သတင်းများ

ပူတင်နှင့် နေတန်ယာဟုတို့ တယ်လီဖုန်းဖြင့်ပြောဆိုဆွေးနွေးမှုကို ကရင်မလင် ထုတ်ပြန်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု နှင့် ဇူလိုင် ၂၈ ရက်နေ့က တယ်လီဖုန်းဖြင့် ဆက်သွယ် ပြောဆိုခဲ့ကြောင်း ကရင်မလင်မှ ထုတ်ပြန်ခဲ့သည်။ အဆိုပါခေါင်းဆောင် နှစ်ဦးသည် ဆီးရီးယားအခြေအနေနှင့် အစ္စရေး-အီရန် မကြာသေးမီက ပဋိပက္ခအရှိန်မြင့်တက်လာမှုများနှင့်ပတ်သက်၍ အဓိကထား ဆွေးနွေး ခဲ့ကြသည်။

ကရင်မလင်၏ ထုတ်ပြန်ချက်အရ မော်စကိုမှ ဒေသတွင်းပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းရန် ကတိပြုထားကြောင်း ထပ်လောင်းအတည်ပြု ခဲ့သည်။ ပူတင်က ဆီးရီးယား၏ စည်းလုံးညီညွတ်မှု၊ အချုပ်အခြာ အာဏာနှင့် နယ်မြေပိုင်ဆိုင်မှုတို့အား ထိန်းသိမ်းရန်အရေးပါပုံကို အလေးထား ပြောကြားခဲ့သည်။ ထို့အပြင် အစ္စရေးနှင့် အီရန်တို့အကြား မကြာသေးမီ က ပဋိပက္ခအပြီး ညှိနှိုင်းဆွေးနွေးမှုများ စတင်ရာတွင် ရုရှား၏ အကူအညီ ကိုလည်း ပူတင်က ပြန်လည်ကမ်းလှမ်းခဲ့သည်။

မော်စကိုမှ အီရန်နျူကလီးယားအစီအစဉ်နှင့်ပတ်သက်သည့် တင်းမာမှုများ အတွက် ညှိနှိုင်းဖြေရှင်းမှုရရှိစေရန် နည်းလမ်းအားလုံးဖြင့် ပံ့ပိုးကူညီရန် အဆင်သင့်ရှိကြောင်း ကြေညာခဲ့သည်။ ပူတင်နှင့် နေတန်ယာဟု တို့သည် နှစ်နိုင်ငံဆက်ဆံရေးနှင့် အပြည်ပြည်ဆိုင်ရာ အရေးကြီးကိစ္စရပ်များ အပေါ် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန် သဘောတူညီခဲ့ကြောင်း ကရင်မလင်က ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သည့်နှစ်ကုန်ပိုင်းတွင် ဘာရှာအာဆတ် အစိုးရ ပြုတ်ကျပြီးနောက် အစ္စရေးသည် ၎င်း၏နယ်စပ်အနီးတွင် ရန်သူများ အခြေစိုက်လာမှုကို တားဆီးရန် လိုအပ်ချက်ကိုအကြောင်းပြ၍ ဂိုလန်ကုန်းပြင်မြင့်ဒေသကို ကျော်လွန်ကာ ဆီးရီးယားတွင် ၎င်း၏ရပ်တည်မှုကို ချဲ့ထွင်ခဲ့သည်။ အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) သည် ယခုလအစောပိုင်းတွင် ဒမတ်စကပ်မြို့ရှိ ဆီးရီးယားကာကွယ်ရေးဝန်ကြီးဌာနအား လေကြောင်း တိုက်ခိုက်မှုများ ဆင်နွှဲခဲ့ပြီး ယင်းတိုက်ခိုက်မှုများသည် ဆီးရီးယား တောင်ပိုင်းရှိ ဒရူဇ်လူနည်းစုအား ကာကွယ်ရန်အတွက်ဖြစ်ကြောင်း ဆိုခဲ့သည်။ နေတန်ယာဟုနှင့် ဆီးရီးယား၏ ယာယီခေါင်းဆောင် အစ္စလာမ်မစ် Hayat Tahrir al-Sham လူမျိုးစုတပ်ဖွဲ့၏ ကွန်မန်ဒါ Ahmed al-Sharaa တို့သည် အမေရိကန်အကြားဝင်စေ့စပ်မှုဖြင့် စစ်ပြေ ငြိမ်းရေး သဘောတူညီခဲ့ကြသည်။

ဇွန်လတွင် အစ္စရေးသည် အီရန်၏နျူကလီးယားနှင့်စစ်ရေး အခြေစိုက် စခန်းများကို အမေရိကန်ထောက်ခံမှုဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး တီဟီရန်ကလည်း ပြန်လည်တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင် ခဲ့သည်။ ပထမဆုံးတိုက်ခိုက်မှုများ စတင်ပြီးနောက် တင်းမာမှုများ လျှော့ချရန် ရုရှားက အစ္စရေးနှင့်အီရန်နှစ်နိုင်ငံစလုံးနှင့် ချက်ချင်း ဆက်သွယ် ခဲ့ပြီး ပူတင်က ရုရှားသည် အခြားသက်ဆိုင်သည့် အဖွဲ့အားလုံးထံသို့လည်းသဘောထားဖြေလျော့မှုဆိုင်ရာ အဆိုပြုချက်များစွာကို တင်ပြခဲ့သည် ဟု ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

