ဂျပန်နိုင်ငံ၊ ပညာရေးဝန်ကြီးဌာနကျောင်းများတွင် ဉာဏ်ရည်တုနည်းပညာ တရားဝင်အသုံးပြုခွင့်ပြု

News Image

  • ဂျပန်နိုင်ငံ၊ ပညာရေးဝန်ကြီးဌာနကျောင်းများတွင် ဉာဏ်ရည်တုနည်းပညာ တရားဝင်အသုံးပြုခွင့်ပြု

ဂျပန်နိုင်ငံ၊ ပညာရေးဝန်ကြီးဌာန၏ ကျွမ်းကျင်ပညာရှင် အဖွဲ့သည် "ဂျပန်နိုင်ငံ၏ကျောင်းများတွင် ဉာဏ်ရည်တုနည်းပညာကို တရားဝင်အသုံးပြုခွင့်ပြုသည့် မူကြမ်း အသစ်"ကို ၂၀-၁၂-၂၀၂၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် ယာယီလမ်းညွှန်ချက်များအား ပြန်လည်ပြင်ဆင်ပြီး အဆိုပါမူကြမ်းအား ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဂျပန်ကျောင်းသားများ၏ ဉာဏ်ရည်တုနည်းပညာ အသုံးချနိုင်သည့် စွမ်းရည်များကို မြှင့်တင်ပေးရန် ရည်ရွယ်ပါသည်။ 

မူကြမ်း မထုတ်ပြန်ရသေးချိန်အထိ ဂျပန်နိုင်ငံ၏ ပညာရေးဝန်ကြီးဌာနသည် ကလေးများ၏ တီထွင်ဖန်တီးနိုင်စွမ်း ကျဆင်းစေခြင်းနှင့်သတင်းမှားများပျံ့နှံ့မည် စိုးရိမ်သည့်အတွက် ကျောင်းများတွင် AI နည်းပညာအသုံးပြုမှုကို ပိတ်ပင်တားမြစ်ထားခဲ့ပါသည်။ 

အဆိုပါမူကြမ်းသည် ကျောင်းသားများ AI နည်းပညာအသုံးပြုရာတွင် နည်းပညာ၏ လုပ်ဆောင်မှုကန့်သတ်ချက်များကို  သိရှိစေရန်နှင့် အလယ်တန်းကျောင်းသားများ AI ကို သေချာစွာ အသုံးပြုရန် ဆရာများက ကြီးကြပ်ပေးရန်လိုအပ်ကြောင်းတို့ကိုလည်း ထည့်သွင်းရေးသားထားပါသည်။

ကိုးကား (NHK World)