သတင်းများ

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ကံကြီးကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၉ နာရီ ၂၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ကညင်တန်းကျေးရွာနေ မှော်အင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းဦး(၅၈)နှစ်သည် ကညင်တန်းကျေးရွာမှ လက်ပံတန်းမြို့သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ခွာလာစဉ် လက်ပံတန်း-မှော်အင်းသွားလမ်းဆုံအရောက် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် မျက်နှာချင်းဆိုင်ဘက်မှ မောင်းနှင်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ၎င်းစီးနင်းလာသည့် HONDA CLICK-125 ဆိုင်ကယ်အား လုယက်ယူဆောင် ထွက်ပြေးသွားခဲ့သဖြင့် ဦးသန်းဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ညနေ ၄ နာရီ ၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ကံကြီးကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကံမြင့်(၆၇)နှစ်သည် ၎င်း၏ဇနီး ဒေါ်ခင်ဝင်းသူ(၄၂)နှစ်နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၆ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ညောင်လေးပင်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးနေဝင်း(၅၆)နှစ်သည် တစ်ရွာတည်းနေ ဦးတင်ရှိန်(ခ)ဦးမဲညို(၅၆)နှစ်နှင့်အတူ ၎င်း၏ နေအိမ်ခြံဝင်းအတွင်း စကားပြောနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၁၀ ဦး(စိစစ်ဆဲ)က ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ နံနက် ၆ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ စည်သာကြီးကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးကာ အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ရပ်ကွက်/ကျေးရွာစာရေး ဦးမြင့်ဇော်ဦး(ခ)နန်းနန်း(၃၈)နှစ်သည် မိခင် ဒေါ်မကြိုင်(၆၃)နှစ် နှင့်အတူ ကျေးရွာအနီးရှိ လယ်ကွင်းသို့ နွားလှည်းဖြင့် သွားရောက်စဉ် ကျေးရွာအရှေ့ဘက် လေးဖာလုံခန့် အရောက် အသင့်စောင့်ဆိုင်းနေသည့် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးမြင့်ဇော်ဦး(ခ)နန်းနန်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဒေါ်မကြိုင်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့၍ သေဆုံး၊ ဒဏ်ရာရရှိသူများအား တောင်တွင်းကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm

လက်နက်ကိုင်အကြမ်းဖက်သမားများက ကျေးရွာအတွင်းသို့ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိ

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ စိန်ပြောင်းများ၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၄ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ လင်းဒဲကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဦးစံလုံး(၇၀)နှစ်နှင့် ဦးကျော်သိန်း(၃၂)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဒေါ်မိုးစန္ဒာစိန်(၂၈)နှစ်၊ ဒေါ်လွင်လွင်မော်(၄၈)နှစ်၊ မအိမ့်မှူးစံ (၂၃)နှစ်၊ မောင်ပိုင်ရှန်(၆)နှစ်၊ မောင်ဘုန်းလျှံကျော်(၁၀)နှစ်နှင့် မောင်သူရိန်စိုး(၁၂)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ပဒါန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ စိန်ပြောင်းများ၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝ လက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ ကားဂိတ်တွင် မော်တော်ဆိုင်ကယ် တစ်စီးနှင့်အတူ ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသူ မျိုးမင်းဦးအား သတင်းအရရှာဖွေရာ ၎င်းထုတ်ယူသည့် ပါဆယ်ထုတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၉,၇၀၀ ပြား(တစ်ပြားလျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၅၉၄ သိန်း) သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီ ၄၅ မိနစ်၌ ကျောက်ပန်းတောင်းမြို့၊ သာယာအေးရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ ကားဂိတ်တွင် မော်တော်ဆိုင်ကယ် တစ်စီးနှင့်အတူ ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသူ မျိုးမင်းဦးအား သတင်းအရရှာဖွေရာ ၎င်းထုတ်ယူသည့် ပါဆယ်ထုတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၉,၇၀၀ ပြား(တစ်ပြားလျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၅၉၄ သိန်း) သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီ ၄၅ မိနစ်၌ ကျောက်ပန်းတောင်းမြို့၊ သာယာအေးရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ အေးလွင်အား ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် မျိုးမင်းဦး(၄၂)နှစ်နှင့် အေးလွင်(၄၁)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်တွင်  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ အနောက်မြို့ပတ်လမ်းတွင် မုန်းမုန်း(ခ)ဇော်ဦး မောင်းနှင်လာသည့် TOYOTA WISH အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၄ ကီလို (တစ်ကီလိုလျှင် သိန်း ၁,၁၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၂,၆၄၀) သိမ်းဆည်း ရမိခဲ့သဖြင့် မုန်းမုန်း(ခ)ဇော်ဦး(၃၁)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