နျူကလီးယား စီမံကိန်းများနှင့်ပတ်သက်၍ ထရမ့်က အီရန်ကို ခြိမ်းခြောက်မှုအသစ် ထုတ်ပြန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေဖြင့် ယူရေနီယမ် ထပ်တိုးသန့်စင်မှုကို ပြန်လည်စတင်ပါက ၎င်း၏နျူကလီးယား စက်ရုံ များကို ထပ်မံတိုက်ခိုက်နိုင်ကြောင်း သတိပေးခဲ့သည်။ ၎င်း၏ နျူကလီးယား လုပ်ငန်းစဉ်သည် ငြိမ်းချမ်းစွာ အသုံးပြုရန်အတွက်ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုနေသည့် တီဟီရန်မှ လွန်ခဲ့သည့်လက အမေရိကန်-အစ္စရေး တိုက်ခိုက်မှုများတွင် ထိခိုက်ခဲ့သည့် စက်ရုံများကို ပြန်လည် တည်ဆောက်ရန် ကတိပြုထားသည်။

ဇွန်လတွင် အစ္စရေးသည် အီရန်ကို တိုက်ခိုက်မှုများ ပြင်းထန်စွာ ဆင်နွှဲ ခဲ့ပြီး တီဟီရန်သည် နျူကလီးယားလက်နက် ပိုင်ဆိုင်ရန် နီးကပ်နေပြီဟု စွပ်စွဲခဲ့သည်။ ဤသည်မှာ အစ္စရေးအရာရှိများ ဆယ်စုနှစ်များစွာ ပြုလုပ် ခဲ့သည့် စွပ်စွဲချက်တစ်ခုဖြစ်သည်။ IAEA နှင့် အမေရိကန် ထောက်လှမ်းရေး တို့က အီရန်သည် နျူကလီးယားလက်နက်ထုတ်လုပ်နိုင်ရေး လုပ်ဆောင် နေသည့် အထောက်အထား မတွေ့ရှိရဟုဆိုခဲ့သော်လည်း အမေရိကန် သည် Fordow၊ Natanz နှင့် Isfahan ရှိ အီရန်၏စက်ရုံများကို ပစ်မှတ် ထား၍ တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည်။

သတင်းများအရ အဆိုပါတိုက်ခိုက်မှုများသည် အီရန်၏ နျူကလီးယား အခြေခံအဆောက်အအုံများကို ပြင်းထန်စွာ ပျက်စီးစေခဲ့ပြီး နျူကလီးယား သိပ္ပံပညာရှင်များနှင့် စစ်ဘက်ဆိုင်ရာဝန်ထမ်းများအပါအဝင် လူပေါင်း ဒါဇင်ချီ၍ သေဆုံးခဲ့သည်။

လွန်ခဲ့သည့်သီတင်းပတ်က Fox News နှင့် အင်တာဗျူးတွင် အီရန် နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က အီရန်သည် ၎င်း၏ နျူကလီးယား လုပ်ငန်းစဉ်ကို စွန့်လွှတ်မည်မဟုတ်ကြောင်း ရှင်းလင်းစွာ ပြောကြား ခဲ့သည်။ ၎င်းက ယူရေနီယမ်ထပ်တိုးသန့်စင်မှုကို အီရန် သိပ္ပံပညာရှင် များ၏ အောင်မြင်မှုတစ်ရပ်နှင့် အမျိုးသားရေးဆိုင်ရာ ဂုဏ်ယူဖွယ် အရေး ကိစ္စတစ်ခုအဖြစ် ရည်ညွှန်းခဲ့သည်။

ထရမ့်က အီရန်၏ နျူကလီးယားအခြေခံအဆောက်အဦများကို ဖျက်ဆီး ပစ်လိုက်ပြီဖြစ်ပြီး ပြန်လည်စတင်ပါက ချက်ချင်းတိုက်ခိုက် ဖျက်ဆီး ပစ်မည်ဟု ဇူလိုင် ၂၇ ရက်နေ့တွင် တုံ့ပြန်ပြောကြားခဲ့သည်။

မန်ဟက်တန်ရှိ အဆောက်အဦတစ်ခုတွင် သေနတ်ကိုင်တိုက်ခိုက်မှု ဖြစ်ပွား

ဇူလိုင် ၂၈ ရက်နေ့ ညနေပိုင်းတွင် မန်ဟက်တန်အလယ်ပိုင်းရှိ အထပ်မြင့် ရုံးအဆောက်အဦတစ်ခုအတွင်း သေနတ်သမားတစ်ဦးက ဝင်ရောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နယူးယောက်ရဲတပ်ဖွဲ့ အရာရှိတစ်ဦးအပါအဝင် အနည်းဆုံး လေးဦး သေဆုံးခဲ့ကာ သေနတ်သမား သည် အဆုံးစီရင် သွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်သည် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၃၀ ဝန်းကျင်တွင် 345 Park Avenue ရှိ အထပ်ပေါင်း ၄၄ ထပ်ရှိသည့် အဆောက်အဦ တစ်ခုအတွင်း ဖြစ်ပွားခဲ့ပြီး ၎င်းအဆောက်အဦတွင် JP Morgan, KPMG, Deutsche Bank, Blackstone, NFL အပါအဝင် အချို့သော ကုမ္ပဏီ များကြီးများ၏ ရုံးခန်းများ တည်ရှိသည်။ ပစ်ခတ်သူသည် M4 မောင်းပြန် သေနတ်ကို ကိုင်ဆောင်ကာ အဆောက်အဦအတွင်းသို့ ဝင်ရောက် ပစ်ခတ် ခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

