တံတားဦးမြို့နယ်၌ ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည် ဖြေဆိုရမည့် Grade 12 ကျောင်းသား/ ကျောင်းသူများ မြန်မာစာ ဘာသာရပ် စတင်ဖြေဆို
တံတားဦး ၊ ဇွန် - ၁၆
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၌ ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည် ဖြေဆိုရမည့် Grade 12 ကျောင်းသား/ ကျောင်းသူများသည် ဇွန်လ ၁၆ ရက်နေ့၊ နံနက် (၉) နာရီက မြန်မာစာ မေးခွန်းကို စတင်ဖြေဆို နေပြီဖြစ်ကြောင်း သိရသည် ။
တံတားဦးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တံတားဦး၊ စာစစ်ဌာန၊ ချောင်းခွစာစစ်ဌာနတို့ဖြင့် ဖြေဆို လျက်ရှိပါကြောင်း တံတားဦးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်း (ခွဲ)တို့မှ မြန်မာစာကို အထက-တံတားဦး စာစစ်ဌာနတွင် ဖြေဆိုရန်ကျောင်းသား(၂၃၁)ဦး ၊ ကျောင်းသူ(၂၃၈)ဦး စုစုပေါင်း (၄၆၉)ဦး စာရင်းပေးထားသော်လည်း ၊ အဆိုပါစာစစ်ဌာနတွင် ကျောင်းသား(၂၂၈) ဦး ၊ ကျောင်းသူ (၂၃၈)ဦး စုစုပေါင်း(၄၆၆)ဦး ဖြေဆိုသူအားဖြင့် (၉၉.၃၆)ရာခိုင်နှုန်း ရှိပါကြောင်း ၊ ထို့အပြင် တံတားဦးမြို့နယ် ချောင်းခွ စာစစ်ဌာနတွင် ဖြေဆိုရန်ကျောင်းသား(၆၈)ဦး ၊ ကျောင်းသူ(၁၂၉)ဦး စုစုပေါင်း (၁၉၇)ဦး စာရင်းပေးထားကာအဆိုပါစာစစ်ဌာနတွင် ကျောင်းသား(၆၈) ဦး ၊ ကျောင်းသူ (၁၂၉)ဦး စုစုပေါင်း (၁၉၇)ဦး ဖြေဆိုသူအားဖြင့် (၁၀၀.၀၀)ရာခိုင်နှုန်းရှိပါကြောင်း ၊ တံတားဦးမြို့နယ်အနေဖြင့် Grade - 12 ပြန်ဖြေစာမေးပွဲတွင် လာရောက်ဖြေဆိုသည့်ကျောင်းသား(၂၉၆)ဦး ၊ ကျောင်းသူ(၃၆၇)ဦး စုစုပေါင်း(၆၆၃)ဦး ၊ ရာခိုင်နှုန်းအားဖြင့် (၉၉.၅၅)ရာခိုင်နှုန်း၊ ပျက်ကွက်သူစုစုပေါင်း(၃)ဦး ၊ ရာခိုင်နှုန်းအားဖြင့်(၀.၄၅)ရာခိုင်နှုန်း ရှိကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည် ။
Grade - 12 ပြန်ဖြေစာမေးပွဲသို့ လာရောက်ဖြေဆိုကြသည့် ကျောင်းသား ၊ ကျောင်းသူများ ခဲတံ ၊ ပေတံ ၊ ခဲဖျက် တို့ကို လိုအပ်ပါက အခမဲ့ယူဆောင်နိုင်ကြောင်းစီစဉ်ဆောင်ရွက်ပေးပြီး တံတားဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် တာဝန်ရှိသူများ မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး စာမေးပွဲဖြေဆိုမည့် ကတ်ပြားများပါ ၊ မပါစစ်ဆေးခြင်း ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကိုပါ တစ်ပါတည်း ဆောင်ရွက်ထားပါကြောင်းနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး နှင့် ကျောင်းဝင်းအပြင် လုံခြုံရေးခြင်းနှင့် လုံခြုံရေးလုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက်ပေးကြကြောင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် Grade - 12 ပြန်ဖြေစာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသား/ သူများအား လှည့်လည်ကြည့်ရှုအားပေးကြကြောင်းသိရသည်
ပေးပို့သူ- ဦးရဲတင့် (ပြန်/ဆက်)