင့်ထားသည်သာမက စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို လည်း မြှင့်တင်လာခြင်းဖြစ်သည်။

Joint Sea-2025 ဟုအမည်ပေးထားသည့် အဆိုပါစစ်ရေးလေ့ကျင့်ခန်းကို ရုရှားနိုင်ငံ ဗလာဒီ ဗော့စတော့မြို့ အနီး၌ စတင်ခြင်းဖြစ်ပြီး အချိန်အားဖြင့် သုံးရက်ကြာမြင့် မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၃ ရက်တွင် ထုတ်ပြန်ထားသည်။
အဆိုပါ စစ်ရေးလေ့ကျင့်ခန်းတွင် ရေငုပ်သင်္ဘောကယ်ဆယ်ရေး၊ ပူးတွဲရေငုပ် သင်္ဘောတိုက်ဖျက်ရေး၊ လေကြောင်းရန် ကာကွယ်ရေး၊ ပူးတွဲဒုံးဖျက်စစ်ဆင်ရေး၊ ရေကြောင်းတိုက်ခိုက်ရေးလေ့ကျင့်ခန်း များပါဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
တရုတ်နှင့်ရုရှားနိုင်ငံတို့သည် အဆိုပါ စစ်ရေးလေ့ကျင့်ခန်းလုပ်ဆောင်ပြီးပါက လည်း ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိဆက်စပ် ရေပြင်၌ ပူးတွဲကင်းလှည့်မှုများလုပ်သွားမည်ဖြစ်သည်။ ယင်းနှစ်နိုင်ငံသည် Joint Sea အမည်ဖြင့်စစ်ရေးလေ့ကျင့်ခန်းများ ကို ၂၀၁၂ ခုနှစ်ကတည်းကလုပ်ဆောင်လာခြင်းဖြစ်သည်။
Ref: GT

အပစ်အခတ်ရပ်စဲမှု ရရှိခဲ့ပြီးနောက် ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ရှိ ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသများသို့ အာဆီယံ ယာယီ စောင့်ကြည့် လေ့လာရေး အဖွဲ့တစ်ဖွဲ့က လာရောက်စစ်ဆေးခဲ့သည်ဟု ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၂ ရက်၌ ပြောကြား ခဲ့သည်။အဆိုပါအဖွဲ့၌ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှား နိုင်ငံမှ စစ်သံမှူးနှင့် ဗီယက်နမ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့မှ လက်ထောက် စစ်သံမှူးများလည်း ပါဝင်ခဲ့သည်ဟု ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန Undersecretary of State နှင့် ပြောရေးဆိုခွင့်ရှိသူ မာလီ ဆိုချီတာက ဆိုသည်။

“ကမ္ဘောဒီးယားနိုင်ငံဟာ အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်မှု ကို လေ့လာစောင့်ကြည့်ဖို့အတွက် မလေးရှားနိုင်ငံက ဦးဆောင်သည့် စောင့်ကြည့်လေ့လာရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိ နေပါသည်” ဟု ဆိုချီတာက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နယ်စပ်ဒေသများတွင် ဇူလိုင် ၂၄ ရက်က နှစ်ဖက်တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ ပြီးနောက် ဇူလိုင် ၂၈ ရက်၌ ခြွင်းချက်မရှိ ချက်ချင်းအပစ်အခတ်ရပ်စဲရန် နှစ်နိုင်ငံ သဘောတူညီမှုရရှိခဲ့ပြီး ယင်းနေ့ ညသန်းခေါင်ယံမှစ၍ အပစ်အခတ် ရပ်စဲမှု စတင်အသက်ဝင်ခဲ့ကြောင်း သိရသည်။
ကိုးကား- Xinhua

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဩဂုတ် ၁ ရက်နေ့တွင် ရုရှား နိုင်ငံ အနီးသို့ နျူကလီးယားရေငုပ်သင်္ဘောနှစ်စီး ချဉ်းကပ်စေရန် အမိန့်ပေး ခဲ့ကြောင်း ကြေညာခဲ့ပြီး ရုရှားသမ္မတဟောင်း ဒမီထရီ မက်ဗီဒက်ဗ်၏ လူမှုကွန်ရက်မှတ်ချက်များကို ပြန်လည်တုံ့ပြန်ခဲ့သည်။

