သတင်းများ

နှစ်ပတ်အတွင်း အစ္စရေးစစ်သား ငါးဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

အစ္စရေးစစ်သား အနည်းဆုံး ငါးဦးသည် လွန်ခဲ့သည့် နှစ်ပတ်အတွင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြပြီး ၎င်းတို့တွင် ဂါဇာနှင့် အခြား ပဋိပက္ခ ဇုန်များတွင် ရှည်လျားစွာ တာဝန်ထမ်းဆောင်ပြီးနောက် ပြန်လည် ရောက်ရှိလာသည့် စစ်မှုထမ်းဟောင်းများနှင့် သာမန်စစ်မှုထမ်းများ ပါဝင်သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့တွင် ဟားမက်အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုအပြီး အစ္စရေးက ဂါဇာသို့ စစ်တပ်စေလွှတ်ခဲ့သည့် အချိန် မှစ၍ အစ္စရေးကာကွယ်ရေးတပ် (IDF) အတွင်း ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုများ သိသိသာသာ မြင့်တက်လာခဲ့သည်။ ၂၀၂၃ ခုနှစ် နှစ်ကုန် အထိ စစ်သား ၇ ဦး၊ ၂၀၂၄ ခုနှစ်တွင် ၂၁ ဦး၊ ယခု ၂၀၂၅ ခုနှစ် အစမှ ယနေ့အထိ အနည်းဆုံး ၂၀ ဦး အဆုံးစီရင်ခဲ့ကြသည်။

လတ်တလော ဖြစ်စဉ်မှာ တနင်္ဂနွေနေ့ (ဇူလိုင် ၂၀) က အတည်ပြုခဲ့သည့် အသက် ၁၉ နှစ်အရွယ် နော်ဝေနိုင်ငံသား ရွှေ့ပြောင်းနေထိုင်သူတစ်ဦး ဖြစ်သည်။ ၎င်းသည် လွန်ခဲ့သည့် တစ်နှစ်က IDF တွင် တာဝန်ထမ်းဆောင် ရန် အစ္စရေးသို့ ပြောင်းရွှေ့လာပြီး လေ့ကျင့်ရေးကာလကို ဖြတ်သန်းနေဆဲ ဖြစ်သည်။ အခြားလေးဦးမှာ လွန်ခဲ့သည့် နှစ်ပတ်အတွင်း အဆုံးစီရင်ခဲ့ ကြသူများဖြစ်ပြီး ၎င်းတို့တွင် Sde Teiman စခန်းတွင် သေနတ်ဖြင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည့် Golani တပ်ဖွဲ့ဝင်တစ်ဦးနှင့် စိတ်ဒဏ်ရာ လက္ခဏာ (PTSD) ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သွားသည့် အရန်စစ်သား Daniel Edri တို့ ပါဝင်သည်။

အများစုမှာ တာဝန်ထမ်းဆောင်နေဆဲ အရန်စစ်သားများဖြစ်ပြီး စစ်တပ် အရာရှိများက အဆိုပါမြင့်တက်မှုကို စစ်ဆင်ရေးဆိုင်ရာ စိတ်ဒဏ်ရာကြောင့် ဟု သတ်မှတ်ကြသည်။ IDF မှ စိတ်ဖိစီးမှုကြောင့် ထောင်နှင့်ချီသော အရန်စစ်သားများ စစ်ဆင်ရေးတာဝန်မှ နုတ်ထွက်ခဲ့ကြောင်း အတည်ပြု ထားသည်။ စစ်မှုထမ်းခြင်းနှင့်ဆက်စပ်သော စိတ်ကျန်းမာရေးပြဿနာများကြောင့် အဆုံးစီရင်မှုအရေအတွက်မှာ ပိုများနိုင်ပြီး၊ Haaretz ၏ သတင်းတွင် လွန်ခဲ့သည့်နှစ်များအတွင်း တပ်မတော်၏ တရားဝင် စာရင်းတွင် မပါဝင်ခဲ့သော စစ်ဆင်ရေးကြောင့်မဟုတ်ဘဲ သေဆုံးခဲ့သည့် စစ်မှုထမ်း ဟောင်း အနည်းဆုံး ၁၂ ဦးရှိကြောင်း ဖော်ပြထားသည်။ 

အစ္စရေးတပ်ဖွဲ့များသည် ကာလရှည်ကြာ တာဝန်ထမ်းဆောင်မှုများနှင့် ဆုံးရှုံးမှုများ တိုးပွားလာမှုတို့ကြောင့် ပြင်းထန်သော ဖိစီးမှုများ ရင်ဆိုင် နေရသည်။ တရားဝင်အချက်အလက်များအရ အဆိုပါ စစ်ဆင်ရေးစတင်သည့်အချိန်မှစ၍ အစ္စရေးစစ်သား ၈၉၃ ဦး ကျဆုံးခဲ့ပြီး အောက်တိုဘာ ၇ ရက်က ဟားမက်၏ တိုက်ခိုက်မှုတွင် အစ္စရေးနိုင်ငံသား အရပ်သား ၁,၂၀၀ နီးပါး သေဆုံးခဲ့သည်။ အစ္စရေး၏ လက်စားချေ တိုက်ခိုက်မှုများ ကြောင့် ဂါဇာကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပါလက်စတိုင်း သား ၅၉,၀၀၀ နီးပါး သေဆုံးခဲ့သည်။

