ရုရှားက ဝင်ရိုးစုံကမ္ဘာကို တည်ဆောက်ရန် ပညာရေးပုံစံအသစ်ကို မိတ်ဖက်နိုင်ငံများနှင့် မျှဝေသွားမည်
မော်စကို၊ ပညာရေး
ရုရှားနိုင်ငံသည် ဝင်ရိုးစုံကမ္ဘာကိုတည်ဆောက်ရေးအတွက် ပညာရေးပုံစံတစ်ခုကို မိတ်ဆက်ကာ မိတ်ဖက်နိုင်ငံများနှင့် မျှဝေသွားမည်ဖြစ်ကြောင်း ရုရှားပညာရေး ဝန်ကြီး အလက်ဆီခရက်ဆော့က အပြည် ပြည်ဆိုင်ရာညီလာခံတစ်ခုမတိုင်မီပြော သည်။
"အနာဂတ်ကိုပုံဖော်ထုဆစ်ခြင်း" ဟု အမည်ပေးထားသည့်ဖိုရမ်ကို ဇွန်လ ၁၁ ရက်မှစ၍ ကာဇန်မြို့၌ကျင်းပလျက်ရှိရာ အဆိုပါဖိုရမ်သို့ နိုင်ငံပေါင်း ၂၀ ကျော်မှ ပညာရေးဝန်ကြီးများတက်ရောက်သည် ဟုအခမ်းအနားစီစဉ်သူများကပြောသည်။
ရုရှားနိုင်ငံအနေဖြင့် ဆရာဖြစ်သင်တန်း အတွေ့အကြုံများ၊ သင်ရိုးညွှန်းတမ်း ရေးဆွဲခြင်းနှင့်စာသင်ကျောင်းတည်ဆောက် ရေးတို့ကို မိတ်ဖက်နိုင်ငံများသို့မျှဝေပေး သွားမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံရှိစာသင် ကျောင်းစနစ်သည် အရည်အသွေးအားဖြင့် ကြည့်ပါက ကမ္ဘာ့အဆင့် ၁၀ အတွင်း ရှိသည်ဟု ပညာရေးဝန်ကြီးကပြောကြောင်း သိရသည်။
Ref: RT
MM-News-Category