ထရမ့်က ၎င်း၏ Truth Social ပလက်ဖောင်းတွင် မက်ဗ်ဒက်ဗ်၏ စိန်ခေါ်မှုများဖြင့်ပြည့်နှက်နေသော ထုတ်ပြန်ချက်များကို ရှုတ်ချကာ "စကားလုံး များသည် အလွန်အရေးကြီးပြီး တစ်ခါတရံ မမျှော်လင့်သော အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သည်" ဟု ရေးသားခဲ့ပြီး နျူကလီးယား ရေငုပ်သင်္ဘောနှစ်စီး စေလွှတ်ရန် အမိန့်ပေးခဲ့ကြောင်း ကြေညာခဲ့သည်။
လွန်ခဲ့သည့် သီတင်းပတ်အတွင်း ထရမ့်သည် ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ မက်ဗီဒက်ဗ်နှင့် လူမှုကွန်ရက်ပေါ်တွင် ပြင်းထန်သော စကားစစ်ထိုးမှုများ ပြုလုပ်ခဲ့သည်။ အမေရိကန်သမ္မတက အသေးစိတ် ထုတ်ဖော်ခြင်းမပြုခဲ့သော်လည်း ၎င်း၏ စစ်ရေးတုံ့ပြန်မှု ကြေညာချက် သည် ရုရှားသမ္မတဟောင်း၏ ဇူလိုင် ၃၁ ရက်နေ့က တွစ်တာပို့စ်နှင့် သက်ဆိုင်နေသည်ဟု ယူဆကြသည်။
မက်ဗ်ဒက်ဗ်သည် ထရမ့်၏ Truth Social တွင် ရေးသားခဲ့သော ပို့စ်ကို တုံ့ပြန်ခဲ့ခြင်းဖြစ်ပြီး ထိုပို့စ်တွင် အမေရိကန်သမ္မတက ၎င်းအား အောင်မြင်မှု မရှိသော ခေါင်းဆောင်ဟောင်းဟု ခေါ်ဆိုကာ စကားကို သတိထား ပြောရန် သတိပေးခဲ့သည်။
ရုရှားနိုင်ငံသမ္မတဟောင်းက ထရမ့်၏ တုံ့ပြန်မှုကို လှောင်ပြောင်ကာ "ရုရှားနိုင်ငံသည် အရာရာကို မှန်ကန်စွာလုပ်ဆောင်နေပြီး မိမိ၏ လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းမည်" ဟု တုံ့ပြန်ခဲ့သည်။
ထရမ့်နှင့် မက်ဗီဒက်ဗ်တို့သည် ဆိုရှယ်မီဒီယာများပေါ်တွင် စကားစစ် ထိုးပွဲများ အပြန်အလှန် လုပ်ဆောင်နေကြပြီး ဩဂုတ် ၁ ရက်နေ့တွင် ထရမ့်က ရုရှားရေပိုင်နက်အနီးသို့ နျူကလီးယားရေငုပ်သင်္ဘော နှစ်စီး စေလွှတ်ရန် အမိန့်ပေးခဲ့သည်ဟု ၎င်း၏ Truth Social တွင် ရေးသား ခဲ့သည်။
ဒေါ်နယ်ထရမ့်သည် ရုရှား-ယူကရိန်း ပဋိပက္ခရပ်စဲရေး လုပ်ဆောင်မှု များနှင့်ပတ်သက်၍ ရုရှားကိုစိတ်ပျက်လာနေကြောင်း ထုတ်ဖော်ပြောဆို ခဲ့ပြီး ညှိနှိုင်းရေးကိစ္စများနှင့်ပတ်သက်၍ ၁၀ ရက်အတွင်း အပြီး လုပ်ဆောင် ရန် အချိန်ကန့်သတ်ချက် သတ်မှတ်ခဲ့ကာ မလုပ်ဆောင်ပါက ဒဏ်ခတ် အရေးယူမှုများ ချမှတ်မည်ဟု ပြောကြားခဲ့သည်။ ရုရှားဘက်ကလည်း ၎င်း၏ ကိုင်စွဲထားသော လိုလားချက်များကိုသာ အတိအလင်း ထုတ်ဖော် ကာ ဒဏ်ခတ်ပိတ်ဆို့မှုများသည် ၎င်းတို့အတွက် အထူးအဆန်း မဟုတ်တော့ ဟု တုံ့ပြန်ခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