 IDF သည် ဂါဇာအပြင် အခြားစစ်မျက်နှာစာများအနေဖြင့် လက်ဘနွန်တွင် လေကြောင်းတိုက်ခိုက်မှုများနှင့် ကန့်သတ်ထားသော ကြည်းတပ် လှုပ်ရှားမှုများ၊ ဆီးရီးယားတွင် စစ်ရေးအခြေစိုက်စခန်းများ ချဲ့ထွင်ခြင်း၊ အီရန်အား ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် အီရတ်၊ ယီမင်နှင့် အနောက်ဘက်ကမ်း (West Bank) တို့တွင် စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်ခြင်း စသည့် စစ်ဆင်ရေး တာဝန်များ ထမ်းဆောင်ရလျက်ရှိသည်။ 

ဝန်ကြီးချုပ် နေတန်ယာဟုက "မိမိတို့သည် စစ်မျက်နှာစာ ရှစ်ခုတွင် ရင်ဆိုင်တိုက်ခိုက်နေရပြီး နိုင်ငံအပေါ် ထိခိုက်ခြင်းမှ ကာကွယ်ရန် ဖြစ်သည်" ဟု ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ယူကရိန်းက မော်စကိုနှင့် ရုရှားနယ်မြေများကို ပစ်မှတ်ထားကာ ဒရုန်းများဖြင့် တိုက်ခိုက်

တနင်္ဂနွေ ည နှင့် တနင်္လာ နံနက်စောစော (ဇူလိုင် ၂၀-၂၁) ကာလအတွင်း ရုရှားနယ်မြေများသို့ ဦးတည်ပျံသန်းတိုက်ခိုက်လာသော ဒါဇင်နှင့်ချီသည့် ယူကရိန်းဒရုန်းများကို ရုရှားလေကာစနစ်များက ဖျက်ဆီးနိုင်ခဲ့သည်။ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် တောင်းဆိုပြီး နောက်ပိုင်း တွင်ပင် ယူကရိန်းသည် ရုရှားနယ်မြေအတွင်းပိုင်းသို့ ဒရုန်းတိုက်ခိုက်မှု များကို ပိုမိုအရှိန်မြှင့်လာခဲ့သည်။ 

မော်စကိုမြို့တော်ဝန် Sergey Sobyanin က Telegram တွင် တနင်္လာ နံနက် ၆:၃၀ နာရီအထိ ရုရှားမြို့တော်ဆီဦးတည်လာသော ဒရုန်း ၁၃ စင်း အား ကာကွယ်ရေးစနစ်များက ဖြတ်တောက်နိုင်ခဲ့ကြောင်း၊ ပျက်ကျ အကြွင်းအကျန်များရှိရာ နေရာများတွင် အရေးပေါ်ဝန်ဆောင်မှုများ ဆောင်ရွက် နေကြောင်း ထုတ်ပြန်ခဲ့သည်။

ဒရုန်းပျက်ကျအကြွင်းအကျန်တစ်ခုသည် မော်စကို၏ New Moscow ဆင်ခြေဖုံးရှိ အထပ်မြင့်တိုက်တစ်ခု၏ ခေါင်မိုးပေါ်သို့ ကျရောက်ကာ မီးလောင်မှုအနည်းငယ်ဖြစ်ပွားခဲ့သော်လည်း ဒဏ်ရာရသူမရှိကြောင်း Sobyanin က ဖြည့်စွက်ပြောကြားခဲ့သည်။

ယူကရိန်းနှင့်နယ်နိမိတ်ချင်းထိစပ်နေသော Belgorod ဒေသရှိ သာမန် အရပ်သားကားတစ်စီးနှင့် သီးသန့်အိမ်တစ်လုံးကို ဒရုန်းတိုက်ခိုက်မှုတွင် လူနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသအုပ်ချုပ်ရေးမှူး Vyacheslav Gladkov က ပြောကြားခဲ့သည်။

