သတင်းများ

ယူကရိန်းနိုင်ငံအတွင်းသို့ လက်နက်စီးဆင်း ဝင်ရောက်မှုကို  ယာယီ သို့မဟုတ် လုံးဝရပ်တန့်နိုင်မည့် နည်းလမ်း ရှိ၊ မရှိ ရှာဖွေရန် ထရမ့် ညွှန်ကြား

ယူကရိန်းနိုင်ငံအတွင်းသို့ လက်နက်များ စီးဆင်းဝင်ရောက်မှုကို ယာယီ သို့မဟုတ် လုံးဝရပ်တန့်နိုင်မည့်နည်းလမ်း    ရှိ၊ မရှိ ရှာဖွေကြရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က  အမေရိကန်အရာရှိများအား ညွှန်ကြားလိုက်သည်ဟု the Wall Street Journal ကဖော်ပြသည်။

ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် ထရမ့်နှင့် ယူကရိန်းသမ္မတ ဇီလန်စကီတို့ကြား အငြင်းအခုံဖြစ်ပွားပြီးနောက်  ထရမ့်က ယူကရိန်းနိုင်ငံသို့ လက်ရှိဝင်ရောက်နေသည့် လက်နက်များအားလုံးကို   ရပ်တန့်နိုင်မည့် အလားအလာကို စဉ်းစားလာခြင်းဖြစ်ကြောင်း Washington Post သတင်းစာက သမ္မတအကြံပေးတစ်ဦး၏ ပြောဆိုချက်ကိုကိုးကား၍ အစောပိုင်းတွင် ဖော်ပြထားသည်။

ထို့ပြင် ထရမ့်သည် လက်ရှိတွင် ယူကရိန်းနှင့် စပ်လျဉ်း၍ နောက်ထပ် လုပ်ဆောင်ချက်များ ထပ်မံလုပ်ဆောင်ရန် စောင့်ဆိုင်းလျက်ရှိကြောင်း   သတင်းစာတွင် ဆက်လက်ဖော်ပြသည်။

ထရမ့်နှင့် ဇီလန်စကီတို့သည်  အိမ်ဖြူတော်၌ ပြီးခဲ့သည့် ရက်သတ္တပတ် အကုန်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မကြာမီ ၎င်းဆွေးနွေးမှုသည် အငြင်းအခုံအဖြစ်သို့ ပြောင်းလဲသွားခြင်းဖြစ်ကြောင်း သိရသည်။ ငြင်းခုံမှုအတွင်း ဇီလန်စကီက ထရမ့်အား ရိုသေမှုမရှိဘဲ ရိုင်းပျစွာ ဆက်ဆံခဲ့သည်ဟု ထရမ့်ကယူဆထားသည်။ ၎င်းတို့နှစ်ဦးကြား ငြင်းခုံမှုဖြစ်ပွားခြင်းကြောင့် အမေရိကန်နှင့် ယူကရိန်းတို့အနေဖြင့် ၎င်းတို့ကြား လက်မှတ်ရေးထိုးမည့် မြေရှား သဘောတူညီချက်ကိုလည်း ရပ်ဆိုင်းပစ်ခဲ့ကြောင်းသိရသည်။

ထို့ပြင် ဇီလန်စကီသည် လက်ရှိ ရုရှားနှင့်ဖြစ်ပွားနေသည့်    ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်ဆန္ဒရှိသည့် အရိပ်အယောင်မရှိဟု   ထရမ့်က ထပ်လောင်း ပြောကြားထားသည်။

Source: https://myawady.net.mm/

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၀၈ ဦး ထပ်မံဖော်ထုတ် ထိန်းသိမ်းခဲ့

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်၊ မယ်ထော်သလေးနှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၁ ရက်တွင် ပြည်ပနိုင်ငံသား ၂၀၈ ဦးကို ထပ်မံထိန်းသိမ်းနိုင်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ မတ် ၁ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၃၃၃၃ ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၇၅၇ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၅၇၆ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm

