သတင်းများ

တံတားဦးမြို့နယ်အတွင်း အခြေခံပညာကျောင်း၁၂၁ကျောင်းရှိ KG တန်း ကျောင်းသား/သူများအား ကျောင်းတွင်း အာဟာရကျွေးမွေး

တံတားဦး ၊ ဇန်နဝါရီ - ၂၈

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း (၁၂၁) ကျောင်းတွင် ပညာသင်ယူနေသောKG တန်းမှ ကျောင်းသား/ သူ ၂၄၃၂ဦးအား မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ ကျောင်းတွင်းအာဟာရကျွေးမွေးမှုကို ဇန်နဝါရီ ၂၆ ရက်နေ့၊ နံနက်ပိုင်းက တံတားဦးမြို့ မြို့မအခြေခံပညာ အလယ်တန်းကျောင်းတွင် ဆောင်ရွက်ကြောင်းသိရသည် ။

အဆိုပါကျောင်းတွင်း အာဟာရကျွေးမွေးသည့်နေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကို၊ တံတားဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊  မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တံတားဦး ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ မြို့မအခြေခံပညာအလယ်တန်းကျောင်း KGတန်းမှ ကျောင်းသား/ သူများအား အာဟာရကျွေးမွေးကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တံတားဦး အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ KGတန်းမှ ကျောင်းသား/သူ(၅၃)ဦးအား အာဟာရကျွေးမွေးခြင်းကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ 

အလားတူ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၁၂၁)ကျောင်းရှိ KGတန်းမှ ကျောင်းသား/ သူ ၂၄၃၂ ဦးအားကျောင်းတွင်း အာဟာရကျွေးမွေးခြင်းများပြုလုပ်ဆောင်ရွက်ကြကြောင်းသိရသည်။

ဦးရဲတင့်( ပြန်/ဆက်)

Source: တံတားဦး (ပြန်/ဆက်)                                                                                                      

ပညာသင်ဆုအပြည့်အဝပေးမည့် ကိုရီးယားသိပ္ပံ တက္ကသိုလ်၏ ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း မြန်မာသံရုံးအသိပေး

ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့ရှိ ကိုရီးယားသိပ္ပံနှင့် နည်းပညာဆိုင်ရာ အဆင့်မြင့်တက္ကသိုလ် (KAIST) လက်အောက်ရှိ ကိုရီးယားသိပ္ပံတက္ကသိုလ် (KSA) မှ အရည်အသွေးပြည့်မီသည့် နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းလခအပါအဝင် ပညာသင် ဆုအပြည့်အဝ (ပညာရေးအသုံးစရိတ်) ကို ပံ့ပိုးပေး သွားမည်ဖြစ်သဖြင့် မြန်မာနိုင်ငံသားများလည်း လျှောက်ထားနိုင်ကြောင်း ဖိတ်ကြားထားသည်ဟု ဆိုးလ်မြို့ရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။

အဆိုပါဖိတ်ကြားစာ၌ ကိုရီးယားသိပ္ပံတက္ကသိုလ် (KSA) သည် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအောက်ရှိ သင်္ချာဘာသာရပ်နှင့် သိပ္ပံဘာသာရပ်တို့တွင် စွမ်းရည်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် အထူးသင်ရိုးညွှန်းတမ်းတစ်ခုဖြစ်ကြောင်း ဖော်ပြထား ပြီး KSA သည် နိုင်ငံတကာကျောင်းသား၊ ကျောင်းသူ များအတွက် ကျောင်းလခအပါအဝင် ပညာသင်ဆု အပြည့်အဝ (ပညာရေးအသုံးစရိတ်) အား ပံ့ပိုးပေးသွား မည်ဖြစ်ကြောင်း ဖော်ပြထားသည်ဟု သိရသည်။
အလားတူ တက္ကသိုလ်၏ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အထူးအခွင့်အလမ်းများကို ရရှိနိုင်မည် ဖြစ်ကြောင်းနှင့် ၂၀၂၆ ခုနှစ်အတွက် KSA နိုင်ငံတကာ ကျောင်းဝင်ခွင့်လမ်းညွှန်အား ကိုးကားအသုံးပြုနိုင်ရန် သံရုံး၏ထုတ်ပြန်ချက်တွင် ပူးတွဲဖော်ပြထားသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၃ ရက်နေ့ ကိုရီးယားစံတော်ချိန် ၁၇:၀၀ နာရီတွင် Form ပိတ်မည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသားများအနေဖြင့် KSA ကျောင်းဝင်ခွင့်များနှင့်ပတ်သက်၍ သိရှိလိုသည့် မေးခွန်းများရှိပါက ဖုန်း + ၈၂-၅၁-၆၀၆-၂၂၇၃,၂၁၈၂၊ အီးမေးလ် admission @ksa.kaist.ac.kr တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါ ကြောင်းအသိပေးကြေညာထားသည်။
ကိုးကား-မြန်မာသံရုံး၊ဆိုးလ်မြို့

ပေးပို့သူ- ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဘရာဇီးရှိ အခြေခံပညာကျောင်းများအားလုံးတွင် စမတ်ဖုန်း အသုံးပြုမှုကို ပိတ်ပင်တော့မည်

ဘရာဇီးရှိ အခြေခံပညာကျောင်းများအားလုံးတွင် စမတ်ဖုန်းအသုံးပြုမှုကို ကန့်သတ်သည့် ဥပဒေကြမ်းတစ်ရပ်ကို ဇန်နဝါရီ ၁၃ ရက်နေ့တွင် ဘရာဇီးသမ္မတ Luiz Inácio Lula da Silva က လက်မှတ်ရေးထိုးလိုက်ပါသည်။

အဆိုပါ ဥပဒေသည် ဖေဖော်ဝါရီလမှစတင်ကာ တောင်အမေရိကနိုင်ငံတစ်ဝှမ်းရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများရှိ ကျောင်းသားများအပေါ် သက်ရောက်မှုရှိစေမည်ဖြစ်သည်။ ကျောင်းသားများသည် စမတ်ဖုန်းကို အရေးပေါ်အခြေအနေနှင့် အသက်အန္တရာယ်ကြုံ‌နိုင်သည့်ကိစ္စရပ်များနှင့် ပညာရေးဆိုင်ရာကိစ္စရပ်များ သို့မဟုတ် နေမကောင်းဖြစ်ခြင်းနှင့် အမှန်တကယ်လိုအပ်လာသည့် အ‌ခြေအနေများအတွက်သာ အသုံးပြုရန် ဥပဒေမူဘောင် တစ်ရပ်ကို ရေးဆွဲထားပါသည်။

ကလေးငယ်များသည် ငယ်ရွယ်စဉ်အချိန်ကတည်းက အွန်လိုင်းအသုံးပြုနေကြပြီး မိဘများက ၎င်းတို့၏ ကလေးများ အွန်လိုင်းတွင် ပြုလုပ်နေသည့်အရာများကို သိရှိနိုင်ရန် ပိုမိုခက်ခဲလာသည့်အတွက် ကလေးများအား ကျောင်းတွင် စမတ်ဖုန်းအသုံးပြုမှု ကန့်သတ်ထားခြင်းက မိဘများကို ကူညီပေးနိုင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး Camilo Santana က ဇန်နဝါရီ ၁၃ ရက်နေ့က ပြောကြားခဲ့ပါသည်။

မိဘများနှင့် ကျောင်းသားအများအပြားကလည်း အဆိုပါ ဥပ‌ဒေကြမ်းအပေါ် ထောက်ခံခဲ့ကြသည်။ အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သည့် ဘရာဇီးစစ်တမ်းကောက်ယူသူ Datafolha ၏ စစ်တမ်းအရ စစ်တမ်းဖြေဆိုသူ သုံးပုံနှစ်ပုံနီးပါးသည် ကျောင်းများတွင် ကလေးများနှင့် ဆယ်ကျော်သက်များ စမတ်ဖုန်းအသုံးပြုခြင်းကို တားမြစ်ခြင်းအပေါ် သဘောတူခဲ့ကြပြီး လေးပုံသုံးပုံကျော်က အဆိုပါစမတ်ဖုန်းများသည် ၎င်းတို့၏ ကလေးများအတွက် ကောင်းကျိုးထက် ဆိုးကျိုးပိုများသည်ဟု ဆိုသည်။

ကိုးကား -CNN

ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော် ဇန်နဝါရီ ၉

ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန - ၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နိုင်ငံတကာသံရုံးများမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပညာရေးမှူးများ၊ ပါမောက္ခများ၊ ပညာရှင်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပြည်တွင်း၊ ပြည်ပစာတမ်းရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညီလာခံအခမ်းအနားမုခ်ဦးအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။

ယင်းနောက် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက “မင်္ဂလာပါ” သီချင်းဖြင့် နှုတ်ခွန်းဆက် ကပြဖျော်ဖြေကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပညာဆီမီးတိုင်ကို စက်ခလုတ်နှိပ်၍ထွန်းညှိပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတစ်ခုကိုအဓိကဖန်တီးပုံဖော်ကြသူများသည် ယင်းနိုင်ငံ၏ နိုင်ငံသားများပင်ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အသိပညာအတတ်ပညာ ပြည့်စုံသည့်၊ စဉ်းစားတွေးခေါ်မှုမြင့်မားသည့် နိုင်ငံသားများပေါများရေးကို ဦးတည်ကြိုးပမ်းလျက်ရှိကြောင်း၊ “ပညာ” သည် အမှားအမှန်၊ အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်သည့် “အသိဉာဏ်” ကိုရရှိစေကြောင်း၊ နိုင်ငံသားတိုင်း “အသိဉာဏ်ပညာ” ပြည့်စုံကြမှသာ နိုင်ငံအကျိုးသယ်ပိုးထမ်းရွက်နိုင်မည့် စွမ်းအားထက်မြက်သည့် အင်အားစုကြီးတစ်ရပ်ကို ထူထောင်နိုင်မည်ဖြစ်ကြောင်း။

ပညာသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံး အသိပညာအတတ်ပညာမြင့်မားတိုးတက်ရေးနှင့် ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာရေးသည်အရေးကြီးကြောင်း၊ မိမိတို့အစိုးရအနေဖြင့် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ် အကောင်အထည်ဖော် အားပေးဆောင်ရွက်လျက်ရှိရာတွင် ယခုကျင်းပသည့်နိုင်ငံတကာ ပညာရေးဆိုင်ရာ အသုံးချသုတေသနညီလာခံကလည်း များစွာအထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း။

ညီလာခံဦးတည်ချက်ကို “ပညာရေး၊ သိပ္ပံနှင့်နည်းပညာစွမ်းပကားဖြင့် ပိုမိုကြွယ်ဝပြည့်စုံသော လူ့ဘောင်အဖွဲ့အစည်းအတွက် အနာဂတ်သို့ညွှန်ပြခြင်း Navigating the Future: Education, Science and Technology for Brighter and More Prosperous Societies.” ဟု သတ်မှတ်ထားသည်ကိုတွေ့ရကြောင်း၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာဟူသည့် ကဏ္ဍသုံးရပ်သည် တစ်ခုနှင့်တစ်ခုချိတ်ဆက်လျက်ရှိပြီး သုတေသနနှင့်တီထွင်ဆန်းသစ်မှုများဖြင့် ပေါင်းစည်းလိုက်သည့်အခါ လူ့ဘောင်အဖွဲ့အစည်းကြီးပွားတိုးတက်ရေးကို ဖန်တီးပေးနိုင်မည့် ထိရောက်အားကောင်းသည့် စွမ်းအားတစ်ရပ်ကို ပေါ်ထွန်းလာစေမည်ဖြစ်ကြောင်း။

သုတေသနဟူသည့် ဝေါဟာရသည် “သုတ” နှင့် “ဧသန” တို့ကို ပေါင်းစပ်ထား ခြင်းဖြစ်ကြောင်း၊ “သုတ” ဟူသည်မှာ အကြားအမြင်ဖြစ်ပြီး “ဧသန”သည် ရှာမှီးခြင်းဖြစ်သည့်အတွက် “သုတေသန”ကို မြန်မာအဘိဓာန်တွင် “တစ်စုံတစ်ခုကို ခြေခြေမြစ်မြစ်သိရန် စူးစမ်းရှာဖွေခြင်း”ဟု ဖွင့်ဆိုထားကြောင်း၊ သုတေသနက ဗဟုသုတအသစ်များ၊ တွေ့ရှိချက်အသစ်များ၊ တီထွင်ဆန်းသစ်မှုအသစ်များကို ဖော်ထုတ်ပေးနိုင်ကြောင်း၊ လက်ရှိအယူအဆများကို သက်သေစိုက်ထူခိုင်မာစေနိုင်ကြောင်း၊ လက်တွေ့ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ ပြဿနာများကိုဖြေရှင်းပေးနိုင်ပြီး ပညာရပ်ဆိုင်ရာအသိအမြင်များကို ပိုမိုတိုးတက်မြင့်မားလာစေနိုင်ကြောင်း၊ ထို့ကြောင့် သုတေသနဟူသည်မှာ ဆန်းသစ်တီထွင်မှုနှင့် တိုးတက်မှုတို့ကို တွန်းအားပေးနိုင်စွမ်းရှိသည့် မောင်းနှင်အားတစ်ရပ်ဖြစ်သည်ဟု ဆိုနိုင်ကြောင်း။

