ရုရှားနိုင်ငံက Oreshnik ဒုံးကျည်အပြင် အခြားအဆင့်မြင့် စစ်လက်နက်များကို ပိုင်ဆိုင်ထားသည်ဟုဆို

News Image

  • ရုရှားနိုင်ငံက Oreshnik ဒုံးကျည်အပြင် အခြားအဆင့်မြင့် စစ်လက်နက်များကို ပိုင်ဆိုင်ထားသည်ဟုဆို

ရုရှားနိုင်ငံသည် Oreshnik ဒုံးကျည်ကို သာမက အခြားအဆင့်မြင့်စစ်လက်နက် ပစ္စည်းများကိုလည်း  ပိုင်ဆိုင်ထားကြောင်း ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ ယက်ကော့က ဩဂုတ်လ ၁၀ ရက်တွင်ပြောသည်။

“ကျွန်တော်တို့မှာ Oreshnik ဒုံးကျည် ရှိပြီးသားဖြစ်ပါတယ်။ ဒါ့အပြင် တခြား အဆင့်မြင့်လက်နက်တွေကိုလည်း ပိုင်ဆိုင် ထားပြီးဖြစ်ပါတယ်။ နာမည်တွေကိုတော့ ထုတ်မပြောတော့ပါဘူး။ ကျွန်တော်တို့ အနေနဲ့ အကြောင်းမဲ့သက်သက် အချိန်ဖြုန်းနေခဲ့တာမျိုးမရှိပါဘူး” ဟု ဆာဂျီယက်ကော့က  Rossiya 1    သတင်းဌာနသို့ပြောထားခြင်းဖြစ်သည်။

ထို့ပြင် အမေရိကန်နိုင်ငံနှင့်ချုပ်ဆိုထား သည့် New START သဘောတူစာချုပ်၏ သက်တမ်းကုန်ဆုံးသွားခြင်းကြောင့် နျူ ကလီးယား လက်နက်ထိန်းချုပ်မှုဆိုသည်မှာ လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း ဆာဂျီယက်ကော့က ပြောထားသည်ဟုသိရသည်။

MWD