ဗြိတိန်သည်ယူကရိန်းတွင်၎င်း၏ စစ်အခြေစိုက်စခန်းများ တပ်ဖြန့်ချထားနိုင်မည့် အလားအလာကို လေ့လာမည်
ဗြိတိန်နှင့် ယူကရိန်းတို့၏ နှစ်တစ်ရာပြည့် မိတ်ဖက်ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှု ကြေညာချက်တွင် ဗြိတိန်နိုင်ငံသည် စစ်အခြေစိုက်စခန်းများ၊ ထောက်ပံ့ပို့ဆောင်ရေး ဂိုဒေါင်များ၊ အရန်စစ်လက်နက်ပစ္စည်းများ သိုလှောင်ခြင်းအပါအဝင် နိုင်ငံအတွင်း ကာကွယ်ရေးအခြေခံအဆောက်အအုံများ ဖြန့်ကျက် ထိန်းသိမ်းခြင်းဆိုင်ရာနေရာများကို လေ့လာမည်ဖြစ်ပါသည်။
ဗြိတိန်သည် ယူကရိန်းတွင် စစ်အခြေစိုက်စခန်းများနှင့် ကာကွယ်ရေးအခြေခံအဆောက်အအုံများ တပ်ဖြန့်ချထားနိုင်ခြေကို လေ့လာမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Keir Starmer ကိယက်ဗ်သို့ သွားရောက်လည်ပတ်ပြီးနောက် ဗြိတိန်နှင့် ယူကရိန်းအစိုးရရုံးမှ ထုတ်ပြန်သော နှစ်တစ်ရာပြည့်မိတ်ဖက်ဆက်ဆံရေးကြေညာချက်တွင် ဖော်ပြထားပါသည်။
ဗြိတိန်သည် ယူကရိန်းနှင့်အတူ ဘုံစစ်ရေး လိုအပ်ချက်များကိုဖော်ထုတ်ပြီး အတူတကွ ထုတ်လုပ်နိုင်သည့် စွမ်းရည်များနှင့် နည်းပညာများကို ချဲ့ထွင်ရန် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါသည်။ ယူကရိန်းတွင် စစ်အခြေစိုက်စခန်းများ၊ ထောက်ပံ့ပို့ဆောင်ရေးဂိုဒေါင်များ၊ အရန်စစ် လက်နက်ပစ္စည်းများ သိုလှောင်ခြင်းအပါအဝင် ကာကွယ်ရေးအခြေခံအဆောက်အအုံများ ဖြန့်ကျက်ထိန်းသိမ်းခြင်းအတွက် ရွေးချယ်စရာများကို လေ့လာမည်ဖြစ်ပြီး သိသာထင်ရှားသည့် စစ်ရေးအရ ခြိမ်းခြောက်မှုဖြစ်သည့်အခါတွင် ယူကရိန်းတို့၏ ကိုယ်ပိုင်ကာကွယ်ရေးစွမ်းဆောင်ရည်များ တိုးမြှင့်စေရန်အတွက် အဆိုပါ စစ်လက်နက်ပစ္စည်းများကို အသုံးပြုနိုင်ပါကြောင်း ကြေညာစာတမ်းတွင် ဖော်ပြထားပါသည်။
ကိုးကား - TASS