သုတေသနလုပ်ငန်းများကြောင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် နည်းပညာသစ်များဖော်ထုတ်ပြီး ဈေးကွက်သစ်များ ချဲ့ထွင်နိုင်မည်ဖြစ်သကဲ့သို့ နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးအတွက် ကျွမ်းကျင်မှုအရည်အသွေးများနှင့် ပြည့်စုံသည့် ကျွမ်းကျင်လုပ်သားများကို မွေးထုတ်ပေးနိုင် မည်ဖြစ်ကြောင်း၊ယနေ့ကျင်းပသည့် နိုင်ငံတကာသုတေသနညီလာခံကြီးမှ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှုတံခါးသစ်ကို ဖွင့်လှစ်ပေးသွားလိမ့်မည်ဟု ယုံကြည်ကြောင်း။

နိုင်ငံတော်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးအတွက် ဦးတည်ချက်ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ခေတ်မီစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရေး အတတ်ပညာရှင်များ လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုနည်းပညာဆိုင်ရာ လူသားအရင်းအမြစ်များမွေးထုတ်နိုင်ရေးအတွက် ခရိုင်အသီးသီးတွင် စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာများကို သင်ကြားပေးနေသည့် အခြေခံပညာအထက်တန်းကျောင်း (၈၅) ကျောင်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး KG+9 ပြီး မြောက်အောင်မြင်သူများ တက်ရောက်နိုင်မည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ထူးချွန်စွာအောင်မြင်ပါက သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်များကို ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံအတွက် ပညာရှင်များစွာလိုအပ်လျက်ရှိနေဆဲဖြစ်သောကြောင့် အသိပညာရှင်၊ အတတ်ပညာရှင် လူသားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရေး နိုင်ငံတော်က စီမံဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တာဝန်ရှိသူများနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများကလည်း ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

ကုန်ထုတ်လုပ်မှုမြင့်မားစေရေးကို အထောက်အကူပြုနိုင်မည့် သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး အားပေးရမည်ဖြစ်ကြောင်း၊ သုတေသနတွေ့ရှိချက် များမှတစ်ဆင့် ထုတ်ကုန်အသစ်ထုတ်လုပ်နိုင်မည့် နည်းပညာအသစ်များကို စက်မှုလုပ်ငန်းများသို့အရောက် နည်းပညာလွှဲပြောင်းပေးခြင်းနှင့် သုတေသနတွေ့ရှိချက်အသစ်များကို လိုအပ်သည့်အဖွဲ့အစည်းများထံ အသိပညာဗဟုသုတ မျှဝေပေးခြင်းပြုလုပ်နိုင်ပါက နိုင်ငံ့စီးပွားကို အချိန်တိုအတွင်းဖွံ့ဖြိုးတိုးတက်လာအောင် ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း။

ယနေ့ကျင်းပသည့် နိုင်ငံတကာပညာရေးဆိုင်ရာ အသုံးချသုတေသန ညီလာခံ (၂၀၂၅)တွင် ပြည်တွင်းပြည်ပမှ ပညာရပ်ဆိုင်ရာထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များနှင့် သုတေသနပညာရှင်ကြီးများက Keynote Speech များနှင့် ပညာဗဟုသုတမျှဝေပေးကြပြီး ဆရာအတတ်ပညာကဏ္ဍ၊ ဝိဇ္ဇာနှင့်သိပ္ပံပညာကဏ္ဍ၊ သမုဒ္ဒရာနှင့် ကမ္ဘာမြေ သိပ္ပံကဏ္ဍ၊ MSME နှင့် TVET ကဏ္ဍ၊ Natural Language Processing - NLP နှင့် AI Technology ကဏ္ဍစသည့် ကဏ္ဍကြီး (၅) ရပ်တွင် စာတမ်းပေါင်း (၁၀၀) ကျော် ဖတ်ကြားတင်သွင်းဆွေးနွေးသွားကြမည်ဟုသိရှိရကြောင်း၊ ထို့အပြင် သုတေသနပိုစတာ ပြပွဲများနှင့် အားဖြည့်ထားသည့်အတွက် နိုင်ငံတကာသုသေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုခြေလှမ်းအတွက် အားရဂုဏ်ယူကြောင်းကိုပြောကြားလိုကြောင်း၊ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍသည် ဆက်စပ်နေသောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် သုတေသနလုပ်ငန်းများကို အထူးအားပေးသွားကြရမည်ဖြစ်ကြောင်း။

ယခု သုတေသနညီလာခံကြီးတွင် ရွေးချယ်ခံရသဖြင့် တင်သွင်းသည့် သုတေသနစာတမ်းများသည် ပညာရှင်အဆင့်စာတမ်းများဖြစ်သည်နှင့်အညီ ကမ္ဘာက အားကိုးအားထားပြုရသည့် နိုင်ငံတကာအသိအမှတ်ပြုစာတမ်းများဖြစ်ကြောင်း သိရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းကိုလည်း ပြောကြားလိုကြောင်း။

ယခုညီလာခံကြီးကို တက်ရောက်ရန် ကမ္ဘာ့နိုင်ငံအသီးသီးက ရောက်ရှိလာကြသည့် နိုင်ငံတကာသုတေသနပညာရှင်ကြီးများနှင့် အွန်လိုင်းက တက်ရောက်ဆွေးနွေးကြသည့် ပညာရှင်ကြီးများကို နွေးထွေးစွာဂုဏ်ပြုကြိုဆိုပါကြောင်း ပြောကြားလိုကြောင်း၊ ပညာရှင်ကြီးများ၏ပါဝင်မှုသည် ညီလာခံကြီး၏ကြီးကျယ်ခမ်းနားမှုကို ထပ်လောင်းအားကောင်းစေမည်ဟုယုံကြည်ပါကြောင်း၊ ပညာရှင်ကြီးများ၏ ကျွမ်းကျင်မှုပညာနှင့် သုတေသနစာတမ်းများ ဖတ်ကြားမှု၊ အကဲဖြတ်ဒိုင်များအဖြစ် ဆောင်ရွက်ပေးမှုနှင့်သုတေသနညီလာခံမှတ်တမ်းစာအုပ်များ တည်းဖြတ်ပေးမှုတို့သည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ ပုံရိပ်ကောင်းတစ်ခုဖြစ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းကို ပြောကြားလိုကြောင်း၊ ထို့အပြင် နိုင်ငံတကာသုတေသန ညီလာခံကြီးကို အစစအရာရာ အဆင်ပြေချောမွေ့စွာကျင်းပနိုင်ရေး ဆောင်ရွက်ခဲ့ကြသည့် ညီလာခံကျင်းပရေးကော်မတီ၏ လုံ့လဝီရိယနှင့် ကြိုးစားအားထုတ်မှုများကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း။

ယခုကဲ့သို့ညီလာခံကြီးများမှတစ်ဆင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ၊ အကြံကောင်းဉာဏ်ကောင်းများ မျှဝေပေးကြရန်၊ ဘာသာရပ်တူသူများ၊ စိတ်ဝင်စားရာ ပညာရပ်နယ်ပယ်တူသူများ၊ ရည်မှန်းချက်တူသူများအချင်းချင်း သုတေသနပရောဂျက် များပူးပေါင်းဆောင်ရွက်ပြီး ရလဒ်ကောင်းများရှာဖွေဖော်ထုတ်ပေးကြရန်၊ သင်ထောက်ကူပစ္စည်းများ၊ သင်ကြားနည်းစနစ်များမျှဝေပေးခြင်း၊ online သင်တန်းများ ပို့ချခြင်းတို့နှင့် သင်ကြားရေးဆိုင်ရာ ရင်းမြစ်များ တိုးတက်ရေးအတွက် ဖန်တီးပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ အထူးသဖြင့် အရာရာကိုလေ့လာစူးစမ်းပြီး ရလဒ်အပေါ်အခြေခံသည့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်လိုကြသည့် လူငယ်လူရွယ်များအတွက် ယခုကဲ့သို့သုတေသနညီလာခံများ ကျင်းပပေးခြင်းဖြင့် လူငယ်များ၏ စူးစမ်းလေ့လာသုတေသနပြုလိုသည့် သုတေသနယဉ်ကျေးမှုကို ပြုစုပျိုးထောင်ပေးကြရန် တိုက်တွန်းလိုကြောင်း။

ပညာရေး၊ သိပ္ပံနှင့်နည်းပညာများ၏ စွမ်းပကားများနှင့် နောင်လာနောက်သား မျိုးဆက်တို့အတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး တိုးတက်ကောင်းမွန်သည့် လူမှုစီးပွားဘဝနှင့်အတူ ပိုမိုတောက်ပသည့်အနာဂတ်ကို လက်ဆင့်ကမ်းပေးပြီး နိုင်ငံအကျိုး၊ ဒေသအကျိုး သယ်ပိုးထမ်းရွက်နိုင်ကြပါစေကြောင်းကို ဆုတောင်းအပ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ရန်ကုန်ပညာရေးတက္ကသိုလ်မှကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများက ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) အထိမ်းအမှတ် လက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ခင်းကျင်းပြသထားသည့် ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) အထိမ်းအမှတ် ပိုစတာပြခန်း အား တစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုခဲ့ကြသည်။

အဆိုပါ ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) ကို “ပညာရေး၊ သိပ္ပံနှင့်နည်းပညာ စွမ်းပကားဖြင့် ပိုမိုကြွယ်ဝပြည့်စုံသော လူ့ဘောင်အဖွဲ့အစည်းအတွက် အနာဂတ်သို့ညွှန်ပြခြင်း” ဟူသည့် ဦးတည်ချက်နှင့်အညီ ဇန်နဝါရီ ၉ ရက်မှ ၁၀ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ညီလာခံတွင် နိုင်ငံတကာမှ ဝါရင့်ပညာရှင်များနှင့် ပညာရှင်မျိုးဆက်သစ်များပါဝင်ကြပြီး နိုင်ငံပေါင်း ၁၆ နိုင်ငံနှင့် အဖွဲ့အစည်းအပေါင်း ၄၅ ခုမှပညာရှင် ၆၂ ဦး၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာန ၁၁ ခုနှင့် ပညာရေးအဖွဲ့အစည်းများမှ ပြည်တွင်း၊ ပြည်ပပညာရှင် ၄၀ ဦး တိုးတက်ရောက်ကြမည်ဖြစ်ကာ ၄၀ ဦး Keynote Address (၆) ခုı Special Talk (၅) ခုနှင့် ပြည်တွင်း ပြည်ပသုတေသနစာတမ်း (၁၃၃) စောင် ဖတ်ကြားတင်သွင်းသွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ညီလာခံကြီးကို ကျင်းပပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံ၏အနာဂတ်ပညာရေးနှင့် တိုင်းပြည်ကောင်းမွန်တိုးတက်စေရေး နိုင်ငံတော်နှင့်ဒေသတွင်းနိုင်ငံများ၏ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး၊ လူမှုစီးပွားဘဝမြင့်မားလာစေရေးတို့အတွက် များစွာအကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Source: www.moi.gov.mm

ဂျပန်နိုင်ငံ၊ ပညာရေးဝန်ကြီးဌာနကျောင်းများတွင် ဉာဏ်ရည်တုနည်းပညာ တရားဝင်အသုံးပြုခွင့်ပြု

ဂျပန်နိုင်ငံ၊ ပညာရေးဝန်ကြီးဌာန၏ ကျွမ်းကျင်ပညာရှင် အဖွဲ့သည် "ဂျပန်နိုင်ငံ၏ကျောင်းများတွင် ဉာဏ်ရည်တုနည်းပညာကို တရားဝင်အသုံးပြုခွင့်ပြုသည့် မူကြမ်း အသစ်"ကို ၂၀-၁၂-၂၀၂၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် ယာယီလမ်းညွှန်ချက်များအား ပြန်လည်ပြင်ဆင်ပြီး အဆိုပါမူကြမ်းအား ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဂျပန်ကျောင်းသားများ၏ ဉာဏ်ရည်တုနည်းပညာ အသုံးချနိုင်သည့် စွမ်းရည်များကို မြှင့်တင်ပေးရန် ရည်ရွယ်ပါသည်။ 

