အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု တက်ရောက်မည့် လွှတ်တော် အစည်းအဝေးပွဲတစ်ခုသို့ အောက်တိုဘာ ၇ ဖြစ်ရပ်ဆိုးတွင် ဟားမက်များ၏ဖမ်းဆီးခြင်းကို ခံလိုက်ရသည့် ဓားစာခံများ၏ မိသားစုဝင်များ တက်ရောက်လာခြင်းကို လွှတ်တော်လုံခြုံရေးအဖွဲ့က တားဆီးခဲ့ခြင်းကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ကာ လူ ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု အနောက်ဂျေရုစလင်ပို့စ်သတင်းဌာန၏ ဖော်ပြချက်အရ သိရပါသည်။

လွှတ်တော်တွင်း အောက်တိုဘာ ၇ ဖြစ်ရပ်ဆိုး စုံစမ်းရေးကော်မရှင်ဖွဲ့ရန် ပြုလုပ်သည့် အစည်းအဝေးသို့ ဓားစားခံမိသားစုများ တက်ရောက်ခွင့် ရရန်အတွက် အောက်တိုဘာကောင်စီ အန်ဂျီအိုအဖွဲ့က လွှတ်တော် ဥက္ကဋ္ဌ အေမာအိုဟာနာထံသို့ ခွင့်ပြုချက်တောင်းခံခဲ့ပြီး မတ်လ ၃ ရက် (တနင်္လာ)နေ့တွင် ပြုလုပ်ခဲ့သော အစည်းအဝေးသို့ ဓားစာခံများ၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။ သို့သော် လွှတ်တော် လုံခြုံရေး အဖွဲ့ (Knesset) က မိသားစုဝင်များအား ခန်းမသို့ တက်ရောက်မည့် လှေကားအဝ၌ ပိတ်ဆို့တားဆီးခဲ့ခြင်းကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွား ခဲ့ကာ မိသားစုဝင်များထဲမှ ၂ ယောက် ထိုးကြိတ်ခံလိုက်ရသည်။
ထိုဖြစ်ရပ်အတွက် မိသားစုဝင်များက ဆန္ဒပြခဲ့ကြရာတွင် ဂျူးလူမျိုးတို့၏ ဝမ်းနည်းခြင်းဆုတောင်းချက်ဖြစ်သော ကဒ်ဒစ်ရှ်ဘာသာကို ရွတ်ဆိုကာ ကွယ်လွန်သူ ချစ်ရသူ၏ပုံများနှင့် စာတန်းများကို ကိုင်ဆောင်ထားကြ သည်ဟု သတင်း၌ ဖော်ပြထားသည်။
နောက်ပိုင်းတွင် မိသားစုများအား တင်းကြပ်သော ကြီးကြပ်မှုဖြင့် ခန်းမ အတွင်းသို့ ဝင်ရောက်ခွင့်ပေးခဲ့ပြီး နေတန်ယာဟု မိန့်ခွန်းပြောနေစဉ်တွင် ၎င်းတို့က ပျောက်ဆုံးသွားသော ဆွေမျိုးများ၏ ဓာတ်ပုံများကို ကိုင်ဆောင်၍ မတ်တပ်ရပ်ကာ ကျောခိုင်းခဲ့ကြောင်း သိရပါသည်။
ကိုးကား-Myanmar National Post

အကယ်၍ အမေရိကန်သည် တရုတ်အပေါ် မည်သည့် ထိပ်တိုက်ရင်ဆိုင်မှုမျိုးကိုမဆို လုပ်ဆောင်လာပါက မိမိတို့အနေဖြင့် အဆုံးစွန်ထိ တိုက်ပွဲဝင်ရန် အသင့်ရှိကြောင်း အမေရိကန် ဝါရှင်တန်ရှိ တရုတ်သံရုံးက ပြောကြား လိုက်ပါသည်။