လက်နက်ကိုင်အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ တစ်ဦးအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၁၁ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ နဘဲတန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ရာအိမ်မှူး ဦးမြင့်ဆွေ(၆၈)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ငါးဦး(စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ကာ နေအိမ်ရှိ ဆိုင်ကယ် တစ်စီး၊ ရွှေနားကပ် နှစ်ရံ၊ လက်ကိုင်ဖုန်း တစ်လုံးနှင့် ငွေလေးသိန်းကျပ်ခန့်တို့အား လုယက်ယူဆောင် ထွက်ပြေးသွားခဲ့သဖြင့် ဦးမြင့်ဆွေတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး စလေတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

အမေရိကန်ပြည်ထောင်စုက ရုရှားနိုင်ငံအပေါ် ဆိုက်ဘာစောင့်ကြည့် တိုက်ခိုက်ရေးလုပ်ငန်းများကို ယာယီရပ်ဆိုင်း

ပင်တဂွန်က ရုရှားနိုင်ငံအပေါ် ဆိုက်ဘာလုံခြုံရေးအတွက် အန္တရာယ်ရှိသော စောင့်ကြည့်တိုက်ခိုက်ရေးလုပ်ငန်းများကိုရပ်ဆိုင်းရန် အမိန့်ပေးခဲ့ ကြောင်း အမေရိကန်အရာရှိကြီးတစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ မီဒီယာများက မတ်လ ၃ ရက်(တနင်္လာ)နေ့တွင် ဖော်ပြခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်ကို ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးနှင့် သမ္မတ ဒေါ်နယ်ထရမ့်တို့အကြား Oval Office တွင် ပြင်းထန်စွာ ငြင်းခုံခဲ့ကြသည့် ဆွေးနွေးပွဲမတိုင်မီက ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းများအရ သိရသည်။

အမည်မဖော်လိုသော အရာရှိများအဆိုအရ ကာကွယ်ရေးဝန်ကြီး Pete Hegseth က ဝါရှင်တန်သည် မော်စကိုနှင့် ဆက်ဆံရေးပြန်လည် တည်ဆောက်ရန်ကြိုးပမ်းနေစဉ် US Cyber Command သို့ လုပ်ဆောင် ချက်များကိုရပ်တန့်ရန် ဖေဖော်ဝါရီလကုန်က အမိန့်ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။

ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အချက်အလက်များကို ဦးစားပေးဖော်ပြလေ့ရှိသော The Record သတင်းဌာနက ယခုဖြစ်စဉ်ကို ဖေဖော်ဝါရီ ၂၈ ရက်(သောကြာ)နေ့တွင် ပထမဆုံးဖော်ပြခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အမျိုးသားလုံခြုံရေးအေဂျင်စီမှ လုပ်ဆောင်သည့်သတင်းအချက်အလက်ထောက်လှမ်း စုဆောင်းခြင်းဆိုင်ရာ ညွှန်ကြားချက်နှင့် သက်ဆိုင်ခြင်းမရှိကြောင်း အလေးပေးဖော်ပြခဲ့သည်။ ဆိုက်ဘာ လုပ်ငန်းများ ရပ်ဆိုင်းခြင်းနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို မဖော်ပြထားသော်လည်း သတင်းရင်းမြစ်များက ကန့်သတ်ချက် မရှိ ရပ်တန့်ရန်ဖြစ်သည်ဟု ဆိုသည်။ ထရမ့်ကို ဝေဖန်သူများက အဆိုပါ လုပ်ရပ်ကို အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပြီး ယူကရိန်းကို သတင်းအချက်အလက် ထောက်ပံ့ခြင်း အပါအဝင် အနာဂတ်၌ ရုရှားကွန်ယက်များထဲသို့ အမေရိကန်၏ ထိုးဖောက်နိုင်စွမ်းအတွက် ကြီးမားသောထိုးနှက်ချက် ဖြစ်လာနိုင်သည်ဟု တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်ကို ကိုးကား၍ CNN က ဖော်ပြခဲ့သည်။