သေနတ်သမားသည် ခန်းမဆောင်အတွင်း ပစ်ခတ်ပြီးနောက် အဆောက်အဦ ၏ ၃၃ ထပ်တွင် ပုန်းအောင်းနေစဉ် ၎င်း၏ ရင်ဘတ်ကို သေနတ်ဖြင့် ပစ်ခတ်ကာ အဆုံးစီရင်ခဲ့သည့် အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

တူရကီက အမေရိကန်လက်နက်များထက် ပိုမိုစွမ်းအားရှိသည့် ဗုံး မော်ဒယ်အသစ်များကို ဂုဏ်ယူစွာဖော်ပြ

တူရကီသည် အမေရိကန်လက်နက်များထက် ပိုမိုစွမ်းအားရှိသည်ဟု ကြော်ငြာထားသော Ghost တင့်ကားဖျက် ဗုံးအပါအဝင် ဗုံးမော်ဒယ် အသစ် ၂ မျိုးကို မိတ်ဆက်ခဲ့သည်။ လွန်ခဲ့သည့်သီတင်းပတ်က အစ္စတန် ဘူလ်တွင် ကျင်းပခဲ့သော International Defense Industry Exhibition (IDEF) တွင် တူရကီသည် ၉၇၀ ကီလိုဂရမ်အလေးချိန်ရှိသည့် NEB-2 Ghost ဥမင်ဖောက်ဗုံးအသစ်ကို ကြေညာခဲ့သည်။

တူရကီအရာရှိတစ်ဦးက "အမေရိကန်ဗုံးများသည် C35 စံချိန်စံညွှန်း သံကူကွန်ကရစ်ကို ၂.၅ မီတာဖောက်နိုင်သော်လည်း NEB-2 သည် နျူကလီးယားစက်ရုံများကာကွယ်ရန်အသုံးပြုသည့် ကွန်ကရစ်ထက် ၃ ဆပိုမိုခိုင်မာသော C50 ကွန်ကရစ်ကို ၇ မီတာအထိ ဖောက်ထွင်းနိုင်ပြီး ယခုအချိန်တွင် အဆိုပါဗုံးသည် ကမ္ဘာ့အကောင်းဆုံးဥမင်ဖောက်ဗုံး ဖြစ်သည်" ဟု ပြောကြားခဲ့သည်။

Ghost ဒုံးပျံ၏ စမ်းသပ်မှုပြုလုပ်ရာ ကျွန်းပေါ်တွင် ၉၀ မီတာအနက်အထိ ဖောက်ထွင်းကာ မြေပြိုမှု၊ ဓာတ်ငွေ့လှိုင်းများနှင့် ကျောက်တုံးများ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု တူရကီအရာရှိက ဆိုသည်။ ပုံမှန်အား ဖြင့် ဗုံးပေါက်ကွဲမှုသည် ပစ်မှတ်ကို ထိရောက်ပြီး ၂၅ မီလီစက္ကန့် အကြာ တွင် ဖြစ်ပေါ်သော်လည်း ပျက်စီးမှုပိုမိုမြင့်မားစေရန် ၂၄၀ မီလီစက္ကန့် အထိ ချိန်ညှိထားသည်ဟုလည်း ဖော်ပြခဲ့သည်။

အချို့လေ့လာသူများက တူရကီအရာရှိများ၏ အချက်အလက်များကို သံသယရှိကြသည်။ "အမေရိကန်ထုတ် ၁,၈၀၀-၂,၃၀၀ ကီလိုဂရမ် အလေးချိန်ရှိသော GBU-28 စီးရီးကဲ့သို့သော ကြီးမားသည့် လက်နက် များသာ အမြင့်မှပစ်ချပါက တူညီသောဖျက်စီးနိုင်စွမ်းရှိသည်" ဟု ယူကရိန်း စစ်ဘက်ဆိုင်ရာဝက်ဘ်ဆိုဒ် Militarnyi က ဖော်ပြခဲ့သည်။

ထို့အပြင် တူရကီကာကွယ်ရေးဝန်ကြီးဌာန၏ သုတေသနနှင့် ဖွံ့ဖြိုးရေး ဗဟိုဌာနမှ ဒီဇိုင်းဆွဲထားသည့် ၉၇၀ ကီလိုဂရမ်ထိပ်ဖူးပါသော GAZAP ဗုံးကိုလည်း မိတ်ဆက်ခဲ့သည်။ ၎င်းကို တူရကီ၏ အစွမ်းထက်ဆုံး နျူကလီးယားမဟုတ်သောဗုံးအဖြစ် သတ်မှတ်ထားကာ ပေါက်ကွဲမှုပုံစံ နှင့် ပါဝင်ခဲယမ်းများကိုမြှင့်တင်ထားသည့်အတွက် ပေါက်ကွဲမှုအား ၃ ဆပိုမိုပြင်းထန်ကြောင်းနှင့် တပ်ဆင်အသုံးပြုရန် အသင့်ဖြစ်နေကြောင်း ကြေညာခဲ့သည်။