မူကြမ်း မထုတ်ပြန်ရသေးချိန်အထိ ဂျပန်နိုင်ငံ၏ ပညာရေးဝန်ကြီးဌာနသည် ကလေးများ၏ တီထွင်ဖန်တီးနိုင်စွမ်း ကျဆင်းစေခြင်းနှင့်သတင်းမှားများပျံ့နှံ့မည် စိုးရိမ်သည့်အတွက် ကျောင်းများတွင် AI နည်းပညာအသုံးပြုမှုကို ပိတ်ပင်တားမြစ်ထားခဲ့ပါသည်။ 

အဆိုပါမူကြမ်းသည် ကျောင်းသားများ AI နည်းပညာအသုံးပြုရာတွင် နည်းပညာ၏ လုပ်ဆောင်မှုကန့်သတ်ချက်များကို  သိရှိစေရန်နှင့် အလယ်တန်းကျောင်းသားများ AI ကို သေချာစွာ အသုံးပြုရန် ဆရာများက ကြီးကြပ်ပေးရန်လိုအပ်ကြောင်းတို့ကိုလည်း ထည့်သွင်းရေးသားထားပါသည်။

ကိုးကား (NHK World)  

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်ခန်းမဖွင့်ပွဲနှင့် ရာပြည့်သဘင်အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ချီးမြှင့်

နေပြည်တော် ဒီဇင်ဘာ ၂၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှစ် (၁၀၀) ပြည့် ရာပြည့်ခန်းမဖွင့်ပွဲနှင့် ရာပြည့်သဘင်အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ချီးမြှင့်ပြီး အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ အငြိမ်းစားပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ ကထိကများ၊ ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေတို့က ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် ရာပြည့်ခန်းမ ကမ္ပည်းမော်ကွန်းကျောက်စာနှင့် ရာပြည့်ခန်းမဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းပေးသည်။ ထို့နောက် တက်ရောက်လာကြသူများက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ဆက်လက်ပက်ဖျန်းပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ရာပြည့်ဘက်စုံသုံးခန်းမအတွင်း လှည့်လည်ကြည့်ရှုကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အခမ်းအနားကျင်းပမည့် ဘွဲ့နှင်းသဘင်ခန်းမသို့ သွားရောက်ကြရာ လမ်းဘေးဝဲယာတစ်လျှောက်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် တိုင်းရင်းသားမောင်မယ်များက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အခမ်းအနားကိုကျင်းပပြုလုပ်ရာ ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် တက္ကသိုလ်နှစ် (၁၀၀) ပြည့် သမိုင်းမှတ်တမ်းရုပ်သံဖိုင်အား ကြည့်ရှုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အမှာစကားပြောကြားရာတွင် မိမိတို့မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်းသည် တိုင်းရင်းသားပြည်သူအများစု၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်၏နိုင်ငံရေး၊ လူမှုရေးကဏ္ဍများနှင့်လည်း တိုက်ရိုက်ဆက်စပ်နေပြီး နိုင်ငံ့စီးပွားရေး၏ အသက်သွေးကြောလည်းဖြစ်ကြောင်း၊ ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းက ပြည်သူလူထု၏ လူမှုဘဝအခြေအနေ တိုးတက်ကောင်းမွန်ရေးနှင့် စားရေရိက္ခာဖူလုံရုံမက ပိုလျှံရေးအတွက် စိုက်ပျိုးရေးကို အလေးထားလုပ်ဆောင်ပေးခဲ့သည့် အစဉ်အလာရှိခဲ့ကြောင်း၊ ခေတ်အဆက်ဆက်က အစိုးရအဆက်ဆက်ကလည်း မြန်မာနိုင်ငံ၏စိုက်ပျိုးရေးတိုးတက်ဖွံ့ဖြိုးဖို့ မူဝါဒများချမှတ်ပြီး ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်ကိုလည်း အားလုံးအသိပင်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် ဒေသအလိုက် သီးနှံမျိုးစုံဖြစ်ထွန်းရှင်သန်စေနိုင်မည့် မတူညီသည့်ရာသီဥတု၊ မြေအမျိုးအစား၊ သဘာဝဂေဟစနစ်၊ စိုက်ပျိုးရေးအရင်းအမြစ်စသည့် စိုက်ပျိုးရေးကို အထောက်အကူပြုသည့်အခြေခံကောင်းများ ပြည့်စုံကြွယ်ဝသည့် နိုင်ငံဖြစ်ကြောင်း၊ ထို့ပြင် တိုင်းရင်းသားလူမျိုးပေါင်းစုံက ဒေသအနှံ့တွင်ပျံ့နှံ့နေထိုင်နေကြခြင်းကြောင့် စိုက်ပျိုးရေးအတွက် အဓိကလိုအပ်သည့် လူသားစွမ်းအင်အရင်းအမြစ်များ ခိုင်မာတောင့်တင်းနေပြီး စိုက်ပျိုးရေးအတွက် အားသာချက်ကို ဖြစ်စေကြောင်း။

စိုက်ပျိုးရေးတက္ကသိုလ်၏ သမိုင်းမှတ်တမ်းကိုလေ့လာကြည့်သည့်အခါ၌ ကိုလိုနီလက်အောက်ကျရောက်ခဲ့ပြီး ဆယ်စုနှစ်ကာလများတွင် မြန်မာနိုင်ငံ၏ ရေခံမြေခံကောင်းကို အသုံးချနိုင်ရန်အိန္ဒိယနိုင်ငံကို စိုက်ပျိုးရေးအတတ်ပညာသင်များ စေလွှတ်ခဲ့ကြသည်ကိုတွေ့ရကြောင်း၊ ယင်းကာလတွင် ပညာသင်စေလွှတ်ခဲ့သူ (၄၀) ဦးအနက် (၁၉) ဦးသည် မိမိတို့နိုင်ငံ စိုက်ပျိုးရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြပြီး (၂၁) ဦးမှာ အိန္ဒိယနိုင်ငံစိုက်ပျိုးရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည်ဟု သိရပါကြောင်း။

မိမိတို့နိုင်ငံ၏သီးနှံများကို နိုင်ငံတကာဈေးကွက်ဝင်စေရန် မိမိတို့၏ မိရိုးဖလာသီးနှံစိုက်ပျိုးထုတ်လုပ်မှုစနစ်သည် လိုအပ်ချက်များ၊ အားနည်းချက်များရှိနေသည်ကို လေ့လာသိရှိလာခဲ့ကြကြောင်း၊ အကျိုးအမြတ်ရှိပြီး ခိုင်မာသေချာသည့် သီးနှံထုတ်လုပ်မှုဖြစ်လာနိုင်ရန် တိုးတက်ဖွံ့ဖြိုးလာသည့် စိုက်ပျိုးထုတ်လုပ်မှုနည်းစနစ်များနှင့်အညီ လိုက်ပါတွေးခေါ်ဆောင်ရွက်နိုင်စွမ်းရှိသည့် ပြည်တွင်းစိုက်ပျိုးရေးပညာရှင်များ ရှိမှဖြစ်မည်ဆိုသည်ကို သတိပြုမိလာခဲ့ကြကြောင်း။

ထို့ကြောင့် လိုအပ်သည့်စိုက်ပျိုးရေးပညာရှင်များကို မွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးရေးကောလိပ်နှင့် သုတေသနဗိမာန်ကို ၁၉၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်တွင်မန္တလေးမြို့၌ စတင်တည်ထောင်ဖွင့်လှစ်ခဲ့သည်ဟုသိရကြောင်း၊ ယင်းကာလကတည်းက စိုက်ပျိုးရေးပညာရှင်များအနေဖြင့် နိုင်ငံ၏ရေခံမြေခံကောင်းကိုအသုံးချပြီး လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံအဖြစ်ရပ်တည်နိုင်ရန် ကိုယ့်အားကိုယ်ကိုးပြီး ကြိုးပမ်းခဲ့ကြသည်ကို လေးစားဂုဏ်ယူအသိအမှတ်ပြုပါကြောင်း၊ ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်တွင် စိုက်ပျိုးရေးကောလိပ်ကို စိုက်ပျိုးရေးတက္ကသိုလ်အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ကြောင်း၊ ၁၉၇၃ ခုနှစ်တွင် စိုက်ပျိုးရေးတက္ကသိုလ်ကို စိုက်ပျိုးရေးအတွက် အခြေခံလိုအပ်ချက်များ ပြည့်စုံနေသည့် ပျဉ်းမနားမြို့နယ်၊ ရေဆင်းဒေသသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြောင်း။

စိုက်ပျိုးရေးတက္ကသိုလ်အနေဖြင့် နိုင်ငံတော်၏စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရှင်ပေါင်းများစွာကို သင်ကြားမွေးထုတ်ဖြည့်ဆည်းပေးနေသောကြောင့် ဂုဏ်ယူဖွယ်တက္ကသိုလ်ကြီးဖြစ်ကြောင်းကို ပြောလိုကြောင်း၊ ယခုနှစ် ၂၀၂၄ ခုနှစ်သည်လည်း နိုင်ငံ၏စိုက်ပျိုးရေးဆိုင်ရာ လူသားအရင်းအမြစ်များကို နိုင်ငံတကာနည်းတူ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကကျသည့် စိုက်ပျိုးရေးပညာသင်ကြားမှုအစပြုခဲ့သည်မှာ နှစ်(၁၀၀) ပြည့်မြောက်သည့်နှစ်ဖြစ်သဖြင့် အင်မတန်ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း။

စိုက်ပျိုးရေးကောလိပ် စတင်ဖွင့်လှစ်ချိန်၌ “၃ နှစ် စိုက်ပျိုးရေး ဒီပလိုမာ” အောင်လက်မှတ် ချီးမြှင့်သည့်အဆင့်မှ ဥပစာတန်းအောင်မြင်သူများ (၂) နှစ် တက်ရောက်နိုင်သည့် သိပ္ပံဘွဲ့ (စိုက်ပျိုးရေး) B.Sc (Agri)၊ သိပ္ပံဘွဲ့ (ပိုးမွေးမြူရေး) B.Sc (Sericulture) တို့ကို ပေးအပ်ခဲ့ကြောင်း၊ ၁၉၆၄ ခုနှစ် စနစ်သစ်ပညာရေးကစပြီး စိုက်ပျိုးရေးပညာဘွဲ့ (Bachelor of Agriculture)၊ စိုက်ပျိုးရေးသိပ္ပံဘွဲ့ (Bachelor of Agricultural Science) တို့ကို အပ်နှင်းခဲ့ကြောင်း၊ လက်ရှိအချိန်၌မဟာဘွဲ့၊ ပါရဂူဘွဲ့များအပြင် တိုးတက်ပြောင်းလဲလာနေသည့် ခေတ်နှင့်အညီသင်ကြားပေးနိုင်ရေး သင်ရိုးညွှန်းတမ်း၊ သင်နည်းစနစ်၊ သုတေသနများကို နိုင်ငံတကာရှိတက္ကသိုလ်များ အဆင့်နှင့်ကိုက်ညီအောင် ပြုပြင်မွမ်းမံသင်ကြားပေးနေပြီး စိုက်ပျိုးရေးနှင့်နှီးနွှယ်သော ပညာရပ်ဆိုင်ရာဘွဲ့များ တိုးချဲ့သင်ကြားပေးနေသည့်အတွက် အလွန်အားရဖွယ်အနေအထား ဖြစ်ကြောင်းကို အသိအမှတ်ပြုပြောကြားလိုကြောင်း။

နှစ် (၁၀၀) ကာလအတွင်း တက္ကသိုလ်အနေဖြင့် နိုင်ငံတော်ကအားထားရမည့် အသိပညာရှင် အတတ်ပညာရှင်များအဖြစ် စိုက်ပျိုးရေးသိပ္ပံဘွဲ့ရ (၁၃,၁၉၇) ဦး၊ မဟာသိပ္ပံဘွဲ့ရ(၆၇၃)ဦး၊ ပါရဂူဘွဲ့ရ (၈၅) ဦး၊ ဘွဲ့လွန်ဒီပလိုမာ လက်မှတ်ရ (၇၀) ဦးနှင့် မဟာဒဿနဘွဲ့ရ (၁၁) ဦးတို့ကို မွေးထုတ်နိုင်ခဲ့သည်ကိုတွေ့ရကြောင်း၊ ထိုကဲ့သို့ မွေးထုတ်ပေးနိုင်ခဲ့သောကြောင့် နိုင်ငံ့အတွက် အကျိုးကျေးဇူးများ ရရှိစေခဲ့ကြောင်း။

