သတင်းများ

ရုရှားသမ္မတ ဗလာဒီမာပူတင်က ၂၀၂၅ ခုနှစ်တွင် စီစဉ်ထားသည့် စစ်ရေးလေ့ကျင့်မှုများအတွက် နိုင်ငံသားများအား အရန်တပ်များတွင် စုဆောင်းခြင်းဆိုင်ရာ အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုး

သမ္မတ ပူတင်သည် စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန်အတွက် အရန်တပ်များအတွင်းသို့ ရုရှားနိုင်ငံသားများကို ခေါ်ယူခြင်းဆိုင်ရာ အမိန့်တစ်ရပ်ကို ဇန်နဝါရီလ ၁၆ ရက်၊ ကြာသပတေးနေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

၂၀၂၅ ခုနှစ်တွင် ရုရှားပြည်ထောင်စု၏နိုင်ငံသားများကို ရုရှားပြည်ထောင်စု၏ လက်နက်ကိုင်တပ်ဖွဲ့များ၊ အမျိုးစောင့်တပ်များ၊ ပြည်နယ်လုံခြုံရေးအေဂျင်စီများနှင့် ဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှု၏ အေဂျင်စီများတွင် စစ်ရေးလေ့ကျင့်မှုအတွက်အရန်တပ်ဖွဲ့များတွင် ခေါ်ယူရန်အမိန့်ကို သမ္မတမှ လက်မှတ်ရေးထိုးအတည်ပြုခဲ့ပါသည်။

ကိုးကား - kremlin.ru

Photo: Anadolu Ajansi

ဗြိတိန်သည်ယူကရိန်းတွင်၎င်း၏ စစ်အခြေစိုက်စခန်းများ တပ်ဖြန့်ချထားနိုင်မည့် အလားအလာကို လေ့လာမည်

ဗြိတိန်နှင့် ယူကရိန်းတို့၏ နှစ်တစ်ရာပြည့် မိတ်ဖက်ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှု ကြေညာချက်တွင် ဗြိတိန်နိုင်ငံသည် စစ်အခြေစိုက်စခန်းများ၊ ထောက်ပံ့ပို့ဆောင်ရေး ဂိုဒေါင်များ၊ အရန်စစ်လက်နက်ပစ္စည်းများ သိုလှောင်ခြင်းအပါအဝင် နိုင်ငံအတွင်း ကာကွယ်ရေးအခြေခံအဆောက်အအုံများ ဖြန့်ကျက် ထိန်းသိမ်းခြင်းဆိုင်ရာနေရာများကို လေ့လာမည်ဖြစ်ပါသည်။

ဗြိတိန်သည် ယူကရိန်းတွင် စစ်အခြေစိုက်စခန်းများနှင့် ကာကွယ်ရေးအခြေခံအဆောက်အအုံများ တပ်ဖြန့်ချထားနိုင်ခြေကို လေ့လာမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Keir Starmer ကိယက်ဗ်သို့ သွားရောက်လည်ပတ်ပြီးနောက် ဗြိတိန်နှင့် ယူကရိန်းအစိုးရရုံးမှ ထုတ်ပြန်သော နှစ်တစ်ရာပြည့်မိတ်ဖက်ဆက်ဆံရေးကြေညာချက်တွင် ဖော်ပြထားပါသည်။

ဗြိတိန်သည် ယူကရိန်းနှင့်အတူ ဘုံစစ်ရေး လိုအပ်ချက်များကိုဖော်ထုတ်ပြီး အတူတကွ ထုတ်လုပ်နိုင်သည့် စွမ်းရည်များနှင့် နည်းပညာများကို ချဲ့ထွင်ရန် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါသည်။ ယူကရိန်းတွင် စစ်အခြေစိုက်စခန်းများ၊ ထောက်ပံ့ပို့ဆောင်ရေးဂိုဒေါင်များ၊ အရန်စစ် လက်နက်ပစ္စည်းများ သိုလှောင်ခြင်းအပါအဝင် ကာကွယ်ရေးအခြေခံအဆောက်အအုံများ ဖြန့်ကျက်ထိန်းသိမ်းခြင်းအတွက် ရွေးချယ်စရာများကို လေ့လာမည်ဖြစ်ပြီး သိသာထင်ရှားသည့် စစ်ရေးအရ ခြိမ်းခြောက်မှုဖြစ်သည့်အခါတွင် ယူကရိန်းတို့၏ ကိုယ်ပိုင်ကာကွယ်ရေးစွမ်းဆောင်ရည်များ တိုးမြှင့်စေရန်အတွက် အဆိုပါ စစ်လက်နက်ပစ္စည်းများကို အသုံးပြုနိုင်ပါကြောင်း ကြေညာစာတမ်းတွင် ဖော်ပြထားပါသည်။

