သတင်းများ

ထိုင်းနိုင်ငံက ကမ္ဘောဒီးယားဘက်မှ ပစ်ခတ်မှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့သည်ဟု ပြောကြား

ထိုင်းကျန်းမာရေးဝန်ကြီး Somsak Thepsuthin က ဇူလိုင် ၂၄ ရက် နေ့လယ်ပိုင်းတွင် ကမ္ဘောဒီးယားနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဒေသများတွင် ပဋိပက္ခဖြစ်ပွားမှုကြောင့် အရပ်သား ၁၁ ဦးနှင့် စစ်သားတစ်ဦး အနည်းဆုံး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းက ကမ္ဘောဒီးယား ဘက်မှ ပစ်ခတ်မှုကြောင့် နယ်စပ်အနီးရှိ ဆေးရုံတစ်ခုလည်း ထိမှန်ခဲ့ကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံ Surin နယ်စပ်ရှိ Kap Choeng ခရိုင်အုပ်ချုပ်ရေးမှူး Sutthiroj Charoenthanasak က BM-21 ဒုံးကျည်နှစ်စင်းသည် ဇူလိုင် ၂၄ ရက် နံနက် ၉:၄၀ တွင် Ban Jorok ကျေးရွာအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ထိုအချိန်တွင် ကျေးရွာသားများသည် ရွှေ့ပြောင်းရန် ပြင်ဆင် နေချိန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုဒုံးကျည်ကျရောက် ပေါက်ကွဲ မှုကြောင့် လူကြီးတစ်ဦးနှင့် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး သေဆုံး ခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

Sutthiroj က ထိုင်း-ကမ္ဘောဒီးယား စစ်တပ်များအကြား Ta Moan Thom Temple အနီးတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ခရိုင်အာဏာပိုင်များက နယ်စပ်အနီးရှိ ကျေးရွာ ၈၆ ရွာမှ ကျေးရွာသား ၄၀,၀၀၀ ခန့်ကို ရွှေ့ပြောင်းပေးခဲ့ရကြောင်း ပြောကြားခဲ့သည်။ ထိုကျေးရွာသားများကို အနီးရှိ ပရာဆတ်ခရိုင် (Prasat District) ရှိ ကျောင်းများသို့ ပို့ဆောင် ပေးခဲ့သည်။

ဇူလိုင် ၂၄ ရက်တွင် ကမ္ဘောဒီးယား၏ Khmer Times သတင်းဌာနက ဖော်ပြခဲ့သော ဗီဒီယိုတွင် နယ်စပ်တိုက်ပွဲများ စတင်ပြီးနောက် ကမ္ဘောဒီးယား တပ်မတော်၏ ဒုံးပစ်လက်နက်များမှ ထိုင်းနိုင်ငံဘက်သို့ ဒုံးကျည်များ အဆက်မပြတ် ပစ်လွှတ်နေပုံကို မြေပြင်နှင့် လမ်းပေါ်မှ ရိုက်ကူး ထားသည့် ရုပ်သံများပါရှိသည်။ သို့သော် အဆိုပါဗီဒီယိုတွင် ကမ္ဘောဒီးယား တပ်မတော်က မည်သည့်ဒုံးပစ်လက်နက်အမျိုးအစားကို အသုံးပြုခဲ့သည် ကို ရှင်းရှင်းလင်းလင်း မသိရပေ။ ကမ္ဘောဒီးယား တပ်မတော်တွင် BM-21 Grad, PHL-81, PHL-90B နှင့် RM-70 အပါအဝင် ၁၂၂ မီလီမီတာ ဒုံးပစ် လက်နက်များ၊ ထို့အပြင် ၃၀၀ မီလီမီတာ ဒုံးကျည်များ ပစ်လွှတ်နိုင်သော PHL-03 လက်နက်များနှင့် အခြားဒုံးပစ်စနစ်ဟောင်းများလည်း ရှိသည်။

ထိုင်းစစ်တပ်က F-16 တိုက်လေယာဉ်များ စေလွှတ်ကာ နယ်စပ်အနီးရှိ ကမ္ဘောဒီးယား တပ်များကို တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့သည်။ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထိုင်းတိုက်လေယာဉ်များက Phnom Penh ထိန်းချုပ်ရာဒေသရှိ Wat Kaew Sikkhakirivoraram လမ်းအနီးတွင် ဗုံးနှစ်လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း အဆောက်အဦပျက်စီးမှု ရှိ၊ မရှိ ဖော်ပြခဲ့ခြင်း မရှိပါ။

ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက "ထိုင်းနိုင်ငံက စစ်သား အမြောက်အမြားနှင့် စစ်လက်နက်ကြီးများချထားကာ ကမ္ဘောဒီးယားနယ်မြေကို အင်အားသုံး သိမ်းပိုက်ရန် ကြိုးပမ်းနေခြင်း" ဖြစ်သည်ဟု စွပ်စွဲခဲ့ပြီး "ကုလသမဂ္ဂ ပဋိညာဉ်၊ ASEAN ၏ စံနှုန်းများနှင့် အပြည်ပြည် ဆိုင်ရာဥပဒေအခြေခံမူများကို ထင်ရှားစွာ ချိုးဖောက်ခြင်း" ဟု ပြင်းထန်စွာ ရှုတ်ချခဲ့သည်။ 