မိမိတို့အနေဖြင့် နိုင်ငံတော်၏တာဝန်ကိုယူပြီးချိန်တွင် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး” နှင့် “ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင်ဆောင်ရွက်၍ နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး” ဟူသည့် စီးပွားရေးဦးတည်ချက်များကို ထည့်သွင်းချမှတ်ပြီး နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်အောင်၊ နိုင်ငံအတွင်းစားရေရိက္ခာဖူလုံပိုလျှံအောင် ဘက်ပေါင်းစုံက ကြိုးပမ်းဆောင်ရွက်နေကြောင်း။

နိုင်ငံတော်တွင်ရှိသည့် သီးနှံစိုက်ဧကစုစုပေါင်း (၃၃) သန်းမှ အရေးကြီးသီးနှံများကို ဦးစားပေးပြီး ပြည်တွင်းစားရေရိက္ခာ ဖူလုံမှုရှိစေရေး၊ ပြည်ပကို တိုးချဲ့တင်ပို့ရောင်းချနိုင်ရေးနှင့် သွင်းကုန်အစားထိုး ပမာဏတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး ကြိုးစားလုပ်ဆောင်လျက်ရှိကြောင်း၊ ပန်းတိုင်းရည်မှန်းချက်သည် အကြိမ်ကြိမ်သုတေသနပြုပြီးမှ ဖော်ထုတ်ထားခြင်းဖြစ်သဖြင့် ဒေသအလိုက် ပန်းတိုင်ပြည့်မီရေး စနစ်တကျသုံးသပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ သီးထပ်စွမ်းအားမြှင့်တင်နိုင်မှုသည်လည်း နိုင်ငံ၏ကုန်ထုတ်စွမ်းအားတိုးတက်ပြီး GDP ပမာဏတိုးတက်လာစေမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ကြသည့်နေရာတွင် စိုက်ပျိုးရေးပညာရှင်များ၏အခန်းကဏ္ဍသည် အရေးကြီးသကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းနှင့်ဆက်စပ်နေသည့် အခြားဆက်စပ်ကဏ္ဍများကပညာရှင်များဖြင့် ချိတ်ဆက်လုပ်ဆောင်မှုသည်လည်း အရေးကြီးကြောင်း။

ထိုသို့ ချိတ်ဆက်ဆောင်ရွက်သည့်လုပ်ငန်းများ အဆင်ပြေအောင်မြင်စေရေး တက္ကသိုလ်စတင်တည်ထောင်စဉ်ကာလတွင် “သင်ကြားရေးနှင့်သုတေသန”ဟူသည့် လုပ်ငန်းနယ်ပယ် (၂) ရပ်ကို ဦးစားပေးခဲ့ကြောင်း၊ ယခုအချိန်တွင် “သင်ကြားရေး၊ သုတေသနနှင့် နည်းပညာပြန့်ပွားရေး” ဟူသည့် လုပ်ငန်းစဉ်ကြီး (၃) ရပ်အဖြစ် တိုးမြှင့် အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ကြရာတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြင့် အများဆုံးအသက်မွေးဝမ်းကျောင်းပြုနေကြသည့် ကျေးလက်နေပြည်သူများ၏ အကျိုးစီးပွားကို ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ရေး ဦးစားပေးရမည်ဖြစ်ကြောင်းကို ပြောကြားလိုကြောင်း။

ထိုကဲ့သို့ လက်တွေ့ကျပြီး အကျိုးဖြစ်ထွန်းစေမည့် သိပ္ပံနည်းကျ စိုက်ပျိုးရေးပညာများကို ကျေးလက်နေစိုက်ပျိုးရေးပြည်သူများထံသို့ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိပြီး အသုံးချနိုင်စေရေး စိုက်ပျိုးရေးသိပ္ပံဘွဲ့ရ ပညာရှင်များသာမက အလယ်အလတ်တန်း စိုက်ပျိုးရေးပညာရှင်များနှင့် အခြေခံအဆင့် စိုက်ပျိုးရေးကျွမ်းကျင်လုပ်သားများ များစွာမွေးထုတ်ပေးရန်လည်းလိုအပ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးဒီပလိုမာ အောင်လက်မှတ်ပေးသည့် ယခင်စိုက်ပျိုးရေးသိပ္ပံကျောင်းများအပြင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကစပြီး စိုက်ပျိုးရေးဘာသာရပ်သင်ကြားပေးသည့် အထက်တန်းကျောင်း (၈၅) ကျောင်းကိုလည်း နိုင်ငံတစ်ဝန်းဖွင့်လှစ်ပေးထားပြီးဖြစ်ကြောင်း၊ အဆိုပါ စိုက်ပျိုးရေးသိပ္ပံကျောင်းများနှင့် စိုက်ပျိုးရေးဘာသာရပ်သင်ကြားပေးသည့် အထက်တန်းကျောင်းများမှ ထူးချွန်စွာအောင်မြင်ကြသူများကိုလည်း သတ်မှတ်အရည်အချင်းနှင့်အညီ အဆင့်ဆင့်စိစစ်ပြီး စိုက်ပျိုးရေးပညာရှင်များအဖြစ် မွေးထုတ်ပေးနိုင်ရေး တက္ကသိုလ်က အားထုတ်ဆောင်ရွက်နေကြသည်ကို သိရှိရသည့်အတွက် ကျေနပ်အားရဖြစ်မိကြောင်း။

စိုက်ပျိုးရေးတက္ကသိုလ်၏အရေးပါမှုကို အသိအမှတ်ပြုချီးမြှောက်သည့်အနေဖြင့် အစိုးရအဆက်ဆက်သည် တက္ကသိုလ်၏အထင်ကရ အထိမ်းအမှတ်နှစ်များတွင် အထင်ကရအဆောက်အဦများဆောက်လုပ်ပြီး မှတ်တမ်းတင်ဂုဏ်ပြုခဲ့ကြကြောင်း၊ စိန်ရတုနှစ်ဖြစ်သည့် ၁၉၉၉ ခုနှစ်တွင် ဂုဏ်ကျက်သရေတင့်တယ်သည့် စိန်ရတုဓမ္မာရုံနှင့် သေသပ်လှပသည့် စိန်ရတုအစည်းအဝေးခန်းမ၊ တက္ကသိုလ်နှစ် (၉၀) ပြည့်သည့် ၂၀၁၄ ခုနှစ်တွင် ခမ်းနားထည်ဝါသည့် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမကို တည်ဆောက်မှတ်တမ်းတင်ပေးခဲ့ကြောင်း၊ ယခုတက္ကသိုလ်နှစ် (၁၀၀) ပြည့် အခါသမယတွင် နိုင်ငံတကာအဆင့်မီ ရာပြည့်ခန်းမအဆောက်အဦကြီးကို အထင်ကရသမိုင်းမှတ်တိုင်တစ်ခုအဖြစ် ဂုဏ်ပြုချီးမြှင့်တည်ဆောက်ဖွင့်လှစ်ပေးနိုင်ခဲ့သည်မှာ အလွန်ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း၊ တည်ဆောက်ပေးခဲ့သည့် အဆောက်အဦများကို တန်ဖိုးရှိစွာအသုံး ပြုနေကြဆဲဖြစ်သကဲ့သို့ ယခုဖွင့်လှစ်သည့် ရာပြည့်ခန်းမအဆောက်အဦကိုလည်း ပညာရပ်ဆိုင်ရာအခမ်းအနားများ၊ ဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများအတွက် အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးပြုသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

ကိုယ့်ခွန်၊ ကိုယ့်အား၊ ကိုယ့်စွမ်းပကားဖြင့် နိုင်ငံအကျိုးပြုစားရေရိက္ခာ ပြည့်စုံဖူလုံစေရေး ဆောင်ရွက်နေကြသည့် စိုက်ပျိုးရေးပညာရှင် မျိုးဆက်ဟောင်း၊ မျိုးဆက်သစ်များ၏ အခန်းကဏ္ဍသည် ရာပြည့်သမိုင်းတွင် မှတ်တမ်းထိုးခဲ့ကြပြီးဖြစ်ကြောင်း၊ ထိုကဲ့သို့ မွန်မြတ်လှပြီးအတ္တနှင့်ပရ အကျိုးနှစ်ဝကိုရစေသည့် စိုက်ပျိုးနည်းပညာရပ်များကို ပြန့်ပွားတိုးတက်စေရေး မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းမျှဝေပေးပြီး အနာဂတ်စိုက်ပျိုးရေးကဏ္ဍ အောင်မြင်တိုးတက်စေရန် စွမ်းစွမ်းတမံ ဆက်လက်လုပ်ဆောင်သွားကြရန်လည်း တိုက်တွန်းမှာကြားလိုကြောင်း။

စိုက်ပျိုးရေးတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအပြင် အခြားသောဌာနနှင့် နယ်ပယ်အသီးသီးတွင် ကျရာအခန်းကဏ္ဍမှ ဦးလည်မသုန်ထမ်းရွက်ခဲ့ကြသည့် ပညာရှင်များကို ချီးကျူးဂုဏ်ပြုပါကြောင်းနှင့် တာဝန်ထမ်းဆောင်နေဆဲပုဂ္ဂိုလ်များ၊ ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင် စိုက်ပျိုးရေးအကျိုးကိုဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များကိုလည်း နိုင်ငံအကျိုးဆတက်ထမ်းပိုးလုပ်ဆောင်နိုင်ကြရန်လည်း ဆန္ဒပြုအပ်ပါကြောင်း။

ထိုင်းနိုင်ငံရှိ ခရိုင်အားလုံးလွှမ်းခြုံစေမည့် အစိုးရပညာသင်ဆု “One District One Scholarship” (ODOS) အစီအစဉ်ကို ၂၀၂၅ ခုနှစ်တွင် စတင်မည်ဟု  ထိုင်းဝန်ကြီးချုပ် ကတိပေး

ထိုင်းနိုင်ငံပညာရေးစနစ် တိုးတက်မြင့်မားလာစေရန် အစိုးရပညာသင်ဆုဖြစ်သည့် “One District One Scholarship (ODOS)” အစီအစဉ်ကို ဘန်ကောက်ရှိ ခရိုင် ၅၀ ခရိုင်နှင့် ထိုင်းနိုင်ငံတစ်ဝှမ်း ခရိုင် ၈၇၈ ခရိုင်တို့တွင် ၂၀၂၅ ခုနှစ်၌ စတင်အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ကတိပြုပြောကြားလိုက်ပါသည်။ 

"ပညာသင်ဆုများက   ပြည်တွင်းရော ပြည်ပမှာပါ ပညာသင်ယူနိုင်မည့် အစီအစဉ်တွေဖြစ်ပြီး ကျောင်းပိတ်ချိန် ပြည်ပ၌ နွေရာသီစခန်းသွင်းအစီအစဉ်များ ပါဝင်မည် ဖြစ်ကြောင်း၊ နိုင်ငံခြားပညာသင်ဆုရရှိသည့်သူများအနေဖြင့် ပြည်ပရှိ မတူညီသည့် ယဉ်ကျေးမှုများ၊ လူနေမှုပုံစံများကို  လေ့လာသိရှိခွင့်ရရှိမည်ဖြစ်ကြောင်း၊  ၎င်းတို့၏အတွေ့အကြုံများကို မျှဝေပေးခြင်းဖြင့်လည်း အခြားသူများ အတုယူလာစေပြီး စိတ်အားထက်သန်လာစေရန် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း”၊ “ထို့ပြင် ရပ်ရွာစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေးနိုင်မည့် အလားအလာရှိသော ဒေသတွင်းစီးပွားရေးလုပ်ငန်းများအတွက်  အသေးစား၊ အလတ်စား၊ အကြီးစား (SML) စီမံကိန်းကိုလည်း ၂၀၂၅ ခုနှစ်တွင် စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း” ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ 

ကိုးကား - The Nation (Thailand)

(၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂ဝ၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်ပေးအပ်