အမေရိကန်က fentanyl ပြဿနာကို အမှန်တကယ် ဖြေရှင်းလိုသည့် ဆန္ဒရှိလျှင် တစ်ဖက်နှင့်တစ်ဖက် တန်းတူညီတူ ဆက်ဆံပြီး တရုတ်နှင့် တိုင်ပင်ရန် လိုအပ်ပါကြောင်း၊ အကယ်၍ အမေရိကန်က လိုချင်နေသည့် အကောက်ခွန်စစ်ပွဲ၊ ကုန်သွယ်ရေးစစ်ပွဲ သို့မဟုတ် အခြားမည်သည့် စစ်ပွဲမျိုးကိုမဆို အဆုံးထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း တရုတ်သံရုံး ၏ X စာမျက်နှာတွင် ရေးသားထားပါသည်။
အစောပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်သည် fentanyl ကိစ္စတွင် ထိထိရောက်ရောက်တားမြစ်ပိတ်ပင်ရန် တာဝန် ပျက်ကွက်သဖြင့် တရုတ်သွင်းကုန်များကို ထပ်ဆောင်းအခကြေးငွေ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံရန် အမိန့်လက်မှတ် ရေးထိုးခဲ့ပါသည်။ ထိုသို့ စည်းကြပ်ခွန်များကို တိုးမြှင့်လိုက်ခြင်းအပေါ် တရုတ်အနေဖြင့် ပြင်းထန်သည့် အရေးယူမှုများ ပြုလုပ်လာမည် မဟုတ်သည်ကို မိမိယုံကြည်ကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားထားပါသည်။
ကိုးကား- TASS
Photo: X
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

မတ်လ ၄ ရက်တွင် ဘယ်လာရုစ်သမ္မတ အလက်ဆန်ဒါ လူကာရှန်ကို သည် ရုရှားနှင့် ဘယ်လာရုစ်တို့ကြားရှိ ပြည်ထောင်စုနိုင်ငံ (Union State) အတွင်း လုံခြုံရေးအာမခံချက်များနှင့်စပ်လျဉ်းသည့် စာချုပ်ကို ဥပဒေ အဖြစ် အသက်သွင်းရန် လက်မှတ်ရေးထိုးလိုက်ကြောင်း ဘယ်လာရုစ် သမ္မတရုံးကို ကိုးကား၍ ဘယ်လာရုစ်၏ နာမည်ကြီး BelTA သတင်းဌာန က ဖော်ပြထားပါသည်။

ထိုအပြည်ပြည်ဆိုင်ရာ သဘောတူညီချက်သည် ဘယ်လာရုစ်နှင့် ရုရှား တို့၏ လုံခြုံရေးကို ထိခိုက်စွက်ဖက်မှုများ ဖြစ်ပေါ်လာပါက လိုအပ်သော စီမံချက်များ ဆောင်ရွက်ရန် အပြန်အလှန် အာမခံမှုများကို ထားရှိ၍ ပြည်ထောင်စုနိုင်ငံတစ်ခုလုံးအတွက် လုံခြုံရေးကိုပါ အာမခံထားရပါမည်။
စာချုပ်၏ ရည်ရွယ်ချက်မှာ ပြည်ထောင်စုနိုင်ငံ၏ ပူးတွဲ ကာကွယ်ရေး နယ်မြေအတွင်းတွင် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ရန်ဖြစ်ပြီး ထိုစာချုပ်အရ ဘယ်လာရုစ်နှင့် ရုရှားတို့သည် နှစ်နိုင်ငံ သို့မဟုတ် ပြည်ထောင်စု နိုင်ငံတစ်ခုလုံး၏ လုံခြုံရေးကို ထိခိုက်လာပါက လိုအပ်သည့် အရေးယူမှုများ ပြုလုပ်ကြရမည်ဖြစ်ပါသည်။
ကိုးကား- BelTA (ဘယ်လာရုစ်)

စစ်မြေပြင်တွင် အောင်ပွဲများ ဆွတ်ခူးနိုင်သော်လည်း မြန်မာ့တပ်မတော် သည် AA ကို အခြားနည်းလမ်းများဖြင့် အနှောင့်အယှက်ပေးလျက်ရှိပါသည်။ ရခိုင်ပြည်နယ်သည် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများအတွက် မြန်မာနိုင်ငံအလယ်ပိုင်းဒေသကို အဓိကအားကိုးအားထား ပြုနေရဆဲ ဖြစ်ပါသည်။ သို့သော် ကြမ်းတမ်းသည့် ရိုးမတောင်တန်းများကြောင့်တပ်မတော်သည် ရခိုင်ပြည်နယ်သို့ စီးဝင်နေသော ကုန်စည်များကိုအလွယ်တကူ ပိတ်ဆို့နိုင်ပါသည်။ ပြည်မကနေ ရခိုင်ပြည်နယ်ကို ဝင်ရောက်နိုင်သည့် အဓိက လမ်းမကြီး လေးသွယ်သာ ရှိပါသည်။