ရုရှားက အမေရိကန်သည် ဆိုက်ဘာတိုက်ခိုက်မှုများတွင် အထူးသတိထား စောင့်ကြည့်ရမည့် ယှဉ်ပြိုင်ဘက်အဖြစ် ရှုမြင်ထားသည်။ ဘားရက် အိုဘားမား သမ္မတသက်တမ်းအတွင်း အီရန်နျူကလီးယား စီမံကိန်း စက်ရုံများ၏ ဆိုက်ဘာလုံခြုံရေးကို ကျော်ဖြတ်ကာ ဝင်ရောက်ဖျက်ဆီးခဲ့သည့် လုပ်ဆောင်ချက်များကဲ့သို့သော ထင်ရှားသည့်လုပ်ဆောင်ချက်များဖြင့် ဆိုက်ဘာနယ်ပယ်တွင် အမေရိကန်၏စွမ်းဆောင်နိုင်မှုကို သတိပြုမိစေခဲ့သည်။

ဆိုက်ဘာတိုက်ခိုက်မှုများသည် ခြေရာခံရန် ခက်ခဲသော်လည်း အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများက တရုတ်နှင့် ရုရှားကဲ့သို့သော နိုင်ငံများနှင့် ဆက်စပ်နေသည့် ဟက်ကာအဖွဲ့များသည် ဆိုက်ဘာ တိုက်ခိုက်မှုများအတွက် အဓိကတာဝန်ရှိသည်ဟု မကြာခဏ စွပ်စွဲပြောဆိုလေ့ ရှိသည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ပဲခူးမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ငွေကျပ် ၂၅ ဒသမ ၅၈ ဘီလီယံတန်ဖိုးရှိ  အိုက်စ် (မက်သ်အဖက်တမင်း) ကီလို ၇၀၀ နှင့် ဘိန်းဖြူဘလောက်တုံး ၄၈၀ ၊  အလေးချိန် ၁၆၈ ကီလို ဖမ်းဆီးရမိ