ကမ္ဘောဒီးယားဘက်က အငြင်းပွားနယ်စပ်တွင် မြေမြှုပ်မိုင်းများထောင်ခဲ့ပြီး မေလက တိုက်ပွဲတစ်ခုတွင် ထိုင်းစစ်သား တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ထိုင်းဘက်က စွပ်စွဲခဲ့သည်။ 

ထိုင်းနိုင်ငံက ကမ္ဘောဒီးယား သံအမတ်ကြီးအား နှင်ထုတ်ခဲ့ပြီး မိမိဘက်မှ သံအမတ်ကို ပြန်ခေါ်ကာ နှစ်နိုင်ငံဆက်ဆံရေး အဆင့်လျှော့ချခဲ့သည်။ ကမ္ဘောဒီးယားကလည်း ဇူလိုင် ၂၄ ရက်တွင် ထိုင်းနှင့် သံတမန်ဆက်ဆံရေးကို "အနိမ့်ဆုံးအဆင့်" သို့ လျှော့ချပြီး ဘန်ကောက်ရှိ သံရုံးဝန်ထမ်းများ ပြန်ခေါ်မည်ဟု ကြေညာခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ထိုင်း- ကမ္ဘောဒီးယား အပြန်အလှန် ပစ်ခတ်

ထိုင်းနှင့် ကမ္ဘောဒီးယားတို့မှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၂၄ ရက် (ကြာသပတေးနေ့) အစောပိုင်းတွင် အငြင်းပွားနေသည့် နယ်မြေတွင် အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း နှစ်ဖက်စလုံးက ပြောကြားထား ပါသည်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း တင်းမာမှုများ မြင့်တက်လာသည့် ခမာဗိမာန် (Ta Muen Thom) အနီးတွင် ကမ္ဘောဒီးယားစစ်သားများက ပစ်ခတ်ခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောကြားထားသကဲ့သို့ ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ထိုင်းစစ်တပ်များ စတင် ပစ်ခတ် သည့်အတွက် မိမိတို့ဘက်က ခုခံကာကွယ်သည့်အနေဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း ဆိုထားပါသည်။ ကမ္ဘောဒီးယားသည် လက်နက်ကြီး များ ကိုင်ဆောင်ထားသည့် တပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ကာ ကင်းထောက် ဒရုန်းတစ်စင်း စေလွှတ်ခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောကြားထား ပါသည်။ 

ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထိုင်း တပ်များသည် မိမိတို့၏ အချုပ်အခြာအာဏာနှင့် နယ်မြေဂုဏ်သိက္ခာကို ကာကွယ်ရန် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဆိုထားပါသည်။ 

နှစ်နိုင်ငံ နယ်နိမိတ်တစ်နေရာတွင်  ထိုင်းစစ်သားတစ်ဦး ဒဏ်ရာရရှိ ခဲ့သည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိုင်းက ကမ္ဘောဒီးယား သံအမတ်ကြီး ကို ပြန်ခေါ်ပြီး နာရီပိုင်းအကြာ ကြာသပတေးနေ့(ဇူလိုင် ၂၃) နံနက်ပိုင်း တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ ကမ္ဘောဒီးယား သံအမတ်ကြီးကို နှင်ထုတ်မည်ဟု ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၂)တွင် ထိုင်းနိုင်ငံဘက်က  ပြောကြားခဲ့ပါသည်။ ကမ္ဘောဒီးယား စစ်သားတစ်ဦး သေဆုံးပြီး မေလ အတွင်းက လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ပါသည်။ ယခုကာလတွင် ထိုင်းနှင့် ကမ္ဘောဒီးယားတို့၏ ဆက်ဆံရေးမှာ ဆယ်စုနှစ်တစ်ခုကျော် အတွင်း အဆိုးရွားဆုံးဖြစ်နေပြီး လွန်ခဲ့သည့်  နှစ်လကတည်းက  နှစ်နိုင်ငံ စလုံးသည် နယ်စပ်တွင် စစ်တပ်များ အခိုင်အမာ ချထားကာ စောင့်ကြည့် နေကြပါသည်။

ကိုးကား - BBC

Photo: Al Jazeera

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အာကာသနယ်ပယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒုံးကျည်ကာကွယ်ရေးစနစ် ထုတ်လုပ်မှုတို့အတွက် အမေရိကန်အနေဖြင့် အသုံးစရိတ်တိုးမြှင့်

အမေရိကန်ပြည်ထောင်စုသည် အာကာသနယ်ပယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒုံးကျည်ကာကွယ်ရေးစနစ်  ထုတ်လုပ်မှုတို့အတွက် အသုံးစရိတ်အဖြစ် ဒေါ်လာ ၄၉ ဒသမ ၆ ဘီလီယံအထိ တိုးမြှင့်အသုံးပြုခဲ့သည်။