ဂါဇာကမ်းမြောင်ဒေသတွင် ဟားမက်အဖွဲ့နှင့် ဓားစာခံများလွှတ်ပေးရန် သဘောတူညီမှုမရပါက အစ္စရေးစစ်တပ်က ပြင်းထန်စွာ တိုက်ခိုက်မည် ဟု သတိပေးလိုက်သည်။ ဩဂုတ်လ ၁ ရက်နေ့တွင် အစ္စရေး ကာကွယ်ရေး တပ် (IDF) ဗိုလ်ချုပ် အီယာလ် ဇာမီးက "လာမည့်ရက် အနည်းငယ် အတွင်း ဟားမက်နှင့် ဓားစာခံများလွှတ်ပေးရေး သဘောတူညီမှုရမရ သိရှိရမည်ဟု ခန့်မှန်းပါသည်" ဟု ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်ရှိ ကွပ်ကဲရေးစင်တာတစ်ခုတွင် တပ်ခွဲမှူးများနှင့် စစ်သည်များနှင့် တွေ့ဆုံစဉ် ၎င်းက "အကယ်၍ သဘောတူညီမှုမရပါက မိမိတို့အနေဖြင့် စစ်ဆင်ရေး ရပ်စဲခြင်းမရှိဘဲ တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်" ဟု သတိပေးခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဟားမက်အဖွဲ့က အစ္စရေးမှ ဓားစာခံ ၂၅၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာမှ ယခုအချိန်တွင် ဂါဇာတွင် ၄၉ ဦး ကျန်ရှိနေပြီး ယင်းအနက် ၂၇ ဦးမှာ သေဆုံးခဲ့ပြီဖြစ်သည်။ ဟားမက် အဖွဲ့က ဂါဇာတွင် လွန်ခဲ့သော ၂ နှစ်နီးပါးက အကျဉ်းချထားခံရပြီးနောက် ကိုယ်အင်္ဂါကြံ့ခိုင်မှုဆုံးရှုံးကာ အာဟာရချို့တဲ့နေပုံပေါက်သည့် ဓားစာခံ များ၏ ရုပ်သံမှတ်တမ်းများကို ဩဂုတ် ၁ ရက်တွင် ဖြန့်ဝေခဲ့သည်။
"မိမိတို့စားသကဲ့သို့ ၎င်းတို့လည်း စားရပါသည်။ မိမိတို့သောက်သကဲ့သို့ ၎င်းတို့လည်း သောက်ရပါသည်" ဟု ဗီဒီယိုဖော်ပြချက်တွင် ဖော်ပြထား သည်။ IDF မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိမှုကို လစဉ်ကန့်သတ်ခံထားရပြီးနောက် ဂါဇာတွင် ကျယ်ပြန့်သော ငတ်မွတ်ခေါင်းပါးမှု အခြေအနေများကို ထင်ဟပ်စေရန် ဟားမက် အဖွဲ့ က ထိုရုပ်သံမှတ်တမ်းများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သည် လများအတွင်း အမေရိကန်၊ အီဂျစ်နှင့် ကာတာနိုင်ငံတို့က ကြားဝင်ညှိနှိုင်းပေးခဲ့သော စစ်ရေးရပ်စဲရေးနှင့် ဓားစာခံလွှတ်ပေးရေး ညှိနှိုင်းဆွေးနွေးပွဲများတွင် ရလဒ်ကောင်း မရရှိခဲ့ပေ။ ဂါဇာကမ်းမြောင် ဒေသတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ တွင် ဟားမက်အဖွဲ့က အစ္စရေး၏ တောင်ပိုင်းဒေသကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး လူ ၁,၂၀၀ ကျော်သေဆုံးကာ ဓားစာခံ ၂၅၁ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်းကြောင့် စတင်ခဲ့ခြင်းဖြစ်သည်။
အစ္စရေးစစ်တပ်၏ ဂါဇာကမ်းမြောင်ဒေသအပေါ် လက်စားချေ တိုက်ခိုက်မှု များကြောင့် လူ ၆၀,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဒေသခံ ကျန်းမာရေးအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ အများစုမှာ အရပ်သားများ ဖြစ်ကြောင်း သိရှိရသည်။
ကိုးကား- VN Express