နေပြည်တော် မတ် ၄
ပဲခူးမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ငွေကျပ် ၂၅ ဒသမ ၅၈ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ကီလို ၇၀၀ နှင့် ဘိန်းဖြူဘလောက်တုံး ၄၈၀ ၊ အလေးချိန် ၁၆၈ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ တာမွေမြို့မရဲစခန်းမှ မူးယစ်တရားခံပြေး ဇော်မြတ်ထွန်းသည် ရှမ်းပြည်နယ်မှ ရန်ကုန်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်သွားကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်နေစဉ် ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁ နာရီတွင် ပဲခူးမြို့နယ်၊ ဘောနတ်ကြီးကျေးရွာအနီး၊ ရန်ကုန်-မန္တလေး (အမြန်လမ်း)၊ မိုင်တိုင်အမှတ် (၃၉) တွင် သတင်းရရှိထားသည့် ALPHARD ယာဉ်နှင့်အတူ နေမျိုးထက်ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်-မန္တလေး (အမြန်လမ်း)၊ မိုင်တိုင်အမှတ် (၃၉/၄) အနီးရှိ ယာဉ်ရပ်နားဝင်းတွင် ရပ်တန့်ထားသည့် ALPHARD မော်တော်ယာဉ်ပေါ်မှ အိုက်စ် (မက်သ်အဖက်တမင်း) ကီလို ၄၄၀ သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်အရ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဝမ်ဟိုင်းမှ ရန်ကုန်မြို့သို့ အိုက်စ် (မက်သ် အဖက်တမင်း) ကီလို ၇၀၀ ကို ငွေကျပ်သိန်း ၁၀၅၀ ဖြင့် တာဝန်ခံသယ်ဆောင်ခဲ့သူ ဇော်မြတ်ထွန်း၊ ကျော်သူရစိုး၊ ကျော်သူဝင်းနှင့် စိုင်းအောင်သူရတင်တို့ကို မင်္ဂလာဒုံမြို့နယ်တွင် WISH မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့၏ဖော်ထုတ်ချက်အရ ရန်ကုန်မှ မြဝတီသို့ ပို့ဆောင်မည့် အိုက်စ်ကီလို ၂၆၀ နှင့် ဘိန်းဖြူဘလောက်တုံး ၁၆၈ ကီလိုအား လက်ခံထားရှိသူ အောင်ဇော်ဝင်းကို မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ကုန်စည်ကားဝင်းတွင် ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး မိတ္ထီလာမှ အမြန်လမ်း (၃၉) မိုင်သို့ မူးယစ်ဆေးဝါးသယ်ဆောင်ခဲ့သူ သူရိန်ထွန်း (ခ) သူရထွန်း ကို ကမာရွတ်မြို့နယ်ရှိ ဟိုတယ်တွင်လည်းကောင်း၊ မူးယစ်ဆေးဝါးများသယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် ထက်နိုင် (ခ) ကိုကိုဝင်းသူ ကို ရပ်စောက်မြို့တွင်လည်းကောင်း၊ ရဲမြင့်သိန်း ကို အောင်ပန်းမြို့တွင်လည်းကောင်း၊ အမြန်လမ်း (၃၉) မိုင်မှ ရန်ကုန်မြို့၊ အမှတ် (၇) လမ်းမကြီးသို့ မူးယစ်ဆေးဝါးများ သယ်ဆောင်ပေးသူ ကိုကိုဝင်း ကို ရေတာရှည်မြို့နယ်တွင် TOYOTA CROWN မော်တော်ယာဉ်တစ်စီးနှင့်လည်းကောင်း၊ ရန်ကုန်မှ မြဝတီသို့ မူးယစ်ဆေးဝါးများ ပို့ဆောင်သူ ရင်ပိုက်ဦး (ခ) ရန်ပိုင် (ခ) လွှမ်းပိုင် ကို ပုသိမ်မြို့၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။
မူးယစ်ဆေးဝါးများသယ်ဆောင်ခဲ့သည့် Grand Tiger Double Cab ယာဉ်အား မိတ္ထီလာမြို့နယ်၊ အိုင့်ကျေးရွာတွင်လည်းကောင်း၊ TOYOTA HILUX SURF မော်တော်ယာဉ်အား မရမ်းကုန်းမြို့နယ်တွင်လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂၅ ဒသမ ၅၈ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ကီလို ၇၀၀ နှင့် ဘိန်းဖြူဘလောက်တုံး ၄၀၀ ၊ အလေးချိန် ၁၆၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Source: https://www.myanmardigitalnewspaper.com/

ခွန်မောင်လံ(ခ)လုံးလံအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နမ့်စန်မြို့၊ အမှတ်(၅)ရပ်ကွက်၊ နမ့်စန်-မိုးနဲသွားကားလမ်းတွင် ခွန်မောင်လံ(ခ)လုံးလံ မောင်းနှင်လာသည့် NISSAN MARCH အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅,၀၀၀ ပြား (တစ်ပြား လျှင် ၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၂၅ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် ခွန်မောင်လံ(ခ)လုံးလံ(၆၆)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

ရုရှားအပေါ် လုပ်ဆောင်နေသည့် ဆိုက်ဘာတိုက်ခိုက်မှုများကို အဆုံးသတ်ရန် အမေရိကန်ကာကွယ်ရေးဝန်ကြီးက ညွှန်ကြား

ဝါရှင်တန်၊ ဆိုက်ဘာတိုက်ခိုက်မှု

ရုရှားနိုင်ငံအပေါ် လုပ်ဆောင်နေသည့် ဆိုက်ဘာတိုက်ခိုက်မှုများကို အဆုံးသတ်ပစ်ရန် အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်က အမေရိကန်ဆိုက်ဘာတပ်ဖွဲ့အား  အမိန့်ပေးညွှန်ကြားလိုက်ကြောင်း မီဒီယာတစ်ခုက ဖော်ပြသည်။