အသုံးစရိတ်တိုးမြှင့်မှုကြောင့်  ပြီးခဲ့သည့်နှစ်ကထက် ၇ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်လာကြောင်း Bloom-berg က ဇူလိုင်လ ၂၂ ရက်တွင်ဖော်ပြသည်။

အမေရိကန်အစိုးရသည် လက်ရှိတွင် အာကာသနယ်ပယ်ကာကွယ်ရေးနှင့် Golden Dome ဒုံးကျည် ကာကွယ်ရေးစနစ် ထုတ်လုပ်ရေးကို အကောင်အထည်ဖော်ဆောင်နိုင်ရန် ကြိုးပမ်းနေခြင်းကြောင့် အသုံးစရိတ်မှာ ဆက်လက်မြင့်တက်လာဖွယ်ရှိသည်။

ထို့ပြင် အမေရိကန်အစိုးရအနေဖြင့် အခြားနိုင်ငံများမှ ပြုလုပ်လာနိုင်ဖွယ်ရှိသည့်တိုက်ခိုက်မှုများကို ကာကွယ်ပေးနိုင်မည့် အာကာသလက်နက်များထုတ်လုပ်ရန်အတွက် ၂၀၂၆ ခုနှစ်တွင် ဒေါ်လာ ၁၆ ဘီလီယံနှင့်    နိုင်ငံပိုင်နက်အတွင်းသို့ ပြိုင်ဘက်နိုင်ငံများ၏ဒရုန်းများ၊ ဒုံးကျည်များနှင့်   အသံထက်မြန် သည့်ယာဉ်များ ဝင်ရောက်လာခြင်းကို     ရှာဖွေဖော်ထုတ်နိုင်သည့် ဂြိုဟ်တုအသစ်တစ်စင်း  တည်ဆောက်ရန်အတွက် အနည်းဆုံးဒေါ်လာ ၇ ဒသမ ၂ ဘီလီယံတို့ကို အသုံးပြုမည်ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စု၏ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် Golden Dome ဒုံးကျည်ကာကွယ်ရေးစနစ်သည် မရှိမဖြစ်လိုအပ်သည်ဟု   အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ယခုနှစ် မေလအတွင်းက ပြောကြားထားပြီး အစိုးရက အဆိုပါအစီအစဉ်အတွက် ဒေါ်လာ ၁၇၅ ဘီလီယံကို လျာထားကြောင်း  Bloomberg    တွင် ဆက်လက်ဖော်ပြထားသည်။

Ref: Iv

MWD Web Portal

ဟက်ကာများက Microsoft ကုမ္ပဏီ၏ Share Point Software အားနည်းချက်ကိုအသုံးချ၍ ကမ္ဘာတစ်ဝန်းတွင် ဆိုက်ဘာတိုက်ခိုက်

ဟက်ကာများသည်   ကမ္ဘာကျော် Microsoft ကုမ္ပဏီ၏  အရေးပါသည့် လုံခြုံရေး Share Point Software ၏ အားနည်းချက်ကိုအသုံးချ၍   ကမ္ဘာတစ်ဝန်းတွင် ဆိုက်ဘာတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း Washington Post သတင်းစာကြီးက ဇူလိုင်လ၂၁ ရက်တွင် ဖော်ပြသည်။

ဆိုက်ဘာတိုက်ခိုက်မှုများသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖြစ်ပွားခြင်းဖြစ်ပြီး ဟက်ကာများသည် Share  Point Software ၏ အားနည်းချက်ကို အခွင့်ကောင်းယူ၍ အစိုးရအဖွဲ့များနှင့်   တစ်ကမ္ဘာလုံးရှိ စီးပွားရေး လုပ်ငန်းများက အသုံးပြုနေသည့် အချက်အလက်ဝေမျှရေးစနစ်အတွင်းသို့ ထိုးဖောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း    အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်      သုတေသီများ၏ ပြောကြားချက်ကိုကိုးကား၍ သတင်းစာကဖော်ပြခြင်း ဖြစ်သည်။

ဟက်ကာများသည်    အထူးသဖြင့် အမေရိကန် ပြည်ထောင်စု၊ ဘရာဇီး၊ ဥရောပသမဂ္ဂအဖွဲ့၊  တရုတ်နိုင်ငံ အတွင်းရှိ အဖွဲ့အစည်းများကို    အဓိကထားတိုက်ခိုက်ခြင်းဖြစ်သည်။ အဆိုပါဆိုက်ဘာတိုက်ခိုက်မှုသည်   မည်သည့်နိုင်ငံ၊  မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကို လက်ရှိတွင် မသိရသေးသော်လည်း Microsoft ကုမ္ပဏီအနေဖြင့် လောလောဆယ်တွင် ဆိုက်ဘာတိုက်ခိုက်မှု၏ အကျိုးသက်ရောက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် အမေရိကန်အမိမြေလုံခြုံရေးဝန်ကြီးဌာန၊  ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ဆိုက်ဘာတိုက်ခိုက်ခံရသည့် အမေရိကန်အဖွဲ့အစည်းများတွင်     နျူကလီးယားလက်နက်ဆိုင်ရာ   အေဂျင်စီအဖွဲ့လည်းပါဝင်သည်။

