သတင်းများ

လူသားချင်းစာနာမှုဆိုင်ရာအကူအညီများအား စောင့်ဆိုင်းနေသူများကို အစ္စရေးကတိုက်ခိုက်၊ ၂၀ ဦးသေဆုံးပြီး ၁၀၀ ခန့်ဒဏ်ရာရဟုဆို

ဂါဇာကမ်းမြောင်ဒေသသို့ပေးပို့သည့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများအား စောင့်ဆိုင်းနေသူများကို အစ္စရေးနိုင်ငံက တိုက်ခိုက်ခဲ့ခြင်းကြောင့် လူ ၂၀ ဦးသေဆုံးပြီး  ၁၀၀ ခန့် ဒဏ်ရာရရှိသွားကြောင်း Al Jazeera ရုပ်သံသတင်းဌာနက ဇူလိုင်လ ၂၆ ရက်တွင် ဖော်ပြသည်။

အစ္စရေးတပ်မတော်သည်     ဇစ်ကင်နယ်စပ်ဖြတ်ကျော်ရေးစခန်းအနီးတွင် လူသားချင်းစာနာမှု အကူအညီများ ရရှိရန်အတွက် စောင့်ဆိုင်းနေသည့် ပါလက်စတိုင်းပြည်သူများအပေါ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရုပ်သံသတင်းဌာနက   ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ဂါဇာကမ်းမြောင်ဒေသတွင်     အစာရေစာငတ်မွတ်ခေါင်းပါးမှု ဖြစ်ပွားခြင်းမရှိဘဲ      စားရေရိက္ခာ မဖူလုံမှုသာ ဖြစ်ပွားနေကြောင်း   အစ္စရေးနိုင်ငံက ဇူလိုင်လ   ၂၅ ရက်တွင် ထုတ်ပြန်ခဲ့ပြီး    ဂါဇာကမ်းမြောင်ဒေသသို့     လူသားချင်းအကူအညီပေးရေးပစ္စည်းများကို   တင်ဆောင်လာသည့် ကုန်တင်ယာဉ်အစီးပေါင်း  ၉၀၀ ကိုစေလွှတ်ရန်   အစ္စရေးနိုင်ငံက ကုလသမဂ္ဂအဖွဲ့အား  စည်းရုံးနိုင်ခဲ့ကြောင်း Jerusalem  Post  သတင်းစာက   ဖော်ပြထားသည်။

အစ္စရေးနိုင်ငံသည်   ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ဖြစ်သည့် ဟားမက်အဖွဲ့က အစ္စရေးပိုင်နက်များ အတွင်းသို့ ၂၀၂၃ခုနှစ် အောက်တိုဘာလ ၇ ရက်က စတင်တိုက်ခိုက်ခဲ့ပြီးနောက် တုံ့ပြန်သည့်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသအတွင်းသို့     ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစ္စရေး၏ အဆိုပါထိုးစစ်အတွင်း ပါလက်စတိုင်းပြည်သူ ၆၀၀၀၀ နီးပါးသေဆုံးခဲ့ပြီးဖြစ်သည်။        

Ref: Iv, St

MWD Web Portal

အီရန်နိုင်ငံရှိ တရားရုံးတစ်ရုံးတွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားအနည်းဆုံး လူ ကိုးဦးသေဆုံးပြီး ၂၂ ဦးဒဏ်ရာရရှိ

အီရန်နိုင်ငံ   ဆစ်စတန်-ဘာလူချက်စတန်ပြည်နယ်ရှိ တရားရုံးတစ်ရုံးတွင် ဇူလိုင်လ ၂၆ ရက်က အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားရာ အနည်းဆုံး လူ ကိုးဦးသေဆုံးပြီး ၂၂ ဦးဒဏ်ရာရရှိသွားကြောင်း နိုင်ငံပိုင်မီဒီယာတစ်ခုက ထုတ်ပြန်သည်။

အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် အဖွဲ့အစည်းမှာ ဆွန်နီမွတ်စလင်အဖွဲ့ဖြစ်သည့် ဂျာအစ်အယ် အာဒီဘာလွတ်ချ်အဖွဲ့ဖြစ်ပြီး တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်    အကြမ်းဖက်အဖွဲ့နှင့် တရားရုံးတွင် စောင့်ကြပ်နေသည့် လုံခြုံရေးတပ်ဖွဲ့များအကြား အပြန်အလှန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ အပြန်အလှန်ပစ်ခတ်မှုအတွင်း အကြမ်းဖက်အဖွဲ့မှ စစ်သွေးကြွနှစ်ဦးသေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်အဖွဲ့သည်     တရားရုံးကိုတိုက်ခိုက်ရန်အတွက် အသေခံဗုံးခွဲတိုက်ခိုက်နိုင်သည့် အင်္ကျီများနှင့် လက်ပစ်ဗုံးများကို သယ်ဆောင်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ် တရားရေးဆိုင်ရာ အဖွဲ့မှ အကြီးအကဲက IRNA သတင်းအေဂျင်စီသို့ပြောသည်။

တရားရုံးတိုက်ခိုက်မှုသည်     ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ဂျာအစ်အယ်အာဒီဘာလွတ်ချ်အဖွဲ့က ထုတ်ပြန်ထားပြီး     အဆိုပါတိုက်ခိုက်မှုအတွင်း တရားရုံးမှတရားသူကြီးများ၊ တရားရုံးအမှုထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို      အဓိကပစ်မှတ်ထားလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က လူသိရှင်ကြား ထုတ်ပြန်ထားသည်။

ထို့ပြင် ယခုတိုက်ခိုက်ခံရသည့် တရားရုံးသည်   ပြည်နယ်အတွင်းရှိ   ပြည်သူများအား သေဒဏ်ချမှတ်မှုများနှင့်    နေအိမ်များကိုဖြိုချပစ်ရန် အမိန့်များထုတ်ပြန်ခဲ့ခြင်းကြောင့်  အကြမ်းဖက်အဖွဲ့က    လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း သိရသည်။                    

    Ref: St

အကြီးစားစစ်ရေး လေ့ကျင့်မှုကြီးတစ်ရပ်ကို အိန္ဒိယလေတပ်က နယ်စပ်ဒေသ တစ်လျှောက်တွင် လုပ်ဆောင်

အိန္ဒိယလေတပ်မတော်သည် အကြီးစားစစ်ရေး လေ့ကျင့်မှုကြီးတစ်ရပ်ကို အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံကြားရှိ နယ်စပ်ဒေသတစ်လျှောက်တွင် ဇူလိုင်လ ၂၃ ရက်မှ ၂၅ ရက်အထိ အောင်မြင်စွာ  လုပ်ဆောင်နိုင်ခဲ့သည်ဟု  တာဝန်ရှိသူများ၏ ပြောကြားချက်ကိုကိုးကား၍ ဒေသတွင်းမီဒီယာများက ထုတ်ပြန်သည်။

နှစ်နိုင်ငံနယ်စပ်တစ်လျှောက်တွင် လုပ်ဆောင်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုအတွင်း အိန္ဒိယလေတပ်မတော်သည် Sukhoi Su-30၊ Rafale အမျိုးအစားနှင့် Mirage 2000 စစ်လေယာဉ်များ အပါအဝင်  လေကြောင်းရန် ကာကွယ်ရေး စနစ်များ၊ ထောက်ပံ့ရေးအခြေခံ အဆောက်အအုံများကို အသုံးပြု၍ လေ့ကျင့်ခဲ့ကြောင်း India Today တွင်ဖော်ပြထားသည်။ ယခုလုပ်ဆောင်ခဲ့သည့် စစ်ရေး လေ့ကျင့်မှုသည် အိန္ဒိယလေတပ်မတော်၏  ပုံမှန်လုပ်ဆောင်မြဲ စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ဒေသဖြစ်သည်။

အိန္ဒိယလေတပ်မတော်သည်  ယခုပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုအတွင်း   လေတပ်ဖွဲ့မှ   အထူးတပ်ဖွဲ့ဝင်များ၏ ညစစ်ဆင်ရေး စွမ်းဆောင်ရည် တိုးတက်စေရန်အတွက် အဓိကဦးတည် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း လေတပ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။