ကိုးကား - TASS

ဗြိတိန်နှင့် ယူကရိန်းတို့က တာဝေးပစ်တိုက်ခိုက်မှုများတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

ဗြိတိန်နှင့် ယူကရိန်းတို့သည် တာဝေးပစ်တိုက်ခိုက်မှုများတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း ဝန်ကြီးချုပ် Keir Starmer ၏ ခရီးစဉ်အပြီးတွင် ဗြိတိန်နှင့် ယူကရိန်း အစိုးရရုံးတို့မှ ထုတ်ပြန်သော နှစ်တစ်ရာပြည့် မိတ်ဖက်ဆက်ဆံရေး ကြေညာချက်တွင် ဖော်ပြထားပါသည်။

နှစ်တစ်ရာပြည့် မိတ်ဖက်ဆက်ဆံရေးကြေညာချက်တွင် ဖော်ပြထားသည့်အတိုင်း အဖွဲ့များသည် “လက်တွေ့ အတွေ့အကြုံဖလှယ်ခြင်း၊ စက်ကိရိယာများ၊ ခဲယမ်း မီးကျောက်များ၊ လေ့ကျင့်သင်ကြားရေးနှင့် နယ်ပယ်အားလုံးတွင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအတွက် ပံ့ပိုးကူညီခြင်း” အပိုင်းတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြပါသည်။

ကြေညာစာတမ်းတွင် “ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ရန် ပူးတွဲပရောဂျက်များကို အကောင်အထည်ဖော်ရန်” နှင့် “ပူးတွဲကာကွယ်ရေးလုပ်ငန်းများကို ဖန်တီးရန်” ပါဝင်ကြောင်း သိရှိရပါသည်။

လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းစွာ လုပ်ဆောင်ရန် ဂျပန်နှင့် ဖိလစ်ပိုင်တို့ ကတိပြု

ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် အဓိက ပင်လယ် ကုန်သွယ်လမ်းကြောင်းများတွင် တရုတ်၏ လုပ်ရပ်များကို လက်တုံ့ပြန်မှုများ လုပ်ဆောင်နိုင်ရန်အတွက် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းစွာ လုပ်ဆောင်ရန် ဇန်နဝါရီလ၁၅ ရက်နေ့တွင် ကတိပြုခဲ့ကြကြောင်း သိရပါသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အာရှတွင် လုံခြုံရေးဆိုင်ရာကတိဝတ်များကို လျှော့ချ လိမ့်မည်ဟု ထင်ကြေးပေးမှုများ ရှိနေသည့်အချိန်တွင် ဂျပန်နှင့်ဖိလစ်ပိုင်တို့၏ ကတိကဝတ်ပြုမှုများ ထွက်ပေါ် လာခြင်းဖြစ်ပါသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကာရှီအိုင်ဝါယာသည် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ၊ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အန်ရိမာနာလိုတို့နှင့် မနီလာမြို့တွင် တွေ့ဆုံခဲ့ပြီး လုံခြုံရေးဆိုင်ရာကတိကဝတ်များကို အတည်ပြုခဲ့ကြကြောင်းသိရပါသည်။

တာကာရှီအိုင်ဝါယာနှင့် အန်ရိမာနာလိုတို့သည် မဟာဗျူဟာမြောက် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော တောင်တရုတ်ပင်လယ်ကို ထိန်းချုပ်ရန် ကြိုးပမ်းမှုများအပြင် အရှေ့တရုတ်ပင်လယ်၌ တရုတ်၏ နယ်မြေနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့် တောင်းဆိုမှုများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