ထို့ကြောင့်   နိုင်ငံအများအပြားသည် ယခုအခါ အနောက်နိုင်ငံများမှ နည်းပညာဝန်ဆောင်မှု ကုမ္ပဏီများအပေါ် အမှီသဟဲပြုခြင်းအား  တဖြည်းဖြည်းလျှော့ချ၍ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အန္တရာယ်များကို ကာကွယ်နိုင်ရန်အတွက်     ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကြိုးပမ်းလာကြပြီဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံသည် လာမည့် ၂၀၂၇ ခုနှစ်မှစ၍  ပြည်ပမှထုတ်လုပ်ထားသည့် Hardware နှင့် Software များ၏နေရာတွင် ပြည်တွင်းဖြစ် နည်းပညာများဖြင့် အစားထိုးနိုင်ရန်  ကြိုးပမ်းလျက်ရှိသည်။                                   

Ref: Rt

အမေရိကန်၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အဏုမြူစက်ရုံများ ပြင်းထန်စွာ ပျက်စီးခဲ့ကြောင်း အီရန်ဝန်ခံ

အီရန်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်၏ လေကြောင်း တိုက်ခိုက်မှု များကြောင့် အဏုမြူစက်ရုံများ ပြင်းထန်စွာပျက်စီးခဲ့သော်လည်း ယူရေ နီယမ် ထပ်တိုးသန့်စင်ခြင်းလုပ်ငန်းကို မရပ်ဆိုင်းဟု ပြောကြားခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ် အာရက်ချီက ဇူလိုင် ၂၂ ရက်တွင် Fox News သို့ပြောကြားရာတွင် ဇွန်လအတွင်း အမေရိကန်မှ ဘန်ကာဖျက် ဗုံးများနှင့် ဒုံးကျည်များဖြင့် တိုက်ခိုက်မှုများကြောင့် နိုင်ငံ၏ အဓိက အဏုမြူစက်ရုံသုံးခုဖြစ်သည့် ဖော်ဒိုး၊ နတန်ဇ်နှင့် အစ္စဖာဟန်စက်ရုံများ ပြင်းထန်စွာပျက်စီးခဲ့သည်ဟု ဖွင့်ဟခဲ့သည်။

"အီရန်၏ အဏုမြူစွမ်းအင်အဖွဲ့အစည်းက စက်ရုံများ၏ ပျက်စီးမှုအတိုင်းအတာကို သုံးသပ်နေဆဲဖြစ်သော်လည်း စက်ရုံများသည် ပြင်းထန် စွာ ပျက်စီးခဲ့ပါသည်" ဟု အာရက်ချီက ပြောကြားခဲ့ပြီး ယင်းပျက်စီးမှုများ ကြောင့် အီရန်၏ ယူရေနီယမ် ထပ်တိုးသန့်စင်မှုစွမ်းရည်အားလုံး ယာယီ ရပ်ဆိုင်းသွားခဲ့ကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။

သို့သော် အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် အီရန်၏ ယူရေနီယမ် သန့်စင်ရေးစက်ကိရိယာများ ပြင်းထန်စွာပျက်စီးခဲ့မှု ရှိ၊ မရှိ ကိုမူ ၎င်းက တိကျစွာဖော်ပြခဲ့ခြင်းမရှိပေ။ အမေရိကန်ဘက်မှ "Night Hammer" စစ်ဆင်ရေးဖြင့် အီရန်၏အဏုမြူစက်ရုံများကို "အပြီးတိုင် ဖျက်ဆီးနိုင် ခဲ့ပြီး" ၎င်း၏အဏုမြူအစီအစဉ်ကို နှစ်ပေါင်းများစွာ နောက်ပြန်ဆုတ်သွား စေခဲ့သည်ဟု အခိုင်အမာဆိုထားသည်။

အာရက်ချီက က အီရန်တွင် အဏုမြူစက်ရုံများကို ပြန်လည် တည်ဆောက် နိုင်စွမ်းရှိပြီး ယူရေနီယမ် ထပ်တိုးသန့်စင်ခြင်းလုပ်ငန်းကို ရပ်တန့်မည် မဟုတ်ကြောင်း အတည်ပြုပြောဆိုခဲ့သည်။