Rostov ဒေသ၏ အုပ်ချုပ်ရေးမှူး Yury Slyusar က Shakhty ၊ Novoshakhtinsk နှင့် Novocherkassk မြို့များတွင် ဒရုန်းများကို ကာကွယ်ရေးစနစ်များ ဖြင့် ဖြတ်တောက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဒဏ်ရာရသူမရှိသော်လည်း Shakhty အနီးရှိ သတ္တုတွင်းကျေးရွာတစ်ခုမှ ရထားဘူတာ၏ ထိန်းချုပ်ရေးအဆောင်ဟောင်းကို ဒရုန်းတစ်စင်း ထိမှန်မှုကြောင့် ပျက်စီးခဲ့ပြီး အခြားဒရုန်းပျက်ကျ အကြွင်းအကျန် များသည်ကျေးရွာတစ်ခုအတွင်း ထိခိုက်စေခဲ့ကြောင်း Slyusar က ဖြည့်စွက် ပြောကြားခဲ့သည်။

ယူကရိန်းသည် လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း ရုရှားနယ်မြေ အတွင်း သို့ ဒရုန်းဖြင့်တိုက်ခိုက်မှုများကို သိသိသာသာ မြှင့်တင်လာခဲ့သည်။ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက နေ့စဉ်ဒရုန်းများကို ကာကွယ်ဖြတ်တောက် နိုင်ခဲ့ကြောင်း အစီရင်ခံထားသည်။ နောက်ဆုံးထုတ်ပြန်ချက်အရ တနင်္ဂနွေ ည ၈:၀၀ မှ ၁၁:၃၀ အထိ Bryansk ၊ Oryol ၊ Kaluga ၊ Belgorod နှင့် မော်စကိုဒေသများတွင် ဒရုန်း ၄၃ စင်းကို ဖျက်ဆီးနိုင်ခဲ့သည်။

ရုရှားအစိုးရက ယူကရိန်း၏ တိုက်ခိုက်မှုများကို "အကြမ်းဖက်လုပ်ရပ် များ" အဖြစ် ပြစ်တင်ရှုတ်ချခဲ့ပြီး၊ ထိုကဲ့သို့သော တိုက်ခိုက်မှုများသည် မကြာခဏဆိုသလို နေအိမ်များနှင့် ပြည်သူ့အခြေခံ အဆောက်အအုံများကို ပစ်မှတ်ထားကြောင်း ဆိုသည်။ တုံ့ပြန်သည့်အနေဖြင့် ရုရှားစစ်တပ်က လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း ဒရုန်းနှင့်ဒုံးကျည်အစိတ်အပိုင်းများ ထုတ်လုပ်သည့် ယူကရိန်းကာကွယ်ရေးစက်မှုလုပ်ငန်းဆိုင်ရာ အဆောက်အဦ များကို တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။

ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးက စနေနေ့ (ဇူလိုင် ၁၉) တွင် "ဆွေးနွေးပွဲများ၏အရှိန်ကို မြှင့်တင်ရမည်" ဟုဆိုကာ အစ္စတန်ဘူလ် တွင် ဆွေးနွေးပွဲအသစ်ကျင်းပရန် အဆိုပြုခဲ့သည်။ ယင်းအဆိုပြုချက် သည် မော်စကိုက ယူကရိန်းအား “ဆွေးနွေးမှုများကို ရည်ရွယ်ချက်ရှိရှိ နှောင့်နှေးစေသည်ဟု စွပ်စွဲပြီး ထရမ့်အား ယူကရိန်းအပေါ် ဖိအား ပေးရန်” တိုက်တွန်းခဲ့သည့် နောက်ပိုင်းတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဗြိတိန် သူလျှို ၁၀၀ ကျော်နှင့် ကွန်မန်ဒိုတပ်ဖွဲ့ဝင်များ၏ အချက်အလက်များ ပေါက်ကြား

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်ပေါက်ကြားမှုကြောင့် MI6 သူလျှိုများ၊ အထူးတပ်ဖွဲ့ဝင်များနှင့် အခြားစစ်ဘက်ဆိုင်ရာ ဝန်ထမ်းပေါင်း ၁၀၀ ကျော်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ ထိခိုက်ခဲ့ကြောင်း မီဒီယာများစွာက ကြာသပတေးနေ့ (ဇူလိုင် ၁၇) တွင် ဖော်ပြခဲ့ကြသည်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါအချက်အလက် ပေါက်ကြားမှု နှင့်ပတ်သက်သည့် အကျိုးဆက်များကို ယခင်က ချမှတ်ထားခဲ့သော ဥပဒေတားမြစ်ချက်များအရ ထုတ်ပြန်ခြင်းမရှိခဲ့ပေ။ ထိုတားမြစ်ချက်ကို အထက်တရားရုံးမှ ရုတ်သိမ်းခဲ့ပြီးနောက် မီဒီယာများက အဆိုပါ ဖြစ်ရပ် ကို သတင်းဖော်ပြခွင့်ရခဲ့သည်။ သတင်းဌာနအချို့က ဗြိတိန်စစ်တပ်နှင့် ထောက်လှမ်းရေးဝန်ထမ်းများ၏ အမည်စာရင်းများလည်း ထိုအချက် အလက်ပေါက်ကြားမှုတွင် ပါဝင်နေကြောင်း ဖော်ထုတ်ခဲ့သည်။