AA တပ်ဖွဲ့အနေဖြင့် ၎င်း၏နယ်မြေအတွင်း အုပ်ချုပ်ရေးယန္တရား ဖြန့်ကျက်ရာတွင် ရုန်းကန်နေရသည့်အပြင် အလွန်များပြားလှသော ဒေသခံအရပ်သားများကို အများပြည်သူနှင့် သက်ဆိုင်သည့် ဝန်ဆောင်မှုများ ပေးအပ်ရာတွင်လည်း အခက်အခဲများ ရှိနေဆဲဖြစ်ပါသည်။
ရခိုင်ပြည်နယ် တစ်ဝန်းရှိ ပြည်သူလူထု၏ နေ့စဉ်ဘဝများသည် တစ်နေ့ တခြား ပိုမိုကျပ်တည်းလျက်ရှိပါသည်။ အထူးသဖြင့် စားသောက်ကုန် ဈေးနှုန်းသည် အရမ်းမြင့်မားလျက်ရှိပါသည်။ မကြာသေးမီက ရခိုင်ပြည်နယ်နှင့် ကပ်လျက် တိုင်းဒေသကြီးများသို့ AA တပ်ဖွဲ့ဝင်ရောက်ပြီး စစ်ဆင်ရေးဖော်ဆောင်ခြင်းသည် တပ်မတော်၏ ပိတ်ဆို့မှုများကို လျှော့ချနိုင်ရန် တစ်စိတ်တစ်ပိုင်း ရည်ရွယ်ထားပြီး ရခိုင်ပြည်နယ်ကို ကုန်ပစ္စည်းများ ပိုမိုဝင်ရောက်နိုင်စေရန် ဦးတည်ခြင်းဖြစ်ပါသည်။
ကိုးကား- https://www.crisisgroup.org/global/mapping-conflict?utm_source=facebook&utm_medium=social
ဘာသာပြန်ဆိုသူ-ဦးညီညီအောင်စိုး၊ ညွှန်ကြားရေးမှူး၊ နစက-၄

အစ္စရေးတပ်ဖွဲ့သည် စစ်ကူအင်အားများစွာပါဝင်သည့် ကြီးမားသည့်စစ်ဆင်ရေးတစ်ရပ်ကို West Bank မြောက်ဘက်ရှိဂျီနင်မြို့၏ အရှေ့ဘက်တွင် မတ်လ ၄ ရက်နေ့က လုပ်ဆောင်ခဲ့ကြသည်။ အဆိုပါစစ်ဆင်ရေးအတွင်း လူနေအဆောက်အဦ များစွာကို ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ဟားမက်တို့၏ Qassam တပ်မမှ အရာရှိကြီးတစ်ဦးဖြစ်သူ Aysar al-Saadi အပါအဝင် ပါလက်စတိုင်းလူငယ် (၁) ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းလုံခြုံရေးဆိုင်ရာ သတင်းအရင်းအမြစ် များနှင့် မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သိရှိရပါသည်။

ဟားမက်တို့အနေဖြင့် Aysar သေဆုံးမှုအပေါ် ဝမ်းနည်းကြေကွဲခဲ့ရပြီး အစ္စရေးတို့အနေဖြင့် Aysar ကို စစ်မြေပြင်တွင် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ချိန်၌ ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့ခြင်းမျိုးမဟုတ်ဘဲ ချောင်းမြောင်းလုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း စွပ်စွဲပြစ်တင်ခဲ့ကြသည်။
လုပ်ကြံသတ်ဖြတ်ခြင်းခံရသည့် Aysar သည် အစ္စရေးပစ်မှတ်များအပေါ် တိုက်ခိုက်ရန် စီမံဆောင်ရွက်မှုနှင့်ပတ်သက်၍ တာဝန်ရှိသူဖြစ်ကြောင်း၊ အခြားသေဆုံးသည့် ပါလက်စတိုင်းလူငယ်တစ်ဦးမှာ ယင်းဒေသအတွင်း အစ္စရေးတပ်များအတွက် အန္တရာယ်ရှိသူတစ်ဦးပင်ဖြစ်ကြောင်း အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်တစ်ခုတွင် အခိုင်အမာ ပြောဆိုထားသည်။
ကိုးကား-ဆင်ဟွာ
အလွတ်သဘောဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်(နစက-၄)