သမ္မတ ဒေါ်နယ်ထရမ့်က နျူကလီးယားလက်နက်ဆိုင်ရာ မည်သည့် ပြောဆိုမှုကိုမဆို ပေါ့ပေါ့တန်တန် သဘောမထားနိုင်ကြောင်း၊ အမေရိကန် သည် မည်သည့်ဖြစ်နိုင်ခြေရှိသော ရင်ဆိုင်မှုအတွက်မဆို အမြဲတမ်း "လုံးဝ အဆင်သင့်ဖြစ်နေရမည်" ဟုပြောကြားခဲ့ပြီး ရုရှားသမ္မတဟောင်း ဒမီထရီမက်ဗီဒက်ဗ်မှ ဖော်ပြခဲ့သော မသင့်လျော်သည့် ခြိမ်းခြောက်မှုကို တုံ့ပြန်သည့် အနေဖြင့်ပြောကြားခဲ့ခြင်း ဖြစ်သည်။

အိမ်ဖြူတော်၌ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ထရမ့်က ရုရှား ရေပိုင်နက်နှင့် နီးသောနေရာသို့ နျူကလီးယားစစ်ရေငုပ်သင်္ဘော နှစ်စီး ကို တပ်ဖြန့်ရန် အမိန့်ပေးခဲ့ခြင်းနှင့် ပတ်သက်၍ ရှင်းပြခဲ့ပြီး ယင်းလုပ်ရပ် သည် အမျိုးသားလုံခြုံရေးအား သေချာစေရန် လိုအပ်ချက်ကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရေငုပ်သင်္ဘောများစေလွှတ်ခဲ့ခြင်းကို သင့်လျော်သော လုပ်ဆောင်မှုဟု ထရမ့်က ပြောကြားခဲ့ပြီး မက်ဗီဒက်ဗ်၏ ထုတ်ပြန်ခဲ့မှုများကို ခြိမ်းခြောက်မှု ဟု ယူဆကြောင်းနှင့် ထိုကဲ့သို့သော ပြောဆိုမှုများ မလုပ်ဆောင်သင့်ကြောင်း အတိအလင်းပြောကြားခဲ့သည်။ "ထို့ကြောင့် မိမိတို့ ပြည်သူများ၏ဘေးကင်းလုံခြုံရေးအတွက် အခြေခံပြီး ဒါကို လုပ်ခဲ့တာပါ။ ရုရှား၏ ယခင် သမ္မတတစ်ဦးက ခြိမ်းခြောက်မှုလုပ်ခဲ့ပါသည်၊ မိမိတို့အနေဖြင့် မိမိတို့၏ ပြည်သူများကို ကာကွယ်မှာပါ" ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် အသက်ဝင်ပြီးနောက် ထိုင်းနိုင်ငံက ထိန်းသိမ်းထားသော ကမ္ဘောဒီးယား စစ်သည် ၂၀ ကိုပြန်လွှတ်ပေးရန် ကမ္ဘောဒီးယားအစိုးရက ဇူလိုင်လ ၃၁ ရက်တွင် တောင်းဆိုလိုက်ကြောင်း သိရသည်။

ထိုင်းစစ်သည်များသည် ဇူလိုင်လ ၂၉ ရက်နံနက် ၇ နာရီခွဲတွင် ကမ္ဘောဒီးယား စစ်သည် ၂၁ ဦးကိုခေါ်ဆောင်သွားပြီး ၎င်းတို့အနက်တစ်ဦးမှာ သေဆုံးသွားပြီဟူ သောသတင်းကို ရရှိထားကြောင်း၊ ထို့ကြောင့် ကျန်ရှိနေသောစစ်သည် ၂၀ ကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ကမ္ဘောဒီးယား အစိုးရကာကွယ် ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ထို့ပြင် ထိုင်းနိုင်ငံနှင့်ကမ္ဘောဒီးယား နိုင်ငံတို့အနေဖြင့် လက်ရှိအာဆီယံအဖွဲ့ ဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံ၏ ကြားဝင်စေ့စပ်မှုနှင့်အတူ ထိုကိစ္စကို ဆွေးနွေးနေကြောင်း ၎င်းက ဆက်ပြောထားသည်။
တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားစစ်သည်များနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ပြီးပါက ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ထိုင်းတပ်မတော်က ထုတ်ပြန်ထားသည်။
Ref: Xinhua