BBC ၏ထုတ်ပြန်မှုတွင် ပေါက်ကြားမှုဖြစ်ပွားခဲ့သည့် အချက်အလက် များတွင် MI6 နှင့် အထူးတပ်ဖွဲ့ဝင်များအပါအဝင် ဗြိတိန်ဝန်ထမ်း ၁၀၀ ကျော်၏ အမည်စာရင်းများ ပါဝင်နေသည်။

ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် အီးမေးလ်တစ်စောင်ကို မှားယွင်းပေးပို့မိရာမှ အချက်အလက် စာရင်း ဇယားတစ်ခု ပေါက်ကြားခဲ့ပြီး ယင်းတွင် အမေရိကန်ဦးဆောင်သည့် အာဖဂန်စစ်ပွဲအတွင်း ဗြိတိန်နှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့သည့်အတွက် တာလီဘန်တို့၏ ခြိမ်းခြောက်ခံရမှုကြောင့် ဗြိတိန်သို့ ပြောင်းရွှေ့နေထိုင်ရန် လျှောက်ထားခဲ့သူ အာဖဂန်နိုင်ငံသား ၁၉၀၀၀ နီးပါး၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပါဝင်ခဲ့သည်။

ကိုးကား- RT

Photo: Los Angeles Times

Netanyahu သည် ဘုရားကျောင်းကို ဗုံးကြဲတိုက်ခိုက်မှုအတွက် Pope ရဟန်းမင်းကြီးအား တောင်းပန်

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် ဂါဇာရှိ Holy Family Catholic Church ကို အစ္စရေးတင့်ကားမှ ပစ်ခတ်မှုကြောင့် ဘုန်းတော်ကြီး အပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၀ ဦး အထိ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အပြီးတွင် Pope Leo ထံသို့ ဖုန်းဆက်ပြီး တောင်းပန်ခဲ့သည်။

အဆိုပါဖြစ်စဉ်သည် ဇူလိုင် ၁၇ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အစ္စရေး တင့်ကားမှ ဘုရားကျောင်းဝင်းအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုဘုရားကျောင်းသည် ကလေးများ၊ မသန်စွမ်းသူများအပါအဝင် နေရပ် စွန့်ခွာထွက်ပြေးရသူ ပါလက်စတိုင်းရာနှင့်ချီ၍ ခိုလှုံရာနေရာအဖြစ် အသုံးပြုနေသည်။ အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) က ယင်း ပစ်ခတ်မှုသည် မတော်တဆဖြစ်မှုဖြစ်ပြီး ဖြစ်စဉ်ကို ပြန်လည် သုံးသပ် နေကြောင်း ပြောကြားခဲ့သည်။

နေတန်ယာဟုသည် Pope Leo ထံသို့ ကိုယ်တိုင်ဖုန်းဆက်ကာ မတော်တဆ ပစ်ခတ်ခဲ့မိမှုအတွက် နောင်တရကြောင်း ပြောကြားခဲ့ပြီး "ဒဏ်ရာရသူ မိသားစုများထံ အစ္စရေးနိုင်ငံ၏ကိုယ်စား အမှန်တကယ် ဝမ်းနည်းကြောင်း" ကိုလည်း ဖော်ပြခဲ့သည်။

ဗာတီကန်မှ ဂါဇာရှိအခြေအနေကို စိတ်မချမ်းသာစရာဖြစ်သည်ဟု ပြောဆို ခဲ့ပြီး ဝါရှင်တန်တွင် သမ္မတ Donald Trump သည်လည်း ဘုရားကျောင်း ကို တိုက်ခိုက်မှုကြောင့် စိတ်ထိခိုက်နေကြောင်း သိရှိရသည်။

ထရမ့်နှင့် နေတန်ယာဟုတို့ ဖုန်းဆက်၍ ဖြစ်စဉ်ကို ဆွေးနွေးခဲ့သော်လည်း တောင်းပန်မှုပြုလုပ်နေစဉ် ကာလအတွင်း၌ပင် ဇူလိုင် ၁၈ တွင် လေကြောင်း တိုက်ခိုက်မှုများ ပြန်လည်စတင်ခဲ့ပြီး ဂါဇာတစ်ဝှမ်းလုံးတွင် ပါလက်စတိုင်း လူမျိုး အနည်းဆုံး ၁၄ ဦး အသက်ဆုံးရှုံးခဲ့သည်ဟု သတင်းရရှိသည်။