နေပြည်တော် ဒီဇင်ဘာ ၁

(၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ စာပေဆုများပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ စာပေဆုစိစစ်ရွေးချယ်ရေးကော်မတီဝင်ဆရာကြီး၊ ဆရာမကြီးများ၊ ဆုရပုဂ္ဂိုလ်များ၊ စာပေပညာရှင်များ၊ အနုပညာရှင်များ၊ စာပေဝါသနာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ်ပြခန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ်ပြခန်း ၂၀၂၃ ခုနှစ်အတွက် ဆုရရှိသူများ၏ အတ္ထုပတ္တိ၊ ဓာတ်ပုံ၊ ဆုရစာအုပ်များ၊ စာအုပ်စာစောင်များနှင့် အင်းဝခေတ်မြန်မာစာပေဖွံ့ဖြိုးတိုးတက်မှုပြခန်း၊ စာပေဆိုင်ရာပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် အခမ်းအနားကို စတင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များ၏ “စိန်ရတုမှသည်ရာထောင်ချီ” စာပေဆုနှင်းသဘင်ဂုဏ်ပြုသီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုနှင့် “နိုင်ငံ့ဂုဏ်၊ လူမျိုးဂုဏ်ကို စာပေဂုဏ်ဖြင့်မြှင့်တင်မည်” မှတ်တမ်း Video Clip ကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၌ နှစ်စဉ်နှစ်တိုင်း နတ်တော်လဆန်း ၁ ရက်တွင် မိမိနိုင်ငံနှင့် အများပြည်သူတို့၏ ကောင်းကျိုးအဖြာဖြာကို စာပေကလောင်ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် စာပေပညာရှင်ကြီးများ၊ စာဆိုတော်ကြီးများ၏ စာပေဂုဏ်ကျေးဇူးကို လေးမြတ်ဂုဏ်ပြုလျက် စာဆိုတော်နေ့အခမ်းအနားကို ၁၉၄၄ ခုနှစ်မှစတင်ပြီး မြန်မာ့ယဉ်ကျေးမှုအစဉ်အလာတစ်ခုအဖြစ် ကျင်းပလာကြခြင်းဖြစ်ကြောင်း။

မြန်မာစာပေသမိုင်းကို ပြန်ကြည့်မည်ဆိုပါက ပုဂံခေတ်ကစပြီး ယနေ့ခေတ်ကာလအထိ နှစ်ပေါင်းထောင်ချီဖြတ်သန်းလာခဲ့ပြီဖြစ်ကြောင်း၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ်များမှ ယနေ့ခေတ်ကာလအထိ မြန်မာ့ယဉ်ကျေးမှုအနုပညာအဖြာဖြာ၏ ပင်စည်မဏ္ဍိုင်ကြီးဖြစ်သည့် စာပေနယ်ပယ်ကြီး ဖွံ့ဖြိုးတိုးတက်ခဲ့သည့် အစဉ်အလာကောင်းကို ပိုမိုခိုင်မာတိုးတက်အောင် ဆောင်ရွက်ခဲ့ကြသဖြင့် လေးစားဂုဏ်ယူပါကြောင်း။

စာပေသည် လူ့အဖွဲ့အစည်း၏ အကြံအစည်၊ အပြုအမူ၊ အနေအထိုင်၊ ဓလေ့ထုံးစံ၊ ဘာသာတရား၊ ပေါင်းသင်းဆက်ဆံရေးစသည့်ကိစ္စများအပြင် ယဉ်ကျေးမှုအနုပညာအပေါင်းတို့၏ အစပြုရာဖြစ်ကြောင်း၊ စာပေသည် လူမျိုး၏ယဉ်ကျေးမှုမဏ္ဍိုင်ဖြစ်ပြီး စာအုပ်မျိုးစုံသည် လူသားများ၏ ခေတ်ကြေးမုံများပင်ဖြစ်ကြောင်း၊ စာအုပ်စာပေသည် လူသားများအတွက် မိတ်ဆွေကောင်းဖြစ်ပြီး စာပေမြင့်လာသည်နှင့်အမျှ လူမျိုးလည်းတင့်တယ်ဝင့်ကြွားလာမည်ဖြစ်ကြောင်း၊ စာပေသည် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်းကို ထင်ဟပ်နေခြင်းဖြစ်သဖြင့် မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာ စာပေနှင့်ပတ်သက်သည့် အစဉ်အလာကောင်းများကို စာပေပညာရှင်များ၊ စာပေကို တန်ဖိုးထားသည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် မျိုးဆက်သစ်များက ဆက်လက်ပြီး လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ကြရန်လည်း မှာကြားလိုကြောင်း။

နိုင်ငံနှင့် ပြည်သူများ၏ ကောင်းကျိုးအတွက် အားထုတ်ရေးဖွဲ့ထုတ်ဝေခဲ့ကြသည့် စာဆိုကြီးများ၏ စာကောင်းပေမွန်လက်ရာများကို နိုင်ငံတော်အဆင့် အမျိုးသားစာပေဆုအဖြစ် ရွေးချယ်ပြီး စာဆိုတော်နေ့ရောက်တိုင်း နှစ်စဉ်ချီးမြှောက်ဂုဏ်ပြုခြင်းသည် နိုင်ငံ၏ကောင်းမြတ်သည့် အစဉ်အလာပင်ဖြစ်ကြောင်း၊ ထိုသို့ ကောင်းမွန်သည့် အစဉ်အလာကောင်းကို ၁၉၄၈ ခုနှစ်က စတင်ကျင်းပခဲ့သည်မှာ ယခုဆိုပါက (၇၅) ကြိမ်မြောက်ရှိပြီဖြစ်သဖြင့် စိန်ရတုသက်တမ်းသို့ ရောက်ခဲ့ပြီဖြစ်ကြောင်း။

နိုင်ငံတော်၏ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်မှုဖြင့် ၁၉၄၇ ခုနှစ်၊ ဩဂုတ်လတွင်တည်ထောင်ခဲ့သည့် စာပေဗိမာန်သည် တိုင်းရင်းသားပြည်သူများ နိုင်ငံတကာဗဟုသုတတိုးပွားရေးအတွက် ဘာသာပြန်စာပေများ ထုတ်ဝေခဲ့သကဲ့သို့ မြန်မာစာပေဖွံ့ဖြိုးရေးအတွက် ၁၉၄၈ ခုနှစ်တွင် “စာပေဗိမာန်ကာလပေါ်ဝတ္ထုဆု” ကို စတင်ချီးမြှင့်ခဲ့ကြောင်း။

“စာပေဗိမာန်ကာလပေါ်ဝတ္ထုဆု” ကို “စာပေဗိမာန်ဆု”၊ “အနုပညာစာပေဆိုင်ရာဆု”၊ “အမျိုးသားစာပေဆု” စသည်ဖြင့် ဆုအမည်ကို အဆင့်ဆင့်ပြောင်းလဲခဲ့ပြီး ဆုချီးမြှင့်မယ့်ဘာသာရပ်များ၊ ဆုငွေများကိုလည်း အခါအားလျော်စွာ တိုးချဲ့၊ တိုးတက်ချီးမြှင့်ခဲ့ကြောင်း၊ ယခု ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေဆုတွင် ဆုချီးမြှင့်မည့် ဘာသာရပ်(၁၉)မျိုးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း။

အကြောင်းအမျိုးမျိုးကြောင့် ပုံနှိပ်ထုတ်ဝေခြင်း မပြုဖြစ်သေးသည့် ကလောင်ရှင်တို့၏ ကောင်းမွန်သည့်လက်ရာစာမူများကို စာအုပ်အဖြစ် ထုတ်ဝေဖြန့်ချိနိုင်ရန်ရည်ရွယ်ပြီး “စာပေဗိမာန်စာမူဆု” ကိုလည်း နှစ်စဉ်ရွေးချယ်ပြီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း၊ ယခုနှစ်အတွက် စာပေဗိမာန်စာမူဆုတွင် ဘာသာရပ် ၁၃ မျိုး ဆုချီးမြှင့်မည်ဖြစ်ကြောင်း။

ထို့ပြင် မိမိတို့ မြန်မာနိုင်ငံတွင် မြန်မာစာပေနှင့် နိုင်ငံနှင့်လူမျိုးအကျိုးကို တစ်သက်တာလုံးစာအုပ်စာပေများ အားထုတ်ရေးသားပြုစုခဲ့ပြီး ထူးချွန်ပြောင်မြောက်စွာ တာဝန်ကျေခဲ့ကြသည့် ပုဂ္ဂိုလ်များ၏ ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသည့်အနေဖြင့် “အမျိုးသားစာပေတစ်သက်တာဆု” ကို ၂၀၀၁ ခုနှစ်ကစပြီး နှစ်စဉ်ချီးမြှင့်ပေးအပ်ခဲ့ကြောင်း။

ယခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ရာတွင် ၂၀၂၃ ခုနှစ်အတွင်း ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်ပေါင်း ၁၀၅၀ အတွင်းမှ အမျိုးသားစာပေဆုအတွက် သတ်မှတ်ထားသည့် ဘာသာရပ် ၁၉ မျိုးအနက် ဘာသာရပ် ၁၅ မျိုးကို ရွေးချယ်နိုင်ခဲ့ကြောင်း၊ စာပေဗိမာန်စာမူဆုတွင် ပြိုင်ပွဲဝင် စာမူ ၂၈၄ စောင်အတွင်းမှ ဘာသာရပ် ၁၃ မျိုးအနက် ဆုချီးမြှင့်ရန်ထိုက်တန်သည့် စာမူပေါင်း ၃၀ ကို ရွေးချယ်ခဲ့ပြီးဖြစ်သဖြင့် ယနေ့အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း။

အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရရှိခဲ့သည့် စာရေးသူများနှင့် စာအုပ်များ၊ စာမူများကို ကြည့်မည်ဆိုပါကလည်း ကလောင်နု၊ ကလောင်လတ်၊ ကလောင်ရင့်များပါဝင်ပြီး ခေတ်အတွေး၊ ခေတ်အမြင်များကို ထင်ဟပ်ဖော်ကျူးပြီး စေတနာစိတ်နှင့် စာနာစိတ်ထားများ ပွားများစေနိုင်သည့် ရသစာပေများ၊ နိုင်ငံဖွံ့ဖြိုးရေးနှင့် လုံခြုံရေးအတွက် ဖြည့်ဆည်းသင့်သည့် ပြည်တွင်းပြည်ပဆိုင်ရာ ခေတ်မီနည်းပညာများ၊ သိပ္ပံပညာရပ်များကို လူအများနားလည်လွယ်အောင် ရေးသားထားသည့် သုတစာပေများကို စာပေအဆင့်အတန်းမီစွာ ရေးသားထားကြသည်ဟု ဆုရွေးချယ်ရေးအဖွဲ့က သုံးသပ်ထားကြောင်း။

အမျိုးသားစာပေတစ်သက်တာဆုကို ချီးမြှင့်ရာတွင်လည်း စာပေပညာရှင်ကြီးများကို အလေးအမြတ်ထားသည့်အနေဖြင့် တစ်နှစ်ထက်တစ်နှစ်အရေအတွက်တိုးပြီး ချီးမြှင့်ရန်ဆောင်ရွက်ခဲ့ကြောင်း၊ စတင်ခဲ့သည့် ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တစ်နှစ်လျှင်(၁)ဦးသာ ချီးမြှင့်ပြီးနောက်ပိုင်းတွင် တစ်နှစ်ကို (၂) ဦး၊ (၃) ဦး ရွေးချယ်ချီးမြှင့်ခဲ့ကြောင်း၊ မိမိတို့တာဝန်ယူခဲ့သည့်ကာလတွင် တစ်နှစ်လျှင် (၄) ဦးအထိ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း စာပေပညာရှင်ကြီး (၆) ဦးအထိ ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ စာပေပညာရှင်ကြီးများအားလုံးကို အမျိုးသားစာပေတစ်သက်တာဆုရှင်များအဖြစ် နိုင်ငံတော်က ထိုက်တန်စွာ ချီးမြှောက်ခွင့်ရသည့်အတွက် အတိုင်းမသိဂုဏ်ယူဝမ်းမြောက်မိပါကြောင်း။

မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအားလုံး၏ ငြိမ်းချမ်းသာယာဝပြောသည့် အနာဂတ်၊ ကောင်းမွန်သည့် ပစ္စုပ္ပန်ကို ကြိုးစားတည်ဆောက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စာပေပညာရှင်ကြီးများ၏အားသည် အလွန်အရေးပါပြီး ကောင်းကျိုးများစွာရရှိနိုင်မည်ဟုလည်း ယုံကြည်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း စာပေအနုပညာကဏ္ဍအသီးသီးမှ ပညာရှင်များ မိမိတို့၏ အနုပညာကို အရည်အသွေးမြင့်မားစွာ၊ လွတ်လပ်စွာ ဖန်တီးပုံဖော်နိုင်ရေးတတ်စွမ်းသမျှ အားပေးကူညီဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ယခုအခါ စာပေပညာရှင်များနှင့် စာပေလောကအကျိုးကို ဖြည့်ဆည်းပေးမည့် “စာဆိုဗိမာန်” အဆောက်အအုံကြီးကိုလည်း အိန္ဒိယနိုင်ငံအစိုးရနှင့် ပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း။

