ဗြိတိန်နှင့် ယူကရိန်းတို့က တာဝေးပစ်တိုက်ခိုက်မှုများတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူ
ဗြိတိန်နှင့် ယူကရိန်းတို့သည် တာဝေးပစ်တိုက်ခိုက်မှုများတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း ဝန်ကြီးချုပ် Keir Starmer ၏ ခရီးစဉ်အပြီးတွင် ဗြိတိန်နှင့် ယူကရိန်း အစိုးရရုံးတို့မှ ထုတ်ပြန်သော နှစ်တစ်ရာပြည့် မိတ်ဖက်ဆက်ဆံရေး ကြေညာချက်တွင် ဖော်ပြထားပါသည်။
နှစ်တစ်ရာပြည့် မိတ်ဖက်ဆက်ဆံရေးကြေညာချက်တွင် ဖော်ပြထားသည့်အတိုင်း အဖွဲ့များသည် “လက်တွေ့ အတွေ့အကြုံဖလှယ်ခြင်း၊ စက်ကိရိယာများ၊ ခဲယမ်း မီးကျောက်များ၊ လေ့ကျင့်သင်ကြားရေးနှင့် နယ်ပယ်အားလုံးတွင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအတွက် ပံ့ပိုးကူညီခြင်း” အပိုင်းတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြပါသည်။
ကြေညာစာတမ်းတွင် “ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ရန် ပူးတွဲပရောဂျက်များကို အကောင်အထည်ဖော်ရန်” နှင့် “ပူးတွဲကာကွယ်ရေးလုပ်ငန်းများကို ဖန်တီးရန်” ပါဝင်ကြောင်း သိရှိရပါသည်။
ကိုးကား - TASS