အမေရိကန်အစိုးရအနေဖြင့် မြောက်ကိုရီးယားနိုင်ငံအား နျူကလီးယားအင်အားကြီးနိုင်ငံ တစ်နိုင်ငံ ဖြစ်လာကြောင်းကို အသိအမှတ်ပြုရန်လိုအပ်သည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ညီမဖြစ်သူ ကင်ယိုဂျုံက ပြောကြားသည်ဟု KCNA သတင်းအေဂျင်စီက ဇူလိုင်လ ၂၉ ရက်တွင် ထုတ်ပြန်သည်။

ကင်ယိုဂျုံသည် လက်ရှိတွင် ကိုရီးယားအလုပ်သမားများပါတီ၊ ဗဟိုကော်မတီ၏ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး အမေရိကန်အနေဖြင့် အနာဂတ်ကာလတွင် ကျင်းပမည့် တွေ့ဆုံဆွေးနွေးပွဲများတွင် မြောက်ကိုရီးယားနိုင်ငံအား နျူကလီးယားအင်အားကြီး လက်နက်နိုင်ငံ တစ်နိုင်ငံအဖြစ် အသိအမှတ်ပြု၍ ဆက်ဆံရမည်ဖြစ်ကြောင်း ၎င်းကသတိပေးပြောကြားထားသည်။
ထို့ပြင် မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအွန်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့အကြား ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုများကို အသုံးချ၍ မြောက်ကိုရီးယားနိုင်ငံအား နျူကလီးယားဖျက်သိမ်းရန် မကြိုးပမ်းသင့်ကြောင်း ကင်ယိုဂျုံက ဆက်လက်သတိပေးထားသည်။
မြောက်ကိုရီးယားနိုင်ငံ၏ အဆိုပါ ရပ်တည်ချက်ကိုငြင်းဆိုမည့် မည်သည့်ကြိုးပမ်း လုပ်ဆောင်မှုကိုမဆို မြောက်ကိုရီးယားအစိုးရက ငြင်းပယ်မည်ဖြစ်ပြီး မိမိတို့အနေဖြင့် နိုင်ငံ၏လက်ရှိရပ်တည်ချက်ကို ခုခံကာကွယ်ရန်အတွက် ရနိုင်သည့်နည်းလမ်းများကို အသုံးပြုမည်ဖြစ်ကြောင်း ကင်ယိုဂျုံက ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယားနိုင်ငံသည် လက်ရှိတွင် နျူကလီးယားလက်နက်ပေါင်း ၅၀ ခန့်ကို ပိုင်ဆိုင်ထားသည်ဟု ယူဆရပြီး အဆိုပါလက်နက်များသည် နိုင်ငံအတွက် အရေးပါသည့် ကာကွယ်တားဆီးရေး လက်နက်များအဖြစ်ယူဆလျက်ရှိသည်။
Ref: Rt

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အရာရှိများသည် လာမည့်သီတင်းပတ်နှစ်ပတ် အတွင်း အီရန်နိုင်ငံသို့ လာရောက်၍ “နည်းပညာ အရေးကိစ္စဆွေးနွေး” နိုင်ခြေရှိကြောင်း၊ နှစ်ဖက်က မည်ကဲ့သို့ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်အပေါ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmaeil Baghaei က ဇူလိုင် ၂၈ ရက်တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ဥရောပတိုက်အနေဖြင့် “ဒဏ်ခတ်အရေးယူမှု အမြန်ဆုံး ပြန်လည်ဖော်ဆောင်ရေး” ယန္တရားအား ပြန်လည်စတင်ပိုင်ခွင့်မရှိဟု ၎င်းက ထပ်မံအလေးထား ပြောကြားခဲ့သည်။