စာအုပ်စာပေထုတ်ဝေရေးကဏ္ဍတွင်လည်း နိုင်ငံတကာနှင့် ချိတ်ဆက်ပြီး စာပေယဉ်ကျေးမှုအပြန်အလှန်ဖလှယ်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက တတ်နိုင်သည့်ဘက်မှ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုကဲ့သို့ စာပေဆိုင်ရာ ထူးချွန်ဆုများသာမက စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သည့် ပုဂ္ဂိုလ်များကိုလည်း ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းလျက်ရှိကြောင်း။

မိမိတို့နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုအရှိန်အဟုန်ကို သတင်းအတုအယောင်များ၊ အမုန်းစကားများ၊ ကျင့်ဝတ်သိက္ခာမဲ့ သတင်းအချက်အလက်များက ဟန့်တားဖျက်ဆီးလျက်ရှိကြောင်း၊ တိုင်းရင်းသားညီညွတ်မှုကိုလည်း ပျက်စီးစေနိုင်ကြောင်း၊ မိမိတို့ အားလုံးမျှော်မှန်းထားသည့် ငြိမ်းချမ်းရေးပန်းတိုင်ကိုလည်း အနှောင့်အယှက်ဖြစ်စေကြောင်း။

အနာဂတ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် ပြည်ထောင်စုကြီးကို အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်စေရေး၊ ထာဝရငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးတို့တွင် စွမ်းရည်ပြည့်စုံထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ်များရှိရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ယနေ့အချိန်တွင် အနာဂတ်၏အင်အားများဖြစ်သည့် လူငယ်များကို ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စများ မြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ ယင်းအတွက် လိုအပ်သည့် အာဟာရမှာ စာပေလေ့လာဖတ်ရှုခြင်းဖြစ်ပြီး စာပေပညာရှင်၊ စာဆိုတော်များ၏ စာကောင်းပေမွန်များကို လေ့လာဖတ်ရှုသိုမှီးကြရမည်ဖြစ်ကြောင်း။

စာအုပ်စာပေဟူသည်မှာ မည်မျှပင်ကာလကြာရှည်က ထုတ်ဝေခဲ့သည်ဖြစ်စေ မဖတ်ရ၊ မလေ့လာရသေးပါက အသစ်ပင်ဖြစ်သည့်အတွက် ယခင်ကထုတ်ဝေခဲ့သည့် စာကောင်းပေမွန်များကို မျိုးဆက်သစ်လူငယ်များ လေ့လာနိုင်ရန်အတွက် ပြန်လည်ထုတ်ဝေသင့်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကြီးက ထုတ်ဝေခဲ့သည့် လူထုသိပ္ပံကျမ်းတွဲများနှင့် အခြားပြန်လည်ထုတ်ဝေဖြန့်ချိသင့်သည့် စာအုပ်စာပေများကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနက ပြန်လည်ထုတ်ဝေရန်လမ်းညွှန်မှာကြားထားကြောင်း၊ မြဝတီစာပေတိုက်ကလည်း ထုတ်ဝေလျက်ရှိကြောင်း။

မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ကို ပြည်သူများ လိုလားချက်နှင့်အညီ တည်ဆောက်နိုင်ရေး ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများ အောင်မြင်ရေးအတွက် အသိပညာ၊ အတတ်ပညာကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာစေရေးနှင့် အသိပညာကြွယ်ဝသည့် လူ့ပတ်ဝန်းကျင်အသိုက်အဝန်းကို ပုံဖော်တည်ဆောက်ပေးရန်လိုအပ်ကြောင်း၊ ထိုသို့တည်ဆောက်ရာတွင် စာအုပ်စာပေများ၏ အသိပညာပေးမှု၊ လမ်းညွှန်မှုများက သာယာဝပြောသည့် လူ့ဘောင်အဖွဲ့အစည်းဖြစ်ပေါ်လာစေရေးကို များစွာအထောက်အကူပြုနိုင်မည်ဟု ယုံကြည်ကြောင်း။

မြန်မာ့သမိုင်းတစ်လျှောက် စာပေစွမ်းအားနှင့် မြန်မာ့ဂုဏ်မြင့်မားအောင်၊ အကျိုးစီးပွားတိုးတက်အောင်ဆောင်ရွက်ခဲ့သည့် ရဟန်းစာဆို၊ လူပုဂ္ဂိုလ်စာဆို၊ စာဆိုတော်ပညာရှင်ကြီးများကို ချီးကျူးပူဇော်ဂုဏ်ပြုခြင်းသည် မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာအစဉ်အလာတစ်ရပ်ဖြစ်ကြောင်း၊ အစဉ်အလာကောင်းကို ဝါရင့်စာပေပညာရှင်ကြီးများက ထိန်းသိမ်းပြီး မျိုးဆက်သစ်ကလောင်ရှင်များကို လက်ဆင့်ကမ်းပေးကြရန် တိုက်တွန်းလိုကြောင်း၊ မျိုးဆက်သစ်ကလောင်ရှင်များကလည်း စာပေဆိုင်ရာကျင့်ဝတ်၊ နီတိများကိုထိန်းသိမ်းပြီး ခေတ်ကိုထင်ဟပ်စေသည့်၊ အမျိုးဘာသာသာသနာ ကောင်းကျိုးသယ်ပိုးဆောင်ရွက်နိုင်သည့်၊ နိုင်ငံ့ပုံရိပ်ကို မြှင့်တင်နိုင်သည့်၊ စာဖတ်ပရိသတ်အတွက် စာဖတ်မှုအရည်အသွေးတိုးမြှင့်စေပြီး ကောင်းကျိုးပြုစေသည့် စာကောင်းပေမွန်များကို ရေးသားဖွဲ့ဆိုနိုင်ကြပါစေဟု ဆန္ဒပြုတိုက်တွန်းမှာကြားလိုကြောင်းနှင့် မြန်မာစာပေလောကခိုင်မြဲစည်ပင်ဖွံ့ဖြိုးရေးအတွက် ဆက်လက်ပါဝင်ကူညီပေးကြရန် မေတ္တာရပ်ခံအပ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ၂၀၂၃ ခုနှစ်၊ အမျိုးသားစာပေတစ်သက်တာဆုရရှိကြသည့် စာပေပညာရှင်ဆရာကြီး ဒေါက်တာ မင်းတင်မွန်(ပါရဂူမင်းနန္ဒာ)၊ စာပေပညာရှင်ဆရာကြီး ဒေါက်တာ တိုးလှ၊ စာပေပညာရှင်ဆရာကြီး ဦးညွန့်ဆွေ(မောင်ဆွေသက်)၊ စာပေပညာရှင် ဆရာကြီး ဦးသန်းဆွေ (မောင်သန်းဆွေ-ထားဝယ်)၊ စာပေပညာရှင် ဆရာကြီး ဒေါက်တာကျော်ဝင်း(သမိုင်းပါမောက္ခ-ငြိမ်း)နှင့် စာပေပညာရှင်ဆရာကြီး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)တို့ကို ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့အား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက (၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆု အထိမ်းအမှတ်ဂုဏ်ပြုလက်ဆောင်အား ဂါရဝပြုပေးအပ်သည်။

ထို့နောက် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်နှင့် ဦးမောင်မောင်အုန်းတို့က အမျိုးသားစာပေဆုရရှိသူများနှင့် စာပေဗိမာန်စာမူဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် အမျိုးသားစာပေတစ်သက်တာဆုရှင် ဆရာကြီး ဦးကျော်ဝင်း သမိုင်းပါမောက္ခ(ငြိမ်း)က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ၎င်းနောက် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များက “စာပေစေတနာစာပေဆန္ဒ” ယိမ်းအကဖြင့်လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “စာပေဂုဏ်ရောင် ထွန်းပြောင်တန်ဆောင်ဆီမီး” ကဇာတ်ဖြင့်လည်းကောင်း ကပြဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရရှိကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အဖွဲ့ဝင်များသည် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရရှိခဲ့ကြသူများ၊ အနုပညာရှင်များ၊ စာပေပညာရှင်များနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူတကွသုံးဆောင်ကြသည်။

နေ့လယ်စာသုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရရှိခဲ့ကြသူများ၊ အနုပညာရှင်များ၊ စာပေပညာရှင်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁ဝဝ) ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအခမ်းအနား ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများမှ အင်ဂျင်နီယာပညာရှင်ကြီးများ၊ ဖိတ်ကြားထားသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် အင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မြတ်၊ ဗိသုကာ ကောင်စီဥက္ကဋ္ဌ ဦးဝင်းဇော်တို့က မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် ရုပ်တုနှင့် Naypyitaw State Polytechnic University ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် Naypyitaw State Polytechnic University ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် Naypyitaw State Polytechnic University ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များပက်ဖျန်းပေးကြသည်။

ယင်းနောက် အခမ်းအနားအစီအစဉ်ဒုတိယပိုင်းကို တက္ကသိုလ်စုဝေးခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြ သူများသည် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် မျိုးဆက်သစ်အင်ဂျင်နီယာ ကျောင်းသား၊ ကျောင်းသူများ၏ မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အထိမ်းအမှတ် “အင်ဂျင်နီယာနှစ် ၁၀၀” သီချင်းဖြင့် သရုပ်ဖော်ကပြတင်ဆက်မှု၊ "Welcome To NSPU” သီချင်းဖြင့် သရုပ်ပြဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် မြန်မာနိုင်ငံအင်ဂျင်နီယာ ပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်သည့်အခမ်းအနားသည် မြန်မာ နိုင်ငံ၏ အင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့်မြောက်သောအချိန်ဖြစ်သည့်အပြင် အဆင့်မြင့်သိပ္ပံနဲ့ နည်းပညာကဏ္ဍတွင် ထူးခြားဆန်းသစ်စေမည့် နိုင်ငံ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်လာစေမည့် Naypyitaw State Polytechnic University ကို နိုင်ငံ၏မြို့တော် နေပြည်တော် ပြည်ထောင်စု နယ်မြေတွင် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည့်အတွက် ကျက်သရေမင်္ဂလာအပေါင်းနှင့် ခညောင်းပြည့်ဝသည့် နေ့ထူးနေ့မြတ်အခမ်းအနားဖြစ်ကြောင်း။

မြန်မာ့အင်ဂျင်နီယာနှင့် ဗိသုကာပညာရပ်များသည် ပျူခေတ်၊ ပုဂံခေတ်မှစပြီး ထွန်းကားခဲ့သည်ကို သမိုင်းအထောက်အထား မှတ်တမ်းများအရ တွေ့ရှိရကြောင်း၊ ပျူခေတ် မြန်မာ့ဗိသုကာအမွေအနှစ်လက်ရာများကို ဗိဿနိုးမြို့ဟောင်း၊ ဟန်လင်းမြို့ဟောင်းနှင့် သရေခေတ္တရာမြို့ဟောင်းတို့တွင် အထင်အရှားတွေ့ရှိရကြောင်း၊ ပုဂံခေတ်တွင် တည်ထားခဲ့သည့် အာနန္ဒာဘုရား၊ သဗ္ဗညုဘုရား၊ ဓမ္မရံကြီးဘုရားများတွင်ရှိသည့် ဗိသုကာလက်ရာများသည် မြန်မာတို့၏ ဗိသုကာပညာရပ် အဆင့်အတန်းမြင့်မားမှုကို အထင်အရှားဖော်ပြနေကြောင်း၊ ထို့ပြင် ပုဂံမင်းလက်ထက် အမရပူရမြို့ စာရေးဦးပိန် တည်ဆောက်ခဲ့သည့် တစ်မိုင်နီးပါးရှည်လျားသော ဦးပိန်တံတားသည် ကျွန်းသစ်ကိုသာ အသုံးပြုထားသည့် ကမ္ဘာ့အရှည်ဆုံး သစ်သားတံတားတစ်ခုအဖြစ် ဂုဏ်ယူဖွယ်ရာ တည်ရှိနေကြောင်း။