ဇွန်လ ၂၂ ရက်နံနက်တွင် အမေရိကန်လေတပ်သည် B-2 ကိုယ်ပျောက် ဗုံးကြဲလေယာဉ် ၇ စီးပါဝင်သော လေယာဉ်အုပ်တစ်ခုကို အသုံးပြုကာ GBU-57 ဗုံး ၁၄ လုံးကို အီရန်ရှိ ပစ်မှတ်များပေါ်သို့ ကြဲချခဲ့သည်။ ထိုဗုံး များအနက် ၁၂ လုံးကို အီရန်၏ "အဏုမြူခံတပ်"ဟု သတ်မှတ် ခံထား ရသော ဖော်ဒိုးယူရေနီယမ်ထပ်တိုးသန့်စင်ရေးစက်ရုံသို့ ဦးတည် တိုက်ခိုက် ခဲ့ပြီးကျန်ဗုံး ၂ လုံးသည် နတန်ဇ်အဏုမြူစက်ရုံရှိ မြေအောက် အဆောက် အဦများကို ထိမှန်ခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုအပြီး ရိုက်ကူးထားသော ဂြိုဟ်တု ဓာတ်ပုံများ တွင် ဖော်ဒိုးနှင့် နတန်ဇ်စက်ရုံအဆောက်အအုံများတွင် ဗုံးကြဲ တိုက်ခိုက်မှု ကြောင့် ဖြစ်ပေါ်ခဲ့သော ကျင်းများကို တွေ့မြင်ရသော်လည်း မည်မျှ ပျက်စီး မှုရှိခဲ့သည်နှင့် GBU-57 ဗုံးများ ထိရောက်မှုရှိမရှိ ရှင်းရှင်းလင်းလင်း မသိရှိရပေ။

လွန်ခဲ့သောသီတင်းပတ်အတွင်း အမေရိကန်မီဒီယာများက ထုတ်ပြန်သော ထောက်လှမ်းရေး သုံးသပ်ချက်အသစ်အရ ဖော်ဒိုးအဏုမြူစက်ရုံသည် အမေရိကန်ဗုံးများဖြင့် တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သော်လည်း နတန်ဇ်နှင့် အစ္စဖာဟန်စက်ရုံများတွင် ယူရေနီယမ်ထပ်တိုးသန့်စင်မှုကို ဆက်လက်လုပ်ဆောင်နိုင်စွမ်း ရှိနေဆဲဖြစ်သည်ဟု ဖော်ပြခဲ့သည်။

ဂါဇာအလယ်ပိုင်း၌ အစ္စရေးတို့၏ စစ်ဆင်မှုကို ပြင်သစ်နိုင်ငံက ပြင်းပြင်းထန်ထန် ရှုတ်ချ

ပြင်သစ်နိုင်ငံသည် ဂါဇာအလယ်ပိုင်းတွင် အစ္စရေး၏ စစ်ဆင်ရေး ချဲ့ထွင်မှုကို ပြင်းထန်စွာ ရှုတ်ချကြောင်း ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းစစ်ဆင်မှုကြောင့် လူပေါင်း သောင်းချီကာ ရွှေ့ပြောင်းခံခဲ့ရသည်ဟု သိရှိရပါသည်။

"အဆိုပါစစ်ဆင်မှုအသစ်သည် အစာအာဟာရချို့တဲ့မှုနှင့် အငတ်ဘေး အန္တရာယ်တို့ဖြင့် ရှုပ်ထွေးနေသော လူသားချင်းစာနာမှုအခြေအနေကို ပိုမိုဆိုးရွားစေသည်" ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး အစ္စရေးအား ပါလက်စတိုင်းနယ်မြေသို့ အကူအညီများ ဝင်ရောက်မှုကို ပိတ်ဆို့ခြင်းနှင့် အကူအညီရယူရန် ကြိုးပမ်းသူများကို ပစ်ခတ်ခြင်း တို့ကိုလည်း ဝေဖန်ခဲ့သည်။

ပြင်သစ်နိုင်ငံက အစ္စရေးအား ဂါဇာရှိ ပြည်သူများအပေါ် အပြည်ပြည်ဆိုင်ရာဥပဒေအရ တာဝန်များကို လိုက်နာရန်၊ ဂါဇာသို့ အကူအညီများနှင့် သတင်းသမားများ ချက်ချင်းဝင်ရောက်ခွင့်ပြုရန်နှင့် အပြည်ပြည် ဆိုင်ရာ အကူအညီအဖွဲ့များ၏ လုပ်ငန်းများကို ဟန့်တားခြင်းမှ ရပ်တန့်ရန် ထပ်မံတောင်းဆိုခဲ့သည်။

အစ္စရေးမီဒီယာများ၊ အကူအညီအဖွဲ့များနှင့် မျက်မြင်သက်သေများအရ တနင်္လာနေ့ (ဇူလိုင် ၂၁) တွင် အစ္စရေးတင့်ကားများသည် ဂါဇာ အလယ်ပိုင်းရှိ ဒေးယာအလ်ဘာလာမြို့သို့ ဝင်ရောက်ခဲ့သည်။ ယခင်က ၂၁ လကြာ စစ်ပွဲအတွင်း ယင်းမြို့တွင် ကြီးမားသော စစ်ဆင်မှုများ မရှိခဲ့ပေ။

ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းမှုရုံး (OCHA) က တနင်္လာနေ့ (ဇူလိုင် ၂၁) တွင် အစ္စရေး၏ ရွှေ့ပြောင်းရန် အမိန့်များအောက်ရှိ နယ်မြေ တွင် လူဦးရေ ၅၀,၀၀၀ မှ ၈၀,၀၀၀ ခန့် နေထိုင်လျက်ရှိသည်ဟု ခန့်မှန်း ခဲ့သည်။