ယခင်က နိုင်ငံခြားမှသာ လက်နက်များဝယ်ယူခဲ့သော တူရကီသည် တဖြည်းဖြည်း ကိုယ်ပိုင်လက်နက်များ ဖွံ့ဖြိုးတိုးတက်ရန် အာရုံစိုက်လာ ခဲ့သည်။ ယခုအခါ ၎င်းသည် ကမ္ဘာ့လက်နက်တင်ပို့သည့် အဓိကနိုင်ငံ တစ်ခုဖြစ်လာပြီး ဥရောပနှင့် အရှေ့အလယ်ပိုင်းတွင် ဖောက်သည်များ ပိုမိုရရှိလာကာ နိုင်ငံတကာဈေးကွက်တွင် ထင်ရှားသည့်လက်နက်များ ပိုင်ဆိုင်ထားသည်။ တူရကီ၏ လက်နက်တင်ပို့မှုများသည် နှစ်စဉ် တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ဒေါ်လာ ၇.၁ ဘီလီယံ သို့ ရောက်ရှိခဲ့ပြီး လွန်ခဲ့သော ၁၀ နှစ်က လက်နက်တင်ပို့မှုမှ ဒေါ်လာ ၁.၉ ဘီလီယံမျှသာ ရှိခဲ့သည်။

ကိုးကား- VN Express

အမေရိကန်သည် နျူကလီးယားလက်နက်များကို ဗြိတိန်သို့ ပြောင်းရွှေ့ ချထားနိုင်သည်ဟု Bloomberg ဖော်ပြ

အမေရိကန်သည် ရုရှားအား သတိပေးလိုသည့် ရည်ရွယ်ချက်ဖြင့် လွန်ခဲ့သော ၁၅ နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဗြိတိန် သို့ နျူကလီးယားလက်နက်များ တပ်ဆင်ချထားနိုင်ကြောင်း အတည်ပြု ထားသော အချက်အလက်များနှင့် ကာကွယ်ရေးဆိုင်ရာ လေ့လာသူများ ၏ သုံးသပ်ချက်များကို ကိုးကား၍ Bloomberg သတင်းဌာနက ဇူလိုင် ၂၈ တွင်ဖော်ပြခဲ့သည်။

အဆိုပါသတင်းတွင် ဇူလိုင် ၁၆ ရက်နေ့က အမေရိကန်လေတပ်မှ လေယာဉ်တစ်စင်းသည် နျူကလီးယားလက်နက်များ သိုလှောင်ထား သည်ဟု သိရှိရသော နယူးမက္ကဆီကိုရှိ Kirtland လေတပ်စခန်းမှ အင်္ဂလန် အရှေ့ပိုင်းရှိ RAF Lakenheath လေတပ်စခန်းသို့ ၎င်း၏ Transponder (လေယာဉ်အချက်ပြစနစ်) ဖွင့်လျက် ပျံသန်းခဲ့သည်ဟု ဖော်ပြထားသည်။ ကာကွယ်ရေးဆိုင်ရာ သုံးသပ်သူများအဆိုအရ ထိုလေယာဉ်တွင် B61-12 နျူကလီးယားဗုံးများ တင်ဆောင်လာခဲ့ပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်း ဗြိတိန် တွင် အမေရိကန်၏ နျူကလီးယားလက်နက် ပထမဆုံးအကြိမ် ချထားမှု ဖြစ်နိုင်သည်ဟု ဆိုသည်။

NATO လက်နက်ထိန်းချုပ်ရေးအရာရှိဟောင်း William Alberque က လေယာဉ်၏ Transponder ကို ဖွင့်ထားခြင်းမှာ ရည်ရွယ်ချက်ရှိပြီး မော်စကိုအား သတင်းစကားပေးလိုသည့် ရည်ရွယ်ချက်ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ ယင်းလုပ်ဆောင်မှုသည် NATO ၏ ခြိမ်းခြောက်မှု ပိုမို အားကောင်းလာစေရန် ပြောင်းလဲမှုအတွက် အစပျိုးလိုက်ခြင်းဖြစ်ပြီး အမေရိကန်၏ နျူကလီးယားလက်နက်များကို ဗြိတိန်တွင် ပြန်လည် ချထားခြင်းသည် သာမန်ကိစ္စမဟုတ်ဟု ၎င်းက ထပ်လောင်းရှင်းပြခဲ့သည်။

အဆိုပါရွှေ့ပြောင်းမှုနှင့်ပတ်သက်၍ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့က အတည်မပြုသေးဘဲ အမေရိကန်က မည်မျှသော နျူကလီးယား လက်နက် များကို ပြန်လည်ချထားခဲ့သည်ကိုလည်း မရှင်းလင်းသေးပေ။ စစ်အေး တိုက်ပွဲ အပြီးမှစ၍ NATO ၏ ဥရောပတွင် နျူကလီးယားလက်နက်များ ချထားမှုမှာ များသောအားဖြင့် မပြောင်းလဲဘဲ ရှိနေခဲ့ပြီး လက်ရှိတွင် ဘယ်လ်ဂျီယမ်၊ ဂျာမနီ၊ နယ်သာလန်၊ အီတလီနှင့် တူရကီနိုင်ငံများတွင် နျူကလီးယားလက်နက်များ တပ်ဆင်ချထားသည်။ ရုရှားနှင့် နီးစပ်သော နေရာများသို့ နျူကလီးယားလက်နက်များ ရွှေ့ပြောင်းမှုသည် အရေး ပါသော အရှိန်မြှင့်လုပ်ဆောင်မှုတစ်ခုအဖြစ် သတ်မှတ်ခံရနိုင်သည်။

