ထိုင်းနိုင်ငံရှိ ခရိုင်အားလုံးလွှမ်းခြုံစေမည့် အစိုးရပညာသင်ဆု “One District One Scholarship” (ODOS) အစီအစဉ်ကို ၂၀၂၅ ခုနှစ်တွင် စတင်မည်ဟု ထိုင်းဝန်ကြီးချုပ် ကတိပေး
ထိုင်းနိုင်ငံပညာရေးစနစ် တိုးတက်မြင့်မားလာစေရန် အစိုးရပညာသင်ဆုဖြစ်သည့် “One District One Scholarship (ODOS)” အစီအစဉ်ကို ဘန်ကောက်ရှိ ခရိုင် ၅၀ ခရိုင်နှင့် ထိုင်းနိုင်ငံတစ်ဝှမ်း ခရိုင် ၈၇၈ ခရိုင်တို့တွင် ၂၀၂၅ ခုနှစ်၌ စတင်အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ကတိပြုပြောကြားလိုက်ပါသည်။
"ပညာသင်ဆုများက ပြည်တွင်းရော ပြည်ပမှာပါ ပညာသင်ယူနိုင်မည့် အစီအစဉ်တွေဖြစ်ပြီး ကျောင်းပိတ်ချိန် ပြည်ပ၌ နွေရာသီစခန်းသွင်းအစီအစဉ်များ ပါဝင်မည် ဖြစ်ကြောင်း၊ နိုင်ငံခြားပညာသင်ဆုရရှိသည့်သူများအနေဖြင့် ပြည်ပရှိ မတူညီသည့် ယဉ်ကျေးမှုများ၊ လူနေမှုပုံစံများကို လေ့လာသိရှိခွင့်ရရှိမည်ဖြစ်ကြောင်း၊ ၎င်းတို့၏အတွေ့အကြုံများကို မျှဝေပေးခြင်းဖြင့်လည်း အခြားသူများ အတုယူလာစေပြီး စိတ်အားထက်သန်လာစေရန် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း”၊ “ထို့ပြင် ရပ်ရွာစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေးနိုင်မည့် အလားအလာရှိသော ဒေသတွင်းစီးပွားရေးလုပ်ငန်းများအတွက် အသေးစား၊ အလတ်စား၊ အကြီးစား (SML) စီမံကိန်းကိုလည်း ၂၀၂၅ ခုနှစ်တွင် စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း” ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
ကိုးကား - The Nation (Thailand)