ရတနာပုံခေတ်တွင် အင်ဂျင်နီယာပညာများ ဖွံ့ဖြိုးတိုးတက်ရာ၌ ၁၈၅၈ ခုနှစ် မှ ၁၈၇၄ ခုနှစ်အတွင်း မင်းတုန်းမင်း၏ညီတော် ကနောင်မင်းသားကြီးက ဒင်္ဂါးစက်ရုံ၊ မဲနယ်စက်ရုံ၊ သကြားစက်ရုံ၊ သင်္ဘောစက်ရုံ၊ ဝါဂွမ်းစက်ရုံ၊ ရက်ကန်းစက်ရုံစသည့် ရတနာပုံခေတ်စက်ရုံများကို တည်ထောင်ခဲ့ကြောင်း၊ ၁၈၆၆ ခုနှစ်မှာ မောင်ရွှေအိုးက ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင်ရှိသည့် ဗဟိုဝိဇ္ဇာတက္ကသိုလ်မှ သိပ္ပံပညာမဟာဝိဇ္ဇာဘွဲ့အပြင် မြို့ပြအင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ကြောင်း၊ ၁၈၆၇ ခုနှစ်တွင် ဖန်ချက်ပညာဆိုင်ရာစာတမ်းကို ဆက်သွင်း ခဲ့သဖြင့် ဖန်ချက်ဝန်အဖြစ် ခန့်အပ်ခံရသည့် မြန်မာ့ပထမဦးဆုံးသော အင်ဂျင်နီယာလည်းဖြစ်ကြောင်း၊ ၁၈၆၆ ခုနှစ်တွင် ယောမင်းကြီး ဦးဘိုးလှိုင်သည် အီတလီနိုင်ငံ၏ ဟိုတယ်ဒီဇိုင်းကိုအခြေခံပြီး ယောမင်းကြီးအုတ်ကျောင်းကို မန္တလေးမြို့တွင် တည်ဆောက်နိုင်ခဲ့ကြောင်း၊ ၁၈၆၉ ခုနှစ်တွင် ယောမင်းကြီး ဦးဘိုးလှိုင်က မြန်မာ့ကြေးနန်းရိုက်နည်းဆိုင်ရာ လီပိဒီပိကာကျမ်းကို ရေးသားပြုစုခဲ့ပြီး ၁၈၇၀ ပြည့်နှစ်တွင် မြန်မာ့ကြေးနန်းလိုင်းများကို စတင်သွယ်တန်းခဲ့ကြောင်း။

၁၈၇၂ ခုနှစ်တွင် ကင်းဝန်မင်းကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဗြိတိန်နဲ့ အခြားဥရောပနိုင်ငံများကို သွားရောက်ခဲ့ပြီး လမ်းနှင့်တံတား တည်ဆောက်မှုအပါအဝင် အနောက်တိုင်း ပညာရေးစနစ်များ၊ အုပ်ချုပ်မှုနှင့် အခြေခံအဆောက်အအုံများကို လေ့လာခဲ့ကြောင်း၊ ၁၈၇၄ ခုနှစ်တွင် စစ်ကိုင်းသံဖိုရုံကို အုတ်မြစ်ချ စတင်ဆောက်လုပ်နိုင်ခဲ့ပြီး ပြင်သစ်တွင် သံချက်ပညာသင်ယူခဲ့သည့် သံချက်ဝန်မင်း ဦးမြူက ကြီးကြပ်ပြီး သံပွတ်လုံးမှအစ သံပြား၊ သံလုံး၊ သံမြှောင်များ၊ လက်နက်များ ပြုလုပ်နိုင်ခဲ့ကြောင်း။

လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၆၀ ပြည့်နှစ်တွင် “လျှပ်စစ်မီးဖြင့် လောကနိဗ္ဗာန် တည်ဆောက်အံ့” ကြွေးကြော်သံဖြင့် ၈၄ မဂ္ဂါဝပ်ရှိသည့် ဘီလူးချောင်းအမှတ် (၂) လောပိတရေအားလျှပ်စစ်စက်ရုံကို တည်ဆောက်ခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် (၁၆၈) မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း၊ ၁၉၇၀ ပြည့်နှစ်အစောပိုင်းတွင် တက္ကသိုလ်များကွန်ပျူတာစင်တာကို တည်ထောင်ခဲ့ပြီး ICL-1902S Mainframe အမျိုးအစား ကွန်ပျူတာစက်ကြီးတစ်လုံးကို ပထမဆုံးကွန်ပျူတာအဖြစ် တပ်ဆင်ခဲ့ပြီး ၁၉၇၃ ခုနှစ် မြန်မာနိုင်ငံ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းတွင် အသုံးပြုခဲ့ကြောင်း။

ခေတ်အဆက်ဆက်တွင် မြန်မာ့အင်ဂျင်နီယာနှင့် ဗိသုကာပညာရှင်အမြောက်အမြား ပေါ်ထွန်းခဲ့ကြောင်း၊ ရန်ကုန်မြို့တော်ခန်းမကို မြန်မာ့ဗိသုကာပညာရှင် စည်သူဦးတင်က နိုင်ငံခြားသားပညာရှင်များနှင့် ပူးပေါင်းပြီး ဥရောပလက်ရာနှင့် မြန်မာ့ရိုးရာဗိသုကာလက်ရာတို့ ပေါင်းစပ်ပြီး ဒီဇိုင်းရေးဆွဲခဲ့ကြောင်း။

ယခု ၂၁ ရာစုတွင်လည်း နေပြည်တော် မြို့တော်တည်ဆောက်ရေးနှင့် နေပြည်တော်တွင်ရှိသည့် လွှတ်တော်အဆောက်အအုံများကို မြန်မာ့ရိုးရာယဉ်ကျေးမှု၊ မြန်မာ့ဗိသုကာလက်ရာများနှင့် ခြယ်မှုန်းပြီး မြန်မာဗိသုကာပညာရှင်များ၊ မြန်မာအင်ဂျင်နီယာများက တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ဗုဒ္ဓဥယျာဉ်တော်မှာ တည်ထားကိုးကွယ်ထားသည့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးသည် ဘူမိဖဿမုဒြာစကျင်ကျောက်ရုပ်ပွားတော်ဖြစ်ပြီး ကမ္ဘာ့အမြင့် ဆုံးနှင့် အလေးချိန်အများဆုံး စကျင်ကျောက်ရုပ်ပွားတော်ကြီးတစ်ဆူအဖြစ် မြန်မာ့အင်ဂျင်နီယာနှင့် ဗိသုကာပညာရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် CNC နည်းပညာကို အသုံးပြုပြီး အောင်မြင်စွာ တည်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် အရှည်ပေ (၈၆၃၈) ပေရှိတဲ့ Cable-Stayed တံတားအမျိုးအစား ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) ကိုလည်း မြန်မာ့အင်ဂျင်နီယာပညာရှင်များ၏ ကြိုးပမ်းအားထုတ်မှုဖြင့် တည်ဆောက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ ဂုဏ်ယူဝင့်ကြွားစွာ ဖွင့်လှစ်နိုင်ခဲ့ ကြောင်း။

မြန်မာနိုင်ငံအင်ဂျင်နီယာ ပညာရေးသမိုင်းကြောင်းကို ပြန်ပြောင်းကြည့်မည်ဆိုပါက (၁၉၂၃-၁၉၂၄) ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်၌ အင်ဂျင်နီယာဌာန စတင်ဖွင့်လှစ်နိုင်ခဲ့ခြင်းကို မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး၏အစဟု ဆိုနိုင်မည်ဖြစ်ကြောင်း၊ ၁၉၂၄-၁၉၂၅ ပညာသင်နှစ်တွင် မြို့ပြ အင်ဂျင်နီယာသင်တန်းကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၉၂၈ ခုနှစ်တွင် မြန်မာ့ပထမဦးဆုံး အင်ဂျင်နီယာဘွဲ့ရ (၂၅) ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း။

၁၉၆၁ ခုနှစ်တွင် ယခုလက်ရှိ အင်းစိန်မြို့နယ်၊ ကြို့ကုန်းတွင်ရှိသည့် ရန်ကုန်နည်းပညာ တက္ကသိုလ်နေရာကို ပြောင်းရွှေ့ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် မန္တလေးစက်မှုတက္ကသိုလ်၊ ၁၉၉၄ ခုနှစ်တွင် တပ်မတော်နည်းပညာတက္ကသိုလ်၊ ၁၉၉၆ ခုနှစ်တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ ၁၉၉၈ ခုနှစ်တွင် ပြည်နည်းပညာတက္ကသိုလ်၊ ၂၀၀၂ ခုနှစ်တွင် အရှေ့တောင်အာရှတွင် တစ်ခုတည်းသော တက္ကသိုလ်ဖြစ်သည့် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်တို့ကို တည်ထောင်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း။

လက်ရှိအချိန်တွင် နိုင်ငံတော်ကအားထားရသည့် အင်ဂျင်နီယာ၊ ဗိသုကာနှင့် ကွန်ပျူတာပညာရှင်များကို အရည်အချင်းပြည့်မီစွာ မွေးထုတ်ပေးနိုင်ရန်အတွက် Naypyitaw State Polytechnic University & Polytechnic University (၇) ခုı နည်းပညာတက္ကသိုလ် (၂၇)ခု၊ ကွန်ပျူတာတက္ကသိုလ်(၁၉)ခု၊ မြန်မာ နိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်(၁)ခု၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် (၁) ခု၊ စုစုပေါင်းအင်ဂျင်နီယာပညာရပ် သင်ကြားပို့ချပေးသည့် တက္ကသိုလ် (၅၆) ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်သည့် Naypyitaw State Polytechnic University နှင့်အတူ Polytechnic University (၅) ခုကို ကျိုင်းတုံမြို့၊ ပင်လုံမြို့၊ မြိတ်မြို့၊ ထားဝယ်မြို့နှင့် မအူပင်မြို့တို့တွင် ယနေ့တစ်ပြိုင်နက်တည်း ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်ကို တစ်ပါတည်းပြောကြားလိုကြောင်း။

Polytechnic University ဆိုသည်မှာ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာပညာရပ်နှင့် အသုံးချသိပ္ပံ၊ စီးပွားရေး၊စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့်ပညာရပ်များကို ဘွဲ့ကြိုသင်တန်းများသာမက ဘွဲ့လွန်သင်တန်း များအထိ လက်တွေ့ကျကျ လေ့ကျင့်သင်ကြားမှုများအပြင် လက်တွေ့လုပ်ငန်းခွင်နှင့် ချိတ်ဆက်သင်ကြား ပို့ချပေးသည့် တက္ကသိုလ်တစ်ခုဖြစ်ကြောင်း၊ ကျောင်းသားများ၏ အသက်မွေးဝမ်းကျောင်းမှုအတွက် လက်တွေ့ကျသည့်ပညာရေးကို သင်ကြားပို့ချပေးခြင်း၊ ခေတ်မီနည်းပညာနှင့် သုတေသနဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ခြင်း၊ လုပ်ငန်းခွင်တွင် လိုအပ်သည့် ကျွမ်းကျင်ပညာရှင်များနှင့် လုပ်ငန်းလိုအပ်ချက်ကိုက်ညီပြီး ကောင်းစွာကျွမ်းကျင်တတ်မြောက်သည့် ဘွဲ့ရများ မွေးထုတ်ပေးခြင်း၊ စက်မှုလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရသည့် Real World Project များ ဆောင်ရွက်နိုင်သည့်အခွင့်အလမ်းနှင့် လုပ်ငန်းခွင်အတွေ့အကြုံတွေရရှိနိုင်သည့်အခွင့်အလမ်းများ ဖန်တီး ပေးခြင်းစသည့် ရည်ရွယ်ချက်များဖြင့် ပိုလီတက္ကနစ်တက္ကသိုလ်များကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် Polytechnic University များသည် ဘာသာရပ်နယ်ပယ်စုံလင်စွာ ပေါင်းစည်းပို့ချသည့် နေရာတစ်ခုဖြစ်ပြီး ဘွဲ့ကြိုသင်တန်းများသာမက ဘွဲ့လွန်သင်တန်းများ၊ သုတေသနလုပ်ငန်းများကိုပါ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသင်ယူနိုင်သည့် နေရာတစ်ခုဖြစ်ကြောင်း။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လိုအပ်သည့်အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်ရေး၊ နိုင်ငံတော်အတွက် လိုအပ်သည့် အင်ဂျင်နီယာပညာရှင်များကို ပိုမိုမွေးထုတ် လေ့ကျင့်ပေးနိုင်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် နေပြည်တော်နည်းပညာတက္ကသိုလ်ကို ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် အစိုးရနည်းပညာကောလိပ် (နေပြည်တော်) အဖြစ်မှ တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ကြောင်း။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အင်ဂျင်နီယာအထူးပြုဘာသာရပ် (၆) ခုဖြင့် စတင်ဖွင့်လှစ်သင်ကြားပေး ခဲ့ပြီး၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စိုက်ပျိုးရေးအင်ဂျင်နီယာအထူးပြုဘာသာရပ်ကိုပါ တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် နေပြည်တော်နည်းပညာတက္ကသိုလ်ကို Naypyitaw State Polytechnic University အဖြစ် ပြောင်းလဲတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး အင်ဂျင်နီယာအထူးပြုဘာသာရပ်များသာမက ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘာသာရပ်များ ကိုပါ တိုးချဲ့ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီဖြစ်ကြောင်း။