တာကာရှီအိုင်ဝါယာက “တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများကို လက်တုံ့ပြန်သည့်အနေဖြင့် ဂျပန်-ဖိလစ်ပိုင်မိတ်ဖက်ဆက်ဆံရေးကို ပိုမို အားကောင်းစေရေး ဆောင်ရွက်နိုင်ရန် သဘောတူညီ ခဲ့ကြကြောင်း” ပြောကြားခဲ့ပါသည်။

ထို့အပြင် တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွား ကျွန်းများနှင့်ပတ်သက်၍ တရုတ်နှင့်တင်းမာသည့် ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပွားနေသော ဖိလစ်ပိုင်၏ ရေကြောင်းဘေးကင်းလုံခြုံရေးစွမ်းရည်များ တိုးမြှင့်ရန်အတွက် အကူအညီများ ဆက်လက်ပေးအပ်သွားမည်ဟုလည်း တာကာရှီအိုင်ဝါယာက ကတိပြုပြောကြားခဲ့ပါသည်။

ကိုးကား-NP News

အဓိကဓာတ်ငွေ့ပိုက်လိုင်း တိုက်ခိုက်ခံရကြောင်း တူရကီ အတည်ပြု

တူရကီ စွမ်းအင်နှင့်သဘာဝ အရင်းအမြစ်ဝန်ကြီး Alparslan Bayraktar က TurkStream သဘာဝဓာတ်ငွေ့ပိုက်လိုင်းအား လွန်ခဲ့သည့်သီတင်းပတ်အတွင်း ယူကရိန်းက တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။

TurkStream သို့ ဓာတ်ငွေ့များထောက်ပံ့ပေးသည့် ရုရှားနိုင်ငံ Krasnodar ဒေသရှိ ကွန်ပရက်ဆာစခန်းအား ယူကရိန်းကပစ်မှတ်ထားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်နေ့ တိုက်ခိုက်မှုတွင် ယူကရိန်းတပ်ဖွဲ့များက ပစ်လွှတ်တိုက်ခိုက်ခဲ့သည့် kamikaze ဒရုန်း ၉ စင်း ကို ပစ်ချနိုင်ခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနမှ ပြောကြားခဲ့ သည်။

Fix Wing ဒရုန်းတစ်စီးသည် ဂက်စ်မီတာတစ်ခုအနီးတွင် ပျက်ကျခဲ့ပြီး အသေးစားထိခိုက်မှု ဖြစ်ပွားခဲ့သော်လည်း အဆိုပါစက်ရုံ၏ဝန်ထမ်းများက လျင်မြန်စွာ ဖြေရှင်းခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီ ၁၅ ရက်နေ့က တူရကီပါလီမန်တွင် Bayraktar က သတင်းထောက်များအား တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းအတည်ပြုခဲ့ပြီး ပိုက်လိုင်း၏ လည်ပတ်ဆောင်ရွက်မှုကို ထိခိုက်ခြင်းမရှိကြောင်း အာမခံချက်ပေးခဲ့သည်။

TurkStream သည် ရုရှားမှ သဘာဝဓာတ်ငွေ့များကို ပင်လယ်နက်အောက်မှ တူရကီသို့ ပို့ဆောင်ပေးသည့် အရေးကြီးသောစွမ်းအင်စင်္ကြံတစ်ခုဖြစ်သည်။ယူကရိန်းသည် ယခုနှစ်တွင် မော်စကိုနှင့်သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးသဘောတူညီချက်ကို သက်တမ်းတိုးရန်ငြင်းဆိုပြီးနောက် TurkStream သည် ရုရှား၏ သဘာဝဓာတ်ငွေ့ကို ဥရောပတောင်ပိုင်းနှင့် အရှေ့ တောင်ပိုင်းသို့ထောက်ပံ့သည့် တစ်ခုတည်းသောလမ်းကြောင်းအဖြစ် ကျန်ရှိနေဆဲဖြစ်သည်။