Bloomberg ၏ အဆိုပါသတင်းသည် ကိုယ်ပိုင်နျူကလီးယား လက်နက် များ ပိုင်ဆိုင်ထားသော ဗြိတိန်နိုင်ငံက ဇွန်လတွင် အမေရိကန်ထုတ် B61-12 ဗုံးများကို သယ်ဆောင်နိုင်သည့် F-35A တိုက်လေယာဉ် အနည်းဆုံး ၁၂ စီးကို ဝယ်ယူရန် အစီအစဉ်များ အတည်ပြုကြောင်း ကြေညာပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ လန်ဒန်အစိုးရက ယင်းလုပ်ဆောင်မှုကို ဗြိတိန်၏ နျူကလီးယားစွမ်းရည် တစ်ခေတ်ဆန်းသစ်မှုအဖြစ်" ဖော်ပြ ခဲ့သည်။

လွန်ခဲ့သော နှစ်က NATO အထွေထွေအတွင်းရေးမှူးဟောင်း Jens Stoltenberg က ရုရှားနှင့် တရုတ်တို့အား ဖြစ်နိုင်ခြေရှိသော ရန်သူများ အဖြစ် ရည်ညွှန်းကာ ၎င်းတို့ကို ခြိမ်းခြောက်ရန် နျူကလီးယား လက်နက် များ ပိုမိုချထားရန် စဉ်းစားနေကြောင်း ပြောကြားခဲ့သည်။ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က အဆိုပါကြေညာချက်ကို တင်းမာမှုများကို ပိုမိုမြင့်တက်လာစေသည့် လုပ်ဆောင်မှုဟု ဝေဖန် ခဲ့သည်။

ဗြိတိန်အစိုးရက စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးပူဖောင်းများ စမ်းသပ်

ဗြိတိန်အစိုးရသည် Stratosphere (လေထုအထက်လွှာ) မှ ပစ်မှတ်များ အား ထောက်လှမ်းရန် အရပ်ဘက်လေယာဉ်အများစု ပျံသန်းနေသည့် အမြင့်ထက် ပိုမြင့်သောအမြင့် ၁၈-၂၄ ကီလိုမီတာတွင် ပျံသန်းနိုင်ပြီး တစ်ဆက်တည်း ၅ ရက်ကြာ အလုပ်လုပ်နိုင်သည့် ထောက်လှမ်းရေး ပူဖောင်းတစ်မျိုးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း ဇူလိုင် ၂၇ ရက် တွင် ကြေညာခဲ့သည်။

အဆိုပါစမ်းသပ်မှုကို အမေရိကန်ပြည်ထောင်စု တောင်ဒါကိုတာ ပြည်နယ် တွင် "Project AETHER" အစီအစဉ်အရ ဗြိတိန် ကာကွယ်ရေး ဝန်ကြီး ဌာန၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယင်းစီမံကိန်းကို ဗြိတိန် ကုမ္ပဏီ Voltitude က Landguard Systems (UK) နှင့် Aerostar (USA) တို့နှင့် ပူးပေါင်းကာ ဦးဆောင်ခဲ့သည်။ စမ်းသပ်မှုအတွင်း ပူဖောင်း များသည် ၃,၇၀၀ ကီလိုမီတာ အကွာအဝေးအထိ ပျံသန်းနိုင်ခဲ့ပြီး အမြင့် ၁၈-၂၄ ကီလိုမီတာအထိ ရောက်ရှိခဲ့သည်။ ယင်းအမြင့်သည် အရပ်ဘက် လေယာဉ်အများစုနှင့် စစ်လေယာဉ်များ၏ ပုံမှန်ပျံသန်းအမြင့်ထက် နှစ်ဆခန့်ပိုမိုမြင့်မားသည်။

ဗြိတိန်အစိုးရ၏ ထုတ်ပြန်ချက်အရ ပထမအသုတ် ပူဖောင်းများကို တစ်ခုပြီးတစ်ခု လွှတ်တင်ခဲ့ပြီး တစ်ခုစီသည် ၅ ရက်ကျော်ကြာ ပျံသန်း ကာ တစ်လတာကာလအတွင်း အဆက်မပြတ် ထောက်လှမ်းချက်များ ပေးပို့နိုင်ခဲ့သည်ဟု သိရှိရသည်။ ပူဖောင်းတစ်လုံးစီသည် ထောက်လှမ်းရေး ကိရိယာများ ၃ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်ပြီး တစ်လတာ ကြာမြင့်သည့် ပူဖောင်းအုပ်တစ်ခုလုံးပျံသန်းမှုကို ထိန်းချုပ်ရန် လူတစ်ဦး တည်းသာ လိုအပ်သည်ဟု ဆိုသည်။

ကြေညာချက်တွင် "လူမဲ့ပူဖောင်းစနစ်များသည် ပုံမှန်ထောက်လှမ်းရေး နည်းလမ်းများထက် စရိတ်သက်သာသော အခြားရွေးချယ်စရာ တစ်ခု ဖြစ်ပြီး ထိန်းသိမ်းမှုမလိုအပ်ဘဲ အမြင့်ပိုင်းတွင် အချိန်ကြာမြင့်စွာ ပျံသန်း နေနိုင်ခြင်းဖြင့် နိုင်ငံ့လုံခြုံရေးကို မြှင့်တင်ပေးနိုင်ကာ အစိုးရ၏ ပြုပြင် ပြောင်းလဲရေးအစီအစဉ်များကိုလည်း အထောက်အကူဖြစ်စေမည်" ဟု ရှင်းလင်းစွာ ဖော်ပြထားသည်။ အဆိုပါ ပူဖောင်းများသည် စစ်ရေးအပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းများတွင် ဆက်သွယ်ရေးနှင့်သုတေသနလုပ်ငန်းများအတွက်ပါ အသုံးဝင်မည်ဖြစ်သည်။ သို့ရာတွင် ဂြိုဟ်တုများထက် စရိတ်စကသက်သာသော်လည်း မတော်တဆမှုများ ဖြစ်နိုင်ခြေရှိသည့် အားနည်းချက်များရှိနေသည်။