အကြမ်းဖက်သမား လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်း ယူကာ ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေး ထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက် ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ ထားဝယ်ခရိုင်ပြည်သူ့ဆေးရုံကြီး၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ထားဝယ်မြို့နယ်၊ ဝကုန်းကျေးရွာနေ ဒေါ်ဇင်မာဝင်း(၄၀)နှစ်သည် အဆိုပါ ကျေးရွာရှိ ဥယျာဉ်ခြံအတွင်း ကွမ်းသီးခူးနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

ယူကရိန်း ပဋိပက္ခအား ငြိမ်းချမ်းစွာဖြေရှင်းရန် မည်သည့်အခါမျှ ငြင်းဆိုခဲ့ခြင်းမရှိဟု  ဗလာဒီမာပူတင်ပြော

ရုရှားနိုင်ငံသည် ယူကရိန်းပဋိပက္ခအား ငြိမ်းချမ်းစွာဖြေရှင်းရန် မည်သည့်အခါမျှ ငြင်းဆိုခဲ့ခြင်း မရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြောကြားလိုက်သည်။

ယူကရိန်းပဋိပက္ခအပါအဝင် အခြားအကျပ်အတည်းများကို ငြိမ်းချမ်းစွာဖြင့် ဖြေရှင်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ရုရှားက မည်သည့်အခါမျှ လက်လျှော့ပေးခြင်းမရှိကြောင်း၊ ထိုသို့ လုပ်ဆောင်ရန် အတွက်လည်း ရုရှားနိုင်ငံက အစဉ်ပြောကြားခဲ့ကြောင်း ပူတင်က ပြည်ထောင်စု လုံခြုံရေးအဖွဲ့၏ တွေ့ဆုံဆွေးနွေးပွဲတစ်ခု၌ ပြောကြားခြင်းဖြစ်သည်။

ယူကရိန်းအရေးတွင်သာမက အခြားကမ္ဘာ့ရေးရာ ကိစ္စရပ်များတွင်လည်း နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါကြောင်း  သမ္မတပူတင်က ဆက်လက်ပြောကြားသည်။

ရုရှားနှင့် အမေရိကန်ပြည်ထောင်စုတို့၏ နိုင်ငံရေးအရပြင်းပြသည့် စိတ်ဆန္ဒသည် ယူကရိန်းနိုင်ငံတွင်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်စေမည့် အဓိကသော့ချက်ဖြစ်သည်ဟု ရုရှားအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ မက်ဗီဒက်က ဖေဖော်ဝါရီလ ၂၇  ရက်တွင်  ပြောကြားခဲ့ကြောင်း သိရသည်။

Source: Myawady Web Portal

လက်နက်ကိုင်အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သား ပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိ သူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့၊ အမှတ်(၂)ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီး တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ဒေါ်ယဉ်ယဉ်ချော(၄၄)နှစ်သည် ရပ်ကွက်ရှိ ခေတ်သစ်ပွဲရုံ(ပဲမျိုးစုံ) ရောင်းဝယ်ရေးဆိုင်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ငါးဦး(စိစစ်ဆဲ)က မော်တော်ယာဉ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဒေါ်ယဉ်ယဉ်ချောတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၆ နာရီ ၅၅ မိနစ်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ညောင်ကုန်းကြီးကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးပြီး အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်စိုး(၆၇)နှစ်သည် ၎င်း၏ဇနီး ဒေါ်မိငယ်(၄၇)နှစ်နှင့်အတူ နေအိမ်၌ရှိနေစဉ် KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အား သုံးဦး(စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး သွားခဲ့သဖြင့် ဦးမြင့်စိုးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဒေါ်မိငယ်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့၍ သေဆုံး/ဒဏ်ရာရရှိသူများအား ရင်းငြိမ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