၂၀၂၄ ခုနှစ်တွင် ပိုက်လိုင်းမှတစ်ဆင့် ဓာတ်ငွေ့တင်ပို့မှုသည် ၂၃% တိုးလာပြီး ၁၆.၇ ဘီလီယံကုဗမီတာ (bcm) အထိ ရောက်ရှိခဲ့သည်။ ပိုက်လိုင်းတွင် အပိုင်း နှစ်ပိုင်းပါဝင်ပြီး အပိုင်းတစ်ခုသည် တူရကီနိုင်ငံ၏ ပြည်တွင်းလိုအပ်ချက်များကို ဆောင်ရွက်ပေးနေပြီး ကျန်တစ်ခုသည် Strandzha ဘူတာမှတစ်ဆင့် ဘူလ်ဂေးရီးယားသို့ ဓာတ်ငွေ့များ ပို့ဆောင်ပေးပါသည်။ ဘော်လကန်လမ်းကြောင်းသည် ဘူလ်ဂေးရီးယားနှင့် ဆားဘီးယားမှတစ်ဆင့် ဟန်ဂေရီအထိ ကျယ်ပြန့်ပြီး ရုရှားဓာတ်ငွေ့ များကို အခြားအီးယူနိုင်ငံများသို့ ဖြန့်ဖြူးရာတွင် လွယ်ကူချောမွေ့စေမည့် ချိတ်ဆက်မှုများဖြင့် ချိတ်ဆက်ထားသည်။ နှစ်စဉ် စုစုပေါင်းစွမ်းရည် ၃၁.၅ bcm ဖြင့် TurkStream သည် ဒေသတွင်းစွမ်းအင်လုံခြုံရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။

ကိုးကား-RT

ဘောတစ်ပင်လယ်ရှိ အခြေခံ အဆောက်အဦများ ကာကွယ်ရေးအတွက် ရေတပ်စစ်သင်္ဘောများကို ဂျာမနီ စေလွှတ်မည်

ဂျာမနီနိုင်ငံအနေဖြင့်  ဘောတစ်ပင်လယ်ရှိ    အခြေခံအဆောက်အဦများ ကာကွယ်ရေးအတွက် ရေတပ်စစ်သင်္ဘောများကို အဆိုပါပင်လယ်သို့ စေလွှတ်မည် ဖြစ်ကြောင်း ဂျာမနီဝန်ကြီးချုပ် အိုလက်ရှို့က ပြောသည်။

ဂျာမနီနိုင်ငံသည် နေတိုးအဖွဲ့၏ မစ်ရှင်သစ်တစ်ခုဖြစ်သည့်   ဘောတစ်ပင်လယ်ရှိ     ရေအောက်ကေဘယ်ကြိုးများနှင့် ပိုက်လိုင်းများ ကာကွယ်ရေးအတွက် တာဝန်ယူရန်အသင့်ရှိကြောင်း ဟယ်ဆင်ကီးမြို့၌    ဇန်နဝါရီလ ၁၄ ရက်က ကျင်းပသည့် နေတိုးထိပ်သီးဆွေးနွေးပွဲတွင်  သတင်းထောက်များကိုပြောသည်။သို့သော် ဘောတစ်ပင်လယ်သို့ ရေတပ်စစ်သင်္ဘောများ စေလွှတ်မည့် အသေးစိတ်အချက်အလက်များကိုမူ နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ဘောတစ်ပင်လယ် လုံခြုံရေးအတွက် Baltic Sentry ဟုအမည်ပေးထားသည့် မစ်ရှင်သစ်တစ်ရပ်ကို ဇန်နဝါရီလ ၁၄ ရက်တွင်  စတင်ခဲ့ပြီး ၎င်းတို့ အနေဖြင့် အဆိုပါပင်လယ်အတွင်းရှိ ရေအောက်ကေဘယ်ကြိုးများနှင့် ပိုက်လိုင်းများပျက်စီးခြင်းကို  တုံ့ပြန်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

Baltic Sentry မစ်ရှင်အရ နေတိုးအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ဘောတစ်ပင်လယ် အတွင်းသို့ ၎င်းတို့၏စစ်သင်္ဘောများ၊ ရေတပ်သုံးဒရုန်းများနှင့်   ရေကြောင်း ကင်းထောက်လေယာဉ်များကို ဖြန့်ကြက်စေလွှတ်နိုင်မည်ဖြစ်ရာ ၎င်းနိုင်ငံများ၏ ရေတပ်ပါဝင်မှုကိုပါ တိုးမြှင့်ပေးနိုင်ကြောင်း သိရသည်။

Source: Myawady Web Portal

အစ္စရေး - ဟားမတ်စ် အပစ်ရပ်ရေးသေချာပြီ ဖြစ်ကြောင်း ထရမ့်ကြေညာ

အစ္စရေးနှင့် ဟားမတ်စ်တို့က ဓားစာခံများအားလုံးကို ပြန်လွှတ်ပေးရန် သဘောတူညီခဲ့ကြောင်း အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့ပါသည်။

