ဘရာဇီးရှိ အခြေခံပညာကျောင်းများအားလုံးတွင် စမတ်ဖုန်း အသုံးပြုမှုကို ပိတ်ပင်တော့မည်

News Image

  • ဘရာဇီးရှိ အခြေခံပညာကျောင်းများအားလုံးတွင် စမတ်ဖုန်း အသုံးပြုမှုကို ပိတ်ပင်တော့မည်

ဘရာဇီးရှိ အခြေခံပညာကျောင်းများအားလုံးတွင် စမတ်ဖုန်းအသုံးပြုမှုကို ကန့်သတ်သည့် ဥပဒေကြမ်းတစ်ရပ်ကို ဇန်နဝါရီ ၁၃ ရက်နေ့တွင် ဘရာဇီးသမ္မတ Luiz Inácio Lula da Silva က လက်မှတ်ရေးထိုးလိုက်ပါသည်။

အဆိုပါ ဥပဒေသည် ဖေဖော်ဝါရီလမှစတင်ကာ တောင်အမေရိကနိုင်ငံတစ်ဝှမ်းရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများရှိ ကျောင်းသားများအပေါ် သက်ရောက်မှုရှိစေမည်ဖြစ်သည်။ ကျောင်းသားများသည် စမတ်ဖုန်းကို အရေးပေါ်အခြေအနေနှင့် အသက်အန္တရာယ်ကြုံ‌နိုင်သည့်ကိစ္စရပ်များနှင့် ပညာရေးဆိုင်ရာကိစ္စရပ်များ သို့မဟုတ် နေမကောင်းဖြစ်ခြင်းနှင့် အမှန်တကယ်လိုအပ်လာသည့် အ‌ခြေအနေများအတွက်သာ အသုံးပြုရန် ဥပဒေမူဘောင် တစ်ရပ်ကို ရေးဆွဲထားပါသည်။

ကလေးငယ်များသည် ငယ်ရွယ်စဉ်အချိန်ကတည်းက အွန်လိုင်းအသုံးပြုနေကြပြီး မိဘများက ၎င်းတို့၏ ကလေးများ အွန်လိုင်းတွင် ပြုလုပ်နေသည့်အရာများကို သိရှိနိုင်ရန် ပိုမိုခက်ခဲလာသည့်အတွက် ကလေးများအား ကျောင်းတွင် စမတ်ဖုန်းအသုံးပြုမှု ကန့်သတ်ထားခြင်းက မိဘများကို ကူညီပေးနိုင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး Camilo Santana က ဇန်နဝါရီ ၁၃ ရက်နေ့က ပြောကြားခဲ့ပါသည်။

မိဘများနှင့် ကျောင်းသားအများအပြားကလည်း အဆိုပါ ဥပ‌ဒေကြမ်းအပေါ် ထောက်ခံခဲ့ကြသည်။ အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သည့် ဘရာဇီးစစ်တမ်းကောက်ယူသူ Datafolha ၏ စစ်တမ်းအရ စစ်တမ်းဖြေဆိုသူ သုံးပုံနှစ်ပုံနီးပါးသည် ကျောင်းများတွင် ကလေးများနှင့် ဆယ်ကျော်သက်များ စမတ်ဖုန်းအသုံးပြုခြင်းကို တားမြစ်ခြင်းအပေါ် သဘောတူခဲ့ကြပြီး လေးပုံသုံးပုံကျော်က အဆိုပါစမတ်ဖုန်းများသည် ၎င်းတို့၏ ကလေးများအတွက် ကောင်းကျိုးထက် ဆိုးကျိုးပိုများသည်ဟု ဆိုသည်။

ကိုးကား -CNN