အီရန်က ယူရေနီယမ်ထုတ်လုပ်မှုကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်း IAEA ဆို

အမေရိကန်နှင့် အီရန်နိုင်ငံအကြား တင်းမာမှုများမြင့်တက်နေချိန်တွင် အီရန်သည် ယူရေနီယမ်ထုတ်လုပ်မှုကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်း ကုလသမဂ္ဂနျူကလီးယားစောင့်ကြည့်လေ့လာရေးအဖွဲ့၏အစီရင်ခံစာ၌ ရေးသား ဖော်ပြထားပါသည်။

ဗီယင်နာမြို့အခြေစိုက် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA)၏ အစီရင်ခံစာအရ ဖေဖော်ဝါရီလ ၈ ရက် အထိ အီရန်၌ (၆၀) ရာခိုင်နှုန်း အထိ သန့်စင်ထားသည့် ယူရေနီယမ် (၂၇၄ ဒသမ ၈) ကီလိုဂရမ် ရှိခဲ့သည်ဟု သိရပါသည်။ အီရန်၏ယူရေနီယမ်ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး IAEA က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ၌ နောက်ဆုံး ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာနောက်ပိုင်း ယူရေနီယမ် (၉၂.၅) ကီလိုဂရမ်မြင့်တက်လာ ခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရပါသည်။

ယူရေနီယမ်သည် နျူကလီးယားလက်နက်ထုတ်လုပ်ရာ၌ အရေးပါသော ပစ္စည်းအမျိုးအစားတစ်ခုဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သည့် IAEA ၏ အစီရင်ခံစာ၌ အီရန်၏ (၆၀) ရာခိုင်နှုန်းအထိ သန့်စင်ထားသော ယူရေနီယမ် သိုလှောင်မှုပမာဏသည် (၁၈၂.၃) ကီလို ဂရမ် ဖြစ်သည်ဟုလည်း ရေးသား ဖော်ပြထားပါသည်။

အစီရင်ခံစာ၌ “အီရန်၌ ယူရေနီယမ်စုဆောင်းမှုနှင့် ထုတ်လုပ်မှု သိသိ သာသာတိုးမြင့်လာခြင်းသည် လွန်စွာစိုးရိမ်စရာကောင်းသည့် ကိစ္စတစ်ခု ဖြစ်ပြီး အဏုမြူဗုံးတစ်လုံးကို ထုတ်လုပ်ရန်အတွက် သန့်စင်ထားသည့် ယူရေနီယမ် (၄၂)ကီလိုဂရမ်သာ လိုအပ်သည်”ဟု ရေးသား ဖော်ပြထား ပါတယ်။ လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက် အထိ အီရန်၏ သန့်စင်ထားသော ယူရေနီယမ်သိုလှောင်မှု စုစုပေါင်း ပမာဏသည် (၈၂၉၄.၄) ကီလိုဂရမ် ဖြစ်သည်ဟုလည်း ဖော်ပြချက်များအရ သိရပါသည်။

ကိုးကား-NP News

ပြင်သစ်ရှိ ရုရှားကောင်စစ်ဝန်ရုံးကို တိုက်ခိုက်သူများအား ပြစ်ဒဏ် သက်သာစွာချမှတ်

မာဆေးမြို့ရှိ ရုရှားကောင်စစ်ဝန်ရုံးအား လက်လုပ်ဗုံးများဖြင့် ပစ်ပေါက် တိုက်ခိုက်ခဲ့သော ယူကရိန်းလိုလားသူ ပြင်သစ်နိုင်ငံသားနှစ်ဦးကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြင်သစ်တရားရုံးက နေအိမ်အကျယ်ချုပ် ၈ လ ချမှတ်ခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