အစ္စရေးနှင့််ဟားမတ်စ်တို့ ဖမ်းဆီးထားသော ဓားစာခံများအတွက် သဘောတူညီချက်တစ်ခု ပြုလုပ်ခဲ့ကြောင်းနှင့် မကြာမီ လွှတ်ပေးမည်ဖြစ်ကြောင်း ထရမ့်က ၎င်း၏ ကိုယ်ပိုင်ဆိုရှယ်မီဒီယာဖြစ်သည့် Truth Social platform တွင် ဇန်နဝါရီ ၁၆ ရက်နေ့က ရေးသားဖော်ပြခဲ့ပါသည်။ မီဒီယာအများအပြား၏ အဆိုအရ ကာတာတွင် အတည်ပြုခဲ့သော သဘောတူညီချက်တွင် ၄၂ ရက်ကြာ အပစ်အခတ်ရပ်စဲရေးနှင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် ဂါဇာမှ ဟားမတ်စ်တို့ ဖမ်းဆီးခေါ်ဆောင် သွားသော အစ္စရေးအားလုံးအပါအဝင် အကျဉ်းသား လဲလှယ်ရေးတို့ ပါဝင်ပါသည်။

“အဆိုပါ အမြင့်ဆုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်က နိုဝင်ဘာလတွင် မိမိတို့၏ သမိုင်းဝင်အောင်ပွဲရလဒ်ကြောင့်သာ ဖြစ်လာနိုင်ပါကြောင်း၊ မိမိတို့၏  အုပ်ချုပ်ရေးက အမေရိကန်နှင့် မဟာမိတ်အားလုံး၏ ဘေးကင်းရေးအတွက် ငြိမ်းချမ်းရေးရယူပြီး စေ့စပ်ညှိနှိုင်းပေးမည့် သဘောတူညီချက်များအား ကမ္ဘာကြီးတစ်ခုလုံးကို အချက်ပြလိုက်သည့်အတွက် ဖြစ်ကြောင်း" ထရမ့် က ပြောကြားခဲ့ပါသည်။ ထရမ့်၏ အမျိုးသားလုံခြုံရေးအဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသအား အကြမ်းဖက်ဘေးအန္တရာယ်ကင်းသည့်နေရာအဖြစ် ဖြစ်ပေါ်စေရန်နှင့်  နောက်တစ်ကြိမ်ထပ်မဖြစ်စေရန်အတွက် အစ္စရေးနှင့် အမေရိကန်၏ မဟာမိတ်များက  ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ရွေးကောက်ခံသမ္မတက ပြောကြား ခဲ့ပါသည်။

ထရမ့်၏ အထူးကိုယ်စားလှယ် စတိဝစ်ကော့ဖ် က ဒိုဟာမြို့ ဆွေးနွေးပွဲတွင်ပါဝင်ခဲ့ပြီး သဘော တူညီချက်ကိုလက်ခံရန် အစ္စရေးကိုယ်စားလှယ်အဖွဲ့အား ဆွဲဆောင်ရာ၌ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း သိရပါသည်။ “များစွာသော လူပုဂ္ဂိုလ်များ၏ အကူအညီကြောင့် အဆိုပါသဘောတူညီချက်က အောင်မြင်ပြီးအင်အားကြီးသည့် ငြိမ်းချမ်းရေးမူဝါဒကို ပြသနေပါကြောင်း” ဝစ်ကော့ဖ် က အစ္စရေးချယ်နယ် ၁၂ သတင်းဌာနကို ပြောကြားခဲ့ပါသည်။ “အစ္စရေးညှိနှိုင်းရေးအဖွဲ့များ၊ ကာတာနိုင်ငံနှင့် အီဂျစ်နိုင်ငံကို ကျေးဇူးတင်ရှိပါကြောင်း၊ ဘိုင်ဒန်အစိုးရကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ အဓိကအားဖြင့် ငြိမ်းချမ်းရေးမူဝါဒဖြင့် အနိုင်ရခဲ့သည့် ဒေါ်နယ်ထရမ့်ကို ကျေးဇူးတင်ရှိကြောင်း”  ပြောကြား ခဲ့ပါသည်။

