ပညာသင်ဆုအပြည့်အဝပေးမည့် ကိုရီးယားသိပ္ပံ တက္ကသိုလ်၏ ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း မြန်မာသံရုံးအသိပေး

News Image

  • ပညာသင်ဆုအပြည့်အဝပေးမည့် ကိုရီးယားသိပ္ပံ တက္ကသိုလ်၏ ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း မြန်မာသံရုံးအသိပေး

ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့ရှိ ကိုရီးယားသိပ္ပံနှင့် နည်းပညာဆိုင်ရာ အဆင့်မြင့်တက္ကသိုလ် (KAIST) လက်အောက်ရှိ ကိုရီးယားသိပ္ပံတက္ကသိုလ် (KSA) မှ အရည်အသွေးပြည့်မီသည့် နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းလခအပါအဝင် ပညာသင် ဆုအပြည့်အဝ (ပညာရေးအသုံးစရိတ်) ကို ပံ့ပိုးပေး သွားမည်ဖြစ်သဖြင့် မြန်မာနိုင်ငံသားများလည်း လျှောက်ထားနိုင်ကြောင်း ဖိတ်ကြားထားသည်ဟု ဆိုးလ်မြို့ရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။
အဆိုပါဖိတ်ကြားစာ၌ ကိုရီးယားသိပ္ပံတက္ကသိုလ် (KSA) သည် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအောက်ရှိ သင်္ချာဘာသာရပ်နှင့် သိပ္ပံဘာသာရပ်တို့တွင် စွမ်းရည်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် အထူးသင်ရိုးညွှန်းတမ်းတစ်ခုဖြစ်ကြောင်း ဖော်ပြထား ပြီး KSA သည် နိုင်ငံတကာကျောင်းသား၊ ကျောင်းသူ များအတွက် ကျောင်းလခအပါအဝင် ပညာသင်ဆု အပြည့်အဝ (ပညာရေးအသုံးစရိတ်) အား ပံ့ပိုးပေးသွား မည်ဖြစ်ကြောင်း ဖော်ပြထားသည်ဟု သိရသည်။
အလားတူ တက္ကသိုလ်၏ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အထူးအခွင့်အလမ်းများကို ရရှိနိုင်မည် ဖြစ်ကြောင်းနှင့် ၂၀၂၆ ခုနှစ်အတွက် KSA နိုင်ငံတကာ ကျောင်းဝင်ခွင့်လမ်းညွှန်အား ကိုးကားအသုံးပြုနိုင်ရန် သံရုံး၏ထုတ်ပြန်ချက်တွင် ပူးတွဲဖော်ပြထားသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၃ ရက်နေ့ ကိုရီးယားစံတော်ချိန် ၁၇:၀၀ နာရီတွင် Form ပိတ်မည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသားများအနေဖြင့် KSA ကျောင်းဝင်ခွင့်များနှင့်ပတ်သက်၍ သိရှိလိုသည့် မေးခွန်းများရှိပါက ဖုန်း + ၈၂-၅၁-၆၀၆-၂၂၇၃,၂၁၈၂၊ အီးမေးလ် admission @ksa.kaist.ac.kr တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါ ကြောင်းအသိပေးကြေညာထားသည်။
ကိုးကား-မြန်မာသံရုံး၊ဆိုးလ်မြို့

ပေးပို့သူ- ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန