တံတားဦးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား/ သူ စုစုပေါင်း (၂၀,၀၅၆) ဦး ကျောင်းအပ် လက်ခံပြီးစီး
တံတားဦး ၊ မေ - ၂၈
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ၂၀၂၅ ခုနှစ် မေလ ၂၂ ရက်နေ့အထိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများ နေ့စဉ်ကျောင်းလာရောက်အပ်နှံလျက် ရှိကြောင်း သိရသည် ။
တံတားဦးမြို့နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် KG တန်းမှ Grade – 5 အထိ မူလတန်းအဆင့် ကျောင်းသား/ သူ စုစုပေါင်း (၁၄,၆၄၀) ဦး ၊ Grade – 6 တန်းမှ Grade – 9 အထိ အလယ်တန်းအဆင့် ကျောင်းသား/ သူ စုစုပေါင်း (၄၀၇၁) ဦး ၊Grade – 10 တန်းမှ Grade - 12 အထိ အထက်တန်း အဆင့် ကျောင်းသား/ သူ စုစုပေါင်း(၁၃၄၅)ဦး လာရောက်၍ ကျောင်းအပ်နှံကြရာ သက်ဆိုင်ရာ ဆရာ/များမှ အသီးသီး လက်ခံပေးကြသည်။ တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ ထက် ၊ လယ် ၊ မူ ကျောင်းသား/သူ စုစုပေါင်း (၂၀၀၅၆) ဦး ကျောင်းအပ်လက်ခံပြီးစီးကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည် ။
ကျောင်းအပ်ပြီးစီးသည့် ကျောင်းသား/သူများ ငွေကြေးကုန်ကျမှုမရှိစေရေးအတွက် နိုင်ငံတော်မှ မူလတန်းအဆင့် ကျောင်းသား/ သူတစ်ဦးလျှင် ကျောင်းဝတ်စုံများ၊ ခဲတံ၊ ဘောပင်၊ ဗလာစာအုပ်များနှင့် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ အခမဲ့ အသီးသီးထောက်ပံ့ပေးလျက်ရှိပါကြောင်း အခြေခံပညာကျောင်းများကို ၂၀၂၅-ခုနှစ် ဇွန်လ ၂ ရက်နေ့နံနက်ပိုင်းမှ စတင်ပြီး အခြေခံပညာကျောင်းများအားလုံးနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အားလုံးစတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဦးရဲတင့် (ပြန် / ဆက်)