ဇန်နဝါရီ ၁၃ ရက်နေ့အစောပိုင်းတွင် ဆွေးနွေးပွဲမှ အောင်မြင်မှုများ ရရှိခဲ့ကြောင်း သိရပါသည်။ ကာတာအုပ်ချုပ်သူ Sheikh Tamim bin Hamad al-Thani ရှိတ်တာမင်ဘင်ဟာမက်အယ်လ် သာနီ က ပါလက်စတိုင်းအဖွဲ့အား သဘောတူညီချက်ကိုလက်ခံရန်စည်းရုံးခဲ့ပြီး ဟားမတ်စ်အကြီးတန်းအရာရှိများနှင့် တွေ့ဆုံခဲ့ပါသည်။ 

အီဂျစ်နှင့်တူရကီထောက်လှမ်းရေး အကြီးအကဲများက အစ္စရေး၏ မော့ဆက်နှင့် ရှင်ဘက်အဖွဲ့များ၏ အကြီးအကဲများနှင့်အတူ စေ့စပ်ညှိနှိုင်းမှုတွင် ပါဝင်ခဲ့ ပါသည်။

ကိုးကား-Myanmar National Post

ဘောလ်တစ်ပင်လယ်တွင် NATO ကင်းလှည့်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိ

NATO အဖွဲ့ဝင်နိုင်ငံများအကြား ပင်လယ်ရေအောက်ကေဘယ်ကြိုးများ ပြတ်တောက်မှုနှင့် ပျက်စီးမှုများကြောင့် ပင်လယ်ရေအောက်အခြေခံအဆောက် အအုံများကို ကာကွယ်ခြင်းအတွက် ရည်ရွယ်သည့် စစ်ရေးလှုပ်ရှားမှုအသစ်တစ်ခုစတင်ခြင်းဖြင့် ဘောလ်တစ်ပင်လယ်တွင် NATO ၏ စိုးမိုးမှုကို တိုးမြှင့်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၄ ရက်နေ့က ကြေညာခဲ့သည်။

ရုရှားသည် ၎င်း၏ရေတပ်စစ်ဆင်ရေးနှင့် စွမ်းအင်တင်ပို့မှုအတွက် ဘောလ်တစ်ပင်လယ်ကို မဟာဗျူဟာမြောက်နယ်မြေအဖြစ် ရှုမြင်ကာအသုံးပြုလျက်ရှိသည်။

NATO အထွေထွေအတွင်းရေးမှူး Mark Rutte က ကင်းလှည့်မှုများတွင် ဖရီးဂိတ်သင်္ဘောများ၊ ရေကြောင်းကင်းလှည့်လေယာဉ်များနှင့် ရေတပ်သုံးမောင်းသူမဲ့ လေယာဉ်ငယ်များ ပါဝင်မည်ဖြစ်ကြောင်းနှင့် စောင့်ကြည့်ဟန့်တားခြင်းများ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့် လအနည်းငယ်က “တရုတ်သင်္ဘော Yi Peng 3 သည် ၎င်း၏ကျောက်ဆူးဖြင့် ပင်လယ်ကြမ်းပြင်ရှိ ကေဘယ်ကြိုးများကို ရည်ရွယ်ချက်ရှိရှိ ပြတ်တောက်စေခဲ့သည်” ဟူသော စွပ်စွဲချက်ဖြင့် အီးယူ စုံစမ်းစစ်ဆေးရေးမှူးများ သင်္ဘောပေါ်သို့ တက်ရောက်စစ်ဆေးခဲ့ပြီး တရုတ်ကလည်း စုံစမ်းစစ်ဆေးမှုများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒီဇင်ဘာလနှောင်းပိုင်းက ဖြစ်ပွားခဲ့သော ဖင်လန်နှင့် အက်စတိုးနီးယားတို့ကို ဆက်သွယ်ထားသည့် EstLink 2 ပါဝါကြိုးပြတ်တောက်မှုတွင်လည်း ရုရှားရေနံတင်သင်္ဘော Eagle S ကို စွပ်စွဲခဲ့ပြီး ခိုင်လုံသော အထောက်အထားမရှိခြင်းကြောင့် မော်စကို ကို စွပ်စွဲမှု ရပ်တန့်ခဲ့ရသည်။ သို့သော် သင်္ဘောပေါ်သို့ အခြားစုံစမ်းစစ်ဆေးရေးမှူးများနှင့်အတူ တက်ရောက်စစ်ဆေးခဲ့သည့် ဖင်လန်ရဲတစ်ဦးက သင်္ဘောတွင်ကျောက်ဆူးတစ်ခု ပျောက်ဆုံးနေကြောင်း ပြောဆိုခဲ့ပါသည်။