အိန္ဒိယလေတပ်မတော်သည် ရုရှားနိုင်ငံလုပ် စစ်လေယာဉ်များ၊ ပြင်သစ်လုပ် လေယာဉ်များအပြင် ပြည်တွင်းဖြစ် စစ်လက်နက်ပစ္စည်းများကို အသုံးပြုလျက်ရှိသည့်အပြင် ရုရှားနိုင်ငံမှ လက်နက်ပစ္စည်း ထုတ်လုပ်ခွင့် လိုင်စင်ရယူ၍ ကာကွယ်ရေးပစ္စည်းများကို  နိုင်ငံအတွင်း၌လည်း  ထုတ်လုပ်လျက်ရှိသည်။

ရုရှားနိုင်ငံ၏ ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်တပ်ဆင်ရေး စက်ရုံကြီးကို Zvezda က ထုတ်ဖော်ပြသ

ရုရှားနိုင်ငံ၏ ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်တပ်ဆင်ရေး စက်ရုံကြီးတစ်ရုံအတွင်းရှိ ဒရုန်းများကို  ရုရှားမီဒီယာတစ်ခုက ထုတ်ဖော်ပြသလိုက်သည်။

အဆိုပါ ဒရုန်းတပ်ဆင်ရေးစက်ရုံသည် နိုင်ငံအလယ်ပိုင်း တာတာစတန်ဒေသ အလာဘူဂါ အထူးစီးပွားရေးဇုန်အတွင်းရှိ စက်ရုံတစ်ရုံဖြစ်ပြီး ၎င်းစက်ရုံအတွင်းရှိ ဒရုန်းရာပေါင်းများစွာကို ရုရှားမီဒီယာကြီးတစ်ခုဖြစ်သည့် Zvezda က ပြီးခဲ့သည့်   ရက်သတ္တပတ်အကုန်ပိုင်းက ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။ အဆိုပါစက်ရုံအတွင်း၌  တပ်ဆင်ထားသည့် ဒရုန်းများကို  ယူကရိန်း ပဋိပက္ခတွင် အသုံးပြုရန်အတွက် ထုတ်လုပ်ထားခြင်းဖြစ်သည်။

အဆိုပါစက်ရုံသည်  အဓိကအားဖြင့် ရိုးရှင်းပြီး  ငွေကုန်ကြေးကျသက်သာသည့်အပြင်  ပစ်မှတ်များကို  တိကျစွာတိုက်ခိုက်နိုင်စွမ်းရှိသည့် Geran အမျိုးအစားဒရုန်းများကို ထုတ်လုပ်တပ်ဆင်နေခြင်းဖြစ်သည်။

အဆိုပါစက်ရုံတွင် ယခင်က အရေအတွက်အားဖြင့်  Geran   အမျိုးအစားဒရုန်း ရာပေါင်းများစွာကိုသာ ထုတ်လုပ်တပ်ဆင်ရန်  လျာထားခဲ့သော်လည်း  ယခုအခါ လိုအပ်ချက်အရ ယခင်ကထုတ်လုပ်သည့် ပမာဏထက် ကိုးဆကျော် ထုတ်လုပ်တပ်ဆင်လျက် ရှိကြောင်း   အလာဘူဂါ အထူးစီးပွားရေးဇုန်မှ ညွှန်ကြားရေးမှူးက ပြောကြားသည်။

Geran ဒရုန်းသည် တာဝေးပျံဒရုန်း အမျိုးအစားဖြစ်ပြီး တစ်နာရီလျှင် ၁၈၀ ကီလိုမီတာနှုန်းဖြင့် ပျံသန်းနိုင်သည့်အပြင် အလေးချိန် ၄၀ ကီလိုဂရမ်မှ ၅၀ ကီလိုဂရမ်ရှိ ထိပ်ဖူးများကို သယ်ဆောင်နိုင်စွမ်း ရှိသည်။

ထိုင်း-ကမ္ဘောဒီးယား အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှုများအတွင်း လာအိုနယ်နိမိတ်အတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲ

ထိုင်း- ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲများကြောင့် လာအိုနယ်မြေအတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ လူနေအိမ်ရာများနှင့် အခြား အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရသည်။ ချမ်ပါဆက် ပြည်နယ် အထူးစစ်ဆင်ရေးဌာနက ဇူလိုင် ၂၆ ရက်တွင် အဆိုပါ ဖြစ်စဉ် ကို အတည်ပြုထုတ်ပြန်ခဲ့သော်လည်း မည်သည့်ဘက်မှ ပစ်ခတ်ခဲ့သည် ကို အတည်မပြုနိုင်သေးပေ။

ထိုင်း စစ်ဒေသ ၂ က လာအို နယ်စပ်အတွင်း ထိခိုက်ပျက်စီးမှုများအတွက် အထူးပင်ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပြီး ထိုင်းနိုင်ငံဘက်မှ ထုတ်ပြန်ချက် အရ ကျရောက်ပေါက်ကွဲမှုများသည် ကမ္ဘောဒီးယားဘက်မှ ပစ်ခတ်မှု များကြောင့် ဖြစ်သည်ဟု ဆိုသည်။

ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာလီ ဆိုချီတာ က ထိုင်း၏စွပ်စွဲချက်ကို "အခြေအမြစ်မရှိသော လုပ်ကြံ ဖန်တီးမှု" အဖြစ် ငြင်းဆိုခဲ့ပြီး လာအိုဘက်မှ တရားဝင်စုံစမ်းမှု မရှိသေးကြောင်း ထောက်ပြခဲ့သည်။

အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများအတွင်း ထိုင်းနိုင်ငံဘက်တွင် အရပ်သား ၁၄ ဦး၊ စစ်သား ၆ ဦး ၊ စုစုပေါင်း ၂၀ ဦး ထိခိုက်သေဆုံးခဲ့ကာ ကမ္ဘောဒီးယားနိုင်ငံဘက်တွင် ၁၃ ဦးသေဆုံးခဲ့ပြီး ၇၁ ဦးဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရှိရသည်။

ကမ္ဘောဒီးယားသံအမတ်ကြီး ချီယား ကေအို က စစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းစွာ ဖြေရှင်းရေး တောင်းဆိုခဲ့သော်လည်း၊ ဇူလိုင် ၂၆ ရက်နံနက်ပိုင်းတွင် ထရတ်ပြည်နယ် (ထိုင်း)နှင့် ပူရ်ဆတ်ပြည်နယ် (ကမ္ဘောဒီးယား) နယ်စပ် တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

လာအိုအစိုးရဘက်မှ ထိခိုက်မှုများနှင့်ပတ်သက်၍ တရားဝင် တိုင်ကြားချက် မပြုလုပ်ရသေးဘဲ၊ ပျက်စီးမှုများကိုသာ အတည်ပြုထားကာ နယ်စပ် ဒေသအား လုံခြုံရေးတိုးမြှင့်ထားပြီး နိုင်ငံသားများ၏ လုံခြုံရေးအတွက် အလေးပေးဆောင်ရွက်နေကြောင်း သိရသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်၌ နှစ်ဖက်တပ်ဖွဲ့ဝင်များ တိုက်ခိုက်မှုဖြစ်ပွား

ဗန်ကောက် ဇူလိုင် ၂၄ 
ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်  ၌ ယနေ့တွင် နှစ်ဖက်တပ်ဖွဲ့ဝင် များကြား တိုက်ပွဲများပြင်းထန်စွာ  ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်စပ်တိုက်ပွဲများ အတွင်း ထိုင်းနှင့် ကမ္ဘောဒီးယား တပ်များသည် အမြောက်များ အပါအဝင် လက်နက်ကြီးများဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့ရာ  ကမ္ဘောဒီးယားနိုင်ငံဘက်ခြမ်းတွင် အနည်းဆုံး အရပ်သားကိုးဦး၊ ထိုင်းနိုင်ငံဘက်အခြမ်းတွင် အနည်း ဆုံး အရပ်သားကိုးဦး သေဆုံး ခဲ့ရသည်။

ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးကို ထိုင်းအစိုးရ က ဇူလိုင် ၂၃ ရက်တွင် ပြန်လည် ခေါ်ယူခဲ့ပြီး ထိုင်းနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား သံအမတ်ကြီးကို လည်း နှင်ထုတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယားတို့ကြား ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယနေ့ တိုက်ပွဲများအတွင်း ထိုင်းနှင့် ကမ္ဘောဒီးယားတပ်ဖွဲ့ ဝင်များသည် နှစ်နိုင်ငံနယ်စပ်တစ် လျှောက် အနည်းဆုံးနေရာပေါင်း ခြောက်နေရာတို့၌ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။
ပဋိပက္ခများ ဖြစ်ပွားနေစဉ် ထိုင်းလေတပ်မှ အက်ဖ်-၁၆ တိုက် လေယာဉ်တစ်စင်းက ကမ္ဘော ဒီးယား စစ်ရေးပစ်မှတ်တစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန် ထားသည်။

ယခုနှစ်မေလအတွင်း နှစ်နိုင်ငံ နယ်စပ်၌ ထိုင်းနှင့် ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်များကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရပြီးနောက် ထိုင်းနှင့်ကမ္ဘောဒီးယား နှစ်နိုင်ငံ  ဆက်ဆံရေး  စတင်တင်းမာခဲ့ ရသည်။

နယ်စပ်ချင်းမိုင်ပေါင်း ၅၀၀ ကျော် ဆက်စပ်နေသည့် ထိုင်းနှင့် ကမ္ဘောဒီးယားတို့သည် ရှေးယခင် ကလည်း နယ်စပ်ပိုင်ဆိုင်ခွင့် အငြင်းပွားမှုများကြောင့် ပဋိပက္ခ များဖြစ်ပွားခဲ့ဖူးကြောင်းသိ ရသည်။

Ref: Xinhua

Trs: KKO

ဂျာမနီနိုင်ငံခြားရေးဝန်ကြီးက ရုရှားကို ခြိမ်းခြောက်မှု ထပ်မံပြုလုပ်

ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Johann Wadephul က ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၃) တွင် “ယူကရိန်းသည် ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များကို မကြာမီ တိုက်ခိုက် နိုင်စွမ်းရှိလာမည်” ဟု ပြောကြားခဲ့ပြီး “ရုရှားက ပဋိပက္ခကို ပိုမို ဆိုးရွား သွားစေနိုင်သည်ဟု သတိပေးထားသည့်” တာဝေးပစ်လက်နက်များ ထောက်ပံ့ပေးနိုင်သည့် အလားအလာကို ထုတ်ဖော်ပြောဆိုခဲ့သည်။

Die Zeit သတင်းစာနှင့် အင်တာဗျူးတွင် Wadephul က ထောက်ပံ့မည့် လက်နက်စနစ်များကို မဖော်ပြခဲ့သော်လည်း ကီလိုမီတာ ၅၀၀ အထိ ဝေးကွာသည့် ရုရှားနယ်မြေအတွင်းရှိပစ်မှတ်များကို တိုက်ခိုက်နိုင်သည့် Taurus ဒုံးကျည်ကို ရည်ညွှန်းသည်ဟု သုံးသပ်ရသည်။

မော်စကိုက Taurus ဒုံးကျည်များထောက်ပံ့ပါက ဂျာမနီသည် ပဋိပက္ခ တွင် တိုက်ရိုက်ပါဝင်သူဖြစ်လာမည်ဟု အကြိမ်ကြိမ်သတိပေးခဲ့သည်။ အနောက်နိုင်ငံများ၏ ယူကရိန်းသို့ လက်နက်ထောက်ပံ့မှုများသည် ရှည်လျားသောပဋိပက္ခဖြစ်စေပြီး ပိုမိုကျယ်ပြန့်သော တိုက်ပွဲ ဖြစ်နိုင်ခြေ ရှိသည်ဟု ရုရှားအရာရှိများက ဝေဖန်ခဲ့ကြသည်။