ဒစ်ဂျစ်တယ်စစ်ဆင်မှုများအပါအဝင် ရုရှားနိုင်ငံအပေါ်ဆင်နွှဲနေသည့် ဆိုက်ဘာတိုက်ခိုက်မှုအားလုံးကို  ရပ်တန့်ပစ်ရန် ပိဟက်ဆက်က ဆိုက်ဘာတပ်ဖွဲ့မှ အကြီး အကဲ  ဗိုလ်ချုပ်ကြီး  တင်မသီဟိုအား ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း The Record က  အမေရိကန်အရာရှိများ၏  ပြောဆိုချက်ကို ကိုးကား၍ ဖော်ပြခြင်းဖြစ်သည်။

ရုရှားနိုင်ငံအပေါ်လုပ်ဆောင်နေသည့် ဆိုက်ဘာတိုက်ခိုက်မှုများကို မည်သည့်အချိန်ကာလအထိ ရပ်ဆိုင်းထားမည်ကို အတိအကျဖော်ပြထားခြင်းမရှိကြောင်းသိရသည်။ သို့သော် အမေရိကန်အစိုးရ၏ ယခုလုပ်ဆောင်ချက်သည်   ရုရှားနှင့်အမေရိကန်နှစ်နိုင်ငံကြား ဆက်ဆံရေးပြန်လည်တိုးတက်လာစေရန်ရည်ရွယ်သည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း မီဒီယာတွင် ဆက်လက်ဖော်ပြထားသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်သည် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်၏  ရုရှားနိုင်ငံအပေါ်ထားရှိသည့် ရပ်တည်ချက်နှင့်ဆန့်ကျင်နေသည့် စစ်ဘက်မှအရာရှိကြီးများကို ရာထူးမှဖယ်ရှားရန် စီစဉ်လျက်ရှိသည်ဟု NBC သတင်းဌာနက ဖေဖော်ဝါရီလ  ၁၉  ရက်တွင် ဖော်ပြခဲ့ကြောင်းသိရသည်။   

ယူကရိန်း၏ စစ်အင်အားကို ဖျက်သိမ်းရန်တောင်းဆိုမှုကို Scholz လက်မခံ

ဂျာမနီဝန်ကြီးချုပ် Olaf Scholzက ဥရောပလုံခြုံရေးသည် ယူကရိန်း တောင့်တင်းခိုင်မာမှုကိုအခြေပြု၍ စည်းလုံးညီညွတ်မှုဖြင့် တည်ဆောက်ကြရမည်ဟု ပြောကြားခဲ့ပြီး ယူကရိန်း၏ စစ်အင်အားဖျက်သိမ်းရမည် ဟူသော ရုရှား၏အဆိုပြုမှုကို ပယ်ချခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer က မော်စကိုကို တုန့်ပြန်ရန် ကိယက်ဗ်ကို ထောက်ခံ အားဖြည့်ပေးလိုသော နိုင်ငံများ၏ မဟာမိတ်အဖွဲ့သစ်တစ်ခု ဖွဲ့စည်းရန် အစီအစဉ်များကို ကြေညာပြီးနောက် Scholzက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

စတာမာက မတ်လ ၂ ရက်(တနင်္ဂနွေနေ့)က လန်ဒန်တွင် အရေးပေါ် အစည်းအဝေးကို လက်ခံကျင်းပခဲ့ပြီး ကိယက်ဗ်၏ အထောက်အပံ့ပေးသူအချို့တွင် အရင်းအမြစ်များ ကန့်သတ်ချက်ရှိသော်လည်း ဆောင်ရွက်နိုင်သူများသည် အရေးပေါ်လုပ်ဆောင်သင့်ကြောင်း ဝန်ခံခဲ့သည်။ အစည်းအဝေးအပြီးတွင် သတင်းထောက်များအား ပြောကြားရာတွင် Scholz က ဘာလင်သည် တပ်ဖွဲ့ဝင်များ စေလွှတ်ရေးနှင့်ပတ်သက်၍ အတည်မပြုနိုင်သော်လည်း ယူကရိန်းအတွက် ဘဏ္ဍာရေးနှင့် စစ်ရေးအထောက်အပံ့ကို ဆက်လက်ပေးအပ်မည်ဟု အလေးထား ပြောကြား ခဲ့သည်။

