မြောက်ကိုရီးယားအစိုးရက ၎င်း၏တန်ပြန်တိုက်ခိုက်ရေးစွမ်းရည်ကို ပြသရန်အတွက် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်မှုကို လုပ်ဆောင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာ မတ်လ ၂ ရက် တွင် အမေရိကန်လေယာဉ်တင်သင်္ဘောတစ်စီး တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သိရပါသည်။

USS Carl Vinson လေယာဉ်တင်သင်္ဘော တောင်ကိုရီးယားနိုင်ငံ ဘူဆန် ဆိပ်ကမ်းသို့ ရောက်ရှိလာခြင်းသည် ဆက်တိုက်ဖြစ်ပေါ်နေသည့် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကိုရင်ဆိုင်ရာ၌ ခိုင်မာသည့် အမေရိကန်-တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကို ပြသရန်နှင့် မိတ်ဖက်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယားရေတပ်က ထုတ်ပြန်ပြောဆိုခဲ့ပါသည်။
USS Carl Vinson လေယာဉ်တင်သင်္ဘောသည် လွန်ခဲ့သောနှစ် ဇွန်လ နောက်ပိုင်း တောင်ကိုရီးယားသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသည့် အမေရိကန်လေယာဉ်တင် သင်္ဘောဖြစ်သည်ဟု တောင်ကိုရီးယား ရေတပ်က ပြောကြားခဲ့ပါသည်။ USS Carl Vinson လေယာဉ်တင်သင်္ဘောကို ဖြန့်ကျက်ချထားခြင်းသည် အင်အားကြီးအမေရိကန်သည် လုံခြုံရေးခြိမ်းခြောက်မှုများ လုပ်ဆောင်နေသည့် နိုင်ငံတစ်ခုအဖြစ် ရှုမြင်ထားသည့် မြောက်ကိုရီးယားကို ဒေါသထွက်စေလိမ့်မည်ဟု သုံးသပ်မှုများလည်းရှိနေပါသည်။
လွန်ခဲ့သည့်ဇန်နဝါရီလ၌ သမ္မတအဖြစ် စတင်တာဝန်ယူခဲ့သော အမေရိကန် သမ္မတဒေါ်နယ်ထရမ့်သည် သံတမန်ဆက်ဆံရေးများ ပြန်လည် ရှင်သန်လာစေရန်အတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် နှင့်တွေ့ဆုံမှုများ လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ပြောကြားခဲ့ဖူးသည်။
ကိုးကား-NP News

ယူကရိန်းတပ်ဖွဲ့များသည် ဗြိတိန်၊ ကနေဒါ၊ ဂျာမနီနှင့် အီတလီတို့ထံမှ လူသေစေသည့် စစ်လက်နက် အမြားအပြား လက်ခံရရှိထားကြောင်း ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ Alexander Bastrykin က TASS နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
“ဗြိတိန်၊ ကနေဒါ၊ အီတလီ၊ ဂျာမနီ၊ ရိုမေးနီးယား၊ အက်စတိုးနီးယားနှင့် အခြားနိုင်ငံ အတော်များများက ယူကရိန်းတပ်ဖွဲ့ကို လူသေစေသည့် လက်နက်များ ထောက်ပံ့ပေးနေတာကို ကာကွယ်ရေးဝန်ကြီးဌာနနှင့်အတူ ကျွန်တော်တို့ အခု မှတ်တမ်းတင်နေပါတယ်” ဟု သူက ဆိုပါသည်။

Bastrykin ၏ ပြောကြားချက်အရ Storm Shadow ခရုဇ်ဒုံးပျံများ၊ အမြောက်ကျည်များ၊ တင့်ကားများ၊ လက်နက်ကြီးကျည်များ၊ လေကြောင်း တိုက်ခိုက်ရေးဗုံးများနှင့် ကျည်ဆံများကို ဥရောပမှ ထောက်ပံ့ပေးလျက်ရှိသည်။ ထို့အပြင် ယူကရိန်းတပ်မတော်သည် တိုက်ခိုက်ရေးများတွင် သာမက အရပ်ဘက်အခြေခံအဆောက်အအုံများကို တိုက်ခိုက်ရာတွင်လည်း တွင်ကျယ်စွာအသုံးပြုသည့် ဒရုန်းများကို လက်ခံရရှိထားသည် သိရပါသည်။
ကိုးကား-TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

