သတင်းများ

ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် ၂၀၀ တွင် ၂၇% ကို အမျိုးသမီးများ က ဦးဆောင်လျက်ရှိ

Times Higher Education (THE) ၏ အချက်အလက်များအရ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် ၂၀၀ တွင် တက္ကသိုလ် ၅၅ ခုကို အမျိုးသမီး အုပ်ချုပ်သူ(ပါမောက္ခချုပ်)များက ဦးဆောင်လျက်ရှိသည်။

THE World University Rankings 2025 တွင် ၂၇% သော အဖွဲ့ အစည်းများ (တက္ကသိုလ် ၅၅ ခု) ကို အမျိုးသမီးအုပ်ချုပ်သူ သို့မဟုတ် အမျိုးသမီးပါမောက္ခချုပ်များက ဦးဆောင်လျက်ရှိပြီး အဆိုပါ ကဏ္ဍအတွက် စံချိန်တင်မှတ်တမ်းသစ် တင်နိုင်ခဲ့သည်။

ထိုအရေအတွက်သည် ၂၀၂၄ ခုနှစ်တွင် ၂၅% (တက္ကသိုလ် ၅၀) နှင့် ၂၀၂၃ ခုနှစ်တွင် ၂၄% (တက္ကသိုလ် ၄၈) မှ တိုးတက်လာခြင်းဖြစ်သည်။၂၀၁၅ ခုနှစ်တွင် အမျိုးသမီးပါမောက္ခချုပ် ၂၈ ဦးသာ ရှိခဲ့ပြီး စာရင်းကောက်ယူမှု စတင်ခဲ့သည့်အချိန်မှစ၍ ၁၁ နှစ်အတွင်း ၉၆% တိုးတက်လာခဲ့သည်။

ဤအချက်အလက်များသည် ကမ္ဘာတစ်ဝန်းရှိ အသင်းအစုအဖွဲ့/ လုပ်ငန်း များ၌ အမျိုးသမီးခေါင်းဆောင်များ၏ ရာခိုင်နှုန်းထက် သိသိသာသာ ပိုမို မြင့်မားနေသည်။ 

အမျိုးသမီးပါမောက္ခချုပ်များရှိသည့် တက္ကသိုလ် ၅၅ ခုတွင် အမေရိကန် ပြည်ထောင်စုမှ တက္ကသိုလ် ၁၆ ခုပါဝင်ပြီး ကမ္ဘာ့နံပါတ် ၂ နည်းပညာ အဖွဲ့အစည်းဖြစ်သည့် Massachusetts Institute of Technology လည်း ပါဝင်သည်။ ယူနိုက်တက်ကင်းဒမ်းက ကမ္ဘာ့နံပါတ် ၁ ဖြစ်သည့်အောက်စဖို့ဒ် တက္ကသိုလ်အပါအဝင် တက္ကသိုလ် ၈ ခုဖြင့် ဒုတိယ နေရာတွင် ရှိနေပြီး နယ်သာလန်နှင့် ဂျာမနီတို့က တက္ကသိုလ် ၇ ခုစီဖြင့် နောက်တွင် ရှိနေသည်။

ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် ၂၀၀ တွင် ပါဝင်သည့် နိုင်ငံစုစုပေါင်း ၃၀ အနက် တရုတ်၊ ကနေဒါနှင့် တောင်ကိုရီးယားအပါအဝင် တက္ကသိုလ် ၁၅ ခုတွင် အမျိုးသမီးပါမောက္ခချုပ်များ မရှိကြောင်းသိရှိရသည်။

ကိုးကား-VN Express

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ဆေးရုံတက်ရောက်၍ ဆေးဝါးကုသမှုခံယူနေကြရသော ကျောင်းသား ကျောင်းသူများအတွက် စာဖြေဌာနလေးခု စီစဉ်ထားရှိ