Kiel Institute ၏ အဆိုအရ ဂျာမနီသည် ယူကရိန်းအတွက် စစ်ရေးနှင့် အခြားအကူအညီများ ယူရိုဒေါ်လာ ၁၈ ဘီလီယံခန့် ပံ့ပိုးပေးခဲ့ကာ အမေရိကန်ပြီးလျှင် ဒုတိယထောက်ပံ့မှုအများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အပစ်အခတ်ရပ်စဲရေး အမေရိကန်အဆိုပြုချက်ကို ဟားမက်က လက်မခံမချင်း ဂါဇာကမ်းမြောင်အတွက် အကူအညီများကို အစ္စရေး ပိတ်ဆို့မည်

ဓားစာခံများ ထပ်မံလွတ်မြောက်လာစေရေး အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန် အမေရိကန်ပြည်ထောင်စု၏ အဆိုပြုချက်အသစ်ကို ဟားမက်က လက်မခံမချင်း ဂါဇာကမ်းမြောင်အတွက် ထောက်ပံ့ရေး ပစ္စည်းများကို ပိတ်ဆို့ထားမည်ဟု အစ္စရေးက ဆိုသည်။ ဂါဇာကမ်းမြောင် သို့ ကုန်ပစ္စည်းနှင့် ထောက်ပံ့ရေးပစ္စည်းအားလုံး ဝင်ရောက်မှု ရပ်ဆိုင်း ထားမည်ဟု အစ္စရေးဝန်ကြီးချုပ်ရုံးက မတ်လ ၂ ရက်(တနင်္ဂနွေနေ့)တွင် ထုတ်ပြန်ခဲ့ပါသည်။

ကနဦး သီတင်း ၆ ပတ်ကြာ အပစ်အခတ်ရပ်စဲရေး ပထမအဆင့်သည် မတ်လ ၁ ရက် (စနေနေ့)၌ ပြီးဆုံးခဲ့သည်။အမေရိကန်၏ အဆိုပြုချက် အသစ်တွင် ဟားမက်တို့က ထိန်းသိမ်းထားသော ဓားစာခံများထဲမှ တစ်ဝက်ကို ချက်ချင်းပြန်လွှတ်ပေးရန်နှင့် အပစ်အခတ်ရပ်စဲရေးကို ဧပြီ  လလယ်အထိ သက်တမ်းတိုးရန် တောင်းဆိုထားပါသည်။ အမြဲတမ်း အပစ်အခတ်ရပ်စဲရေးသဘောတူချိန်၌ ကျန်ဓားစာခံများကို လွှတ်ပေးရမည်ဟုလည်း ဆိုထားပြီး ၎င်းအဆိုပြုချက်ကို ဟားမက်က ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့ပါသည်။ ဒုတိယအဆင့်အတွက် စေ့စပ်ညှိနှိုင်းရေး ကိစ္စများတွင် တောင်းဆိုထားသည့် မူလသဘောတူညီချက်ကို အကောင် အထည်ဖော်ရမည်ဟု ၎င်းတို့ကဆိုသည်။ ဒုတိယအဆင့်တွင် ယင်း ကမ်းမြောင်မှ အစ္စရေးတပ်များ အပြီးတိုင်ဆုတ်ခွာခြင်း၏ အပြန်အလှန်အနေဖြင့် ဟားမက်က လက်ကျန်ဓားစာခံအားလုံးကို လွှတ်ပေးမည် ဖြစ်ပါသည်။ အကူအညီများ၏ အမှန်တကယ်စီးဆင်းမှု အသေးစိတ်ကို မသိရသေးသော်လည်း မတ်လ ၂ ရက်(တနင်္ဂနွေနေ့)တွင် ဂါဇာ ကမ်းမြောင်သို့ ဝင်ရောက်ရန် နယ်စပ်ဖြတ်ကျော်ဂိတ်တစ်ခု၌ အကူအညီပေးရေး ထရပ်ကားယာဉ်တန်းရှည်ကို တွေ့နေရသည်။ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ Tom Fletcher က “ဂါဇာ ကမ်းမြောင်ဒေသအတွက် အကူအညီများကို ရပ်ဆိုင်းရန် အစ္စရေး၏ ဆုံးဖြတ်ချက်သည် စိုးရိမ်စရာကောင်းသည်” ဟုပြောခဲ့ကြောင်း သိရှိရပါသည်။ ဂါဇာကမ်းမြောင် မြောက်ပိုင်း၌ ဖောက်ခွဲရေးလုပ်ဆောင်ရန် ကြိုးစားနေသူအများအပြားကို တိုက်ခိုက်ခဲ့သည်ဟုလည်း အစ္စရေး တပ်ဖွဲ့များက ပြောကြားခဲ့ပါသည်။