စေ့စပ်ညှိနှိုင်းမှုဖြင့်လည်းကောင်း၊ အခြားနည်းလမ်းများဖြင့်လည်းကောင်း စစ်ပွဲ၏ရည်မှန်းချက်များကို အပြီးသတ်ရန် ကတိပြုလုပ်ဆောင်နေသော်လည်း အစ္စရေးအနေဖြင့် ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ပွဲများကို အချိန်မရွေး ပြန်လည်ဖော်ဆောင်ရန် ပြင်ဆင်ထားရှိကြောင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က မတ်လ ၂ ရက် (တနင်္ဂနွေနေ့)တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အစ္စရေးအနေဖြင့် ပြင်းထန်သည့်တိုက်ပွဲများအား အချိန်မရွေးဖော်ဆောင်သွားရန် ပြင်ဆင်ထားရှိကြောင်းနှင့် စစ်ဆင်ရေးစီမံချက်ကို ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း စစ်ရေးအခမ်းအနားတစ်ခုတွင် တိုက်ပွဲဝင်အရာရှိများအား နေတန်ယာဟုက ပြောကြားခဲ့ပါသည်။ အဆိုပါ ပြောဆိုချက်သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ပါလက်စတိုင်း အကျဉ်းသားများအား ပြန်လည်လွှတ်ပေးရေးကို အစ္စရေးက ရပ်ဆိုင်းလိုက်ပြီးနောက် တစ်ရက် အကြာတွင် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဂါဇာကမ်းမြောင်တွင် ဟားမက်တပ်ဖွဲ့အများစုကို အစ္စရေးက တိုက်ထုတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ စေ့စပ်ညှိနှိုင်းရေးနည်းဖြင့်ဖြစ်စေ၊ အခြားသောနည်းလမ်းများဖြင့်ဖြစ်စေ စစ်ရေးဆိုင်ရာ ရည်မှန်းချက်များကို ပြီးပြတ်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။
ဂါဇာကမ်းမြောင်ဒေသတွင် ထိလွယ်ရှလွယ်သည့် ယာယီအပစ်အခတ်ရပ်စဲရေးကို ဇန်နဝါရီ ၁၉ ရက်က စတင်နိုင်ခဲ့ပြီး ပါလက်စတိုင်းနယ်မြေအတွင်း ပြင်းထန်သည့် တိုက်ပွဲများကို ၁၅ လကျော်ကြာ ရပ်တန့်အောင် လုပ်ဆောင် နိုင်ခဲ့သည်။
ယာယီအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပထမပိုင်းသည် မတ်လအစောပိုင်းတွင် ကုန်ဆုံးမည်ဖြစ်သော်လည်း မူလစီစဉ်ထားသည့်အတိုင်း ရှေ့ဆက်လုပ်ဆောင်ရန် မဖြစ်နိုင်သေးကြောင်း၊ ဆိုလိုသည်မှာ နှစ်ဖက်တွေ့ဆုံညှိနှိုင်းမှု များသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်တွင် ဟားမက်တို့က အစ္စရေးအား တိုက်ခိုက်မှုမှစတင်ခဲ့သည့်စစ်ရေးပဋိပက္ခကို ထာဝရ အဆုံးသတ်နိုင်မည့် အခြေအနေသို့ တွန်းပို့နိုင်ခြင်းမရှိသေးကြောင်း Asian News International သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား- Asian News International
Photo: A News
ဘာသာပြန်ဆိုသူ- ဦးထက်ထက်အောင်၊နစက-၄