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့၏ ညှိနှိုင်းထားချက်အရ ၂၀၂၅ ခုနှစ် မတ် ၁၇ ရက်မှ ၂၂ ရက် အထိကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်ဆေးဝါးကုသမှုခံယူနေကြရသော ကျောင်းသား ကျောင်းသူများ နစ်နာမှုမရှိစေရန်ရည်ရွယ်၍ ဆေးရုံစာဖြေဌာနလေးခုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ ဝေဘာဂီအထူးကုဆေးရုံကြီးတို့၌ ဖွင့်လှစ်ပေးရန် စီစဉ်ထားရှိသည်။

ဆေးရုံတက်ရောက်ကုသနေသော စာမေးပွဲဝင်ရောက်ဖြေဆိုလိုသည့် ကျောင်းသား ကျောင်းသူ (လူနာ) များသည် အဆိုပါဆေးရုံကြီးများရှိ ဆေးလူမှုဆက်ဆံရေးဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သတင်းရရှိသည်။       

www.myanmar.gov.mm

Colossal Biosciences ကုမ္ပဏီက အမွေးထူဆင်ကြီးများ၏ မျိုးဗီဇ အခြေခံမော်လီကျူးအသုံးပြု၍ ကမ္ဘာ့ပထမဆုံး အမွေးထူးကြွက်များကို ဖန်တီးနိုင်ခဲ့

ဝါရှင်တန်  မတ် ၆

အမေရိကန်နိုင်ငံ အခြေစိုက် Colossal Biosciences ကုမ္ပဏီသည် အမွေးထူဆင်ကြီးများ၏ မျိုးရိုးဗီဇ အခြေခံမော်လီကျူး (DNA) များကိုအသုံးပြု၍ ကမ္ဘာ့ပထမဆုံး အမွေးထူကြွက်များကို ဖန်တီးနိုင်ခဲ့ကြောင်း မတ် ၅ ရက် သတင်းများအရ သိရသည်။

ကမ္ဘာ့ပထမဆုံး အမွေးထူကြွက်များကို ဇီဝအင်ဂျင်နီယာနည်းပညာဖြင့် ဖန်တီးနိုင်ခဲ့မှုသည် မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်သော ရှေးသက်ရှိသတ္တဝါများကို ပြန်လည်ဖန်တီးရေးအတွက် လမ်းဖွင့်ပေးနိုင်ကြောင်း Colossal Biosciences ကုမ္ပဏီတာဝန်ရှိသူများက ပြောကြားသည်။

Colossal Biosciences သိပ္ပံပညာရှင်များသည် အမွေးထူဆင်ကြီးများ၏ DNA ကိုအသုံးပြု၍ ကြွက်များ၏ အဓိက DNA ရှစ်မျိုးကို မျိုးဗီဇအင်ဂျင်နီယာနည်းပညာဖြင့် ပြောင်းလဲပေးကာ အမွေးထူကြွက်များကို ဖန်တီးနိုင်ခဲ့သည်။

Colossal Biosciences ကုမ္ပဏီသည် ကမ္ဘာပေါ်မှပျောက်ကွယ်သွားပြီဖြစ်သော အမွေးထူဆင်ကြီးများကို ပြန်လည်ဖန်တီးရေးအတွက် ကြိုးပမ်းနေသော ဇီဝနည်းပညာကုမ္ပဏီဖြစ်သည်။

အမွေးထူကြွက်များအား ဖန်တီးခဲ့သော မျိုးဗီဇအင်ဂျင်နီယာနည်းပညာကို အမွေးထူဆင်ကြီးများ ပြန်လည်ဖန်တီးရေးအတွက် အသုံးချနိုင်ကြောင်း၊ အမွေးထူဆင်ကြီးများကို ၂၀၂၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖန်တီးနိုင်ရန် မျှော်လင့်ထားကြောင်း ကုမ္ပဏီသိပ္ပံပညာရှင်များက ပြောကြားသည်။

