ဇဲလန်းစကီးက စစ်မှုထမ်းသက်မလျှော့ချမီ လက်နက်ခဲယမ်းများ ပိုမိုရရှိရန်လိုအပ်ဟုပြော

News Image

  • ဇဲလန်းစကီးက စစ်မှုထမ်းသက်မလျှော့ချမီ လက်နက် ခဲယမ်းများ ပိုမိုရရှိရန်လိုအပ်ဟုပြော

ကိဗ်ယက်သည် နိုင်ငံတကာမှ လက်နက်ခဲယမ်းများ ပိုမိုထောက်ပံ့မှသာ စစ်မှုထမ်းသက်လျှော့ရန်ကိစ္စအား ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇဲလန်းစကီးက ပြောသည်။

ဇန်နဝါရီ ၁၄ ရက်နေ့က ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘောရစ်ပရစ်တိုးရီးယက်စ်နှင့်တွေ့ဆုံစဉ် ယူကရိန်း သမ္မတ ဇဲလန်းစကီးက ယူကရိန်းစစ်တပ်တွင် သံချပ်ကာယာဉ်များနှင့် အမြောက်များအပါအဝင် မရှိမဖြစ်လိုအပ်သော လက်နက်ခဲယမ်းများ ပြတ်တောက်မှုနှင့် ရင်ဆိုင်နေရကြောင်း အလေးပေးပြောကြားခဲ့သည်။

၎င်းအနေဖြင့် စစ်သားစုဆောင်းရေးတွင် စစ်မှုထမ်းသက် လျှော့ချပေးနိုင်ရန် အခက်အခဲမရှိသော်လည်း နိုင်ငံတကာမှ စစ်လက်နက်ပစ္စည်း ထောက်ပံ့မှုများ လုံလောက်စွာရရှိမှသာ စစ်မှုထမ်းသက်လျှော့ချခြင်းကိစ္စအား ဆက်လက်ဆောင်ရွက်နိုင်မည်ဟု ပြောကြားခဲ့ကြောင်း ယူကရိန်းမီဒီယာတစ်ခုတွင် ဖော်ပြ ထားသည်။ ယူကရိန်းတွင် စစ်မြေပြင်တိုက်ခိုက်ရေး တပ်မ ၁၀၀ ကျော်ရှိပြီး သံချပ်ကာယာဉ်၊ အမြောက်များနှင့် အခြားစစ်လက်နက်ခဲယမ်းများ ပိုမိုထောက်ပံ့ပေးကြရန်လိုအပ်ကြောင်း ဇဲလန်းစကီးက ပြောကြားခဲ့သည်။

ကိုးကား-RT