ကိုးကား- CNN

ဂါဇာတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း အထောက်အပံ့ရှာဖွေစဉ် အနည်းဆုံး လူ ၃၄ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်

ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဂါဇာတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း အထောက်အပံ့ရှာဖွေစဉ် အနည်းဆုံး လူ ၃၄ ဦး သေဆုံးခဲ့ပြီး ၆၄၄ ဦးကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။

သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားရာနေရာနှင့် အကြောင်းရင်းများကို ကျန်းမာရေးဝန်ကြီးဌာနက ထပ်မံဖော်ပြခြင်း မရှိသော်လည်း ဟားမက် ၏ Al-Aqsa TV က မြောက်ပိုင်းဂါဇာကမ်းမြောင်ဒေသတွင် အထောက်အပံ့ စောင့်ဆိုင်းနေစဉ် အင်္ဂါနေ့ (ဇူလိုင် ၂၂) က လူ ၂၂ ဦး သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက မေလ ၂၇ ရက်မှ ဇူလိုင် ၂၁ ရက်အတွင်း အစားအစာရရှိရန် ကြိုးစားစဉ် ဂါဇာတွင် အစ္စရေးစစ်တပ်က ပါလက်စတိုင်း လူမျိုး ၁,၀၅၄ ဦးအား သတ်ဖြတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

မေလ ၂၇ ရက်သည် အစ္စရေးနှင့် အမေရိကန်ပံ့ပိုးမှုဖြင့် အငြင်းပွားဖွယ်ရာ ဂါဇာလူသားချင်းစာနာထောက်ထားရေးဖောင်ဒေးရှင်း (GHF) စတင် လည်ပတ်သည့်နေ့ဖြစ်ပြီး GHF သည် ဂါဇာမြောက်ပိုင်းတွင် အထောက်အပံ့ ဖြန့်ဖြူးမှု မလုပ်ဆောင်သောကြောင့် Al-Aqsa TV ၏ ဖော်ပြချက်အရ သေဆုံးသူ ၂၂ ဦးသည် ၎င်း၏ ဖြန့်ဖြူးရေးနေရာအနီးတွင် ဖြစ်ပွားခြင်း မဟုတ်ဟု GHF က ဆိုသည်။ 

ဂါဇာကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် ဟားမက်က အစ္စရေးကိုတိုက်ခိုက်ပြီးနောက် အစ္စရေးက ပြန်လည်ကာ ထိုးစစ်ဆင်နွှဲခဲ့သည့် စစ်ပွဲကြောင့် ဂါဇာကမ်းမြောင်တွင် အနည်းဆုံး လူ ၅၉,၂၁၉ ဦး သေဆုံးပြီး ၁၄၃,၀၄၅ ဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရှိရသည်။

အစ္စရေးကာကွယ်ရေးတပ် (IDF) က "ဟားမက်၏ စစ်ရေးစွမ်းရည်များ ကို ဖျက်သိမ်းရန် လုပ်ဆောင်နေသည်" ဟု ပြောကြားခဲ့ပြီး "အစ္စရေး နိုင်ငံသားများကို ဟားမက်၏ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုနှင့် ဆန့်ကျင်ဘက် အနေဖြင့် IDF သည် အပြည်ပြည်ဆိုင်ရာဥပဒေကို လိုက်နာပြီး ပြည်သူများ ထိခိုက်မှုမရှိစေရန် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ခြင်း ဖြစ်သည်" ဟု ထုတ်ပြန်ခဲ့သည်။

၁၅၅ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲ ကင်းလှည့်ရေး တရားဥပဒေစိုးမိုးရေး လှုပ်ရှားမှုများ စတင်

ဇူလိုင် ၂၂ ရက် နံနက် ၉ နာရီခန့်တွင် တရုတ်ဘက်၏ ၅၃၁၀၅၊ ၅၃၁၀၇ နှင့် ၅၃၁၀၈ ရေယာဉ်များသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ရှစ်ဆောင် ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်ဟား ရဲဘက် ဆိုင်ရာဆိပ်ကမ်းမှ ဟွန်းသံပေးကာ စတင်ထွက်ခွာသည်နှင့်အတူ မဲခေါင်မြစ် ပူးတွဲ ကင်းလှည့်ရေး တရားဥပဒေစိုးမိုးရေး လှုပ်ရှားမှုများ တရားဝင် စတင်လုပ်ဆောင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် အဆိုပါလှုပ်ရှားမှုတွင် ပါဝင်သည့် လာအို၊ မြန်မာ တရားဥပဒေစိုးမိုးရေး ရေယာဉ်များသည် လာအိုနိုင်ငံ Muang Mo ဆိပ်ကမ်းနှင့် မြန်မာနိုင်ငံ ဝမ်ပုံဆိပ်ကမ်းတို့မှ အသီးသီး တစ်ပြိုင်တည်း ထွက်ခွာလာခဲ့ကြပြီး ကြိုတင်သတ်မှတ်ထားသော ရေပြင်နယ်နိမိတ်တွင် တွေ့ဆုံပြီးနောက် ပူးတွဲ ကင်းလှည့်ရေး တရားဥပဒေစိုးမိုးရေး လှုပ်ရှားမှု များကို အတူတကွ ဆောင်ရွက်သွားမည်ဖြစ်သည်။ 