ဘာလင်သည် Taurus ဒုံးပစ်စနစ်ကို ကိယက်ဗ်သို့ ထောက်ပံ့ပေးရန် ယခင်က ရှောင်ရှားခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း Olaf Scholz က စစ်ရေး အရှိန်မြှင့်တင်မှုအန္တရာယ်ကို ရည်ညွှန်းကာ လွှဲပြောင်းပေးရန် အကြိမ်ကြိမ် တားမြစ်ခဲ့သည်။ ၎င်း၏ဆက်ခံသူ Friedrich Merz ကမူ အဆိုပါကိစ္စနှင့် ပတ်သက်၍ မည်သည့်ဆုံးဖြတ်ချက်မျှ မချမှတ်ရသေးဟု ထုတ်ဖော် ပြောဆို ခဲ့သည်။

မေလတွင် တာဝန်ယူပြီးနောက် Merz သည် ရုရှားနိုင်ငံအပေါ် တင်းမာသော သဘောထားကို ချမှတ်ကျင့်သုံးခဲ့သည်။ ယခုလအစောပိုင်းတွင် ယူကရိန်း ပဋိပက္ခတွင် သံတမန်ရေးရွေးချယ်စရာများ "ကုန်ခမ်းသွားပြီ" ဟု ကြေညာကာ ယူကရိန်းကို လက်နက်တပ်ဆင်ပေးရန် ၎င်း၏ကတိကဝတ်ကို ထပ်မံ အတည်ပြုခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က တုံ့ပြန်သည့်အနေဖြင့် သံတမန်ရေးနည်းလမ်းကို စွန့်လွှတ်ခြင်းဖြင့် စစ်ရေးအရှိန်မြှင့်တင်မှုကို အားပေးနေသည်ဟု စွပ်စွဲခဲ့သည်။

ဂျာမနီကာကွယ်ရေးဝန်ကြီး Boris Pistorius ကလည်း ယခုလ အစောပိုင်းတွင် ဘာလင်သည် Taurus ဒုံးကျည်များကို ယူကရိန်းသို့ ပို့ဆောင်ခြင်းမပြုဟု ထပ်လောင်းပြောကြားခဲ့သည်။

ကိုးကား- RT

ထိုင်းစစ်တပ်က ကမ္ဘောဒီးယားနယ်စပ်ရှိ ပစ်မှတ်များကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဗီဒီယိုထုတ်ပြန်

နှစ်နိုင်ငံ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ မြင့်တက်နေစဉ် ကာလအတွင်း ဇူလိုင် ၂၄ ရက်တွင် ထိုင်းစစ်တပ်က နှစ်နိုင်ငံနယ်စပ်အနီး Phu Makhueaဒေသရှိ ကမ္ဘောဒီးယား လက်နက်သိုလှောင်ရုံကို အထူးတပ်ဖွဲ့ များနှင့် ဒရုန်းသုံး၍ တိုက်ခိုက်သည့် ဗီဒီယိုကို လူမှုကွန်ရက်ပေါ်တွင် ဖြန်ဝေခဲ့သည်။

ထိုင်းမီဒီယာများက ဒရုန်းအချို့၏ ပျံသန်းမှုသည် လွန်စွာနိမ့်လွန်းပြီး ဒရုန်းတစ်စင်းသည် ကမ္ဘောဒီးယား စစ်တပ်မှု တုံ့ပြန်တိုက်ခိုက်မှုကြောင့် ပျက်ကျသွားခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။

အဆိုပါ ဒရုန်းများသည် ထိုင်းနိုင်ငံတွင်ထုတ်လုပ်သော ပြည်တွင်းထုတ် စစ်ဘက်သုံးဒရုန်းများဖြစ်ပြီး မော်တာကျည်ဆန်များ၊ ပြည်တွင်းထုတ် ဗုံးသီးများကို သယ်ဆောင်တိုက်ခိုက်နိုင်စွမ်းရှိသည်ဟု ဆိုသည်။

ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာမှ လွန်စွာစိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ ကြပြီး ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံးအား ဆွေးနွေး ညှိနှိုင်းခြင်းဖြင့် ပဋိပက္ခကို ဖြေရှင်းကြရန် အလေးအနက်ထား တိုက်တွန်းခဲ့ကြသည်။