Source: ရတနာပုံသတင်းစာ

ရီးရဲလ်မက်ဒရစ်အသင်းက ပရိသတ်ဦးရေ ၈၅၀၀၀ ဝင်ဆံ့နိုင်အောင် ဘာနေဗျူးကွင်းကို တိုးချဲ့မှုများ လုပ်ဆောင်မည်

မက်ဒရစ်  မတ် ၆

ရီးရဲလ်မက်ဒရစ် အသင်းက လက်ရှိအိမ်ကွင်းအဖြစ် အသုံးပြုနေသည့် ဘာနေဗျူးအားကစားကွင်းကို ပရိသတ်ဦးရေ ၈၅၀၀၀ ထိ ဝင်ဆံ့နိုင်သည့် အားကစားကွင်းဖြစ်အောင် ကွင်းတိုးချဲ့မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရီးရဲလ်မက်ဒရစ် အသင်းသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က စတာလင်ပေါင် ၁ ဒသမ ၅ ဘီလီယံထိ အကုန်ကျခံကာ ကွင်းအဆင့်မြှင့်တင်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် အဆင့်မြှင့်တင်မှုများ ရာနှုန်းပြည့်လုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်ထိ အသုံးပြုနေခြင်းဖြစ်သည်။

သို့သော် ရီးရဲလ်မက်ဒရစ်အသင်းက အိမ်ကွင်း ဘာနေဗျူးကစားကွင်းကို နောက်ထပ်တိုးချဲ့မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး လက်ရှိပရိသတ်ဦးရေ ၇၉၀၀၀ ဝင်ဆံ့ရာမှ ပရိသတ်ဦးရေ ၈၅၀၀၀ ထိ ဝင်ဆံ့နိုင်ရန်အတွက် ကွင်းတိုးချဲ့မှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။

စပိန်နိုင်ငံသည် လာမည့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို မော်ရိုကိုနိုင်ငံ၊ ပေါ်တူဂီနိုင်ငံတို့နှင့်အတူ ပူးတွဲကျင်းပခွင့်ရရှိထားပြီး ဗိုလ်လုပွဲစဉ်ကို လက်ခံကျင်းပခွင့်ရရှိရေး ပရိသတ်များများဝင်ဆံ့ရန် လိုအပ်သည့်အတွက် နောက်ထပ်ကွင်းတိုးချဲ့မှုများ လုပ်ဆောင်ရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ကွင်း တိုးချဲ့မည့်စီမံကိန်းကို ၂၀၃၀ ပြည့်နှစ်မပြီးဆုံးမီ အပြီးသတ်လုပ်ဆောင်သွားမည်ဖြစ်သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ စည်းမျဉ်းများတွင် ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်ကို လက်ခံကျင်းပမည့် အားကစားကွင်းအနေဖြင့် အနည်းဆုံး ပရိသတ်ဦးရေ ၈၀၀၀၀ ဝင်ဆံ့ရန်လိုအပ်သည့်အတွက် ရီးရဲလ်မက်ဒရစ်အသင်းက ပရိသတ်ဦးရေ ၈၅၀၀၀ ဝင်ဆံ့နိုင်သည့် အားကစားကွင်းအဖြစ် တိုးချဲ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဂါဇာရှိကလေးငယ်များ ပညာပြန်လည်သင်ယူနိုင်ပြီ ဖြစ်သော်လည်း ၎င်းတို့တွင် စိတ်ဒဏ်ရာများ ရှိနေဆဲ

ဂါဇာကမ်းမြောင်ဒေသရှိ ကလေးသူငယ်များအတွက် ယာယီစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနေပြီ ဖြစ်သော်လည်း ကလေးများအနေဖြင့် စိတ်ဒဏ်ရာများခံစားနေရကာ အစ္စရေးနှင့် ဟားမက်တို့အကြား ယာယီ အပစ်အခတ်ရပ်စဲရေးကို “ဆက်လက်ဖော်ဆောင်နိုင်ပါ့မလား” ဆိုသည့်အပေါ် စိုးရိမ်စိတ်များ ရှိနေကြကြောင်း UNICEF က ပြောကြားခဲ့ပါသည်။

