အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက စစ်အင်အားတိုးချဲ့တည်ဆောက်ရန် ဒေါ်လာ ၇.၆ ဘီလီယံတန် ကာကွယ်ရေးဝယ်ယူမှုများကို အတည်ပြု လိုက်ကြောင်း ဩဂုတ် ၅ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ကာကွယ်ရေးဝန်ကြီး Rajnath Singh ဦးဆောင်သော ကာကွယ်ရေး ပစ္စည်းဝယ်ယူမှုကောင်စီ (DAC) က BrahMos ဒုံးကျည်များနှင့် လက်နက် တပ်ဆင်ထားသော ဒရုန်းများ ဝယ်ယူရန် သဘောတူညီခဲ့ပြီး တပ်မတော် ၏ ခေတ်မီတောင့်တင်းရေး အဆိုပြုချက်များကိုလည်း အတည်ပြုပေး ခဲ့သည်။

ကောင်စီက လေတပ်၏ Boeing လေယာဉ်များအပါအဝင် ရှိနှင့်ပြီးသော အရေးကြီးစနစ်များ၏ ရေရှည်ထိန်းသိမ်းရေးနှင့် S-400 လေကြောင်း ကာကွယ်ရေး ဒုံးကျည်စနစ်အတွက် နှစ်စဉ်ထိန်းသိမ်းရေး စာချုပ်ကိုလည်း အတည်ပြုခဲ့သည်။ BrahMos ဒုံးကျည်များနှင့်အတူ အိန္ဒိယရေတပ်သည် Barak-1 ဒုံးကျည်စနစ်ကို အဆင့်မြှင့်တင်ရန် ခွင့်ပြုချက်ရရှိထားကြောင်း ဝန်ကြီးဌာနက ဆိုသည်။
DAC က လေတပ်၏ Saksham/Spyder လက်နက်စနစ်များကို Integrated Air Command and Control System နှင့် ပေါင်းစပ်အသုံးပြုနိုင်ရန် အဆင့်မြှင့်တင်ရေးကိုလည်း အတည်ပြုခဲ့ပြီး လေကြောင်း ကာကွယ်ရေး ကွန်ရက်ကို ပိုမိုအားကောင်းစေမည်ဖြစ်သည်။ အခြား အတည်ပြုချက် များတွင် တပ်မတော်၏ BMP ခြေမြန်တပ်မတော်ယာဉ်များအတွက်အပူလှိုင်း ပုံရိပ်ဖမ်းစက်နှင့် ညဘက်မြင်အာရုံခံကိရိယာများ၊ ရေတပ် အတွက် Compact Autonomous Surface Craft နှင့် လေတပ်အတွက် အဆင့်မြင့်တောင်တန်းဒေသသုံးရေဒါများ ပါဝင်သည်။ "Compact Autonomous Surface Craft ဝယ်ယူမှုသည် အိန္ဒိရေတပ်အား ရေငုပ် သင်္ဘောတိုက်ခိုက်ရေးတာဝန်များတွင် ခြိမ်းခြောက်မှုများကို ဖော်ထုတ်ကာ အမျိုးအစားခွဲခြားနိုင်စွမ်းနှင့် ချေမှုန်းနိုင်စွမ်းများ ပေးစွမ်းမည်" ဟု ဝန်ကြီး ဌာနက ပြောကြားခဲ့သည်။
ထုတ်ပြန်ချက်တွင် အိန္ဒိယတပ်မတော်သည် MALE RPAs (Medium Altitude Long Endurance Remotely Piloted Aircraft) များ ရရှိမည် ဖြစ်ပြီး ယင်းဒရုန်းများသည် ပစ္စည်းတန်ဆာမျိုးစုံကို သယ်ဆောင်နိုင်စွမ်း ရှိကာ ၂၄ နာရီ စောင့်ကြည့်စစ်ဆေးနိုင်စွမ်းနှင့် တိုက်ခိုက်ရေးစွမ်းရည်ကို သိသိသာသာ မြှင့်တင်ပေးမည်ဟု ဖော်ပြထားသည်။
လွန်ခဲ့သည့်လက နယူးဒေလီသည် ပြည်တွင်းစက်မှုလုပ်ငန်းများမှ အဓိကထား ဝယ်ယူရန် ဒေါ်လာ ၁၂ ဘီလီယံတန် လက်နက်နှင့် ခဲယမ်း များ ဝယ်ယူမှုကို အတည်ပြုခဲ့သည်။ ကမ္ဘာ့ထိပ်တန်း ကာကွယ်ရေး သွင်းကုန် နိုင်ငံတစ်ခုဖြစ်သော အိန္ဒိယသည် သမိုင်းကြောင်းအရ ရုရှားကို စစ်လက်နက် ပစ္စည်းနှင့်နည်းပညာများအတွက် မှီခိုလေ့ရှိခဲ့သည်။ မော်စကိုသည် အိန္ဒိယ၏ ပြည်တွင်းလက်နက်ထုတ်လုပ်မှုအစီအစဉ်တွင် တက်ကြွစွာ ပါဝင် ပူးပေါင်းဆောင်ရွက်နေပြီး သဘောတူညီချက်များဖြင့် ရုရှား ကာကွယ်ရေး ပစ္စည်းများကို အိန္ဒိယတွင် ထုတ်လုပ်လျက်ရှိသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ၁၉၈၇ ခုနှစ်က အမေရိကန်နှင့် ချုပ်ဆို ခဲ့သော Intermediate-Range Nuclear Forces (INF) ကို ထိန်းသိမ်းရန် အခြေအနေများသည် ပျောက်ဆုံးသွားပြီဖြစ်ကာ မော်စကိုသည် ယခု အခါ ၎င်းစာချုပ်နှင့် သက်ဆိုင်ခြင်းမရှိတော့ကြောင်း ယုံကြည်သည်ဟု ထုတ်ပြန်ခဲ့သည်။