ကမ္ဘောဒီးယားနှင့် ထိုင်းတပ်များ နယ်စပ်တွင် အမြောက်၊ ဒုံးကျည်များဖြင့် ဆက်လက်တိုက်ခိုက်

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့၏ တပ်များသည် နယ်စပ်တစ်လျှောက် လက်နက်ကြီးများဖြင့် အပြန်အလှန် ဆက်လက်တိုက်ခိုက်နေကြောင်း နှစ်နိုင်ငံမှထုတ်ပြန်ခဲ့သည်။ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၅ ရက် ထုတ်ပြန်ချက်တွင် "ကမ္ဘောဒီးယားတပ်များသည် ဟောင်ဝစ်ဇာ အမြောက် များ၊ BM-21 ဒုံးကျည်များအပါအဝင် လက်နက်ကြီးများဖြင့် အဆက် မပြတ် ပစ်ခတ်နေပြီး ထိုင်းတပ်မတော်မှလည်း မဟာဗျူဟာမြောက် တုံ့ပြန် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်" ဟု ဖော်ပြခဲ့သည်။ ထိုင်းစစ်တပ်အဆိုအရ Ubon Ratchathani နှင့် Surin စီရင်စုများတွင် နံနက် အစောပိုင်း ကတည်းက တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ကမ္ဘောဒီးယားစစ်တပ်မှလည်း Oddar Meanchey နှင့် Preah Vihear စီရင်စုများရှိ ပဋိပက္ခဇုန်တွင် နှစ်နိုင်ငံတပ်များ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း အတည် ပြုခဲ့သည်။ ကမ္ဘောဒီးယားမီဒီယာများတွင် ဖော်ပြမှုများအရ ၎င်းတို့၏ တပ်များသည် "စစ်မြေပြင်အားလုံးတွင် အခြေအနေကို ထိန်းချုပ်ထား နိုင်ပြီး" ထိုင်းတပ်များကို တာမွန်သုံးဘုရား (Ta Moan Thom) ၊ တာကရာ ဘေးဘုရား (Ta Krabey) နှင့် မွမ်တေးဒေသ (Mom Tei) များမှ တိုက် ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

ကမ္ဘောဒီးယား၏ ဒေသဆိုင်ရာအာဏာပိုင်တစ်ဦးထံမှ ရရှိသည့် အချက် အလက်များအရ ထိုင်းနှင့်ဖြစ်ပွားနေသော တိုက်ပွဲများတွင် အနည်းဆုံး အရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ပဋိပက္ခဇုန်နှင့် နီးကပ်နေသည့် Oddar Meanchey ပြည်နယ် ၊ Banteay Ampil ခရိုင်ရှိ မိသားစု ၁,၅၀၀ ခန့်ကို လုံခြုံရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု ဆိုသည်။

ကမ္ဘောဒီးယားနှင့် ထိုင်းတပ်များအကြား အပြန်အလှန် တိုက်ခိုက်မှုများ သည် ဇူလိုင် ၂၄ ရက် နံနက်ခင်းက တာမွန်သုံးဘုရား (Ta Moan Thom) အနီးတွင် စတင်ဖြစ်ပွားခဲ့ပြီး၊ နောက်ပိုင်းတွင် နှစ်နိုင်ငံနယ်စပ် တစ်လျှောက် ရှိ အခြားဒေသများသို့ ပျံ့နှံ့သွားခဲ့ကာ နှစ်နိုင်ငံတပ်များက လက်နက်ကြီး များ အသုံးပြုလာပြီး တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။ ထိုင်းဘက်က ကမ္ဘောဒီးယားတပ်များသည် ကျေးရွာ/ ရပ်ကွက်များအတွင်း ပစ်ခတ်မှု ကြောင့် ပြည်သူ ၁၅ ဦး သေဆုံးခဲ့သည်ဟု စွပ်စွဲခဲ့ပြီး ထိုင်းစစ်တပ်က  F-16 တိုက်လေယာဉ်များဖြင့် နယ်စပ်ဖြတ်ကျော်၍ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံ၏ နယ်စပ်ပြည်နယ် ၄ ခုရှိ ပြည်သူ ၁၀၀,၀၀၀ ကျော်ကို လုံခြုံသည့်နေရာများသို့ အရေးပေါ် ရွှေ့ပြောင်း ပေးခဲ့ရသည်ဟု သိရှိရသည်။

