တံတားဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သားသမီးများအား ပညာသင် ထောက်ပံ့ငွေများနှင့် ဗလာစာအုပ်များပေးအပ်

News Image

  • တံတားဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သားသမီး များအား ပညာသင် ထောက်ပံ့ငွေများနှင့် ဗလာစာအုပ်များပေးအပ်
  • တံတားဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သားသမီး များအား ပညာသင် ထောက်ပံ့ငွေများနှင့် ဗလာစာအုပ်များပေးအပ်

တံတားဦး ၊ မေ - ၂၆

တံတားဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၏ အခြေခံပညာနှင့် တက္ကသိုလ်၊ ကောလိပ်များတွင် ပညာသင်ကြားမည့် မိသားစုဝင် သားသမီးများ အားပညာသင်ထောက်ပံ့ငွေများနှင့် ဗလာစာအုပ်များပေးအပ်ပွဲကို မေလ ၂၆ ရက်နေ့၊ မွန်းလွဲ (၁) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပ ပြုလုပ်သည်။

ပညာသင်ထောက်ပံ့ပေးအပ်ပွဲတွင် တံတားဦးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်းက ဝန်ထမ်းမိသားစုများ၏ အထက်တန်း ၊ အလယ်တန်း ၊ မူလတန်းနှင့် တက္ကသိုလ်၊ ကောလိပ် အသီးသီးတို့၌ ပညာသင်ကြားကြမည့် မိသားစုဝင် သား ၊ သမီးများအား ပညာသင်ထောက်ပံ့ငွေများနှင့် ဗလာ စာအုပ်များ၊ စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ရခြင်းသည် တစ်ဘက်တစ်လမ်းမှ ပညာကိုချီးမြှောက်ခြင်း ဖြစ်ကြောင်း၊ ထို့အပြင် အနာဂတ်၏ ကြယ်ပွင့်ကလေးများဖြစ်သည့် သား၊ သမီးများအနေဖြင့် ပညာကို ဂရုတစိုက် လေ့လာသင်ပေးစေလိုကြောင်း စသည်တို့ကို အကျယ်တဝင့်ရှင်းလင်း ပြောကြားပြောကြားသည် ။

ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ဝန်ထမ်းမိသားစုဝင် ကျောင်းသား/သူများအတွက် ပညာသင်ထောက်ပံ့ငွေများနှင့် ဗလာစာအုပ်များ၊ စာရေးကိရိယာများကို အသီးသီးပေးအပ်ကြသည်။ တံတားဦး ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်တွင် ပညာသင်ကြားနိုင်ရန် အတွက် ကျောင်းသား/ သူ(၄)ဦးအား တစ်ဦးလျှင် ငွေကျပ်(၁)သိန်းနှုန်း၊ အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား/ သူ(၂)ဦးအား တစ်ဦးလျှင်  ထောက်ပံ့ငွေကျပ်(၆၀၀၀၀)၊ ဗလာစာအုပ်နှစ်ဒါဇင်၊ ဘောပင်(၆) ချောင်း၊ အလယ်တန်းအဆင့် ကျောင်းသား/သူ(၂)ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်(၅၀၀၀၀)၊ ဗလာစာအုပ် တစ်ဒါဇင်နှင့်ခြောက်အုပ် ၊ ဘောပင်(၃)ချောင်း ၊ မူလတန်းအဆင့် ကျောင်းသား/သူ(၈)ဦးအား တစ်ဦးလျှင်  ထောက်ပံ့ငွေကျပ်(၃၀၀၀၀)၊ ဗလာစာအုပ်တစ်ဒါဇင်နှင့် ခဲတံ(၃)ချောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၏ အခြေခံပညာနှင့် တက္ကသိုလ်၊ ကောလိပ်များတွင် ပညာသင်ကြားမည့် မိသားစုဝင်သားသမီး စုစုပေါင်း(၁၈)ဦးအတွက် ပစ္စည်းတန်ဖိုးနှင့်ထောက်ပံ့ငွေစုစုပေါင်း ( ၁,၂၆၄,၈၀၀ )ကျပ် ဖြစ်ကြောင်း သိရသည် ။

ပေးပို့သူ- ဦးရဲတင့် (ပြန်/ဆက်)