INF စာချုပ်သည် ကမ္ဘာမြေမှ လွှတ်တင်သည့် ကီလိုမီတာ ငါးရာမှ ငါးထောင့်ငါးရာ အကွာအဝေးအထိ ဒုံးကျည်များကို တားမြစ်ထားသော်လည်း၊ ၂၀၁၉ ခုနှစ်တွင် အမေရိကန်က ရုရှား၏ စာချုပ်ဖောက်ဖျက်မှုများကို ညွှန်းဆိုကာ စာချုပ်မှနုတ်ထွက်ခဲ့ပြီးနောက် ပျက်ပြယ်ခဲ့သည်။ ရုရှား ဘက်မှ အဆိုပါအချက်ကိုငြင်းဆိုခဲ့ပြီး အမေရိကန်ကိုယ်တိုင် တားမြစ် ထားသော ဒုံးကျည်များ ထုတ်လုပ်နေသည်ဟု စွပ်စွဲခဲ့သည်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က INF စာချုပ်ပျက်ပြယ်ခြင်းသည် ကမ္ဘာ့လုံခြုံရေး အခြေခံ အုတ်မြစ်ကို ကြီးမားစွာ ထိခိုက်စေမည်ဟု သတိပေးခဲ့သည်။
"ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် အလားတူလက်နက်များ တပ်ဆင်ခြင်း အား တစ်ဖက်သတ်ဆိုင်းငံ့ထားမှုကို ဆက်လက်ထိန်းသိမ်းရန် အခြေအနေ များ မရှိတော့ကြောင်း သတိပြုမိပြီး၊ ရုရှားသည် ယခင်က မိမိဘာသာ ချမှတ်ထားသော ကန့်သတ်ချက်များနှင့် ပတ်သက်၍ လိုက်နာရန် တာဝန် မရှိတော့ကြောင်း တရားဝင်ထုတ်ပြန်နိုင်သည်ဟု" ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"အနောက်နိုင်ငံများ၏ လုပ်ရပ်များသည် ရုရှား၏လုံခြုံရေးအတွက် တိုက်ရိုက်ခြိမ်းခြောက်မှု တစ်ရပ်ကို ဖန်တီးနေသည်" ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ထို့အပြင် ယခုနှစ်အတွင်း အမေရိကန်က Typhon ဒုံးလွှတ်တင်ရေးစနစ် ကို ဖိလစ်ပိုင်နိုင်ငံတွင် တပ်ဆင်ခဲ့ကြောင်း၊ဩစတြေးလျနိုင်ငံရှိ "Talisman Sabre" စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန် တပ်မတော်က Typhon စနစ်ဖြင့် ဒုံးကျည်များ စမ်းသပ် ပစ်လွှတ် ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Typhon စနစ်သည် အကွာအဝေး ၁,၈၀၀ ကီလိုမီတာအထိ ပစ်လွှတ် တိုက်ခိုက်နိုင်သောTomahawk ခရူးဇ်ဒုံးကျည်နှင့် အကွာအဝေး ၅၀၀ ကီလိုမီတာအထိ ပစ်လွှတ်တိုက်ခိုက်နိုင်သော SM-6 ဘက်စုံသုံး ဒုံးကျည် တို့ကို မြေပြင်မှ ပစ်လွှတ်နိုင်သော စနစ်ဖြစ်သည်။
ထို့အပြင် ဩစတြေးလျတပ်မတော်သည် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် အမေရိကန်ထုတ် Precision Strike Missile (PrSM) ကို ပထမဆုံး အကြိမ် စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတိပြုမိခဲ့သည်။ PrSM ဒုံးကျည်၏ အများဆုံးထိရောက်နိုင်သည့် အကွာအဝေးသည် ၅၀၀ ကီလိုမီတာထက် ကျော်လွန်ပြီး၊ ဩစတြေးလျ ကာကွယ်ရေးဝန်ကြီးဌာနက ၎င်းသည် "ဩစတြေးလျ၏ ကုန်းတွင်းပိုင်း နှင့်ပင်လယ်ပြင်တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရာတွင် အဓိက အရေးပါသော လက်နက်" ဖြစ်သည်ဟု ဆိုသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

NATO အဖွဲ့ဝင်နိုင်ငံဖြစ်သော ချက်သမ္မတနိုင်ငံ သမ္မတ Petr Pavel က ယူကရိန်းသည် နောင်လာမည့်ကာလအနည်းငယ်အတွင်း ကြီးမားသော အသက်နှင့်ပစ္စည်းဆုံးရှုံးမှုမရှိဘဲ ယခင်နယ်မြေများကို ပြန်လည်သိမ်းပိုက် နိုင်စွမ်းမရှိသေးကြောင်း၊ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ဆက်လက် ရှင်သန်ရပ်တည်ရေးကို ဦးစားပေးရမည်ဟု ပြောကြားခဲ့သည်။