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက် သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၇ နာရီ ၂၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ထောက်ကြံ့ကွင်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးမြင့်သန်း(၄၆)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်မြစန်းရီ(၄၀)နှစ်နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား သုံးဦး(စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ နေအိမ်ရှေ့တွင်ရပ်ထားသည့် ဆိုင်ကယ် တစ်စီးအား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် ဦးမြင့်သန်းနှင့် ဒေါ်မြစန်းရီတို့ နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-မလှိုင် သွားကားလမ်းဘေး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မိတ္ထီလာမြို့နယ်၊ ရေချိုကျေးရွာနေ မိတ္ထီလာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဌာနခွဲစာရေးဖြစ်သူ ဦးမြင့်အေး(၆၁)နှစ်သည် ၎င်း၏နေအိမ်မှ မိတ္ထီလာမြို့သို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် မိတ္ထီလာ-မလှိုင်သွားကားလမ်း မိုင်တိုင်အမှတ် ၉ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံကြားအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ည ၇ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးထွန်းမြင့်(၇၃)နှစ်နှင့် ၎င်း၏သားဖြစ်သူ ပုလောမြို့နယ်စာတိုက်မှ ဆက်သွယ်ရေး(၄)ဝန်ထမ်း ဦးဝင်းမင်းထွန်း(၄၃)နှစ်တို့သည် နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား တစ်ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Source: www.moha.gov.mm

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၇ နာရီ ၅၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျောက်မဲတောင်ကျေးရွာအနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးနိုင်သာ(၄၃)နှစ်သည် ၎င်း၏နေအိမ်မှ ကျေးရွာအပြင်ဘက်ရှိ ဥယျာဉ်ခြံသို့ ခြေလျင်သွားရောက်စဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ကထောင်ထားသည့် လက်လုပ်နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ထားဝယ်မြို့၊ အမှတ်(၁၂)တပ်မတော်ဆေးရုံ(ခုတင်-၁၀၀)သို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ထားဝယ်မြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး တစ်ဦး ရောက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ထားဝယ်မြို့နယ်၊ ကျောက်မဲတောင်ကျေးရွာနေ ဒေါ်ခင်မာဌေး(၅၀)နှစ်သည် ၎င်း၏နေအိမ်မှ ကျေးရွာအပြင်ဘက်ရှိ ရော်ဘာခြံသို့ သွားရောက်စဉ် ရော်ဘာခြံအနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်း လာရောက်ထုတ်ယူသူ မခင်ဆွေမြင့်အား စစ်ဆေးရှာဖွေရာ ၎င်းလာရောက်ထုတ်ယူသည့် စက္ကူဂျပ်ဖာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြား (တစ်ပြားလျှင် ၁,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၂၀၀ သိန်း) သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ပို့ဆောင်ပေးသူ မသူဇာထွေ
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်း လာရောက်ထုတ်ယူသူ မခင်ဆွေမြင့်အား စစ်ဆေးရှာဖွေရာ ၎င်းလာရောက်ထုတ်ယူသည့် စက္ကူဂျပ်ဖာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြား (တစ်ပြားလျှင် ၁,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၂၀၀ သိန်း) သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ပို့ဆောင်ပေးသူ မသူဇာထွေး(ခ)သူဇာအား ကလောမြို့နယ်၊ ဟဲဟိုးကျေးရွာအုပ်စု၊ ဝါးရုံပင်ကျေးရွာတွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၈၀၀ ပြား(တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၁၅၄ သိန်း)နှင့်လည်းကောင်း၊ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၆ နာရီတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ သန်းဇော်ဦးအား သန်လျင်မြို့၊ မြို့ဟောင်း(အနောက်) ရပ်ကွက်တွင်လည်းကောင်း၊ ဖေဖော်ဝါရီ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချပေးသူ စိုင်းပညာ(ခ)စိုင်းညာ(ခ)အိုက်ညာနှင့် စိုင်းမြင့်သိန်း(ခ)အိုက်အောင်တို့အား တောင်ကြီးမြို့၊ စပ်စံထွန်းရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ ပြား(တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၂၅၀ သိန်း)၊ PROBOX မော်တော်ယာဉ် တစ်စီးနှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် မခင်ဆွေမြင့်(၄၅)နှစ်၊ မသူဇာထွေး(ခ)သူဇာ(၄၂)နှစ်၊ သန်းဇော်ဦး(၄၉)နှစ်၊ စိုင်းပညာ(ခ)စိုင်းညာ(ခ)အိုက်ညာ(၃၁)နှစ်နှင့် စိုင်းမြင့်သိန်း(ခ)အိုက်အောင်(၂၅)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