ရုရှားစစ်သည်တစ်ဦးက ယူကရိန်းဒရုန်းကို လက်ဗလာဖြင့် ဖမ်းကာ ဖျက်ဆီး

ရုရှားစစ်သည်တစ်ဦးသည် ၎င်း၏ဘန်ကာအနီးသို့ ပျံဝဲလာသော ယူကရိန်း အသေခံဒရုန်းကို ဖမ်းယူပြီး ဖျက်ဆီးလိုက်သည့် ရုပ်သံဖိုင်တစ်ခု လူမှု ကွန်ယက် မီဒီယာများတွင် ပျံ့နှံ့လျက်ရှိသည်။

ဇူလိုင် ၁၇ ရက်က ရုရှားမီဒီယာများမှ ဖော်ပြသည့် ဗီဒီယိုတစ်ခုတွင် ယူကရိန်းအသေခံဒရုန်းတစ်စင်းသည် Kharkiv ပြည်နယ်တွင် တိုက်ပွဲ ဝင်နေသည့် ရုရှားစစ်သည်များ၏ သစ်ပင်များဖြင့်ဖုံးအုပ်ထားသော ဘန်ကာအနီးသို့ အနိမ့်ပျံသန်းလာကာ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ကို တွေ့ရှိရသည်။ သို့သော် အဆိုပါဒရုန်း ပေါက်ကွဲခြင်း မရှိသည့် အကြောင်းရင်းကိုမူ ရှင်းလင်းစွာ မသိရှိရပေ။

ထို့နောက် ရုရှားစစ်သည်က ဒရုန်းကို ဘန်ကာမှ ဝေးရာသို့ ယူဆောင် သွားကာ အနီးရှိ သစ်ပင်တစ်ပင်နှင့် ထပ်ခါထပ်ခါ ထုရိုက်ပြီး ပန်ကာ ဒလက်များကို ကျိုးပဲ့စေခဲ့သည်။ နောက်ဆုံးတွင် ၎င်းသည် ဖျက်ဆီး ပစ်လိုက်သော ဒရုန်းကို ဗုံးခိုကျင်းတစ်ခုအတွင်း ပစ်ထည့်ကာ ဘန်ကာအတွင်းသို့ ပြန်ဝင်သွားခဲ့သည်။

"ကျွန်တော်သေနိုင်သည်ကို သိသော်လည်း ရဲဘော်များစွာ၏ အသက် တွေကို အန္တရာယ်ဖြစ်စေသည်ထက် မိမိတစ်ဦးတည်းသေသည်က ပို၍ ကောင်းပါသည်" ဟု ရုရှားစစ်သည်က ပြောကြားခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနနှင့် ယူကရိန်းစစ်တပ်တို့သည် အဆိုပါ ဗီဒီယိုနှင့်ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာ ပြောဆိုခြင်း မပြုသေးပေ။

လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများတွင် (ရုရှား-ယူကရိန်းစစ်ပွဲ အပါအဝင်) ဒရုန်းများကို ပိုမိုတွင်ကျယ်စွာ အသုံးပြုလာနေကြသည်။ ရန်သူ့စစ် ပစ္စည်းများ၊ စစ်စခန်းများနှင့် တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရန်အတွက် နှစ်ဖက်စလုံးမှ ဒရုန်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိသည်။

ဒရုန်းများသည် နိုင်ငံများစွာ၏ စစ်ရေးမဗျူဟာများကို ကြီးမားစွာ ပြောင်းလဲစေခဲ့သကဲ့သို့ ခုခံကာကွယ်နိုင်ရေး နည်းလမ်းအသစ်များ တိုးမြှင့် လုပ်ဆောင်ရန်ကိုလည်း လှုံ့ဆော်ပေးလျက်ရှိသည်။ အနာဂတ် လေကြောင်း တိုက်ခိုက်ရေး စစ်ဆင်မှုများတွင် ဒရုန်းများသည် သမားရိုးကျ လက်နက် များနေရာတွင် အစားထိုးနိုင်သည်ဆိုသည်ကို ဆွေးနွေးငြင်းခုံမှုများ ဖြစ်ပေါ်စေခဲ့သည်။

ကိုးကား- VN Express

Photo: The Wall Street Journal

ရုရှား-လာအို စစ်ရေးပူးတွဲလေ့ကျင့်မှု ပြုလုပ်မည်

Laros-2025 အမည်ရှိ ရုရှားနှင့် လာအိုနိုင်ငံတို့၏ စစ်ရေး ပူးတွဲ လေ့ကျင့်မှု ကို ၂၀၂၅ ခုနှစ်နောက်ပိုင်းတွင် လာအိုနိုင်ငံ၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း လာအိုကာကွယ်ရေးဝန်ကြီးဌာနပြောကြားချက်ကို ကိုးကား၍ ဗီယက်နမ် အသံလွှင့်ဌာန က ကြေညာထားပါသည်။ 

လာအိုကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြားချက်အရ အဆိုပါစစ်ရေးလေ့ကျင့်မှုများမှာ နှစ်နိုင်ငံစစ်တပ်၏ အတွေ့အကြုံများ ဖလှယ်ရန်နှင့် ရှိရင်းစွဲ ချစ်ကြည်ရေး ပိုမိုခိုင်မာလာစေရန် ရည်ရွယ်၍ ၂၀၁၉ ခုနှစ်ကတည်းက နှစ်နိုင်ငံရှိ လေ့ကျင့်ရေးနေရာများတွင် နှစ်စဉ် ကျင်းပလာခဲ့ခြင်း ဖြစ်ပါသည်။

ယမန်နှစ်က အဆိုပါစစ်ရေးလေ့ကျင့်မှုကို ရုရှားအရှေ့ဖျားရှိ ဆာဂျီဗက် စကီး လေ့ကျင့်ရေးစခန်းတွင် ကျင်းပခဲ့ပါသည်။

လက်ရှိတွင် ရုရှားနှင့်လာအိုတို့သည် စစ်ရေးလေ့ကျင့်မှုများအပြင် ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများပါဝင်မည့် လေ့ကျင့်မှုအစီအစဉ်များအတွက် တက်ကြွစွာ ညှိနှိုင်းလျက် ရှိပါသည်။

ကိုးကား- TASS

Photo: Laotian Times

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

ဟန်ဂေရီမှ ယူကရိန်းစစ်ဘက်အရာရှိများကို ဒဏ်ခတ်အရေးယူနိုင်ရေး ဆောင်ရွက်

ဟန်ဂေရီနိုင်ငံသည် အတင်းအကျပ်စစ်မှုထမ်းဆောင်ရန် ဖိအားပေးမှု များအတွက် တာဝန်ရှိသည်ဟု ဗူဒါပက်က သတ်မှတ်ထားသော ယူကရိန်းအရာရှိ (၃) ဦးကို ဒဏ်ခတ်အရေးယူနိုင်ရန်အတွက် EU ထံ တင်ပြ လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က ကြေညာ ခဲ့သည်။ ယူကရိန်းစစ်သားစုဆောင်းရေး အရာရှိများက ဟန်ဂေရီ နိုင်ငံသားတစ်ဦးကို ရိုက်နှက်သတ်ဖြတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဟန်ဂေရီ က ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းပဋိပက္ခ စတင်ချိန်မှစ၍ ဟန်ဂေရီသည် EU ၏ ယူကရိန်းအား လက်နက်ထောက်ပံ့မှုများကိုအဆက်မပြတ် ဝေဖန်ခဲ့သည်။ မကြာသေးမီ သီတင်းပတ်များအတွင်း ဟန်ဂေရီနှင့် ယူကရိန်းအကြား အပြန်အလှန် သံသယဖြစ်မှုများကြောင့် ဆက်ဆံရေး ပိုမိုတင်းမာလာခဲ့သည်။ ထို့အပြင် ဟန်ဂေရီသည် ယူကရိန်း ၏ အနောက်ဘက် Transcarpathia ဒေသရှိ ဟန်ဂေရီ လူမျိုးစု အခွင့် အရေးများကို ချိုးဖောက်နေသည်ဟု အကြိမ်ကြိမ် စွပ်စွဲခဲ့သည်။ 

ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၆) က X (တွစ်တာ) တွင် တင်ခဲ့သော Szijjarto ၏ ပို့စ်၌ "ယနေ့တွင် မိမိတို့သည် အတင်းအကျပ်စစ်မှုထမ်းဆောင်စေရန် လုပ်ဆောင်မှုကြောင့် ဟန်ဂေရီလူမျိုးတစ်ဦး သေဆုံးမှုအတွက် တာဝန်ရှိ သူများကို EU ၏ ဒဏ်ခတ်မှုစာရင်းတွင် ထည့်သွင်းရန် အဆိုပြုလိုက် ပါပြီ" ဟု ရေးသားထားသည်။ ဆက်လက်၍ "ယူကရိန်း လမ်းများပေါ်တွင် ဆိုးရွားသည့် ရိုက်နှက်ညှဉ်းပန်းမှုများနှင့်အတူ စစ်မှုမထမ်းဆောင်လိုသူ များကို ရက်စက်စွာ ဖမ်းဆီးနေမှုများ ဖြစ်ပေါ်နေသည်" ဟု ဝန်ကြီးက ဖော်ပြခဲ့သည်။

Szijjarto က ယူကရိန်းရှိ ဟန်ဂေရီလူမျိုးစုသည် ကိယက်ဗ်အစိုးရ၏ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများကို ၁၀ နှစ်ကြာ ရင်ဆိုင်ခဲ့ရသည်ဟု ဆိုကာ EU အား အဆိုပါခွဲခြားဆက်ဆံမှုများကို မျက်ကွယ်ပြုထားသည်ဟု စွပ်စွဲ ခဲ့သည်။ ဇူလိုင် ၁၇ (ကြာသပတေးနေ့) က ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးဌာနသည် ယူကရိန်းသံအမတ်ကြီးအား အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆင့်ခေါ်သတိပေးခဲ့သည်။