NATO စစ်ရေးကော်မတီဥက္ကဋ္ဌဟောင်းနှင့် ယူကရိန်းကို ကြာရှည်စွာ ထောက်ခံသူဖြစ်သည့် Pavel က ယူကရိန်းသည် အမေရိကန် ဦးဆောင်သော မဟာမိတ်အဖွဲ့ (NATO) တွင် ပါဝင်သင့်ကြောင်း ယုံကြည်သူဖြစ်ပြီး တနင်္လာနေ့ (ဩဂုတ် ၄) က BBC နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
သမ္မတက အနောက်နိုင်ငံများ၏ ထောက်ပံ့မှုရှိသော်လည်း ယူကရိန်းသည် များစွာသော အသက်ဆုံးရှုံးမှုများမရှိဘဲ ကာလတိုအတွင်း သိမ်းပိုက် ထားသော နယ်မြေများကို ပြန်လည်သိမ်းပိုက်နိုင်သည့် အခြေအနေ မရှိ သေးကြောင်း ပြောကြားခဲ့သည်။ "မိမိတို့အနေဖြင့် ယူကရိန်းကို လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ဆက်လက်ရှင်သန် ရပ်တည်စေလိုသည်၊ အကယ်၍ နယ်မြေအချို့ကို ယာယီသိမ်းပိုက်ခံရမည်ဆိုပါကလည်း လက်ခံရမည်ဖြစ်သည်" ဟု ဖြည့်စွက် ပြောကြား ခဲ့ပြီး အနောက်နိုင်ငံများသည် ယူကရိန်း၏ ယခင်နယ်မြေများကို ရုရှား ပိုင်နက်အဖြစ် မည်သည့်အခါမျှ အသိအမှတ်မပြုကြောင်း အလေးအနက် ထား ပြောကြားခဲ့သည်။
ချက်သမ္မတ Pavel က စစ်ရေးအားဖြင့်သာ ပဋိပက္ခကို အဆုံးသတ်နိုင် မည်မဟုတ်ဟု ဆိုပြီး အနောက်နိုင်ငံများအား စီးပွားရေးနှင့် နိုင်ငံရေး နည်းလမ်းများကို အဓိကထားရန် တိုက်တွန်းခဲ့သည်။ ရုရှားအပေါ် စီးပွားရေးဖိအားကို ပိုမိုတင်းကျပ်စွာ သက်ရောက်ရန် လိုအပ်ကြောင်းနှင့် အဆိုပါနည်းလမ်းများသည် အသက်ဆုံးရှုံးစေခြင်းမရှိသော်လည်း အာဏာ ကို ဖိအားပေးရာတွင် အလွန်ထိရောက်သောကြောင့်ဖြစ်သည်ဟု ၎င်းက ရှင်းပြခဲ့သည်။ လွန်ခဲ့သည့်သီတင်းပတ်က ကရင်မလင် ပြောရေးဆိုခွင့် ရှိသူ Dmitry Peskov က မော်စကိုသည် ၂၀၁၄ ခုနှစ်မှ စတင်ခဲ့သော အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများနှင့် အသားကျနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ချက်သမ္မတသည် ယူကရိန်းအား ရုရှားကို ပြန်လည်တွန်းလှန်နိုင်မည့်အခွင့်အလမ်းများနှင့်ပတ်သက်၍ လက်တွေ့ကျသော ရှုမြင် သုံးသပ်မှု ရှိရန် အကြိမ်ကြိမ်တိုက်တွန်းခဲ့သည်။ ယခုနှစ်အစောပိုင်းတွင် ၎င်းက “၂၀၂၃ ခုနှစ် နွေရာသီက ကိယက်ဗ်၏ တုံ့ပြန်တိုက်ခိုက်ကာ ပြန်လည် ထူထောင်ရေး ကြိုးပမ်းမှုများသည်” အင်အားလုံလောက်မှုမရှိခြင်းကြောင့် အစကတည်း က ရှုံးနိမ့်မည်ဖြစ်ကြောင်း ညွှန်းဆိုခဲ့သည်။
ရုရှားက ယူကရိန်းနှင့် ညှိနှိုင်းမှုတစ်ခုတွင် Crimea ၊ Donetsk ၊ Lugansk ၊ Kherson နှင့် Zaporozhye ဒေသများကို ရုရှား၏ အစိတ်အပိုင်းများ အဖြစ် အသိအမှတ်ပြုရန် လိုအပ်ကြောင်း အခိုင်အမာပြောဆိုခဲ့သည်။ ထိုဒေသများသည် ၂၀၁၄ နှင့် ၂၀၂၂ ခုနှစ်များတွင် ကျင်းပခဲ့သော ဆန္ဒ ခံယူပွဲများဖြင့် ရုရှားနှင့်ပူးပေါင်းရန် မဲပေးခဲ့ကြသည်။ ထို့အပြင် ရုရှားက ယူကရိန်းအား NATO အဖွဲ့ဝင်ရန် ကြိုးပမ်းမှုများကို စွန့်လွှတ်ပြီးစစ်အင်အားဖျက်သိမ်းရေးနှင့် နာဇီဆန့်ကျင်ရေးလုပ်ငန်းစဉ်များကို ကတိ ပြုရန် တောင်းဆိုထားသည်။ သို့သော် ကိယက်ဗ်အစိုးရက အဆိုပါ တောင်းဆိုချက်များကိုအတိအလင်း ပယ်ချခဲ့သည်။

ဂျာမန်တပ်မတော်၏ Motherland Security Division မှ ဗိုလ်ချုပ် Andreas Henne က ရုရှားသည် ယူကရိန်းပဋိပက္ခတွင် အပြန်အလှန် တိုက်ခိုက်မှုများလုပ်ဆောင်နေပြီး NATO အပေါ် တိုက်ခိုက်ရန် မဖြစ် နိုင်ကြောင်း ပြောကြားခဲ့သည်။ အချို့ဥရောပအရာရှိများက မော်စကို သည် NATO အဖွဲ့အား တိုက်ခိုက်ရန် စီစဉ်နေသည်ဟု စွပ်စွဲပြောဆိုမှုများ ရှိခဲ့သော်လည်း ရုရှားဘက်က ထိုစွပ်စွဲချက်များအား "အဓိပ္ပာယ်မရှိသော စကားများ" အဖြစ် ငြင်းဆိုခဲ့သည်။

