အစ္စရေးလေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် Gaza မှ Al Jazeera သတင်းထောက်များသေဆုံး

News Image

  • အစ္စရေးလေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် Gaza မှ Al Jazeera သတင်းထောက်များသေဆုံး

အစ္စရေး လေတပ်၏ ဂါဇာရှိ သတင်းထောက်များရှိနေသည့် စခန်းကို ဗုံးကြဲတိုက်ခိုက်မှုတွင် Al Jazeera သတင်းဌာနမှ သတင်းထောက် အနည်းဆုံး ၅ ဦး သေဆုံးခဲ့သည်။ သေဆုံးသူများတွင် ဒေသတွင်း လူသားချင်းစာနာမှု အကျပ်အတည်းဆိုင်ရာ သတင်းများဖြင့် ကျော်ကြား ခဲ့သော အမည်ကျော် သတင်းထောက် Anas al-Sharif လည်း ပါဝင် ခဲ့သည်။ 

တနင်္ဂနွေ (ဩဂုတ် ၁၀) ညနေက အစ္စရေးကာကွယ်ရေးတပ်များ (IDF) မှ ဂါဇာရှိ အလ်ရှီဖာဆေးရုံး၏ အဓိကဝင်ပေါက်အပြင်ဘက်ရှိ စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ကာတာအခြေစိုက် Al Jazeera သတင်း ဌာနမှ ချက်ချင်းပင် ၎င်းတို့၏ သတင်းထောက် ၄ ဦး (al-Sharif, Mohammed Qreiqeh, Ibrahim Zaher နှင့် Mohammed Noufal) သေဆုံးကြောင်း အတည်ပြုခဲ့သည်။ နောက်ပိုင်းတွင် ရုပ်သံရိုက်ကူးရေး သမား Moamen Aliwa အပါအဝင် အခြား ၂ ဦးပါ ထပ်မံသေဆုံးသဖြင့် သေဆုံးသူစုစုပေါင်း ၇ ဦးအထိ ရှိလာသည်။

al-Sharif ၏ X တွင် နောက်ဆုံးတင်ခဲ့သော ပို့စ်သည် အစ္စရေး၏ ဂါဇာ မြို့ကို ဗုံးကြဲနေသည့် ဗီဒီယိုဖြစ်ပြီး၊ ၎င်းသေဆုံးခါနီးအချိန်တွင် တင်ခဲ့ ခြင်းဖြစ်သည်။ ယင်းပို့စ်တွင် အစ္စရေး စစ်လေယာဉ်များ၏ မရပ်မနား ဗုံးကြဲတိုက်ခိုက်မှု အခြေအနေများကို ဖော်ပြထားသည်။

အစ္စရေးစစ်တပ်က al-Sharif ကို ပစ်မှတ်ထားခဲ့ကြောင်း ဝန်ခံခဲ့ပြီး ၎င်းသည် သတင်းထောက်အဖြစ် အယောင်ဆောင်နေသည့် ဟားမက်၏ အကြမ်းဖက် ခေါင်းဆောင် ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။ Al Jazeera က အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုကာ ၎င်း၏သတင်းထောက်များကို ရည်ရွယ်သည့် အာဃာတဖြစ်စေရေး လှုံ့ဆော်မှု၏ အစိတ်အပိုင်းဟု ရှုမြင်ကြောင်း ဖော်ပြခဲ့သည်။

သတင်းထောက်များ ကာကွယ်ရေးကော်မတီ (CPJ) က အစ္စရေးဘက်မှ al-Sharif သည် ဟားမက်အဖွဲ့ဝင်ဖြစ်ကြောင်း သက်သေပြရန် အထောက် အထား လုံးဝမရှိဟု ပြောကြားခဲ့သည်။ "ဤသည်မှာ အစ္စရေး၏ ဆယ်စုနှစ် များစွာကတည်းက သတင်းထောက်များကို သတ်ဖြတ်နေသည့် အလေ့အထ ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်" ဟု CPJ ၏ CEO ဖြစ်သူ Jodie Ginsberg က ဆိုသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှစတင်သည့် အစ္စရေး-ဟားမက် စစ်ပွဲ အတွင်း သတင်းထောက်အနည်းဆုံး ၂၃၇ ဦး သေဆုံးခဲ့ပြီး Al Jazeera သတင်းဌာနတစ်ခုတည်းမှပင် ဝန်ထမ်း ၁၀ ဦး ဆုံးရှုံးခဲ့ရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