ကိုးကား-NHK World

ကျွန်းလှမြို့နယ် ဆားကျင်းကျေးရွာတွင် သက်တော် ၈၅ နှစ်အရွယ်ရှိ ကျောင်းထိုင် ဆရာတော်တစ်ပါး ဒလန်စွပ်စွဲချက်ဖြင့် ပစ်ခတ်ခံရပြီး ပျံလွန်တော်မူ

ကျွန်းလှမြို့နယ် ဆားကျင်းကျေးရွာတွင် သက်တော် ၈၅ နှစ်အရွယ်ရှိ ကျောင်းထိုင် ဆရာတော် တစ်ပါး ဒလန်စွပ်စွဲချက်ဖြင့် ပစ်ခတ်ခံရပြီး ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ဆားကျင်းကျေးရွာတွင် ဖေဖော်ဝါရီ ၂၇ ရက်၊နံနက် ၈ နာရီခန့်က ဆားကျင်းကျေးရွာရှိ အောင်ချမ်းသာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ နန္ဒိယ သက်တော် ၈၅ နှစ် (ဝါတော် ၄၅) သည် ကျောင်း အတွင်း တစ်ပါးတည်းရှိနေစဉ် PDF များ ရောက်ရှိ လာပြီး ဒလန်စွပ်စွဲချက်ဖြင့် လက်နက်ငယ်ဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ ဆရာတော်သည် ဦးခေါင်း ကျည်ဖောက်ဝင် ဒဏ်ရာဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။ 

ထို့အပြင် အဆိုပါကျောင်းတိုက်အနီးရှိ ကုန်စုံဆိုင်တစ်ဆိုင်လည်း မီးရှို့ဖျက်ဆီးခဲ့ကာ PDF များသည် ကျေးရွာ၏ အနောက်ဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင်တစ်ဝိုက်အား လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 

ယင်းဖြစ်စဉ်အား သိရှိသည့် ဒေသခံတစ်ဦးက “PDF တွေက သူတို့ကို မထောက်ပံ့လို့ နမူနာပြ လုပ်သွားခြင်းဖြစ်ကြောင်း၊ သူတို့ အခုလိုလုပ်လိုက်လို့ ရွာသူ ရွာသားများလည်း ရှောင်ပုန်း နေရကြောင်း၊ ဆရာတော်က PDF တွေ ကန့်ဘလူ၊ ကျွန်းလှနဲ့ ရွှေဘို၊ ခင်ဦးမြို့နယ်များမှာ လမ်းပိတ်ထားမှုကြောင့် လူမှုရေး၊ စီးပွားရေး၊ သာရေး၊ နာရေးကိစ္စများ အခက်အခဲဖြစ်တဲ့ ကိစ္စ တွေကို တရားပွဲတွေမှာ မိန့်ကြားခဲ့သည့်အတွက် ဒလန်စွပ်စွဲချက်နဲ့ သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း” ပြောကြားသည်။