ယခုအကြိမ်လှုပ်ရှားမှုတွင် တရုတ်ရေယာဉ် ၅၃၁၀၇ ကို ပူးတွဲ ကင်းလှည့်ရေး တရားဥပဒေစိုးမိုးရေးအဖွဲ့၏ ကွပ်ကဲရေးဌာနအဖြစ် သတ်မှတ်ပြီး တရုတ် -လာအို-မြန်မာ-ထိုင်း နိုင်ငံလေးနိုင်ငံမှ ကွပ်ကဲရေးမှူးများက လှုပ်ရှားမှု ကို အတူတကွ ကွပ်ကဲကြမည်ဖြစ်သည်။ ပူးတွဲကင်းလှည့်ရေး တရား ဥပဒေ စိုးမိုးရေးအဖွဲ့သည် မဲခေါင်မြစ်ပေါ်ရှိ ပန်ရှန်ကော် စသည့် အဓိက ရေ နယ်နိမိတ်များတွင် ရေလမ်း၊ ကုန်းလမ်း ပူးတွဲစစ်ဆေးခြင်း၊ ပူးတွဲ လေ့ကျင့်ခြင်းစသည့် ပူးတွဲ တရားဥပဒေစိုးမိုးရေးလှုပ်ရှားမှုများကို လုပ်ဆောင် သွားမည်ဖြစ်ပြီး မူးယစ်ဆေးဝါး၊ လိမ်လည်မှု၊ မှောင်ခိုမှုနှင့် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများစသည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု အမျိုးမျိုး ကို ပူးပေါင်းတိုက်ဖျက်သွားမည်ဖြစ်သည်။

ယခုအကြိမ်လှုပ်ရှားမှုသည် ၃ ည အိပ် ၄ ရက် ကြာမြင့်မည်ဟု ခန့်မှန်း ထားပြီး တရုတ်-လာအို-မြန်မာ-ထိုင်း နိုင်ငံလေးနိုင်ငံမှ တရားဥပဒေ စိုးမိုးရေး တပ်ဖွဲ့ဝင်ပေါင်း ၁၀၀ ဦးကျော်စေလွှတ်ပြီး တရုတ်-လာအို-မြန်မာ သုံးနိုင်ငံ မှ တရားဥပဒေစိုးမိုးရေးရေယာဉ်စုစုပေါင်း ၇ စင်း ပါဝင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ လှုပ်ရှားမှုကာလအတွင်း တရုတ်-လာအို -မြန်မာ-ထိုင်း လေးနိုင်ငံမှ သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေး ဌာနများသည် ထိုင်းနိုင်ငံ ချင်းဆန်မြို့တွင် နိုင်ငံစုံသတင်းအချက်အလက် ဖလှယ်ရေး အစည်းအဝေး ကျင်းပမည်ဖြစ်ပြီး လန်ချန်း-မဲခေါင်မြစ်ဝှမ်း ဒေသ၏ လက်ရှိ လုံခြုံရေး အခြေအနေ၊ မှုခင်းသဲလွန်စ စသည်တို့ စပ်လျဉ်း၍ သုံးသပ်နှီးနှောကာ နောက်တစ်ဆင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဓိကအချက်များကို အတူညှိနှိုင်း ဆွေးနွေး သွားမည်ဖြစ်ကြောင်း ပူးတွဲ ကင်းလှည့်ရေး တရားဥပဒေစိုးမိုးရေး လှုပ်ရှားမှု ဆိုင်ရာ ကွပ်ကဲရေးမှူး၏ မိတ်ဆက်ပြောကြားမှုအရ သိရသည်။ 

ကိုးကား- Xinhua

ရုရှားရေတပ်က ဇူလိုင်မုန်တိုင်းဟု အမည်ရသော အကြီးစား စစ်ရေး လေ့ကျင့်မှုများ လုပ်ဆောင်

ရုရှားရေတပ်က မြောက်ပိုင်း စစ်ရေယာဉ်စု၊ ပစိဖိတ်စစ်ရေယာဉ်စု၊ ဘောလ်တစ် စစ်ရေယာဉ်စုများနှင့် ကက်စပီယန် စစ်ရေယာဉ်စုတို့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ဇူလိုင်မုန်တိုင်းဟု အမည်ရသော စစ်ဆင်ရေး ဆိုင်ရာ အကြီးစားစစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ဇူလိုင် ၂၃ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။