ပြင်သစ်သမ္မတ Emmanuel Macron က ရုရှား၏နျူကလီးယားခြိမ်းခြောက်မှုကို တုံ့ပြန်ရန်အတွက် ဥရောပတွင် နျူကလီးယားဟန့်တားရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများ စတင်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
ဂျာမနီ၏ဝန်ကြီးချုပ်အသစ် Friedrich Merz က နျူကလီးယားဟန့်တားရေးအစီအစဉ်ကို စတင်ပြောကြားခဲ့ ပြီးနောက် နျူကလီးယားလက်နက်အရေး ဆွေးနွေးရန် စဉ်းစားလျက်ရှိကြောင်း Macron က နိုင်ငံပိုင်သတင်းစာ Le Monde နှင့်ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။

Macron က ဥရောပကို ကာကွယ်နိုင်ရန်အတွက် ၎င်း၏ နျူကလီးယားလက်နက်ကို အသုံးပြုရန် စီစဉ်လျက်ရှိကြောင်း ယခုသီတင်းပတ်အစောပိုင်းက ထုတ်ပြန်ကြေညာပြီးနောက် ယခုကဲ့သို့ ၎င်း၏ ပြောကြားချက် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
မိမိတို့ဥရောပမိတ်ဖက်နိုင်ငံများအနေဖြင့် လွတ်လပ်စွာရပ်တည်နိုင်စွမ်းနှင့် နျူကလီးယားခြိမ်းခြောက်မှုကို ဟန့်တားနိုင်စွမ်းတို့ အားကောင်းလာစေလိုသည့်ဆန္ဒရှိပါက မဟာဗျူဟာကျကျ အသေးစိတ် ဆွေးနွေးမှုကို လုပ်ဆောင်ရလိမ့်မည်ဖြစ်ကြောင်း၊ ထိုသို့ဆွေးနွေးရာတွင် ထိလွယ်ရှလွယ်ပြီး သိုသိုသိပ်သိပ် လုပ်ဆောင်ရမည့်ကိစ္စရပ် များပါဝင်မည် ဖြစ်သော်လည်း မိမိအနေဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးရန် အသင့်ရှိကြောင်း Macron က ပြောကြား ခဲ့ပါသည်။
ကိုးကား- Tagtik.co.uk
ဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်၊နစက-၄

နည်းပညာဆိုင်ရာ လုံခြုံရေးအခြေအနေကြောင့် အမေရိကန်ပြည်ထောင်စုသို့ ခရီးသွားခြင်းမှရှောင်ရှားကြရန် နိုင်ငံအတွင်းရှိ AI နည်းပညာဆိုင်ရာ စွန့်ဦးတီထွင်သူများ၊ သုတေသီများအား တရုတ်အာဏာပိုင်အဖွဲ့က တိုက်တွန်းထားကြောင်း သိရသည်။