ပြင်သစ်နိုင်ငံရှိ ရုရှားသံရုံးက အကြမ်းဖက်တိုက်ခိုက်ရန် ကြိုးပမ်းမှု အတွက် ချမှတ်သည့်ပြစ်ဒဏ်မှာ လျှော့ပေါ့လွန်းသည်ဟု ပြစ်တင်ရှုတ်ချ ခဲ့သည်။

ပြင်သစ်နိုင်ငံသားနှစ်ဦးဖြစ်သည့် Vasile H. (၄၈ နှစ်) နှင့် Georges S. (၅၉ နှစ်) တို့သည် “ပေါက်ကွဲစေနိုင်သော (သို့မဟုတ်) မီးလောင် လွယ်စေ နိုင်သောပစ္စည်းများကို ခွင့်ပြုချက်မရှိဘဲ ထုတ်လုပ်ခြင်း” နှင့် “လူနှင့် အဆောက်အဦများအား ထိခိုက်စေနိုင်သော အန္တရာယ်ရှိသည့် ပြစ်မှု ကျူးလွန်ခြင်း” ဟူသော စွပ်စွဲချက်များဖြင့် တရားစွဲဆိုခံခဲ့ရကြောင်း Le Figaro က ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ရေးသား‌ဖော်ပြခဲ့ကာ ၎င်းတို့ နှစ်ဦးအား နေအိမ်အကျယ်ချုပ် ၈ လ ပြစ်ဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်ဟု ဖော်ပြခဲ့ပါသည်။ 

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

မြန်မာနိုင်ငံတွင် ကျားဖြန့်လုပ်ရန် စေခိုင်းခံရသူများသည် ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံများမှတစ်ဆင့် ရောက်လာခြင်းဖြစ်ကြောင်း ဂျပန် သံရုံးဆို

မြန်မာတွင် ကျားဖြန့်လုပ်ရန် စေခိုင်းခံရသူများသည် ထိုင်း၊ ကမ္ဘောဒီးယား နိုင်ငံများမှတစ်ဆင့် အလုပ်လုပ်ကိုင်ရန် ရောက်လာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက ဖေဖော်ဝါရီ ၂၇ ရက်တွင် အသိပေး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လတ်တလောတွင် ဂျပန်နိုင်ငံ၌ အွန်လိုင်းဂိမ်း၊ လူမှုကွန်ယက် စသည်တို့မှ သိကျွမ်းလာခဲ့ပြီး မျက်မြင်တွေ့ဆုံဖူးခြင်းမရှိသော အသိမိတ်ဆွေမှတစ်ဆင့် ထိုင်း၊ ကမ္ဘောဒီးယားအစရှိသည့် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်ရန် မိတ်ဆက်ပေးသည့်အတွက် ၎င်းနိုင်ငံများသို့ထွက်ခွာလာပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံ၊ မြဝတီမြို့ရှိ အွန်လိုင်းငွေလိမ်လည်ရေး စခန်းများသို့ ခေါ်ဆောင်လာခြင်းခံရကာ အွန်လိုင်းလိမ်လည်မှုများ လုပ်ကိုင်ရန်စေခိုင်းခံရသော ဖြစ်ရပ်များဆက်တိုက်ဆိုသလို ဖြစ်ပွားလျက် ရှိကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါအွန်လိုင်းငွေလိမ်လည်ရေးစခန်းများ၌ ငွေလိမ်လည်မှုကို လုပ်ဆောင်ခြင်းသည် ပြစ်မှုမြောက်ကြောင်းနှင့် စခန်းများတွင်မူ မျက်ခြည်မပျက်စောင့်ကြည့်ခံရသော အနေအထားဖြင့် လိမ်လည်မှုများကို အတင်းအကြပ်စေခိုင်းခံရပြီး သတ်မှတ်ခွဲတမ်းမပြည့်မီပါက ညှဉ်းပန်း နှိပ်စက်ခံရသည့်အဖြစ်များလည်း ဖြစ်ပေါ်လျက်ရှိကြောင်း ထုတ်ပြန်ချက် အရ သိရသည်။