ဟန်ဂေရီမီဒီယာများက Jozsef Sebestyen (၄၅ နှစ်) သည် ဇူလိုင် ၆ ရက်နေ့တွင် စစ်သားစုဆောင်းရေးအရာရှိများက သံတုတ်များဖြင့် ရိုက်နှက်မှုကြောင့် ရရှိခဲ့သော ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်ဟု ဖော်ပြ ခဲ့ကြသည်။

ယူကရိန်းစစ်ဖက်က Sebestyen အား ဥပဒေနှင့်အညီ စစ်မှုထမ်းဆောင်ရန် ခေါ်ယူခဲ့ပြီး ၎င်းသည် ဆေးရုံတက်ရောက်ခဲ့စဉ် အဆုတ်သွေးကြော ပိတ်ဆို့မှုဖြင့် သေဆုံးခဲ့ကြောင်းထုတ်ပြန်ခဲ့ပြီး အကြမ်းဖက်မှုလက္ခဏာ မတွေ့ရကြောင်း ငြင်းဆိုခဲ့သည်။

ယူကရိန်း၏ စစ်မှုထမ်းဆောင်ရေးလုပ်ဆောင်မှုများသည် စုဆောင်းရေး အရာရှိများ၏ အတင်းအကျပ် လိုက်လံခေါ်ယူ စုဆောင်းမှုများနှင့် ဆိုးရွားသော အကြမ်းဖက်မှုများကြောင့် နိုင်ငံတကာဝေဖန်မှုများ တိုးမြင့် လာလျက်ရှိပြီး လူမှုကွန်ရက်ပေါ်ရှိ ဗီဒီယိုများစွာက အဆိုပါအချက်ကို သက်သေပြနေသည်။

ကိုးကား- RT

phtot: The Guardian

ဘင်္ဂလားဒေ့ရှ်၌ နိုင်ငံရေးပါတီလူထုအစည်းအဝေးပွဲကျင်းပစဉ် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွား

ဒါကာ ဇူလိုင် ၁၇

ဘင်္ဂလားဒေ့ရှိနိုင်ငံတောင်ပိုင်း ဂိုပယ်လ်ဂန်မြို့၌ အမျိုးသားနိုင်ငံ သားပါတီအမည်ရှိ လူငယ်များ ဦးဆောင်သော နိုင်ငံရေးပါတီတစ်ခု က လူထုအစည်းအဝေးပွဲ ကျင်းပ နေစဉ် အကြမ်းဖက်တိုက်ခိုက်မှု များဖြစ်ပွားခဲ့ရာ လူပေါင်း လေးဦး သေဆုံးခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက ဇူလိုင် ၁၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အမျိုးသားနိုင်ငံသားပါတီက ငြိမ်းချမ်းစွာပြုလုပ်နေသည့် လူထု  

အစည်းအဝေးပွဲ၌ ပါတီဝင်များ ရဲတပ်ဖွဲ့ဝင်များနှင့် သတင်းသမား များ တိုက်ခိုက်ခံခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ် အိမ်စောင့်အစိုးရ ခေါင်းဆောင် မူဟာမက်ယူနွတ်က လူမှုမီဒီယာ စာမျက်နှာပေါ်၌ ရေးသားထားသည်။

ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ ဦးဆောင်သည့် ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့ဖြုတ်ချခံခဲ့ရပြီးနောက် ပေါ်ထွက်လာသည့် အမျိုးသား  နိုင်ငံသားပါတီသည် ဇူလိုင် ၁၆ ရက်တွင် ဂိုပယ်လ်ဂန်မြို့ လူထုအစည်းအဝေးပွဲကို ကျင်းပခြင်းဖြစ်သည်။

အမျိုးသားနိုင်ငံသားပါတီ၏ လူထုအစည်းအဝေးပွဲကိုဝန်ကြီးချုပ် ဟောင်း ရှိတ်ခ်ဟာစီနာ၏ အဝါ မီလိဂ်ပါတီဝင်များနှင့် အဝါမီလိဂ် ပါတီထောက်ခံသူများက တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အိမ်စောင့်အစိုးရ ခေါင်းဆောင် မူဟာမက်ယူနွတ်က ပြောကြား ခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်းရှိတ်ခ်ဟာစီနာသည် ၂၀၂၄  ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများကြောင့် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။

လက်ရှိအချိန်တွင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို အိမ်စောင့်အစိုးရ အဖွဲ့ ယာယီတာဝန်ယူထားသော် လည်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်း များနှောင့်နှေးနေမှုကြောင့် နိုင်ငံ ရေးအရ သဘောထားကွဲပြား မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။  