တရုတ်နိုင်ငံမှ AI နည်းပညာဆိုင်ရာ စွန့်ဦးတီထွင်သူများ၊ သုတေသီများအနေဖြင့် ပြည်ပနိုင်ငံများသို့ ခရီးသွားရောက်ပါက နိုင်ငံ၏နည်းပညာ တိုးတက်မှုဆိုင်ရာ သတင်းအချက်အလက်များ ပေါက်ကြားမည်ကို တရုတ်အစိုးရက စိုးရိမ်နေခြင်းဖြစ်ကြောင်း the Wall Street Journal က ဖေဖော်ဝါရီလ ၂၈ ရက်တွင်ဖော်ပြသည်။
ထို့ပြင် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်သည့် AI နည်းပညာကဏ္ဍမှ ဦးဆောင်သူများအနေဖြင့် ဖမ်းဆီးထိန်းသိမ်းခံရပြီး အမေရိကန်နှင့် တရုတ်တို့၏ စေ့စပ်ဆွေးနွေးမှုတွင် အမေရိကန်၏ အသုံးချခံရမည်ကို တရုတ်နိုင်ငံက စိုးရိမ်မကင်းဖြစ်လျက်ရှိသည်ဟု ဂျာနယ်တွင် ဆက်လက် ဖော်ပြထားသည်။
အမေရိကန်နှင့်တရုတ်နိုင်ငံတို့သည် ကမ္ဘာ့ AI နည်းပညာပြိုင်ဆိုင်မှုတွင် ထိပ်ဆုံးမှပါဝင်လျက်ရှိပြီး မကြာသေးမီက မိတ်ဆက်ဖော်ပြခဲ့သည့် တရုတ်နိုင်ငံမှ Deep-Seek AI မော်ဒယ်သည် အမေရိကန်၏ OpenAI နှင့် alphabet တို့ထက် တန်ဖိုးနည်းပါးသော်လည်း နည်းပညာသာလွန်မှုရှိသည် ဟူသော ပြောဆိုချက်များ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်းမှစ၍ နှစ်နိုင်ငံကြား ပြိုင်ဆိုင်မှုပြင်းထန်လာခြင်းဖြစ်သည်။
တရုတ်အစိုးရအနေဖြင့် နိုင်ငံ၏ဆိုက်ဘာလုံခြုံရေး၊ AI နည်းပညာလုံခြုံရေးအပါအဝင် အလုံးစုံသောလုံခြုံရေးကို ပိုမိုတိုးတက်ကောင်းမွန်စေရေးလုပ်ဆောင်ကြရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်ကွန်မြူနစ်ပါတီမှ ခေါင်းဆောင်များအား ဖေဖော်ဝါရီလ ၂၈ ရက်တွင် တိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာတစ်ခုက မတ်လ ၁ ရက်တွင် ဖော်ပြသည်။
Source: https://myawady.net.mm/

တူကီယဲနိုင်ငံရှိ ကာ့အလုပ်သမားပါတီ (PKK)၏လက်နက်ကိုင်အဖွဲ့သည် တူကီယဲ တပ်မတော်နှင့် အပစ်အခတ် ရပ်စဲလိုက်ကြောင်း ဒေသတွင်းမီဒီယာတစ်ခုက မတ်လ ၁ ရက်တွင် ဖော်ပြသည်။
PKK ၏ လက်နက်ကိုင်အဖွဲ့အနေဖြင့် တူကီယဲအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံထားရသည့် ၎င်းတို့၏ခေါင်းဆောင်တစ်ဦးဖြစ်သူ အဗ္ဗဒူလာ အိုကာလန်၏ တောင်းဆိုချက်အရ အပစ်အခတ်ရပ်စဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတပ်ဖွဲ့အနေဖြင့် တိုက်ခိုက်ခံရခြင်းမှအပ အခြားစစ်ရေးလှုပ်ရှားမှုများကို လုပ်ဆောင်မည်မဟုတ်ကြောင်း အဆိုပါအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီက ကြေညာထားသည်။

