အဝေးသင် တက္ကသိုလ်သင်တန်းများ အပ်နှံမှု ဆက်လက်လက်ခံနေ

News Image

  • အဝေးသင် တက္ကသိုလ်သင်တန်းများ အပ်နှံမှု ဆက်လက်လက်ခံနေ

အဝေးသင်တက္ကသိုလ်သင်တန်းများ ကျောင်းအပ်နှံမှုကို သင်တန်းနှစ်အလိုက် ဆက်လက်လက်ခံနေသည်။

လက်ရှိတွင် အဝေးသင်တက္ကသိုလ် ပထမနှစ်သင်တန်းများအတွက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၅ ခုနှစ် ဧပြီ ၃၀ ရက် အထိ ကျောင်းအပ်လက်ခံနေသည်။

ထိုနည်းတူ ဒုတိယနှစ်နှင့် အထက်သင်တန်းများကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှ မေလ ၁၆ ရက်အထိ ကျောင်းအပ်လက်ခံနေကြောင်းလည်း သိရသည်။

အဝေးသင်အပ်ရာတွင်လည်း ကျောင်းအပ်ခ ငွေပေးချေရာတွင် UAB Pay အပြင် တခြား Pay များကိုပါအသုံးပြုပြီး ငွေပေးချေနိုင်အောင် ဆောင်ရွက်နေကြောင်းလည်း သိထားရသည်။

လက်ရှိ၌ အဝေးသင် တက္ကသိုလ်သင်တန်းများ အပ်နှံရာတွင် UAB Pay တစ်မျိုးတည်းကိုသာ အသုံးပြုပြီး ငွေပေးချေနေရသောကြောင့် ကျောင်းအပ်သူများ ပိုမို အဆင်ပြေစေနိုင်ရန် အခြားသော pay များဖြင့်ပါ ငွေပေးချေနိုင်ရန် ပြုလုပ်နေခြင်းလည်း ဖြစ်သည်။

Source: Popular Myanmar