UNICEF ၏ ခန့်မှန်းချက်အရ ဂါဇာဒေသရှိ စာသင်ကျောင်းများ၏ ၉၀ ရာခိုင်နှုန်း ကျော်သည် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရကြောင်း၊ ကျန်ရှိသည့်စာသင်ကျောင်းအနည်းငယ်မှာလည်း ကယ်ဆယ်ရေးစခန်းများ အဖြစ် အသုံးပြုလျက်ရှိကြောင်း သိရှိရပါသည်။

UNICEF အနေဖြင့် ဂါဇာကမ်းမြောင်ဒေသရှိ ကလေးသူငယ်များ ပညာပြန်လည်သင်ကြားနိုင်ရေးအတွက် ယာယီစာသင်ကျောင်းများကို တည်ဆောက်ပေးလျက်ရှိပြီး စာသင်ကျောင်းအများစုမှာ ရွက်ဖျင်တဲများဖြင့် တည်ဆောက်ထားကြောင်း၊ ကလေးသူငယ်များအနေဖြင့် အာရေဗျဘာသာ၊ အင်္ဂလိပ်ဘာသာ၊ သင်္ချာဘာသာနှင့် အခြားသော ဘာသာရပ်များကိုလည်း သင်ယူနိုင်ကြောင်း၊ စာရေးကိရိယာ၊ ကျောင်းလွယ်အိတ်နှင့် အစာအာဟာရတို့ကို ထောက်ပံ့ပေးထားကြောင်း UNICEF က ပြောကြားခဲ့ပါသည်။

ဂါဇာကမ်းမြောင်ဒေသရှိ ကလေးသူငယ်များသည် ၎င်းတို့၏ ပျော်ရွှင်စရာကလေးဘဝ လွတ်လပ်မှုများဆုံးရှုံး နေကြရကြောင်းနှင့် စာသင်ကျောင်းများသည် ၎င်းတို့အတွက် ခေတ္တစိတ်အေးချမ်းသာမှုရစေသည့် နေရာတစ်ခု ဖြစ်ကြောင်း၊ ကလေးသူငယ်အများစုသည် ပြင်းထန်သည့်စစ်ပွဲများကြောင့် ကြီးစွားသော စိတ်ဒဏ်ရာများရရှိခံစားနေကြရကြောင်း၊ အချို့သောကလေးသူငယ်များသည် ဒရုန်းသံကြားသည့်အခါမျိုးတွင် စကားလုံးဝမပြောဘဲ တိတ်ဆိတ်နေတတ်ကြပြီး အချို့မှာကြောက်လန့်တုန်လှုပ်ပြီး အော်ဟစ်ကြကြောင်း UNICEF တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

ဂါဇာဒေသ၌ သူမကိုမြင်သည့်အခါ ကလေးငယ်များသည် သူမထံသို့ ပြေးလာကြကြောင်း၊ သူမ၏ လက်ကိုဆွဲကာ “တိုက်ပွဲတွေပြန်ဖြစ်အုံးမလား၊ အကူအညီအထောက်ပံတွေ ဘာလို့ထပ်မလာတော့တာလဲ” ဟု မေးကြကြောင်း၊ အကူအညီအထောက်အပံ့များ လုံးဝရပ်တန့်သွားခြင်း သို့မဟုတ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပျက်ပြယ်သွားခြင်းတို့ဖြစ်လာမည်ကို ဂါဇာဒေသရှိပြည်သူများအနေဖြင့် လွန်စွာစိုးရိမ်ပူပန်နေကြကြောင်း သူမက ထပ်လောင်း ပြောကြားခဲ့ပါသည်။

ကိုးကား-NHK World

အလွတ်သဘောဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင် (နစက-၄)