အီရန်အနေဖြင့် ယူရေနီယံသန့်စင်ခြင်းအပါအဝင် နျူကလီးယားအစီအစဉ်များကို ဆက်လက် တွန်းအားပေး ဖော်ဆောင်သွားမည်ဟုလည်း Esmaeil Baghaei က ထပ်မံအတိအလင်းပြောကြား ခဲ့သည်။
အီရန်နျူကလီးယားအဆောက်အဦ၏ လက်ရှိအခြေအနေ အသေးစိတ်နှင့်စပ်လျဉ်း၍ ၎င်းက IAEA ၏ သက်ဆိုင်ရာ အစီရင်ခံစာအား စောင့်ဆိုင်းနေကြောင်း၊ အီရန်အနေဖြင့် လွှတ်တော်ဥပဒေမူကြမ်း၏ အခြေခံပေါ်တွင် မည်ကဲ့သို့ ဆက်လက်ပူးပေါင်းဆောင်ရွက်ရမည့်အပေါ် ဆွေးနွေးရန်အတွက် IAEA နှင့် ပရိုတိုကောလ် (Protocol) အသစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဥရောပ ဘက်အသီးသီးအနေဖြင့် “ဒဏ်ခတ်အရေးယူမှု အမြန်ဆုံး ပြန်လည်ဖော်ဆောင်ရေး” ယန္တရား ဟူသည်အား အသုံးပြုပိုင်ခွင့်မရှိကြောင်း Esmaeil Baghaei က ထပ်မံပြောကြားခဲ့သည်။ “ကျွန်တော် တို့က ဒါကိုကန့်ကွက်ပြီး ဥရောပဘက်ကိုလည်း ရပ်တည်ချက်အကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်ပါသည်” ဟု ၎င်းကဆိုသည်။ အဆိုပါယန္တရားအား အလွဲသုံးပါက အီရန်ဘက်က ပြတ်သားသော တုံ့ပြန်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။
အီရန်သည် ဇွန် ၂၅ ရက်တွင် ဥပဒေကြမ်းကို အတည်ပြု၍ အီရန်နှင့် IAEA ၏ ပူးပေါင်းဆောင်ရွက်မှုကို ယာယီဆိုင်းငံ့ခဲ့သည်။ အဆိုပါဥပဒေကြမ်းတွင် အီရန်၏ နျူကလီးယားအဆောက်အဦ ဘေးကင်း လုံခြုံမှုနှင့် အီရန်က နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာအသုံးပြုပိုင်ခွင့်ကို အာမခံပေးနိုင်ပြီး အီရန်၏ အဆင့်မြင့်အမျိုးသားလုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်ရရှိထားသည်မှလွဲ၍ IAEA က စောင့်ကြည့်လေ့လာသူအနေဖြင့် အီရန်ပြည်တွင်းသို့ ဝင်ရောက်ပြီး စစ်ဆေးအတည်ပြုမှုလုပ်ဆောင် ခြင်းအား တားမြစ်လိုက်သည်။ ထို့နောက် အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်က အဆိုပါဥပဒေ ကြမ်းအား ခွင့်ပြုခဲ့ကြောင်း သိရသည်။
၂၀၁၅ ခုနှစ်တွင် ချုပ်ဆိုထားသည့် အီရန်နျူကလီးယားသဘောတူညီချက်အရ အီရန်အနေဖြင့် ၎င်း၏ နျူကလီးယားအစီအစဉ်အား ကန့်သတ်ရန် ကတိပြု၍ နိုင်ငံတကာအသိုင်းအဝိုင်းက အီရန်အပေါ် ဒဏ်ခတ်အရေးယူမှုကို ပယ်ဖျက်ပေးမည်ဖြစ်သည်။ ထို့နောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အမှတ် ၂၂၃၁ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပြီး အီရန်နျူကလီးယား သဘောတူညီချက်အား စိစစ် အတည်ပြုခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်တွင် “ဒဏ်ခတ်အရေးယူမှု အမြန်ဆုံး ပြန်လည်ဖော်ဆောင် ရေး” ယန္တရားပါဝင်ပြီး အီရန်၏ စည်းကမ်းချိုးဖောက်သော လုပ်ရပ်အား ရင်ဆိုင်ရန်အတွက် သဘော တူညီချက်အား လက်မှတ်ရေးထိုးထားသည့် နိုင်ငံများက အစီအမံများလုပ်ဆောင်ရန် ခွင့်ပြုထား ကြောင်း၊ အဆိုပါယန္တရား၏ သက်တမ်းမှာ ယခုနှစ် အောက်တိုဘာ ၁၈ ရက်အထိဖြစ်ကြောင်း သိရ သည်။
အနောက်တိုင်းနိုင်ငံများက လတ်တလောကာလများတွင် “ဒဏ်ခတ်အရေးယူမှု အမြန်ဆုံး ပြန်လည် ဖော်ဆောင်ရေး” ယန္တရား ပြန်လည်စတင်မည်ဟူ၍ အကျပ်ကိုင်ကာ အီရန်က IAEA နှင့် ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု ပြန်လည်ဖော်ဆောင်ရန်၊ အီရန်နျူကလီးယားသဘောတူညီချက်အရ နျူကလီးယားဖွံ့ဖြိုးတိုးတက်မှုပမာဏအား ကန့်သတ်ခြင်း စသည်တို့ အပါအဝင် အီရန်နျူကလီးယား သဘောတူညီချက်အား ဆက်လက်ဖော်ဆောင်ခိုင်းခဲ့ကြောင်း သိရသည်။
ကိုးကား -ဆင်ဟွာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေဖြင့် ယူရေနီယမ် ထပ်တိုးသန့်စင်မှုကို ပြန်လည်စတင်ပါက ၎င်း၏နျူကလီးယား စက်ရုံ များကို ထပ်မံတိုက်ခိုက်နိုင်ကြောင်း သတိပေးခဲ့သည်။ ၎င်း၏ နျူကလီးယား လုပ်ငန်းစဉ်သည် ငြိမ်းချမ်းစွာ အသုံးပြုရန်အတွက်ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုနေသည့် တီဟီရန်မှ လွန်ခဲ့သည့်လက အမေရိကန်-အစ္စရေး တိုက်ခိုက်မှုများတွင် ထိခိုက်ခဲ့သည့် စက်ရုံများကို ပြန်လည် တည်ဆောက်ရန် ကတိပြုထားသည်။