NATO အဖွဲ့ဝင်နိုင်ငံများအတွင်း ဆိုက်ဘာတိုက်ခိုက်မှုများ၊ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုများနှင့် ဘောလ်တစ်ပင်လယ်ရှိ ရေအောက်ကေဘယ်လ်ကြိုးများဖောက်ခွဲဖျက်ဆီးခြင်းအပါအဝင် ၎င်းတို့၏ လူ့အဖွဲ့ အစည်းများ မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်နေမှုများကို ကြုံတွေ့ရလျက်ရှိကြောင်း Rutte က ဇန်နဝါရီ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သော ဘောလ်တစ်ပင်လယ်မဟာမိတ်များ ထိပ်သီးအစည်းအဝေးအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ အစည်းအဝေးသို့ ဖင်လန်၊ ပိုလန်၊ ဒိန်းမတ်၊ ဂျာမနီ၊ ဆွီဒင်၊ လတ်ဗီးယား၊ လစ်သူယေးနီးယားနှင့် အက်စတိုးနီးယားတို့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

နိုင်ငံတကာ ကေဘယ်လ်ကြိုးကာကွယ်ရေးကော်မတီ (ICPC) ၏အစီရင်ခံစာအရ နှစ်စဉ် ကေဘယ်ကြိုး ပြတ်တောက်ချို့ယွင်းမှု ၂၀၀ ခန့်ရှိပြီး ပင်လယ်ရေအောက် အခြေခံအဆောက်အအုံများ ပျက်စီးမှုများ တိုးမြင့်လာကြောင်းသိရှိရသည်။

အဆိုပါဖြစ်ရပ်အများစုသည် ပင်လယ်ကြမ်းပြင်တစ်လျှောက် ကျောက်ဆူးများဆွဲယူခြင်းကြောင့် မတော်တဆထိခိုက်မိခြင်း သို့မဟုတ် ငါးဖမ်းလုပ်ငန်း များမှ လေးလံသောပိုက်ကွန်များ၊ ပစ္စည်းကိရိယာများ ပင်လယ်ကြမ်းပြင်တစ်လျှောက် ဆွဲယူခြင်းတို့ကြောင့် မတော်တဆငြိတွယ် ပြတ်တောက်ခြင်းဖြစ်သည်။

ရုရှား၏ ခြိမ်းခြောက်မှုကြောင့်ဟုဆိုကာ NATO ၏ စစ်ရေးပြင်ဆင်လှုပ်ရှားမှုများသည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဆက်တိုက်တိုးချဲ့လာခြင်းဖြစ်ပြီး နေတိုးအဖွဲ့ဝင်များသည် ဒေသတွင်းတွင် ရေတပ်စစ်ရေးလေ့ကျင့်မှုများ ပုံမှန်ပြုလုပ်လျက်ရှိကာ ရုရှားလေတပ်နှင့် အကြိမ်ကြိမ်ပွတ်တိုက်မှုဖြစ်ပေါ်စေသည့် ရုရှားနယ်စပ်အနီး တိုက်လေယာဉ်ပျံသန်းခြင်းများလည်း ဆောင်ရွက်လျက်ရှိသည်။ 

ကာကွယ်ရေး စီမံကိန်းတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား ဓာတုပစ္စည်းများနှင့် တိုက်ခိုက်ရန်ကြံစည်မှုကို ရုရှား တားဆီးနိုင်ခဲ့

ရုရှားနိုင်ငံ    ယာရိုဆလပ်ဒေသရှိ ကာကွယ်ရေး စီမံကိန်းတစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား အဆိပ်အတောက်ဖြစ်စေသည့် ဓာတုဗေဒပစ္စည်းများနှင့် တိုက်ခိုက်ရန် ကြံစည်မှု တစ်ရပ်ကို ရုရှားပြည်ထောင်စု လုံခြုံရေးအဖွဲ့က တားဆီးနိုင်ခဲ့ကြောင်း ရုရှားမီဒီယာ တစ်ခုတွင် ဇန်နဝါရီလ ၁၄ ရက်က ဖော်ပြသည်။

