တံတားဦးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ရာ ကျောင်းသား/ သူများအားလုံး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ ကျောင်းများအားလုံး ဇွန်လ ၂ ရက်နေ့၊ နံနက် (၇) နာရီခွဲ အချိန်မှစတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် စတင်တက်ရောက်ပညာသင်ကြားကြကြောင်းသိရသည် ။
တံတားဦးမြို့နယ်အနေဖြင့် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ် ခဲ့သည့်မန္တလေးငလျင်ကြီးကြောင့် အန္တရာယ် ရှိသော အဆောက်အဦအဖြစ် သတ်မှတ်ထားသည့် အချို့သော အခြေခံပညာကျောင်းများတွင် နံနက်(၇) နာရီခွဲ အချိန်မှ နေ့လယ် (၁၁)နာရီခွဲအချိန်ထိ KG တန်းမှ Grade-8 တန်းအထိ နံနက်ပိုင်း သင်ကြားပေးပြီး Grade-9တန်းမှ Grade -12တန်းအထိ မွန်းတည့်(၁၂)နာရီမှ ညနေ(၄)နာရီခွဲအချိန်ထိသင်ကြားပေးလျက်ရှိပါကြောင်း၊ ထိုအခြေခံပညာကျောင်းများမှာ အ.ထ.က - တံတားဦး ၊ အ.ထ.က-တောင်ဘီလူ ၊ အ.ထ.က-မြင်းသည်၊ အ.ထ.က(ခွဲ)စကားအင်း ၊ အထ.က(ခွဲ) အေးကြည်ကုန်းနှင့်မူလတန်းလွန် လက်ဆောင်ယူကျောင်းတို့ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည် ။
တံတားဦးမြို့နယ်တွင် အထက (၈) ကျောင်း ၊ အထက-ခွဲ (၉) ကျောင်း ၊ အလက (၁၀) ကျောင်း ၊ အလက-ခွဲ (၈) ကျောင်း ၊ မူလွန် (၁၇) ကျောင်း ၊ အမက (၆၈) ကျောင်း ၊ အမက-ခွဲ (၁) ကျောင်း ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၉) ကျောင်း ၊ စုစုပေါင်း (၁၃၀) ကျောင်းသည် ၂၀၂၅-ခုနှစ် ဇွန်လ (၂) ရက်နေ့မှ စတင်ကာ ဖွင့်လှစ်ပညာကြားလျက်ရှိကြောင်းသိရသည်။
ပေးပို့သူ- ဦးရဲတင့် (ပြန်/ဆက်)