ဇူလိုင် ၂၄ ရက်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Pham Thu Hang က အရေးကြီးဆုံးအချက်မှာ နှစ်ဖက်စလုံးအနေဖြင့် အခြေအနေကို အလျင်အမြန်ထိန်းသိမ်းသွားရန်၊ တင်းမာမှုများ ပိုမို မြင့်တက်မလာစေရန်နှင့် အပြည်ပြည်ဆိုင်ရာဥပဒေ၏ အခြေခံ သဘော တရားများအပေါ်အခြေခံ၍ သဘောထားကွဲလွဲမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် အလေးထားပြောကြားခဲ့သည်။ 

မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ၂၀၂၅ ASEAN အလှည့်ကျ ဥက္ကဋ္ဌတစ်ဦးအနေဖြင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet နှင့် ထိုင်း ယာယီဝန်ကြီးချုပ် Phumtham Wechayachai တို့နှင့် ဆွေးနွေး ခဲ့ကြောင်း ၊ ကမ္ဘောဒီးယားနှင့် ထိုင်းနှစ်နိုင်ငံစလုံးသည် စစ်ရပ်စဲရေးကို စဉ်းစားရန် အဆင်သင့်ဖြစ်နေကြောင်း ဇူလိုင် ၂၄ ရက် ညနေပိုင်းက Facebook တွင် ရေးသားခဲ့သည်။ 

တရုတ်၊ မလေးရှား၊ အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) အပါအဝင် နိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများစွာက စိုးရိမ်ပူပန်မှုများ ဖော်ပြပြီး နှစ်ဖက်စလုံးအား တင်းမာမှုများလျှော့ချရန်နှင့် ပဋိပက္ခကို အဆုံးသတ်ရန် တိုက်တွန်းခဲ့သည်။

ယူကရိန်း ဒရုန်းတစ်စင်းက ရုရှားခရီးသည်တင် ရထားကို တိုက်ခိုက်ခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးပြောဆို

ယူကရိန်းဒရုန်းတစ်စင်းက ရုရှားတောင်ပိုင်းတွင် ခရီးသည်တင် ရထားတစ်စင်းကို တိုက်ခိုက်ခဲ့ပြီး လူနှစ်ဦး အနည်းငယ်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောကြားခဲ့သည်။ ရုရှား Krasnodar ဒေသအုပ်ချုပ်ရေးမှူး Veniamin Kondratyev က ဒရုန်းအစိတ်အပိုင်းများသည် သောကြာနေ့ (ဇူလိုင် ၂၅) နံနက်စောစောက Timashevsk မြို့ရှိ ရထားဘူတာရုံတစ်ခုပေါ်သို့ ကျရောက်ခဲ့ပြီး ဖြတ်သန်းသွားသော ရထားတစ်စင်းကို ပျက်စီးစေခဲ့ကြောင်း Telegram တွင် ဖော်ပြခဲ့သည်။ 

ဒဏ်ရာရသူနှစ်ဦးအနက် တစ်ဦးကို ဆေးရုံတင်ပို့ခဲ့သော်လည်း အခြား တစ်ဦးက ဆေးရုံတက်ရန် ငြင်းဆန်ကာ ဖြစ်ရပ်နယ်မြေတွင်ပင် ကုသမှုခံယူခဲ့သည်။ Kondratyev ၏ အဆိုအရ တိုက်ခိုက်မှုဖြစ်ပွားခဲ့သော်လည်း ရထားသည် ခရီးဆက်လက်ထွက်ခွာသွားခဲ့သည်ဟု သိရှိရပြီး ကျေးလက်ဒေသများတွင် အဆောက်အအုံများစွာ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း အုပ်ချုပ်ရေးမှူးက ဖြည့်စွက်ပြောကြားခဲ့သည်။