မျိုးဗီဇစမ်းသပ်မှုပုံစံသစ် ဦးနှောက်ကင်ဆာလူနာ၏ ကင်ဆာဆဲလ်ဖယ်ရှားရာတွင် အထောက် အကူပေးနိုင်

နယူးယောက်  မတ် ၅

မျိုးဗီဇစမ်းသပ်မှု ပုံစံသစ်တစ်ရပ်သည် ဦးနှောက်ကင်ဆာရောဂါလူနာများ၏ ကင်ဆာ ဆဲလ်များကို ခွဲစိတ်ဖယ်ရှားရာတွင် များစွာ အထောက်အကူပေးနိုင်ကြောင်း မတ် ၄ သတင်း များတွင် ရေးသားဖော်ပြထားသည်။ 

အဆိုပါ မျိုးဗီဇစမ်းသပ်မှုနည်းသည် တစ်ရှူးနမူနာတစ်ခုအတွင်းရှိ ကင်ဆာဆဲလ်များပါဝင်မှု အဆင့်ကို ၁၅ မိနစ်အတွင်း တိုင်းတာဖော်ထုတ်ပေးနိုင်ကြောင်း နယူးယောက်တက္ကသိုလ်မှ သုတေသနပညာရှင်များက ပြောကြားသည်။

အမေရိကန်သုတေသနပညာရှင်များ၏ မျိုးဗီဇစစ်ဆေးနည်းသည် တစ်ရှူးနမူနာ တစ်စတုရန်း မီလီမီတာတွင် အနည်းဆုံးကင်ဆာဆဲလ်ငါးခုထိ ရှာဖွေဖော်ထုတ်ပေးနိုင်ကြောင်း သိရသည်။

မိမိတို့၏ မျိုးဗီဇစစ်ဆေးနည်းသည် ဦးနှောက်ခွဲစိတ်မှုပြုလုပ်နေချိန်တွင် အချိန်နှင့်တစ်ပြေးညီ ကင်ဆာဆဲလ်များကို ထောက်လှမ်းဖော်ထုတ်ပေးနိုင်ကြောင်း သိရသည်။

ကင်ဆာခွဲစိတ်မှု အောင်မြင်ရေး၊ ကင်ဆာဆဲလ်များ တစ်ကျော့ပြန်လည်ပေါ်ထွက်မှုကို တားဆီးရေးတို့မှာ ကင်ဆာဆဲလ်များကို မည်မျှ ဖယ်ရှားပေးနိုင်သည်ဟူသော အချက်ပေါ် မူတည်ကြောင်း၊ ၎င်းတို့၏ မျိုးဗီဇစစ်ဆေးမှုပုံစံသစ်ကို Ultra-Rapid droplet digital PCR ဟူ၍ အမေရိကန်သုတေသနပညာရှင်များက အမည်ပေးထားကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်စည်ပင်သာယာခန်းမ၌ အသက် နှစ်လမှ ငါးနှစ်အရွယ် ကလေးငယ်များအား ပိုလီယိုရောဂါကာကွယ်ဆေး(အစက်ချဆေး)တိုက်ကျွေးနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

၂၀၂၅ ခုနှစ်၊ မတ် ၄ ရက် နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မြို့နယ်စည်ပင်သာယာခန်းမ၌ အသက် နှစ်လမှ ငါးနှစ်အရွယ် ကလေးငယ်များအား ပိုလီယိုရောဂါကာကွယ်ဆေး(အစက်ချဆေး) အရှိန်အဟုန်မြှင့် တိုက်ကျွေးနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: www.moha.gov.mm