ယီမင်နိုင်ငံ ပင်လယ်နီဆိပ်ကမ်းမြို့ဖြစ်သည့် Hodeidah မြို့ပေါ်တွင် ပျံသန်းပြီး ကင်းထောက်နေသည့် အမေရိကန် MQ-9 ဒရုန်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း ဟူသီတပ်ဖွဲ့က မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
အဆိုပါ MQ-9 ဒရုန်းသည် ယီမင်လေပိုင်နက်ကို ဖြတ်ကျော်ဝင်ရောက်ပြီး ကျူးကျော်ရန်စသည့် စစ်ရေးအပြုအမူများ လုပ်ဆောင်ခဲ့စဉ် ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအကြိမ်သည် ၁၅ စင်းမြောက် ပစ်ချဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဟူသီတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Yahya Sarea က Twitter စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ပါသည်။

ဟူသီတို့၏ပြောကြားချက်နှင့်ပတ်သက်၍ အမေရိကန်စစ်ဘက်ကသော်လည်းကောင်း၊ သံတမန်လမ်းကြောင်းက သော်လည်းကောင်း တစ်စုံတစ်ရာတုံ့ပြန်ပြောကြားခြင်း မရှိသေးကြောင်း Xinhua သတင်းစာမျက်နှာတွင် ရေးသား ဖော်ပြထားပါသည်။
ကိုးကား-ဆင်ဟွာ
အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်၊(နစက-၄)

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ သိကောင်းစရာများ တွေ့ဆုံဆွေးနွေးပွဲကို မတ်လ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီက တံတားဦးမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပကြောင်းသိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက အမှာစကား ပြောကြားရာတွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် အကျုံးဝင်သူများကို ဥပဒေ ၊ နည်းပဒေများနှင့်အညီ ဆင့်ခေါ်ရေး ၊ သတ်မှတ် အင်အား ပြည့်မီရေး၊ ပြဋ္ဌာန်းထားရှိသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေ ၊ နည်းဥပဒေများကို လေ့လာမှတ်သား၍ ပြည်သူများသိရှိနားလည်စေရန် အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ကြစေရန်နှင့် အခက်အခဲများရှိပါက အထက်အဖွဲ့အစည်းများထံသို့ တင်ပြပေးစေလိုကြောင်း အကျယ်တဝင့် ရှင်းလင်း ပြောကြားသည် ။
ဆက်လက်၍ တံတားဦးခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်းက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း ၊ တံတားဦးမြို့နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ အပတ်စဉ် ဆောင်ရွက်ထားရှိမှုနှင့် ညွှန်ကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ရပ်ကွက် ၊ ကျေးရွာအုပ်ချုပ်ရေး မှူးများမှ ဆောင်ရွက်ထားရှိမှုနှင့် ကြုံတွေ့ ရသည့် အခက်အခဲများကို အသီးသီးဆွေးနွေးတင်ပြကြသည် ။
ထို့နောက် တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက တင်ပြချက်များအပေါ် ရှင်းလင်းဆွေးနွေးပြီးသက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည် ။
ဦးရဲတင့် (ပြန်/ဆက်)
၀၉-၇၉၇၄၃၈၃၀၅

ဆိုး၊ စစ်ရေး
အမေရိကန်ရေတပ်မှ လေယာဉ်တင်သင်္ဘောတစ်စင်းဖြစ်သည့် USS Carl Vinson သည် အင်အားပြသသည့်အနေဖြင့် တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းရှိ ဘူဆန်ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ကြောင်းတောင်ကိုရီးယားရေတပ်က ထုတ်ပြန်သည်။

အမေရိကန်ပြည်ထောင်စုကတောင်ကိုရီးယားနိုင်ငံ၏ ကာကွယ်ရေးအပေါ်ထားရှိသည့် ၎င်းတို့၏ကတိကဝတ်နှင့် နှစ်နိုင်ငံကြားရှိ စစ်ရေးမဟာမိတ်ဖြစ်မှုတို့ကို ပြသရန်အတွက် လေယာဉ်တင်သင်္ဘော USS Carl Vinson သည် အဆိုပါဆိပ်ကမ်းသို့ မတ်လ ၂ ရက်တွင် ရောက်ရှိလာခြင်းဖြစ်သည်။ ၎င်းလေယာဉ်တင်သင်္ဘောနှင့်အတူ အမေရိကန်ရေတပ်မှ ပဲ့ထိန်းဒုံးတပ် ခရုဆာစစ်သင်္ဘောများဖြစ်သည့် USS Princeton နှင့် USS Sterett တို့လည်းလိုက်ပါလာကြောင်းသိရသည်။
အမေရိကန်ရေတပ်မှ USS Carl Vinson လေယာဉ်တင်သင်္ဘောသည်မြောက်ကိုရီးယားနိုင်ငံက ၎င်းတို့၏ခရုဒုံးကျည်များကို စမ်းသပ််ပစ်ခတ်ပြီးရက်ပိုင်းအကြာတွင် ရောက်ရှိလာခြင်းဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံသို့ လာရောက်သည့် အမေရိကန်လေယာဉ်တင်သင်္ဘော၏ခရီးစဉ်သည် ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက အမေရိကန်ရေတပ်မှ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော Theo-dore Roosevelt လာရောက်ပြီးချိန်မှစ၍ ပထမဆုံးအကြိမ် လာရောက်မှုဖြစ် ကြောင်းသိရသည်။
Source: https://myawady.net.mm/