အကြီးစားရေတပ်စစ်ရေး လေ့ကျင့်မှုကြီးတစ်ရပ်ကို ရုရှားရေတပ်မတော် အပြီးသတ်လုပ်ဆောင်

ရုရှားရေတပ်မတော်သည် အကြီးစားရေတပ်စစ်ရေးလေ့ကျင့်မှုကြီးတစ်ရပ်ကို ဇူလိုင်လ ၂၇ ရက်တွင်  အောင်မြင်စွာ အဆုံးသတ် လုပ်ဆောင်နိုင်ခဲ့ကြောင်း  ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ရုရှားရေတပ်မှ တပ်ဖွဲ့ဝင်များသည် July Storm ဟုအမည်ပေးထားသည့် ရေတပ်စစ်ရေး လေ့ကျင့်မှုကြီးကို  ဇူလိုင်လ၂၃ ရက်မှ ၂၇ ရက်အထိ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းစစ်ရေးလေ့ကျင့်မှုတွင် ရုရှားမြောက်ပိုင်းရေယာဉ်စု၊ ပစိဖိတ်ရေယာဉ်စု၊ ဘောလ်တစ်ရေယာဉ်စုနှင့် ကက်စပီယံရေယာဉ်စုတို့က ပါဝင်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုကြီးကို ရုရှား ရေတပ်မတော်မှ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်အလက်ဇန္ဒားမွိုင်းဆိဗ်က ဦးဆောင်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ  ရေတပ်စစ်ရေးလေ့ကျင့်မှုအတွင်း စစ်သင်္ဘောနှင့် ထောက်ပံ့ရေးရေယာဉ် အစင်းပေါင်း ၁၅၀ ကျော်နှင့် စစ်လေယာဉ်အစင်း ၁၂၀၊ ကမ်းရိုးတန်းကာကွယ်ရေးဒုံးကျည်စနစ် ၁၀ ခုနှင့်ရေတပ်ဖွဲ့ဝင် ၁၅၀၀၀ ကျော်ပါဝင်ခဲ့ကြောင်း သိရသည်။

ယခု အပြီးသတ် လုပ်ဆောင်ခဲ့သည့် ရေတပ်ဖွဲ့၏ စစ်ရေးလေ့ကျင့်မှုများသည် ရုရှားတပ်မတော်၏ ပစ်မှတ်ကို တိကျစွာပစ်ခတ်နိုင်သည့် တာဝေးပစ်လက်နက်များ၊ မောင်းသူမဲ့ လက်နက်စနစ်များနှင့် ခေတ်မီလက်နက် ပစ္စည်းများအား   ပေါင်းစပ်အသုံးပြုနိုင်မှု အသင့်အနေအထား ရှိစေရန်အတွက် အဓိကဦးတည် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။          

 Ref: Iv

MWD Web Portal

အစ္စရေးဆိပ်ကမ်းများနှင့် ဆက်စပ်သော ကုန်သွယ်ရေး သင်္ဘောအားလုံးကို တိုက်ခိုက်မည်ဟု ယီမင်ဟူသီသူပုန်များက ခြိမ်းခြောက်

ဂါဇာရှိ ပါလက်စတိုင်းလူမျိုးများနှင့် တစ်သားတည်းရပ်တည်မှုအဖြစ် အစ္စရေးနှင့်ဆက်စပ်မှုရှိသည့် သင်္ဘောများကို တိုက်ခိုက်မှုများ ဆောင်ရွက်နေသည်ဟု ဆိုသော ဟူသီလက်နက်ကိုင်အဖွဲ့သည် အိန္ဒိယသမုဒ္ဒရာနှင့် ပင်လယ်နီကို ဆက်သွယ်ထားသည့် အရေးပါသော လမ်းကြောင်း "ဘာ ဘဲလ်မန်ဒက်ရေလက်ကြား" (Bab el Mandeb) တွင် သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။

အဆိုပါအဖွဲ့၏ စစ်ရေးဆိုင်ရာပြောရေးဆိုခွင့်ရှိသူ အာမင်ဟယ်ယန်း (Ameen Hayyan) က ရုပ်သံ ထုတ်လွှင့်မှုတစ်ခုတွင် အဆိုပါ လုပ်ရပ်သည် ၎င်းတို့၏ စည်းလုံးညီညွတ်မှုကို ပြသသော လုပ်ဆောင်မှု ဖြစ်ကြောင်း ကြေညာခဲ့သည်။

