အဆုတ်ပလိပ်ရောဂါအတွက် ကမ္ဘာ့ပထမဆုံး ကာကွယ်ဆေးကို အစ္စရေးဖန်တီးနိုင်ခဲ့
ဂျေရုဆလင် ဇူလိုင် ၁၅
ကြောက်မက်ဖွယ်ကောင်းသော ပဋိဇီဝဆေးယဉ်ပါး ဗက်တီးရီးယား ရောဂါတစ်မျိုးဖြစ်သည့် အဆုတ်ပလိပ်ရောဂါအတွက် ကမ္ဘာ့ပထမဆုံး MANA ကာကွယ်ဆေးကို အစ္စရေးသုတေသနပညာရှင်များက ဖန်တီးနိုင်ခဲ့ကြောင်း ဇူလိုင် ၁၄ ရက် သတင်းများအရ သိရသည်။
တိရစ္ဆာန်များဖြင့်ပြုလုပ်ခဲ့သော လက်တွေ့စမ်းသပ်မှုရလဒ်များအရ ၎င်းကာကွယ်ဆေးသည် အဆုတ်ပလိပ်ရောဂါကို ၁၀၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်သည်ကိုတွေ့ရကြောင်း၊ အဆိုပါ MANA ကာကွယ်ဆေးသည် ကမ္ဘာပြည်သူထောင်ပေါင်းများစွာတို့ နှစ်စဉ်ရင်ဆိုင်နေရသည့် အဆုတ်ပလိပ်ကူးစက်ရောဂါကို ကာကွယ်ရာတွင် အထောက်အကူပြုနိုင်မည်ဖြစ်ပြီးရောဂါကြောင့် သေဆုံးမှုနှုန်းကိုလည်း လျှော့ချပေးမည်ဖြစ်ကြောင်း အစ္စရေးသုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။
ပဋိဇီဝဆေးယဉ်ပါး ဗက်တီးရီးယားတစ်မျိုးကြောင့် ဖြစ်ပွားတတ်သည့် အဆုတ်ပလိပ်ရောဂါဖြစ်ပွားမှုများမှာ ကမ္ဘာတစ်ဝန်း မြင့်တက်လာကြောင်း၊ အထူးသဖြင့် အဆုတ်ပလိပ်ရောဂါဖြစ်ပွားမှုနှုန်းမှာ အာဖရိက၊ တောင်အမေရိကနှင့် အာရှိတို့၌ မြင့်တက်လာကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။
အဆုတ်ပလိပ်ရောဂါကို တစ်ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်ပြဿနာအဖြစ် အမေရိကန်အစိုးရ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီ (စီဒီစီ) က သတ်မှတ်ထားကြောင်း သိရသည်။
ရတနာပုံသတင်းစာ
Photo: Tel Aviv University