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား တစ်ဦးနှင့် ဒဏ်ရာရရှိနေသည့် အမျိုးသမီး တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၂)ရပ်ကွက်သို့ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က အများပြည်သူ ထိခိုက်စေရန်ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်းသို့ လက်နက်ကြီး ဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ ဦးနေဝင်း(၄၀)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ၎င်း၏ဇနီး ဒေါ်နှင်းဆီအေး(၃၈)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
Source: www.moha.gov.mm

ယူကရိန်းနိုင်ငံအား ကျူးကျော်တိုက်ခိုက်ရာတွင် အသုံးပြုမည့် ဒုံးကျည်များကို ရုရှားနိုင်ငံအား မြောက်ကိုရီးယား နိုင်ငံက ထောက်ပံ့ပေးလျက်ရှိကြောင်း ယူကရိန်းစစ်ဖက်ထောက်လှမ်းရေးဌာန၏ပြောရေးဆိုခွင့်ရှိသူ Andrii Chernyak ၏ ထုတ်ဖော်ပြောကြားချက်အရ သိရှိရပါသည်။

ရုရှားစစ်တပ်သည် KN-23 အမျိုးအစား ဒုံးကျည်အစင်း ၆၀ ခန့် အသုံးပြုလျက်ရှိကြောင်း၊ မြောက်ကိုရီးယားနိုင်ငံ ထုတ် အဆိုပါဒုံးကျည်များသည် ခေတ်မမီတော့သည့် နည်းပညာများကို အသုံးပြု ထားသည့်အတွက် တိကျ သေချာမှုနည်းပြီး အန္တရာယ်များကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် မြောက်ကိုရီးယားထံမှ သန်းပေါင်းများစွာသော အမြောက်ကျည်ဆံများကိုလည်း ရယူထားရှိကြောင်း၊ မြောက်ကိုးရီးယားမှ လက်နက်တင်ပို့မှုနှင့်ပတ်သက်၍ သင်္ဘောတင်ဆောင်မှုနှင့် ကွန်တိန်နာများ သယ်ယူမှုအခြေအနေများကို စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်လျက် ရှိကြောင်း၊ စာရင်းအတိအကျ မသိရှိနိုင်သော်လည်း ဆိပ်ကမ်းတွင် သိုလှောင်ထားရှိသည့်စာရင်းတွင် မြောက်ကိုရီးယားနိုင်ငံထုတ် အမြောက်လက်နက်များလည်း ပါရှိနိုင်ကြောင်း၊ သို့ဖြစ်၍ မိမိတို့ယူကရိန်းနိုင်ငံအတွက် ကြီးမားသည့် အန္တရာယ်တစ်ရပ်ဖြစ်ကြောင်း Andrii Chernyak က ထပ်လောင်းပြောကြားခဲ့ပါသည်။
ထို့အပြင် ရုရှားအနေဖြင့် ၎င်းတွင် စစ်ရေးဆိုင်ရာအရင်းအမြစ်များ ရှိနေသော်လည်း မြောက်ကိုရီးယားထုတ် လက်နက်ခဲယမ်းများပေါ်တွင် မှီခိုလျက်ရှိကြောင်း Chernyak က ထောက်ပြပြောဆိုခဲ့သည်။
ရုရှားနှင့် မြောက်ကိုရီးယားတို့သည် အရေးပေါ်အခြေအနေများတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ရေးဆိုင်ရာ အကူအညီ များအပါအဝင် အခြားအကူအညီများပေးရေးဆိုင်ရာ ဘက်စုံမဟာဗျူဟာမိတ်ဖက် ဆက်ဆံရေးစာချုပ်ကို ယခင်နှစ်က ချုပ်ဆိုခဲ့ကြကြောင်း Tagtik.co.uk သတင်းစာမျက်နှာတွင် ရေးသား ဖော်ပြထားပါသည်။
ကိုးကား- Tagtik.co.uk
ဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်၊နစက-၄