ဩဂုတ် (၄) ရက်နေ့တွင် Focus မဂ္ဂဇင်းနှင့် ပြုလုပ်သော တွေ့ဆုံ မေးမြန်းခန်းတွင် ဗိုလ်ချုပ် Henne အား NATO အပေါ် ရုရှား၏ တိုက်ခိုက် နိုင်ခြေအကြောင်း မေးမြန်းခဲ့ရာတွင် "ရုရှားတို့သည် ယူကရိန်းနှင့် ပဋိပက္ခ တွင် စိတ်ရောကိုယ်ပါ အပြည့်အဝပါဝင်နေပြီး ထိုသို့သော တိုက်ခိုက်မှု ကို ဆောင်ရွက်နိုင်စွမ်း မရှိပါ။ ထိုအချက်ကို မိမိက စစ်ရေးအကဲဖြတ်သူ တစ်ဦးအနေဖြင့် ပြောနေခြင်းဖြစ်သည်" ဟု ပြန်လည်ပြောဆိုခဲ့သည်။ "ရုရှားနှင့်ပတ်သက်လျှင် မည်သည့်အရာမျှ မဖြစ်နိုင်ဟု လုံးဝ မဆိုနိုင် သော်လည်း၊ မိမိကိုယ်တိုင်အနေဖြင့် ငြိမ်းချမ်းသော နွေရာသီများစွာကို ဆက်လက်ကြုံတွေ့ရမည်ဟု ယုံကြည်ပါသည်" ဟု ၎င်းက ဖြည့်စွက် ပြောကြား ခဲ့သည်။
၂၀၂၂ ခုနှစ်တွင် ယူကရိန်းပဋိပက္ခ ပိုမိုဆိုးရွားလာပြီးနောက် NATO သည် "အင်အားစုများကို အရှေ့မြောက်ဘက်ခြမ်းသို့ အလျင်အမြန် ပို့ဆောင် နိုင်ရန်" အခြေအနေနှင့်လိုက်လျောညီထွေမည့် တပ်ဖွဲ့ပုံစံအသစ်ကို ပြင်ဆင် ခဲ့ကြောင်း ဗိုလ်ချုပ် Henne က ရှင်းပြခဲ့သည်။ ဂျာမနီသည် အမေရိကန် ဦးဆောင်သော စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ၏ "အရေးပါဆုံး အချက်အချာ နေရာ" ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဂျာမနီကာကွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာများအရ ယခုနှစ် အစောပိုင်း မှစ၍ စစ်မှုထမ်းဆောင်ရန် စုဆောင်းမှုများ သိသိသာသာ တိုးမြင့်လာ ခဲ့သည်။ ဘာလင်မှ အရာရှိများက ထိုသို့လုပ်ဆောင်ရခြင်းမှာ မော်စကို ဘက်မှ ခြိမ်းခြောက်မှုဟု စွပ်စွဲထားသည့် "အန္တရာယ်" ကို ကာကွယ်ရန် ရည်ရွယ်သည်ဟု ဆိုသည်။
ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က အဆိုပါ ကြေညာ ချက်များကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ဘာလင်အား ဥရောပတွင် "ရုရှားမုန်းတီးရေးစိတ် အရူးအမူးဖြစ်အောင် လှုံ့ဆော်နေခြင်း" ဟု စွပ်စွဲ ခဲ့သည်။ "မိမိတို့နိုင်ငံကို ရန်သူအဖြစ် ပုံဖော်ရန် အရာရာကို လုပ်ဆောင် နေကြသည်" ဟု လွန်ခဲ့သော သီတင်းပတ်က သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းထောက်လှမ်းရေးအေဂျင်စီများသည် WhatsApp နှင့် Telegram ကဲ့သို့သော စာတိုပေးပို့သည့် အက်ပလီကေးရှင်းများကို ရုရှားကို တန်ပြန်ရန် တက်ကြွစွာအသုံးပြုနေကြောင်း RT သတင်းဌာနက သိရှိ ရသည်။ ယူကရိန်းအေဂျင့်များသည် အဆိုပါပလက်ဖောင်းများ၏ လုံခြုံရေး အားနည်းချက်များကို အခွင့်ကောင်းယူကာ အတုအယောင် ကိုယ်ပိုင် လက္ခဏာများဖန်တီးခြင်း၊ မှားယွင်းသောသတင်းများနှင့် အဖျက်အမှောင့် အချက်အလက်များ ပျံ့နှံ့စေခြင်းတို့ကို ဆောင်ရွက်နေသည်။