ထိုပြင် ဂျပန်လူမျိုးများကို သွေးဆောင်လှည့်ဖြားနေသော အွန်လိုင်း ငွေလိမ်ဂိုဏ်းများသည် ဂျပန်လူမျိုးများကိုပစ်မှတ်ထား၍ လိမ်လည်မှုများကို ကျူးလွန်လျက်ရှိပြီး ကျူးလွန်ရန်အတွက်လည်း ဂျပန်နိုင်ငံသားများသာမက ဂျပန်ဘာသာစကားတတ်ကျွမ်းသော မြန်မာလူမျိုးများကို အသုံးချရန် ရည်ရွယ်လာနိုင်ခြေလည်း ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ဆိုသည်။

ထို့ကြောင့် အွန်လိုင်းဂိမ်းများနှင့်အင်တာနက်‌အစရှိသည်တို့တွင် သိကျွမ်းလာခဲ့ပြီး မျက်မြင်တွေ့ဆုံဖူးခြင်းမရှိသော အသိမိတ်ဆွေမှတဆင့် ဂျပန် ဘာသာစကားကို အသုံးပြုရမည့်အလုပ်လုပ်ကိုင်ရန် ဆွဲဆောင်ခြင်းခံရပါက စူးစမ်းဆင်ခြင်မဲ့ယုံကြည်ခြင်းမျိုးမပြုလုပ်ဘဲ မိသားစုနှင့် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးသို့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ခရိုင်းမီးယားရှိ ဘုန်းတော်ကြီးကိုလုပ်ကြံရန် ယူကရိန်း၏စီစဉ်မှု မအောင်မြင်ခဲ့

ယူကရိန်းထောက်လှမ်းရေးက စေခိုင်းခဲ့သည့် ရုရှား Orthodox ခရစ်ယာန်ဘုရားကျောင်း၏ ခရိုင်းမီးယား Metropolitan Tikhon အား အကြမ်းဖက်တိုက်ခိုက်မှုကို ရုရှား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဟန့်တားနိုင်ခဲ့ကြောင်း ဖက်ဒရယ်လုံခြုံရေးဌာန (FSB) က ပြောကြားခဲ့သည်။ သံသယရှိသူများထဲမှ တစ်ဦးမှာ Tikhon ၏ အကူဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ပါက မိသားစုကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခံခဲ့ရသူဖြစ်သည်။

ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သော FSB ၏ ထုတ်ပြန်ချက်တွင် ဖမ်းဆီးရမိခဲ့သော ရုရှားနှင့် ယူကရိန်းနိုင်ငံသားတစ်ဦးတို့သည် ၂၀၂၄ ခုနှစ် အလယ်ပိုင်းတွင် စုဆောင်းခံခဲ့ရပြီး၊ ဒီဇင်ဘာလတွင် ပေါက်ကွဲစေ နိုင်သောပစ္စည်းကို လက်ခံရရှိခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု ဖော်ပြထားသည်။

၎င်းတို့သည် Simferopol နှင့် Crimean Diocese ၏အကြီးအကဲ Metropolitan Tikhon (Shevkunov) အား မော်စကိုသို့ သွားရောက်စဉ် တိုက်ခိုက်ရန် စီစဉ်ခဲ့ပြီး ယူကရိန်းထောက်လှမ်းရေးမှပေးအပ်ခဲ့သည့် အတုအယောင်စာရွက်စာတမ်းများကို အသုံးပြု၍ ရုရှားမှ ထွက်ပြေးရန် ရည်ရွယ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ဖမ်းဆီးခံထားရသူများထံမှ လက်လုပ်ဖောက်ခွဲရေးပစ္စည်းနှင့် ယူကရိန်းနိုင်ငံကူးလက်မှတ်အတု နှစ်ခုကို သိမ်းဆည်းရမိခဲ့ကြောင်း အေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။