ရုရှား ရေတပ်စစ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး အလက်ဇန်းဒါး မွိုင်ဆီ ယက်ဗ်၏ ကွပ်ကဲမှုဖြင့် ပြုလုပ်သော အဆိုပါစစ်ရေးလေ့ကျင့်မှုများကို ပစိဖိတ်သမုဒ္ဒရာ၊ အာတိတ်သမုဒ္ဒရာ၊ ဘောလ်တစ်ပင်လယ်နှင့် ကက်စပီယန် ပင်လယ် အပါအဝင် ပင်လယ်ရေကြောင်းဒေသ အများအပြားတွင် ဇူလိုင် ၂၃ ရက်မှ ၂၇ ရက်အထိ ပြုလုပ်သွားမည်ဟု သိရသည်။ 

ယင်းစစ်ရေးလေ့ကျင့်မှုတွင် စစ်သင်္ဘောနှင့် ထောက်ပံ့ပို့ဆောင်ရေး သင်္ဘော အစင်း ၁၅၀ ကျော်၊ လေယာဉ် အစင်း ၁၂၀၊ ကမ်းရိုးတန်း ကာကွယ်ရေး ဒုံးလက်နက်စနစ် ၁၀ ခု၊ စစ်လက်နက်နှင့် အထူးကိရိယာ ယူနစ် ၉၅၀ ခန့်နှင့် တပ်ဖွဲ့ဝင်အင်အာား ၁၅,၀၀၀ ကျော် ပါဝင်ကြောင်း သိရသည်။ 

ပုံမှန်မဟုတ်သော စစ်ဆင်ရေး အခြေအနေများအပေါ် တုံ့ပြန်ရာတွင် ရေတပ်အင်အားစုများ၏ အသင့်ရှိမှု၊ ပစ်မှတ်အတိအကျ ချေမှုန်းရေး တာဝေးပစ်လက်နက်များအား ပေါင်းစပ်အသုံးပြုမှု၊ လူထိန်းချုပ်ရန် မလိုသည့် အလိုအလျောက်စနစ်များနှင့် အခြားအဆင့်မြင့် စစ်ဘက် နည်းပညာများကို စမ်းသပ်ရန် ထိုစစ်ရေးလေ့ကျင့်မှုအား ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ 

စစ်ရေးလေ့ကျင့်မှု အစီအစဉ်များတွင် သတ်မှတ်ထားသော တိုက်ပွဲဇုန် များသို့ တပ်ဖြန့်ခြင်း၊ ရေငုပ်သင်္ဘော တိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်ရေး များနှင့် ရေတပ်စခန်းများ၊ အဓိက ရေကြောင်းစီးပွားရေးဇုန်များအား ကာကွယ်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။ 

ကာကွယ်ရေးစွမ်းရည် တိုးမြှင့်ရေးရည်ရွယ်သည့် ပူးတွဲစစ်ရေး လေ့ကျင့်မှု တစ်ရပ် အီရန်နှင့်ရုရှား စတင်ကျင်းပ

အီရန်နှင့်ရုရှားနိုင်ငံတို့အကြား ကာကွယ်ရေးစွမ်းရည် တိုးမြှင့်ရေးအတွက် ရည်ရွယ်သည့်  ပူးတွဲစစ်ရေးလေ့ကျင့်မှု တစ်ရပ်ကို နှစ်နိုင်ငံ ရေတပ်မတော်များက ဇူလိုင်လ ၂၁ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။

CASAREX 2025 ဟုအမည်ပေးထားသည့် နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အီရန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ပြီး အဆိုပါစစ်ရေးလေ့ကျင့်မှုကို ကက်စပီယံပင်လယ် အတွင်း၌ သုံးရက်ကြာ ကျင်းပ သွားမည်ဖြစ်သည်။ အဆိုပါပူးတွဲ စစ်ရေးလေ့ကျင့်မှုတွင် အီရန်နှင့်ရုရှားနိုင်ငံတို့မှ ရေတပ်မတော်များ အပါအဝင် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များလည်း ပါဝင်လျက်ရှိကြောင်း သိရသည်။

CASAREX 2025 ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် အဓိကအားဖြင့် ရေကြောင်းလုံခြုံရေးကို တိုးမြှင့်ရန်၊  ကမ်းလွန်ရေပြင်ပိုင်နက်များကို ကာကွယ်ရန်နှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ပူးတွဲလုပ်ဆောင်နိုင်ရန်အတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။ အီရန်နှင့်ရုရှားနှစ်နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာ   ပူးပေါင်းဆောင်ရွက်မှုသည် ဆက်လက် မြင့်တက်လာမည်ဖြစ်ကြောင်း ရုရှားရေတပ်မတော်မှ တပ်မှူးတစ်ဦးက ပြောကြားသည်။

ယခုစတင် လုပ်ဆောင်ခဲ့သည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုသည် အီရန်နှင့်ရုရှားနှစ်နိုင်ငံ ရေတပ်မတော်များ အနေဖြင့် ရေကြောင်းလုံခြုံရေးနှင့် ဒေသတွင်းအင်အား တိုးချဲ့ရေး လုပ်ဆောင်နိုင်စွမ်း ရှိကြောင်းကို ဖော်ပြသည့်   ပူးတွဲလေ့ကျင့်မှု တစ်ရပ်အဖြစ် ကက်စပီယံဒေသတွင်း နိုင်ငံများက ရှုမြင်ထားကြောင်း သိရသည်။