Naypyitaw State Polytechnic University ကို ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်များနည်းတူ နိုင်ငံ့ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခု ဖြစ်လာစေရန်ရည်ရွယ်ပြီး တိုးချဲ့ဖွင့်လှစ် ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အင်ဂျင်နီယာအထူးပြုဘာသာရပ်ဌာန (၇) ခု၊ ကွန်ပျူတာအထူးပြုဘာသာရပ်ဌာန (၄) ခု၊ အခြားအထောက်အကူပြု ဘာသာရပ်ဌာန (၅) ခု၊ သင်ကြားရေးဌာနစုစုပေါင်း (၁၆) ခုဖြင့် ပြည့်စုံအောင် တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း။

ယခုအချိန်တွင် အင်ဂျင်နီယာ အထူးပြုဘွဲ့ (၇) မျိုးနှင့် ကွန်ပျူတာအထူးပြုဘွဲ့ (၂) မျိုး၊ စုစုပေါင်းဘွဲ့ (၉) မျိုး အပ်နှင်းသွားမည်ဖြစ်ကြောင်း၊ တစ်နှစ်လျှင် အင်ဂျင်နီယာအထူးပြုကျောင်းသား (၂၇၀)၊ ကွန်ပျူတာအထူးပြုကျောင်းသား (၁၂၀)၊ စုစုပေါင်း (၃၉၀) ခေါ်ယူသွားမှာဖြစ်ပြီး အင်ဂျင်နီယာ အထူးပြုဘာသာရပ်ကို စာသင်နှစ် (၅)နှစ်၊ ကွန်ပျူတာအထူးပြုဘာသာရပ်ကို စာသင်နှစ် (၄) နှစ် စသဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ Naypyitaw State Polytechnic University of Smart University ဖြစ်လာစေရေး၊ နိုင်ငံတကာပိုလီတက္ကနစ်တက္ကသိုလ်များနည်းတူ အထူးပြုနယ်ပယ်ပေါင်း စုံနှင့် ဘွဲ့လွန်ဒီဂရီသင်တန်းများကိုပါ တိုးမြှင့်ဖွင့်လှစ်နိုင်ရေး၊ နိုင်ငံ့အကျိုးပြု သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အဆင့်ဆင့်ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

နိုင်ငံတော်က တည်ဆောက်ပေးလိုက်သည့် Naypyitaw State Polytechnic University ကို ယခုထက်ပိုမို ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပစေရေး၊ တက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သည့် မျိုးဆက်သစ် အင်ဂျင်နီယာပညာရှင်များသည် ဒေသတွင်းနိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်သည့် ပညာရှင်များ ဖြစ်လာစေရေး အဖက်ဖက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံသမိုင်းစဉ်တစ်လျှောက်တွင် မြန်မာ့ရိုးရာအင်ဂျင်နီယာနှင့် ဗိသုကာအတတ်ပညာနှင့် နိုင်ငံ၏ ဂုဏ်အဖုံဖုံကို မြှင့်တင်ပေးခဲ့ကြသည့် ရှေးပညာရှင်အကျော်အမော်များအားလုံး ခေတ်သစ် အင်ဂျင်နီယာပညာများနှင့် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အင်ဂျင်နီယာပညာရှင်များ အားလုံးကိုအထူးပင် ဂုဏ်ပြုချီးကျူးပါကြောင်းနှင့် ကျေးဇူးဥပကာရတင်ရှိသည်ကို ပြောကြားလိုကြောင်း၊ ဆက်လက်၍လည်း မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး သမိုင်းတစ်ခေတ်တွင်ခဲ့သည့် နှစ် (၁၀၀) ပြည့်မှသည် နောင်နှစ်ပေါင်း ထောင်ချီတိုင်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အင်ဂျင်နီယာကျောင်းသားဟောင်းကြီးများ၊ အင်ဂျင်နီယာလုပ်ငန်းရှင်များ၊ စီမံခန့်ခွဲသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လက်တွဲညီညီ ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်၍ နိုင်ငံ့အကျိုးကို ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက် လာကြသူများသည် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးသမိုင်းကြောင်းဆိုင်ရာ မှတ်တမ်းတင် Documentary အား ကြည့်ရှုအားပေးကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်း ကျော်က မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အထိမ်းအမှတ် အမှတ်တရ လက်ဆောင်ပစ္စည်းကို ဂါရဝပြုပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားတက်ရောက်လာကြသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် အင်ဂျင်နီယာသမိုင်းပြခန်းများ၊ နည်းပညာဆိုင်ရာပြခန်းများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ပြသထားသော ပြခန်းများကို စိတ်ဝင်တစားဖြင့် လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါ Naypyitaw State Polytechnic University ကို နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများ အတွက် လိုအပ်သည့် အင်ဂျင်နီယာနှင့် ကွန်ပြူတာနည်းပညာဆိုင်ရာ ပညာတတ်လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့် နေပြည်တော်နည်းပညာတက္ကသိုလ် အဖြစ်မှ Naypyitaw State Polytechnic University အဖြစ် ပြောင်းလဲတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ တက္ကသိုလ်၏အခြေခံအဆောက်အအုံဖြစ်သည့် စာသင်ဆောင်များ၊ လက်တွေ့ခန်းများ၊ အလုပ်ရုံများကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတွင်ရှိသည့် ကျွမ်းကျင်အင်ဂျင်နီယာများကိုယ်တိုင် အနီးကပ်ကြီးကြပ်ပြီး သဘာဝနှင့် လိုက်လျောညီထွေစွာ သက်တောင့်သက်သာ ပညာသင်ယူနိုင်ရေး ကြိုးစားတည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ ပရိဘောဂလိုအပ်ချက်၊ သင်ထောက်ကူပစ္စည်း လိုအပ်ချက်များကိုလည်း နိုင်ငံတကာတက္ကသိုလ်များနည်းတူ ပြည့်စုံလုံလောက်မှုရှိအောင် ဖြည့်ဆည်း ဆောင်ရွက်ပေးထားပြီး ကျောင်းသား၊ကျောင်းသူများအနေဖြင့် ပညာသင်ယူရသည့် ကာလတစ်လျောက် အေးချမ်းပျော်ရွှင်စွာဖြင့် တက္ကသိုလ်ကျောင်းသားဘဝ၏ အနှစ်သာရကို ပြည့်ပြည့်ဝဝရရှိစေရေးအတွက် အားကစားကွင်း၊ Recreation Centre စသည်တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တက္ကသိုလ်ပတ်ဝန်းကျင်၌ စိမ်းလန်းစိုပြည်နေစေရေး သစ်ပင်ပန်းမန်များ၊ အလှရေကန်များ၊ စိတ်လက်ချမ်းသာစွာ အနားယူအပန်းဖြေနိုင်သည့်နေရာများဖြင့် ဖန်တီးတည်ဆောက်ပေးထားသည်ကိုလည်း တွေ့ရှိရကြောင်း။

ယနေ့တွင် Naypyitaw State Polytechnic University ဖွင့်လှစ်မှုနှင့်အတူ တစ်ချိန်တည်း၌ ကျိုင်းတုံမြို့၊ ပင်လုံမြို့၊ မြိတ်မြို့၊ ထားဝယ်မြို့နှင့် မအူပင်မြို့တို့တွင်လည်း Polytechnic University များကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ Naypyitaw State Polytechnic University ကို Smart University ဖြစ်လာစေရေး၊ နိုင်ငံတကာ ပိုလီတက္ကနစ်တက္ကသိုလ်များနည်းတူ အထူးပြုနယ်ပယ်ပေါင်းစုံနှင့် ဘွဲ့လွန်ဒီဂရီသင်တန်း များကိုပါ တိုးမြှင့်ဖွင့်လှစ်နိုင်ရေး၊ နိုင်ငံ့အကျိုးပြု သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အဆင့်ဆင့်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Naypyitaw State Polytechnic University တည်ဆောက်ပြီးစီးမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Naypyitaw State Polytechnic University တည်ဆောက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာညွန့်ဖေ၊ ဒေါက်တာမျိုးသိန်းကျော်၊ ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ Naypyitaw State Polytechnic University မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်နှင့် ဆရာ၊ ဆရာမများ၊ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် Naypyitaw State Polytechnic University ပရိဝုဏ်အတွင်းရှိ ပြေးလမ်းအပါ ဘောလုံးကွင်းနှင့် ပွဲကြည့်စင်တည်ဆောက်နေမှုအခြေအနေများ၊ ကျောင်းသားအိပ်ဆောင်၊ ထမင်းစားဆောင်နှင့် အားကစားခန်းမ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပင်မစာသင်ဆောင်အတွင်းသို့ ရောက်ရှိကြပြီး ကျောင်းသားစုဝေးခန်းမ၊ ဘွဲ့နှင်းသဘင်ခန်းမ၊ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ ယာယီစာကြည့်တိုက်နှင့် အထောက်အကူပြုခန်းများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ကဏ္ဍတစ်ခုချင်းစီအလိုက် အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။

ထို့နောက် တက္ကသိုလ်ယာယီရှင်းလင်းဆောင်၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်အတွင်း သုံးထပ်ပင်မစာသင်ဆောင်အပါအဝင် ဝန်ထမ်းအိမ်ရာများ၊ စာသင်ဆောင်များ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူအဆောင်များ၊ အားကစားကွင်းများ၊ စာကြည့်တိုက်နှင့် အခြားသင်ကြားမှု၊ သင်ယူမှု အထောက်အကူပြုအဆောက်အဦများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ တိုးချဲ့ပင်မဆောင် ဆက်လက်ဆောင်ရွက်သွားမည့် အဆိုပြုပုံစံများ ဆောင်ရွက်ထားရှိမှု၊ တက္ကသိုလ်အတွင်း မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် ၁၀၀ ပြည့် ရာပြည့်သဘင်အထိမ်းအမှတ်ရုပ်တု တည်ဆောက်ထားရှိနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်က ယခု Naypyitaw State Polytechnic University သည် အများပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားမှုရှိသည့် တက္ကသိုလ်တစ်ခုဖြစ်သည့်အတွက် ပရိဝုဏ်အတွင်းရှိ စာသင်ဆောင်များ၊ အိပ်ဆောင်များနှင့် အခြားအထောက်အကူပြုအဆောင်များအားလုံး အဆင့်မီမီဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ ရေရှည်တည်တံ့ခိုင်မြဲရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆောက်အဦများ ထည့်သွင်းတည်ဆောက်ရာတွင် ယခုလက်ခံနိုင်သည့် ကျောင်းသား၊ ကျောင်းသူဦးရေနှင့် ဆရာ၊ ဆရာမဦးရေ အရေအတွက်အပြင် ရေရှည်တိုးပွားလာနိုင်သည့် အရေအတွက်များအတွက်လည်း ကြိုတင်တွက်ချက်စဉ်းစားဆောင်ရွက်ထားရှိရန်လိုကြောင်း၊ တက္ကသိုလ်ဖွင့်လှစ်ချိန်၌ လျာထားလက်ခံနိုင်မည့် ကျောင်းသားဦးရေမှ နှစ်အလိုက် တိုးတက်လာနိုင်သည့် ကျောင်းသား၊ ကျောင်းသူဦးရေအပေါ်မူတည်၍ ကျောင်းသား၊ ကျောင်းသူ တိုးချဲ့၍ လက်ခံသင်ကြားပေးနိုင်ရေးအတွက်လည်း ကြိုတင်တွက်ချက်ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုပြီး သစ်ပင်ပန်းမန်များ စနစ်တကျထည့်သွင်းစိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးပြီးဖြစ်သည့်အပင်များ ဆက်လက်ရှင်သန်စေရေးအတွက်လည်း ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ အပင်ကြီးများစိုက်ပျိုးရာတွင် ရေရှည်ကြီးထွားလာမည့်အခြေအနေများအထိ ကြိုတင်တွက်ချက်စဉ်းစားပြီးမှသာ စနစ်တကျ စိုက်ပျိုးသွားရန်လိုကြောင်း၊ ယခုပွင့်လင်းရာသီသို့ ရောက်ရှိပြီဖြစ်သဖြင့် လာမည့်နှစ် မိုးရာသီမတိုင်မီ ရေထုတ်စနစ်များအားလုံး ဆောင်ရွက်ပြီးစီးစေရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ တက္ကသိုလ်အတွင်း ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးအသုံးပြုနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေ၊ မီး စနစ်များ စနစ်တကျဖြစ်စေရေး၊ သန့်ရှင်းသာယာလှပရေးတို့ကို အလေးထားတွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။