"မိမိတို့၏ လက်နက်ကိုင်တပ်ဖွဲ့များ ရောက်ရှိနိုင်သည့် နေရာမရွေး၊ မည်သည့်နိုင်ငံမှ ဖြစ်စေ၊ အစ္စရေးရန်သူ၏ ဆိပ်ကမ်းများနှင့် ကုန်သွယ်မှု ဆက်ဆံသော ကုမ္ပဏီများ၏ သင်္ဘောအားလုံးကို ပစ်မှတ်ထား တိုက်ခိုက်မည်" ဟု ၎င်းက ပြောကြားခဲ့သည်။ ထို့အပြင် ဟယ်ယန်းက ဂါဇာကို ပိတ်ဆို့ ထားမှု ရုပ်သိမ်းရန် အစ္စရေးအပေါ် ဖိအားပေးရန်နှင့် ၎င်းနှင့် ဆက်ဆံရေး ဖြတ်တောက်ရန် နိုင်ငံများကို တိုက်တွန်းခဲ့သည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာမှစတင်၍ ဟူသီသူပုန်များသည် ပင်လယ်နီတွင် သင်္ဘောအစီး ၁၀၀ ကျော်ကို တိုက်ခိုက်ခဲ့ပြီး သင်္ဘော ၄ စီး နစ်မြှုပ်ခဲ့ကာ ၁ စီးကို သိမ်းပိုက်ခဲ့သည့်အပြင် သင်္ဘောသား ၈ ဦး သေဆုံးစေခဲ့သည်ဟု Reuters ကဖော်ပြခဲ့သည်။ ယခုလအစောပိုင်းတွင် ၎င်းတို့က Liberia အလံလွှင့်တင်ထားသော ဂရိပိုင် Eternity C နှင့် Magic Seas ကုန်တင် သင်္ဘောများကို သိမ်းပိုက်ပြီး နစ်မြှုပ်ပစ်ခဲ့သည်။

ဟူသီသူပုန်များသည် အစ္စရေးနိုင်ငံရှိ မြို့ကြီးများသို့ ဒုံးပျံအလုံးအရင်းဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း အများစုကို အစ္စရေး၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များက ချေမှုန်းနိုင်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှု များကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးသည် ယီမင်နိုင်ငံအတွင်း လေကြောင်း တိုက်ခိုက်မှုများကို အရှိန်မြှင့်လိုက်ပြီး ဟူသီသူပုန်များနှင့် ဆက်စပ် နေသောပစ်မှတ်များအပြင် ဆိပ်ကမ်းအခြေခံအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကာ တနင်္လာနေ့ (ဇူလိုင် ၂၈) က ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ဘန်ကောက်တွင် သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၆ ဦး သေဆုံး

ထိုင်းနိုင်ငံ၏မြို့တော် ဘန်ကောက်ရှိ လူစည်ကားသော ဈေးတစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်သူအပါအဝင် လူ ၆ ဦး သေဆုံးကာ ပစ်ခတ်သူကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့သည်။

ယနေ့ (ဇူလိုင် ၂၈) တွင် ဘန်ကောက်မြို့ ချာတုချက် (Chatuchak) ခရိုင် ရှိ အော်တော်ကော်ဈေး (Or Tor Kor Market) အတွင်း အဆိုပါပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါဈေးသည် အဓိကအားဖြင့် စိုက်ပျိုးရေး ထွက်ကုန်များ ရောင်းချသောနေရာဖြစ်ကာ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လေ့ရှိသော နေရာလည်းဖြစ်သည်။ ယင်းဖြစ်စဉ်တွင် ခရီးသွားဧည့်သည်များ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ပေ။

လူမှုကွန်ရက်ပေါ်တွင် မျှဝေထားသော ဗီဒီယိုတွင် လက်နက်ကိုင် အမျိုးသားတစ်ဦးသည် ဖြစ်စဉ်ဖြစ်ရာနေရာတွင် လှည့်ပတ်သွားလာနေ ခဲ့ပြီး လူများစွာ အထိတ်တလန့်ဖြစ်ကာ ပုန်းရှောင်ရန် ပြေးလွှားနေကြ သည်ကို တွေ့ရသည်။ ဘန်ကောက်ရဲတပ်ဖွဲ့မှ အရာရှိ Worapat Sukthai က အဆိုပါဖြစ်စဉ်တွင် သံသယရှိသူသည် ဈေးအတွင်းရှိနေသော လူအချို့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ၎င်းသည်လည်း ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ယင်းဖြစ်စဉ်တွင် လုံခြုံရေး ဝန်ထမ်း ၄ ဦး၊ ဈေးရောင်းသူ ၁ ဦးနှင့် ပစ်ခတ်သူအပါအဝင် လူ ၆ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

Worapat Sukthai က ပစ်ခတ်သူ၏ ကိုယ်ရေးရာဇဝင်နှင့် ရည်ရွယ်ချက် ကို စုံစမ်းစစ်ဆေးနေပြီး ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲနှင့် ဆက်စပ်မှု ရှိ/ မရှိကိုလည်း စစ်ဆေးသုံးသပ်လျက်ရှိကြောင်း ဖြည့်စွက်ပြောကြား ခဲ့သည်။

ထိုင်းနိုင်ငံတွင် သေနတ်ပစ်ခတ်မှုများသည် ရှားပါးသည့် အဖြစ်အပျက်မျိုး မဟုတ်ဘဲ ဥပဒေစည်းမျဉ်းများ လျော့ရဲသောကြောင့် သေနတ် ပိုင်ဆိုင်ခွင့် ကို လွယ်ကူစွာ ရရှိနိုင်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလက ဘန်ကောက် မြို့လယ်ရှိ ဈေးတစ်ခုတွင် အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦးက သေနတ်ဖြင့် လူ ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ကာ ၅ ဦး ဒဏ်ရာ ရစေ ခဲ့သည်။