ဇွန်လတွင် အစ္စရေးသည် အီရန်ကို တိုက်ခိုက်မှုများ ပြင်းထန်စွာ ဆင်နွှဲ ခဲ့ပြီး တီဟီရန်သည် နျူကလီးယားလက်နက် ပိုင်ဆိုင်ရန် နီးကပ်နေပြီဟု စွပ်စွဲခဲ့သည်။ ဤသည်မှာ အစ္စရေးအရာရှိများ ဆယ်စုနှစ်များစွာ ပြုလုပ် ခဲ့သည့် စွပ်စွဲချက်တစ်ခုဖြစ်သည်။ IAEA နှင့် အမေရိကန် ထောက်လှမ်းရေး တို့က အီရန်သည် နျူကလီးယားလက်နက်ထုတ်လုပ်နိုင်ရေး လုပ်ဆောင် နေသည့် အထောက်အထား မတွေ့ရှိရဟုဆိုခဲ့သော်လည်း အမေရိကန် သည် Fordow၊ Natanz နှင့် Isfahan ရှိ အီရန်၏စက်ရုံများကို ပစ်မှတ် ထား၍ တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည်။
သတင်းများအရ အဆိုပါတိုက်ခိုက်မှုများသည် အီရန်၏ နျူကလီးယား အခြေခံအဆောက်အအုံများကို ပြင်းထန်စွာ ပျက်စီးစေခဲ့ပြီး နျူကလီးယား သိပ္ပံပညာရှင်များနှင့် စစ်ဘက်ဆိုင်ရာဝန်ထမ်းများအပါအဝင် လူပေါင်း ဒါဇင်ချီ၍ သေဆုံးခဲ့သည်။
လွန်ခဲ့သည့်သီတင်းပတ်က Fox News နှင့် အင်တာဗျူးတွင် အီရန် နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က အီရန်သည် ၎င်း၏ နျူကလီးယား လုပ်ငန်းစဉ်ကို စွန့်လွှတ်မည်မဟုတ်ကြောင်း ရှင်းလင်းစွာ ပြောကြား ခဲ့သည်။ ၎င်းက ယူရေနီယမ်ထပ်တိုးသန့်စင်မှုကို အီရန် သိပ္ပံပညာရှင် များ၏ အောင်မြင်မှုတစ်ရပ်နှင့် အမျိုးသားရေးဆိုင်ရာ ဂုဏ်ယူဖွယ် အရေး ကိစ္စတစ်ခုအဖြစ် ရည်ညွှန်းခဲ့သည်။
ထရမ့်က အီရန်၏ နျူကလီးယားအခြေခံအဆောက်အဦများကို ဖျက်ဆီး ပစ်လိုက်ပြီဖြစ်ပြီး ပြန်လည်စတင်ပါက ချက်ချင်းတိုက်ခိုက် ဖျက်ဆီး ပစ်မည်ဟု ဇူလိုင် ၂၇ ရက်နေ့တွင် တုံ့ပြန်ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