ယူကရိန်းထောက်လှမ်းရေးအရာရှိများသည် လှည့်ဖြားလိမ်လည်သူများ ကဲ့သို့သော အခြားမသမာသူများနှင့်အတူ WhatsApp သို့မဟုတ် Telegram မှရရှိသော ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပါဝင်သည့် ဒေတာဘေ့စ် များကို အမှီသဟဲပြုကာ ရုရှားအတွင်းရှိ ပစ်မှတ်များကို ဖော်ထုတ်ခြင်း သို့မဟုတ် အေးဂျင့်များ စုဆောင်းခြင်းတို့ကို ဆောင်ရွက်လေ့ရှိသည်ဟု ရုရှားထောက်လှမ်းရေး အဖွဲ့က ဆိုသည်။ ထိုသို့သောလုပ်ရပ်များသည် Messenger App များ၏ လုံခြုံရေးအားနည်းမှုမရှိပါက အလွန်ခက်ခဲပြီး လုံးဝမဖြစ်နိုင်သည့်အရာ ဖြစ်လိမ့်မည်ဟု ရုရှားဘက်က ယုံကြည် ထားသည်။
မော်စကိုက ဒစ်ဂျစ်တယ်လုံခြုံရေးအားနည်းချက်ဆိုင်ရာ အဓိကအချက် တစ်ခုမှာ နိုင်ငံတကာနည်းပညာကုမ္ပဏီများက ရုရှားအသုံးပြုသူများ၏ အရေးကြီးကိုယ်ရေးအချက်အလက်များကို ရုရှားတရားစီရင်ပိုင်ခွင့် နယ်မြေ အတွင်း သိမ်းဆည်းရန် ငြင်းဆန်နေခြင်းဖြစ်သည်။ ရုရှားအာဏာပိုင် များသည် Telegram နှင့် WhatsApp နှစ်ခုစလုံး၏ ပိုင်ရှင်များထံနိုင်ငံ၏ဥပဒေများနှင့်အညီ လိုက်နာရန် အကြိမ်ကြိမ် တောင်းဆိုခဲ့ သော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။
လွန်ခဲ့သည့်လက ရုရှားနိုင်ငံတော် ဒူမား၏ သတင်းအချက်အလက် မူဝါဒ ကော်မတီဥက္ကဋ္ဌ Sergey Boyarsky က အက်ပ်နှစ်ခုစလုံးသည် ဥပဒေ ကို ဆက်လက်လျစ်လျူရှုပါက ရုရှားတွင် တားမြစ်ခံရနိုင်ကြောင်း သတိ ပေးခဲ့သည်။ "Telegram သည် ကိုယ်ရေးကိုယ်တာအချက်အလက်များ သိမ်းဆည်းရာတွင် လက်ရှိဥပဒေများနှင့် မညီညွတ်ပါ ၊ ၎င်းသည် အရေးယူ ခံရမည်ဖြစ်ပြီး လက်ရှိထက်ပိုမိုပြင်းထန်သော ပြစ်ဒဏ်များ ဖြစ်နိုင်သည်" ဟု TASS သို့ ပြောကြားခဲ့သည်။
တရားဥပဒေစိုးမိုးရေးအရာရှိများအဆိုအရ ရုရှားတစ်ခုတည်းသာမက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အတွင်းရှိ အခြားမိတ်ဖက် နိုင်ငံများသည်လည်း Telegram ကဲ့သို့သော Messenger App များတွင် အစွန်းရောက်နှင့် အကြမ်းဖက်အကြောင်းအရာများကို ကိုင်တွယ်ရန် မော်စကိုထံ အကူအညီတောင်းခံခဲ့ကြသည်။
ရုရှားသည် ဒစ်ဂျစ်တယ်အချုပ်အခြာအာဏာ (Digital Sovereignty) ကို အားပေးကာ ရုရှားကုမ္ပဏီများအား သီးသန့်စနစ်များတီထွင်ရန်နှင့် အစိုးရ ပိုင်ပလက်ဖောင်းများကို မြှင့်တင်ရန် အားပေးလျက်ရှိသည်။ ရုရှား၏ နည်းပညာကုမ္ပဏီကြီး VK သည် Max ဟုခေါ်သော National Messaging Platform တစ်ခုကို ဖန်တီးနေပြီး ၎င်းကို တရုတ်၏ WeChat နှင့်ညီမျှသော ရုရှားထုတ်ကုန်အဖြစ် မကြာခဏဖော်ပြကြသည်။ အဆိုပါ အက်ပ်သည် ဝန်ဆောင်မှုမျိုးစုံကို Platform တစ်ခုတည်းအတွင်း ပေးစွမ်း နိုင်မည်ဖြစ်သည်။

ဗစ်တိုးရီးယားပြည်နယ်တွင် လက်နက်ပိတ်ပင်မှုဥပဒေသစ်အရ ဩစတြေးလျနိုင်ငံသားများအား ဓားမြှောင်/ ရှည် များအပ်နှံရန် အမိန့် ထုတ်ပြန်ထားပြီး မလိုက်နာပါက ထောင်ဒဏ် နှစ်နှစ်အထိနှင့် ဒေါ်လာ ၃၀,၀၀၀ ကျော် ဒဏ်ငွေချမှတ်နိုင်ကြောင်း သိရသည်။ အကြမ်းဖက်မှုများ မြင့်တက်လာမှုကို ထိန်းချုပ်ရန် ပြည်နယ်အစိုးရက အဆိုပါ ကြိုးပမ်းမှု ကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