အိုကာလန်သည် PKK အဖွဲ့အား လက်နက်ဖြုတ်သိမ်းပြီး အဖွဲ့အား ဖျက်သိမ်းပစ်ရန် ဖေဖော်ဝါရီလ ၂၈ရက်တွင် တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ၎င်း၏တောင်းဆိုချက်သည် တူကီယဲအစိုးရက နိုင်ငံအတွင်း နှစ်ပေါင်း ၄၀ ကြာ ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများကို အဆုံးသတ်နိုင်ရေး လုပ်ဆောင်နေသည့် ကနဦးဆောင်ရွက်ချက်၏ တစ်စိတ်တစ်ဒေသအဖြစ် ထွက်ပေါ်လာခြင်းဖြစ်သည်။
တူကီယဲတွင် တပ်မတော်နှင့် PKK အဖွဲ့တို့ကြားဖြစ်ပွားသည့် တိုက်ခိုက်မှုများကြောင့် လူပေါင်း ၄၀,၀၀၀ ကျော်သေဆုံးပြီးဖြစ်သည်။
PKK အဖွဲ့၏ခေါင်းဆောင်ဖြစ်သူ အိုကာလန်အား တူကီယဲအာဏာပိုင်များက ၁၉၉၉ ခုနှစ်မှစ၍ ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။

အစ္စရေးနိုင်ငံသည် မတ်လ ၁ ရက်(စနေနေ့)တွင် ကုန်ဆုံးသွားသည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်၏ ပထမအဆင့်ကို ဆက်လက် တိုးမြှင့်ရန် ဟားမက်လက်နက်ကိုင်အဖွဲ့က ငြင်းဆန်ခဲ့သည်ဟု ဆိုကာ ဂါဇာကမ်းမြှောင်သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အားလုံးကို ရပ်တန့်လိုက်ပြီဖြစ်သည်။

ပထမအဆင့် သဘောတူညီချက်များ ပြီးဆုံးခဲ့ပြီး ဟားမက်အဖွဲ့က အမေရိကန် အထူးကိုယ်စားလှယ် Steve Witkoff ၏ အဆိုပြုချက် ဖြစ်သည့် Witkoff သဘောတူညီချက်အရ ပွဲတော်ကာလအတွင်း ဧပြီလ အထိအပစ်အခတ်ရပ်စဲရေး ကိုငြင်းဆန်ခဲ့သည်ဟုဆိုကာ နေတန်ယာဟု က “ဂါဇာကမ်းမြှောင်သို့ ကုန်ပစ္စည်းနှင့် ထောက်ပံ့ရေးပစ္စည်းအားလုံး ဝင်ရောက်မှုကို ရပ်တန့်လိုက်ပြီဖြစ်သည်” ဟု ကြေညာခဲ့ခြင်းဖြစ်သည်။
ဟားမက်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Hazem Qassem က မတ်လ ၁ ရက်(စနေနေ့)က ကာတာအခြေစိုက် Al Araby TV သို့ ပြောကြားရာတွင် သဘောတူညီချက်၏ ဒုတိယအဆင့်နှင့်ပတ်သက်၍ မည်သည့်ဆွေးနွေး ပွဲမျှ လုပ်ဆောင်နေခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
အစ္စရေး-ဟားမက် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပထမအဆင့်တွင် အပစ်အခတ်ရပ်စဲခြင်းနှင့် အကျဉ်းသားများ လဲလှယ်ခြင်းတို့ ပါဝင်ပြီး ဒုတိယအဆင့်တွင် ရေရှည်အပစ်အခတ်ရပ်စဲရေးကို အာမခံခြင်း၊ ကျန်ရှိ နေသည့် အကျဉ်းသားအားလုံးကို လွှတ်ပေးခြင်းနှင့် အစ္စရေးတပ်များ ဂါဇာမှ လုံးဝဆုတ်ခွာခြင်းတို့ ပါဝင်သည်။ တတိယအဆင့်တွင် အီဂျစ်၊ ကာတာနှင့် ကုလသမဂ္ဂ၏ ကြီးကြပ်မှုအောက်တွင် ဂါဇာပြန်လည်တည်ဆောက်ရေးကို လုပ်ဆောင်သွားမည်ဟူသော အချက်များ ပါဝင်သည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