အလားတူ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာတွင် မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာမှ ဘုန်းတော်ကြီး Father Donald Martin ရဲနိုင်ဝင်းအား Local PDF အဖွဲ့ဝင် ၁၀ ဦးက ဓါးဖြင့်ခုတ်သတ်မှုဖြစ်ပွားသည်။ 

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် NUG အဖွဲ့က ထုတ်ပြန်ရာတွင် Father Donald Martin ရဲနိုင်ဝင်း အသတ်ခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး NUG အနေဖြင့် များစွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပြီး အဆိုပါသတ်ဖြတ်မှုကို ကျူးလွန်သူများအား တရားဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေးကို အပူတပြင်းလုပ်ကိုင်လျက်ရှိကြောင်း၊ ပြစ်မှူကျူးလွန်သူများကို ဖမ်းဆီးထားပြီး ဒေသကာကွယ်ရေး အဖွဲ့တစ်ဖွဲ့၏ အဖွဲ့ဝင်များဖြစ်ကြောင်းသိရှိရသဖြင့် စစ်ခုံရုံးတင်စစ်ဆေးကာ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကာ လက်ရှိတွင် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်းပြီး စစ်ဆေးမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။ 

ထို့ပြင် NUG အနေဖြင့် ဘာသာရေးခေါင်းဆောင်များအပါအဝင် အရပ်သားပြည်သူများကို ပစ်မှတ် ထားတိုက်ခိုက်သည့် လုပ်ရပ်များကို မည်သည့်အဖွဲ့အစည်းက ကျူးလွန်သည်ဖြစ်စေ ပြင်းထန်စွာ ရှုတ်ချပြီး ကျူးလွန်သူများကိုလည်း ကျောသားရင်သားမခွဲခြားဘဲ တရားဥပဒေနှင့်အညီ စစ်ဆေး ဖော်ထုတ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းတို့၏ကြေညာချက်တွင် ဖော်ပြထားသည်။ 

လက်ရှိတွင် ဆားကျင်းဆရာတော် သတ်ဖြတ်ခံရမှုအပေါ် NUG အပါအဝင် မည်သည့်အဖွဲ့မျှ တစ်စုံတစ်ရာ ထုတ်ပြန်မှုမပြုသေးသည်ကို တွေ့ရသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လအထိစာရင်းများအရ ပဋိပက္ခဖြစ်စဉ်အတွင်း သံဃာအပါး ၁၀၀ ကျော် ပျံလွန်တော်မူကာနှင့် သင်းအုပ်ဆရာတစ်ဦး သေဆုံးခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများနှင့် တိုက်ပွဲများကြောင့် ပျံလွန်တော်မူခဲ့သည့် ရဟန်းသံဃာဦးရေသည် ရာခိုင်နှုန်းအားဖြင့် အနည်းငယ် မျှသာရှိပြီး ရာခိုင်နှုန်း ၉၀ ကျော်မှာမူ အမျိုးမျိုးသောစွပ်စွဲချက်များဖြင့် PDF များ၏ သတ်ဖြတ်မှု များကြောင့် ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။ 

PDF အဖွဲ့များ၏ သတ်ဖြတ်တိုက်ခိုက်မှုကြောင့် ဗုဒ္ဓဘာသာ ရဟန်းသံဃာ အပါး ၁၀၀ ကျော်နှင့် သီလရှင်နှစ်ပါးပျံလွန်တော်မူထားသည်။ 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပဋိပက္ခများအတွင်း နှစ်ဖက်စာရင်းများအရ ပျံလွန် တော်မူခဲ့သည့် သာသနာ့ တာဝန်ထမ်းဆောင်နေကြသော သံဃာတော်အပါး ၁၀၀ ကျော် အပါအဝင် အရပ်သားသေဆုံးမှုသည် တစ်သောင်းကျော်ထိရှိပြီဖြစ်ကြောင်းသိရသည်။

Source: Eleven Media Group