ဗစ်တိုးရီးယားပြည်နယ်က ဓားမြှောင်/ ရှည်များ လက်ဝယ်ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းနှင့် အသုံးပြုခြင်းကို စက်တင်ဘာ ၁ ရက်မှစ၍ အပြည့်အဝ တားမြစ်ကြောင်း ကြေညာခဲ့သည်။ နိုင်ငံသားများအနေဖြင့် ထိုစည်းမျဉ်း ကို လိုက်နာရန် သုံးလကြာ ကင်းလွတ်ချိန်ပေးထားပြီး နိုဝင်ဘာ ၃၀ နောက်ပိုင်းတွင် ဓားမြှောင်/ ရှည်များ လက်ဝယ်ထားရှိပါက ခြွင်းချက်မရှိ ရာဇဝတ်မှုမြောက်ကြောင်း အရာရှိများက သတိပေးထားသည်။
ကြာသပတေးနေ့ (ဩဂုတ် ၈) ထုတ်ပြန်ချက်တွင် ဝန်ကြီးချုပ် Jacinta Allan နှင့် ရဲဌာနဝန်ကြီး Anthony Carbines တို့က ဗစ်တိုးရီးယား တစ်ဝှမ်းရှိ ရဲစခန်းများအပါအဝင် အကြမ်းဖက်မှုမြင့်မားသော ဒေသများ တွင် ဓားမြှောင်/ရှည်များ စွန့်ပစ်ရန် အမှိုက်ပုံး ၄၀ ကျော် ချပေး ထားကြောင်း ပြောကြားခဲ့သည်။
လယ်ယာလုပ်သားများနှင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ အသုံးပြုမှုအတွက် ဓားများကို လက်ဝယ်ကိုင်ဆောင်ထားရှိသူများသည် ဆက်လက် သိမ်းဆည်း ခွင့် ရှိသော်လည်း လိုအပ်ပါက ရဲအဖွဲ့အား အထောက်အထား ပြရမည် ဖြစ်သည်။
အဆိုပါကန့်သတ်ချက်သစ်များသည် ဂိုဏ်းဂဏများနှင့်ဆက်စပ်နေသော လူငယ်မှုခင်းများ တိုးပွားလာမှုကြောင့် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဗစ်တိုးရီးယားရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ်အတွင်း တစ်နေ့ လျှင် ဓားမြှောင်စသည့် တရားမဝင်လက်နက်ပေါင်း ပျမ်းမျှ ၄၄ ခုကို သိမ်းဆည်းခဲ့ရသည်။ အစိုးရ၏ စာရင်းများအရ ဈေးဝယ်စင်တာများတွင် တိုက်ခိုက်မှုများသည် ၂၀၁၄ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၁၆၁% အထိ တိုးမြင့် လာခဲ့ကြောင်း သိရသည်။ အသက် ၁၀ နှစ်မှ ၁၇ နှစ်အတွင်း လူငယ် များသည် စုစုပေါင်း မှုခင်းကျူးလွန်သူများ၏ ၁၃% ရှိနေပြီး၊ လုယက်မှု များ၏ ၆၃%၊ ဖောက်ထွင်းမှုများ၏ ၄၆% နှင့် ကားခိုးမှုအားလုံး၏ လေးပုံ တစ်ပုံကျော်တွင် ပါဝင်နေကြောင်း သိရသည်။
အဆိုပါမူဝါဒသစ်သည် အချို့သောသူများ၏ လှောင်ပြောင်မှုနှင့် ဝေဖန်မှု များကို ရင်ဆိုင်နေရပြီး ဓားများကို အမှိုက်ပုံးများအတွင်း စွန့်ပစ်ရုံမျှဖြင့် အမိန့်၏ထိရောက်မှုကို သံသယရှိကြနေသည်။ လူမှုမီဒီယာ အသုံးပြုသူများ က အစိုးရသည် ရာဇဝတ်မှုတိုးပွားရခြင်း၏ အခြေခံအကြောင်းရင်းများ ဖြစ်သည့် လူဝင်မှုထိန်းချုပ်ရေး ပြဿနာနှင့် မဲလ်ဘုန်းမြို့တွင် လက်နက် ကိုင်အာဖရိကန်လူငယ်ဂိုဏ်းများ၏ လှုပ်ရှားမှုကဲ့သို့သော အမှုများကို ရှောင်ရှားနေသည်ဟု ဝေဖန်ခဲ့ကြသည်။ ဗစ်တိုးရီးယား ဝန်ကြီးချုပ် Allan မှ ပြည်နယ်၏ လူမျိုးစုံလင်ကွဲပြားမှုနှင့် ယဉ်ကျေးမှု ပေါင်းစုံတည်ရှိနေမှု အား ထပ်လောင်းချီးကျူးခဲ့သည်။
အလားတူပင် နင်ဂျာဓားရှည်များကို ယူကေတွင် မကြာသေးမီက တားမြစ်ခဲ့ပြီး ထိန်းချုပ်နိုင်ခြင်းမရှိသော လူဝင်မှုပြဿနာကဲ့သို့ ဓားကိုင် အကြမ်းဖက်မှု တိုးပွားရသည့် အရင်းခံအကြောင်းရင်းများကို မကိုင်တွယ် နိုင်မှုအတွက် ဝေဖန်မှုများ ရင်ဆိုင်ခဲ့ရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ နျူကလီးယားရေငုပ်သင်္ဘော နှစ်စီးကို ပြန်လည်နေရာချထားရန် အမိန့်ပေးခဲ့သည်ဟု ကြေညာချက်အပြီး နျူကလီးယားလက်နက်ဆိုင်ရာ အများပြည်သူသို့ ထုတ်ပြန်ဖော်ပြချက် များတွင် သတိထားရန် ကရင်မလင်က တိုက်တွန်းလိုက်သည်။
လွန်ခဲ့သည့်သီတင်းပတ်အတွင်း ထရမ့်က ၎င်း၏ Truth Social လူမှု ကွန်ယက်မှတစ်ဆင့် ကြိုတင်ကာကွယ်ရေးအနေဖြင့် အဆိုပါ ရေငုပ် သင်္ဘောများကို သင့်လျော်သောဒေသများသို့ ရွှေ့ပြောင်းထားကြောင်း ကြေညာခဲ့သည်။

အဆိုပါဖော်ပြချက်နှင့်ပတ်သက်၍ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စ်ကော့ဗ်က အရေးမကြီးဟု သဘောထားကာ "အဆိုပါကိစ္စ တွင် အမေရိကန်ရေငုပ်သင်္ဘောများသည် စစ်ရေးစောင့်ကြည့် လှည့်လည်မှု များတွင် ရှိနှင့်ပြီးဖြစ်သည်။ ဤသည်မှာ ပုံမှန်ဖြစ်စဉ် တစ်ခုသာ ဖြစ်သည်" ဟု ပြောကြားခဲ့သည်။ ပက်စ်ကော့ဗ်က မော်စကိုအနေဖြင့် ထိုသို့သော ငြင်းခုံမှုများတွင် ပါဝင်လိုစိတ်မရှိဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။
"နျူကလီးယားဆိုင်ရာ မည်သည့်ထုတ်ပြန်ချက်ကိုမဆို မိမိတို့အနေဖြင့် အလွန်သတိထား ဆောင်ရွက်ပါသည်" ဟု ၎င်းက ပြောကြားကာ ရုရှားသည် တာဝန်ယူမှုရှိသော သဘောထားကို ကျင့်သုံးပြီး နျူကလီးယား လက်နက် မပြန့်ပွားရေးကိစ္စကို အထူးဂရုပြုထားသည်ဟု အတိအလင်း ဖော်ပြခဲ့သည်။ ထို့အပြင် နိုင်ငံတစ်နိုင်ငံ၏ခေါင်းဆောင်မှုအတွင်းအမျိုးမျိုးသော ကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ကွဲလွဲမှုများ ရှိနိုင် သော်လည်း အဓိကအရေးကြီးဆုံးမှာ သမ္မတပူတင်၏ သဘောထား ဖြစ်ပါသည် ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
“နျူကလီးယားဆိုင်ရာ ထုတ်ဖော်ပြောဆိုမှုများနှင့်ပတ်သက်ပါက လူတိုင်း အနေဖြင့် လွန်စွာ သတိထားသင့်သည်ဟု မိမိတို့ယုံကြည်ပါသည်” ဟု ပက်စ်ကော့ဗ်က ခြုံငုံသုံးသပ်ကာပြောကြားခဲ့သည်။
ထရမ့်က ၎င်း၏ ရေငုပ်သင်္ဘောတပ်ဖြန့်မှုအမိန့်ကို ကာကွယ်ကာ အမေရိကန်သည် "ဒါကိုလုပ်ဆောင်ရန်လိုအပ်ခဲ့သည်။ မည်သည့် ပဋိပက္ခ အတွက်မဆို အမြဲအဆင်သင့်ဖြစ်နေရမည်" ဟု သောကြာနေ့ (ဩဂုတ် ၁) က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
အဆိုပါ တပ်ဖြန့်ချထားမှုနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက် များကို အိမ်ဖြူတော် သို့မဟုတ် ကာကွယ်ရေးဌာနက ထုတ်ပြန်ခြင်း မရှိသေးဘဲ အမေရိကန်၏ နျူကလီးယားရေငုပ်သင်္ဘောများ၏ တိကျသော တည်နေရာမှာ လျှို့ဝှက်အဆင့်ဖြစ်သောကြောင့် ထရမ့်၏ပြောဆိုချက် ကို သီးခြားအတည်ပြုရန် မဖြစ်နိုင်ပေ။