၂၀၂၂ ခုနှစ် အတွင်းတွင်လည်း ထိုင်းအရှေ့ပိုင်းရှိ မူကြိုကျောင်း တစ်ခု တွင် ရဲတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးက သေနတ်နှင့်ဓားတို့ဖြင့် ပစ်ခတ် တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းကြောင့် ကလေး ၂၂ ဦးအပါအဝင် လူ ၃၆ ဦး သေဆုံးခဲ့ရသည်။

ဗြိတိန်လေကြောင်းလိုင်းတစ်ခု ပျံသန်းနေစဉ် ဗုံးခြိမ်းခြောက်မှု ဖြစ်ပေါ်

ဇူလိုင် ၂၇ ရက်နေ့က လန်ဒန်မှ ဂလပ်စဂိုးသို့ ပျံသန်းနေသော EasyJet လေယာဉ်ပေါ်တွင် လူတစ်ဦးက "အမေရိက ပျက်စီးပါစေ"၊ "Trump သေဆုံးပါစေ" စသည်ဖြင့် အော်ဟစ်ခဲ့ပြီး ဗုံးဖောက်ခွဲမည်ဟု ခြိမ်းခြောက်မှု လုပ်ဆောင်ခဲ့သည်။ အမေရိကန်သမ္မတ Donald Trump စကော့တလန် သို့ လာရောက်လည်ပတ်စဉ် ၎င်း၏ Turnberry ရိပ်သာတွင် ဂေါက်သီး ရိုက်ရန် ပြင်ဆင်နေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

မီဒီယာများတွင် ဖော်ပြမှုများအရ ခန္ဓာကိုယ် တောင့်တင်းခိုင်မာသည့် အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦးသည် "အလ္လာဟူအက္ကဘာ" ဟု အော်ဟစ်ကာ ၎င်းတွင် ဗုံးရှိကြောင်း ပြောဆိုခဲ့ပြီး လေယာဉ်အမှုထမ်းများကို ရန်စခဲ့ခြင်းကြောင့် အနီးရှိ ခရီးသည်များက ဝိုင်းဝန်း ထိန်းချုပ်ခဲ့ ကြကြောင်း သိရှိရသည်။ 

ဂလပ်စဂိုးလေဆိပ်သို့ ဆင်းသက်ချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက စောင့်ဆိုင်းကာ ထိုပုဂ္ဂိုလ်ကို ဖမ်းဆီးခဲ့ပြီး စကော့တလန် ရဲတပ်ဖွဲ့က ဆက်လက် ထိန်းသိမ်းထားကြောင်းနှင့် ၎င်းသည် ဒုက္ခသည် သက်သေခံ အထောက်အထားများ ကိုင်ဆောင်ထားသည်ဟု အတည်ပြုခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးချက်များအရ လေယာဉ်ပေါ်တွင် ပေါက်ကွဲ စေနိုင်သော ပစ္စည်းများ မတွေ့ရှိရကြောင်းနှင့် အခြားသူများ ပါဝင် ပတ်သက်မှု မရှိကြောင်း လုံခြုံရေးတာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။

ဗြိတိန်တွင် ရွှေ့ပြောင်းနေထိုင်မှုနှင့် ဆက်စပ်နေသော လုံခြုံရေး ခြိမ်းခြောက်မှု များအပေါ် စိုးရိမ်မှုများ တိုးပွားလာနေပြီး အစိုးရ၏ စာရင်းဇယားများ အရ ၂၀၂၄ ခုနှစ် မတ်လကုန်အထိ အင်္ဂလန်နှင့် ဝေလတွင် ဓားကိုင် ခြိမ်းခြောက်/ တိုက်ခိုက်မှုဆိုင်ရာ မှုခင်း ၅၀,၅၀၀ ကျော်ရှိခဲ့ကြောင်း သိရှိ ရသည်။ ဒုက္ခသည်စခန်းများတွင် ပိုမိုတင်းကျပ်သော ထိန်းချုပ်မှုများ လိုအပ်ကြောင်းနှင့် ရွှေ့ပြောင်းနေထိုင်သူ မှုခင်းကျူးလွန်သူများနှင့်ပတ်သက်၍ ပိုမိုပြတ်သားစွာလုပ်ဆောင်ရန် ဆန္ဒပြမှုများလည်း ရှိခဲ့သည်။

ယခုလအစောပိုင်းတွင် 'Great British National Protest' ဒိုဗာမြို့ ဆန္ဒ ပြပွဲအတွင်း လူထုက နယ်စပ်ထိန်းချုပ်ရေး ပိုမိုတင်းကျပ်ရန် တောင်းဆို ခဲ့သည်။ လွန်ခဲ့သော ခြောက်နှစ်အတွင်း အီရန်၊ အာဖဂန်နစ္စတန်၊ အီရတ်၊ အယ်လ်ဘေးနီးယား၊ ဆီးရီးယားနှင့် အီရီထရီးယားမှ ရွှေ့ပြောင်း နေထိုင် သူများသည် ရေလက်ကြားကို လှေငယ်များဖြင့် ဖြတ်ကျော်ကာ တရား မဝင် ဝင်ရောက်လာသူများ၏ ၇၀% ရှိသည်ဟု စာရင်းများအရ သိရှိ ရသည်။