အကြမ်းဖက်သမားများသည် ယူကရိန်း အထူးထောက်လှမ်းရေး အဖွဲ့ဝင်များဖြစ်ပြီး  ၎င်းတို့အနေဖြင့်  ယူကရိန်းနယ်မြေအတွင်းမှနေ၍ ပြည်ပနိုင်ငံများ၏ အင်တာနက် သတင်းတိုပေးပို့မှု  အပလီကေးရှင်းများကို အသုံးပြု၍ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားပြည်ထောင်စု   လုံခြုံရေးအဖွဲ့က ဆက်ပြောသည်။ သို့သော် အသေးစိတ်ကို ဖော်ပြထားခြင်းမရှိပေ။

အဆိုပါ  အကြမ်းဖက်တိုက်ခိုက်မှုကို ရုရှားနိုင်ငံသားတစ်ဦးက စီစဉ်ခဲ့ခြင်းဖြစ်ပြီး ၎င်းအား ရုရှားအာဏာပိုင်များက ထိန်းသိမ်းထားကြောင်းသိရသည်။

အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုမည့်  ဓာတုအဆိပ်အတောက်များသည် လူသားများ၏ အသက်ရှူလမ်းကြောင်းကို လောင်ကျွမ်းစေနိုင်သောကြောင့် အသက်အန္တရာယ်ရှိကြောင်း၊    ယင်းအဆိပ်အတောက်များကို ကာကွယ်ရေးစီမံကိန်း၏    ဝန်ထမ်းများ ကားရပ်နားရာနေရာ အတွင်းသို့  ပက်ဖျန်းရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဇဲလန်းစကီးက စစ်မှုထမ်းသက်မလျှော့ချမီ လက်နက် ခဲယမ်းများ ပိုမိုရရှိရန်လိုအပ်ဟုပြော

ကိဗ်ယက်သည် နိုင်ငံတကာမှ လက်နက်ခဲယမ်းများ ပိုမိုထောက်ပံ့မှသာ စစ်မှုထမ်းသက်လျှော့ရန်ကိစ္စအား ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇဲလန်းစကီးက ပြောသည်။

ဇန်နဝါရီ ၁၄ ရက်နေ့က ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘောရစ်ပရစ်တိုးရီးယက်စ်နှင့်တွေ့ဆုံစဉ် ယူကရိန်း သမ္မတ ဇဲလန်းစကီးက ယူကရိန်းစစ်တပ်တွင် သံချပ်ကာယာဉ်များနှင့် အမြောက်များအပါအဝင် မရှိမဖြစ်လိုအပ်သော လက်နက်ခဲယမ်းများ ပြတ်တောက်မှုနှင့် ရင်ဆိုင်နေရကြောင်း အလေးပေးပြောကြားခဲ့သည်။

၎င်းအနေဖြင့် စစ်သားစုဆောင်းရေးတွင် စစ်မှုထမ်းသက် လျှော့ချပေးနိုင်ရန် အခက်အခဲမရှိသော်လည်း နိုင်ငံတကာမှ စစ်လက်နက်ပစ္စည်း ထောက်ပံ့မှုများ လုံလောက်စွာရရှိမှသာ စစ်မှုထမ်းသက်လျှော့ချခြင်းကိစ္စအား ဆက်လက်ဆောင်ရွက်နိုင်မည်ဟု ပြောကြားခဲ့ကြောင်း ယူကရိန်းမီဒီယာတစ်ခုတွင် ဖော်ပြ ထားသည်။ ယူကရိန်းတွင် စစ်မြေပြင်တိုက်ခိုက်ရေး တပ်မ ၁၀၀ ကျော်ရှိပြီး သံချပ်ကာယာဉ်၊ အမြောက်များနှင့် အခြားစစ်လက်နက်ခဲယမ်းများ ပိုမိုထောက်ပံ့ပေးကြရန်လိုအပ်ကြောင်း ဇဲလန်းစကီးက ပြောကြားခဲ့သည်။