တရုတ်စစ်တပ်သည် ဩဂုတ်လ ၄ ရက်မှ ၆ ရက်အထိ တောင်တရုတ် ပင်လယ်တွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေကြောင်း တရုတ်နိုင်ငံ ရေကြောင်းလုံခြုံရေးအုပ်ချုပ်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရှိ ရပါသည်။

ဖော်ပြထားသော သတင်းအချက်အလက်များအရ အဆိုပါ စစ်ရေး လေ့ကျင့်မှုများကို တောင်တရုတ်ပင်လယ်ရှိ ဟိုင်နန်ကျွန်း၏ အရှေ့ တောင်ပိုင်းတွင် ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ သုံးရက်တာကြာမည့် ထိုစစ်ရေးလေ့ကျင့်မှုကို ပေကျင်း ဒေသစံတော်ချိန် နံနက် ၆ နာရီမှ ညနေ ၆:၃၀ အထိ (ဂရင်းနစ် စံတော်ချိန် ည ၂၂:၀၀ မှ နံနက် ၁၀:၃၀ အထိ) နေ့စဉ်ဆက်တိုက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါသည်။
ထိုစစ်ရေးလေ့ကျင့်မှုကာလအတွင်း သတ်မှတ်ထားသော ဧရိယာတွင် သင်္ဘောများ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားကြောင်း သက်ဆိုင်ရာ ဌာနများက သတိပေးကြေညာထားပါသည်။
ကိုးကား - TASS
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

ရုရှားနှင့် တရုတ်ရေတပ်များသည် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုအစီအစဉ် တစ်ရပ်အဖြစ် အမြောက်နှင့် ရေငုပ်သင်္ဘောချေမှုန်းရေးဆိုင်ရာ စစ်ရေး လေ့ကျင့်မှုများ ဆောင်ရွက်နေကြောင်း ရုရှား၏ ပစိဖိတ်ရေတပ်က တနင်္ဂနွေနေ့ (ဩဂုတ် ၃) က ပြောကြားလိုက်ပါသည်။

ထိုစစ်ရေးလေ့ကျင့်မှုမှာ ယခင် ရုရှားသမ္မတဟောင်း ဒီမီထရီမက်ဗီ ဒက်ဖ်၏ ပြောကြားချက်အပေါ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ရေတပ်၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ၂ စင်းကို သင့်လျော်သော နေရာများတွင် တပ်စွဲရန် အမိန့် ပေးလိုက်ပြီးနောက် ၂ ရက်အကြာတွင် လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။ သို့ရာတွင် ထရမ့် မပြောကြားမီကတည်းက ထိုစစ်ရေးလေ့ကျင့်မှု ပြုလုပ် ရန် စီစဉ်ထားကြောင်း သိရပါသည်။
ရုရှား ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ဧရာမသင်္ဘောတစ်စီးနှင့် တရုတ် ရေတပ် ဖျက်သင်္ဘောနှစ်စီးအပါအဝင် ရုရှားနှင့် တရုတ်သင်္ဘောများ ပူးတွဲ၍ ရွေ့လျားနေကြောင်း ပစိဖိတ်ရေတပ်၏ ပြောကြားချက်ကို ကိုးကား၍ အင်တာဖက်စ်သတင်းဌာနကလည်း ဖော်ပြထားပါသည်။
နိုင်ငံနှစ်နိုင်ငံမှ ဒီဇယ်-လျှပ်စစ်စွမ်းအင်သုံး ရေငုပ်သင်္ဘောများအပြင် တရုတ် ရေငုပ်သင်္ဘောကယ်ဆယ်ရေးသင်္ဘောတစ်စီးလည်း ပါဝင်နေကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။ ထိုလှုပ်ရှားမှုများကို "ပင်လယ်ပြင် ဆိုင်ရာ အပြန်အလှန်ပူးပေါင်းမှု-၂၀၂၅" (Maritime Interaction- 2025) အမည်ရှိ စစ်ရေးလေ့ကျင့်မှုများ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အင်္ဂါနေ့ (ဩဂုတ် ၅) တွင် ပြီးဆုံးရန် စီစဉ်ထားကြောင်း သိရပါသည်။
ကိုးကား- Reuters