Ref: Xinhua

Trs: KKO

YDNB Newspaper

ဖိလစ်ပိုင်နိုင်ငံ ပါလာဝန်ပြည်နယ်၌ သင်္ဘောပြင်ဆင်ရေးအလုပ်ရုံများ အမေရိကန်ရေတပ်တည်ဆောက်မည်

မနီလာ ဇူလိုင် ၁၇

တောင်တရုတ်ပင်လယ်ဒေသနှင့် မျက်နှာချင်းဆိုင် တည်ရှိနေသည့် ဖိလစ်ပိုင်နိုင်ငံ ပါလာဝန် ပြည်နယ်၌ ဖိလစ်ပိုင်ရေတပ်အတွက် စစ်သင်္ဘောပြင်ဆင် ထိန်းသိမ်းရေး အလုပ်ရုံများကို တည်ဆောက်ရန် အမေရိကန် ရေတပ်က စီစဉ်ထားကြောင်း ယနေ့တွင် ဖော်ပြခဲ့သည်။

တောင်တရုတ်ပင်လယ်ဒေသသည် တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင် နိုင်ငံတို့ကြား နယ်မြေပိုင်ဆိုင်ခွင့် အငြင်းပွားမှုပြဿနာများဖြစ်ပွား နေသည့် ရေပြင်ဒေသဖြစ်ကြောင်း သိရသည်။

အမေရိကန်ရေတပ်အနေဖြင့် ပါလာဝန်ပြည်နယ် ရှိုင်းစတား ပင်လယ်အော်နှင့် ကွီဇွန်မြို့တို့၌ ဖိလစ်ပိုင်စစ်သင်္ဘောများအတွက် ပြင်ဆင်ရေးအလုပ်ရုံများ တည် ဆောက်ရန် စီစဉ်ထားကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်ဒေသ တစ်ခုလုံး နီးပါးကို ပိုင်ဆိုင်ခွင့်တောင်းဆိုထားပြီး ဖိလစ်ပိုင်နှင့်ဗီယက်နမ် အပါအဝင် အခြားဒေသတွင်းနိုင်ငံ အချို့ကလည်း ယင်းပင်လယ်ဒေသကို တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ခွင့်တောင်းဆိုထားကြောင်း သိရသည်။

ပါလာဝန် ပြည်နယ်သည် တောင်တရုတ် ပင်လယ်ဒေသရှိဖိလစ်ပိုင် အကျိုးစီးပွားများကို ကာကွယ်ရသည့် အနောက်ဘက် ဒေသ စစ်ဌာနချုပ်တည်ရှိရာ ပြည်နယ်ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံသည် အမေ ရိကန်နိုင်ငံ၏သက်တမ်းအရှည်ဆုံး အာရှမဟာမိတ်နိုင်ငံဖြစ်ကြောင်း သိရသည်။

Ref: RT

ယူကရိန်းသို့ တာဝေးပစ်ဒုံးကျည်များ ပေးပို့မည် မဟုတ်ဟု ဒေါ်နယ်ထရမ့်ပြော

အမေရိကန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ တာဝေးပစ်ဒုံးကျည်များကို ပေးပို့သွားမည်မဟုတ်ကြောင်း  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်ဟု သိရသည်။

ဒေါ်နယ်ထရမ့်သည် ယူကရိန်းနိုင်ငံသို့ ဝေဟင်မှမြေပြင်ပစ် ဒုံးကျည်များဖြစ်သည့် JASSM ဒုံးကျည်များ ပေးပို့ရန် စဉ်းစားနေသည်ဟု ခိုင်လုံသော သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်ကိုကိုးကား၍ Military Watch မဂ္ဂဇင်းက ဖော်ပြထားသည်။

ယင်းနောက် သတင်းထောက်များက တာဝေးပစ်လက်နက်များ ပေးပို့နိုင်ခြေနှင့်ပတ်သက်၍ မေးမြန်းရာ ထရမ့်က အစိုးရအနေဖြင့် ထိုကဲ့သို့ လုပ်ဆောင်ရန် စဉ်းစားထားခြင်း မရှိကြောင်း တုံ့ပြန်ပြောဆိုထားခြင်းဖြစ်သည်။

အဆိုပါဒုံးကျည်များကို F-16 အမျိုးအစား တိုက်လေယာဉ်ပေါ်မှ ပစ်ခတ်ပါက ရုရှားနိုင်ငံ မော်စကိုမြို့နှင့် စိန့်ပီတာစဘတ်မြို့တို့ကိုပင် ခြိမ်းခြောက်နိုင်ကြောင်းနှင့် ဒုံးကျည်ရောက်ရှိနိုင်သည့် အကွာအဝေးမှာ ကီလိုမီတာ ၁၀၀၀ အထိဖြစ်ကြောင်း သိရသည်။

MWD Web Portal