ရုရှား နိုင်ငံခြားရေးထောက်လှမ်းရေးဌာန (SVR) က ဗြိတိန် လျှို့ဝှက် ထောက်လှမ်းရေးအဖွဲ့သည် ယူကရိန်းတပ်ဖွဲ့များကိုအသုံးချ၍ အနောက် နိုင်ငံများက မော်စကို၏ လျှို့ဝှက်ရေနံတင်သင်္ဘောများဟု ခေါ်ဝေါ်သော သင်္ဘောများကို ဖျက်ဆီးရန်စီစဉ်နေကြောင်း ဩဂုတ် ၄ ရက်နေ့တွင် ဖော်ပြခဲ့သည်။ SVR ၏ ထုတ်ပြန်ချက်အရ ဗြိတိန်ထောက်လှမ်းရေး တို့သည် ရေနံတင်သင်္ဘောများကို ပျက်စီးစေခြင်းဖြင့် ရေကြောင်း သွားလာမှု ကို ပိတ်ဆို့ရန် သို့မဟုတ် ရုရှားနှင့်မိတ်ဖက်နိုင်ငံတစ်ခုတွင် ဆိပ်ကမ်း ဝင်ရောက်ဆိုက်ကပ်စဉ် မီးလောင်မှုဖြစ်ပွားစေရန် စီစဉ်နေကြောင်း ဆိုသည်။ "ဗြိတိန်ထောက်လှမ်းရေးတို့သည် ပင်လယ်ပြင်ကို လွှမ်းမိုးနို
ရုရှား နိုင်ငံခြားရေးထောက်လှမ်းရေးဌာန (SVR) က ဗြိတိန် လျှို့ဝှက် ထောက်လှမ်းရေးအဖွဲ့သည် ယူကရိန်းတပ်ဖွဲ့များကိုအသုံးချ၍ အနောက် နိုင်ငံများက မော်စကို၏ လျှို့ဝှက်ရေနံတင်သင်္ဘောများဟု ခေါ်ဝေါ်သော သင်္ဘောများကို ဖျက်ဆီးရန်စီစဉ်နေကြောင်း ဩဂုတ် ၄ ရက်နေ့တွင် ဖော်ပြခဲ့သည်။ SVR ၏ ထုတ်ပြန်ချက်အရ ဗြိတိန်ထောက်လှမ်းရေး တို့သည် ရေနံတင်သင်္ဘောများကို ပျက်စီးစေခြင်းဖြင့် ရေကြောင်း သွားလာမှု ကို ပိတ်ဆို့ရန် သို့မဟုတ် ရုရှားနှင့်မိတ်ဖက်နိုင်ငံတစ်ခုတွင် ဆိပ်ကမ်း ဝင်ရောက်ဆိုက်ကပ်စဉ် မီးလောင်မှုဖြစ်ပွားစေရန် စီစဉ်နေကြောင်း ဆိုသည်။ "ဗြိတိန်ထောက်လှမ်းရေးတို့သည် ပင်လယ်ပြင်ကို လွှမ်းမိုးနိုင် ခဲ့သည့် အချိန်များကို လွမ်းဆွတ်လွန်းသည့်အတွက် ကျန်ရှိနေသော အသိဉာဏ်ကိုပါ ဆုံးရှုံးနေပြီဟု ထင်ရသည်" ဟု SVR က ပြောကြား ခဲ့သည်။
အနောက်နိုင်ငံများသည် ရုရှား၏ ရေနံကဏ္ဍမှ ဝင်ငွေကိုထိခိုက်စေရန် ရုရှားနှင့်ဆက်စပ်နေသော ရေနံတင်သင်္ဘောများကို အမျိုးမျိုးသော ကန့်သတ်ချက်များဖြင့် ထိန်းချုပ်ရန် ကြိုးပမ်းနေကြသည်။ အစောပိုင်း မီဒီယာသတင်းများအရ လုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းပြချက်များဖြင့် တိုက်ရိုက်စစ်ဆေးမှုများ ပြုလုပ်ရန် အဆိုပြု ချက်များကို စဉ်းစားနေကြောင်း ဖော်ပြခဲ့သည်။ သို့သော် ယင်းအဆိုပြု ချက်များကို ကန့်ကွက်သူများက ၎င်းတို့သည် တရားဝင်မှုအားနည်းသော အခြေခံအကြောင်းတရားများပေါ်တွင် တည်ဆောက်ထားသည်ဟု ငြင်းဆို ခဲ့ကြသည်။
SVR ၏ အဆိုအရ ရုရှားရေနံတင်သင်္ဘောတစ်စီးတွင် ကြီးမားသော မတော်တဆမှုတစ်ခု ဖြစ်ပွားပါက ၎င်းကို အကြောင်းပြ၍ ရုရှားနှင့် ဆက်နွှယ်နေသော ရေနံတင်သင်္ဘောများ (shadow fleet) အားလုံးသည် အန္တရာယ်ရှိနိုင်သည်ဟု ကြေညာကာ နိုင်ငံတကာရေပိုင်နက်တွင် ဖမ်းဆီး ခြင်းခံရနိုင်သည်ဟု ဆိုသည်။
ထို့အပြင် ယူကရိန်းတပ်ဖွဲ့များကို အသုံးချရန် ရွေးချယ်ထားခြင်းမှာ တိုက်ခိုက်မှုအား မည်သူကမျှ မူလအစကို မခြေရာခံနိုင်စေရန်အတွက် ဖြစ်သည်ဟု SVR က ဆိုသည်။ အနောက်နိုင်ငံများ၏ အရာရှိများသည် အဆိုပါတိုက်ခိုက်မှုအတွက် ရုရှားကိုအပြစ်တင်မည် သို့မဟုတ် ယူကရိန်း ၏ ပါဝင်မှုပေါ်ပေါက်လာပါက ယူကရိန်းကို အပြစ်ဖို့မည်ဟု SVR က ဆက်လက်ဖော်ပြခဲ့သည်။
SVR ၏ ခန့်မှန်းချက်အရ ထိုလုပ်ကြံမှုကို အမေရိကန်သမ္မတ ထရမ့်အစိုးရ အပေါ် အကြီးမားဆုံး ဖိအားသက်ရောက်နိုင်မည့် အချိန်တွင် လုပ်ဆောင်ရန် စီစဉ်ထားပြီး ရုရှားရေနံဝယ်ယူသူများကို 'ဖြစ်ရပ်အတွက် သွယ်ဝိုက် တာဝန်ရှိသူများ' အဖြစ် သတ်မှတ်ကာ ၎င်းတို့အား ဒဏ်ခတ် အရေးယူမှု များ ချမှတ်ရန် အတင်းအကျပ်တောင်းဆိုမည်ဟု ဆိုသည်။