ကန့်ဘလူမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို မတ်လ ၄ ရက် နံနက်ပိုင်းတွင် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များကို ကိုယ်အလေးချိန် ချိန်ခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သန္ဓေသားအနေအထား မှန်ကန်စေရေးပြုပြင်ပေးခြင်း၊ သွေးဖောက်စစ်ဆေးခြင်း၊ မတည့်သည့်ဆေးရှိ၊ မရှိနှင့် အခြားရောဂါရှိ၊ မရှိတို့ကို မေးမြန်းစစ်ဆေးပြီး ထုံနာကျဉ်နာ ပျောက်ဆေး၊ ဖောလစ်အက်စစ်၊ သံဓာတ်အားဆေးတို့ကို အခမဲ့ပေးအပ်သည်။ ထို့နောက် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို လစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)

Source: Myawady Daily Newspaper

ပန်းဂေါ်ဖီစိမ်းနှင့် ဂေါ်ဖီတွင်ပါဝင်သည့် ဓာတုဒြပ်ပေါင်းတစ်မျိုးက သွေးအတွင်း သကြားဓာတ်ပါဝင်မှုကို လျှော့ချနိုင်

စတော့ဟုမ်း  မတ် ၄

ပန်းဂေါ်ဖီစိမ်းနှင့် ဂေါ်ဖီတို့တွင် ပါဝင်သည့် ဓာတုဒြပ်ပေါင်းတစ်မျိုးသည် သွေးအတွင်း သကြားဓာတ်ပါဝင်မှုအဆင့်ကို လျှော့ချပေးနိုင်ကြောင်း သုတေသန ပညာရှင်များ၏ အဆိုကို ကိုးကား၍ မတ် ၃ ရက်သတင်းများအရ သိရသည်။

ဆွီဒင်နိုင်ငံ ဂူတင်ဘာ့ဘ်တက္ကသိုလ်မှ သုတေသနပညာရှင်များသည် သွေးအတွင်း သကြားဓာတ်ပါဝင်မှု ပုံမှန်ထက်မြင့်မားသူများကို Sulforaphane ခေါ် ဓာတုဒြပ်ပေါင်းတစ်မျိုးဖြင့် လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။

စမ်းသပ်မှုမှ ပေါ်ထွက်လာသည့် ရလဒ်များအရ Sulforaphane ‌ဓာတုဒြပ်ပေါင်းသည် သွေးအတွင်း သကြားဓာတ်ပါဝင်မှုအဆင့်ကို သိသိသာသာ လျှော့ချနိုင်သည်ကို တွေ့ရကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

Sulforaphane ဓာတုဒြပ်ပေါင်းသည် ဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်းစသည့် အသီးအရွက်များ၌ တွေ့ရသော ဓာတုဒြပ်ပေါင်း ဖြစ်သည်။

အဆိုပါ ဓာတုဒြပ်ပေါင်းသည် ဆီးချိုရောဂါ မဖြစ်သေးသော်လည်း သွေးအတွင်း သကြားဓာတ်ပါဝင်မှုအဆင့် မြင့်တက်နေသူများအတွက် ကုထုံးတစ်မျိုးဖြစ်လာနိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

၂၀၂၅ ခုနှစ်၊ တိုကျိုမာရသွန်အပြေးပြိုင်ပွဲ

၂၀၂၅ ခုနှစ်၊ ဂျပန်နိုင်ငံ၏ အကြီးဆုံးသော တိုကျိုမာရသွန်အပြေးပြိုင်ပွဲတွင် အားကစား သမားပေါင်း ၃၈,၀၀၀ ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

၎င်းအပြေးပြိုင်ပွဲကို ကံစမ်းမဲပေါက်သည့်သူများသာ မတ်လ ၂ ရက်နေ့တွင်ကျင်းပခဲ့သည့် ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။ ဒေသတွင်းနှင့် နိုင်ငံတကာမှ လက်ရွေးစင်အပြေးသမားများကိုလည်း ဖိတ်ကြားခဲ့ပြီး အဆိုပါပြိုင်ပွဲကို တိုကျိုမြို့တော်၊ Shinjuku အဆောက်အအုံ၌ နံနက် ၉ နာရီခန့်တွင် စတင်ခဲ့သည်။

Saitama ခရိုင်မှ အသက် (၅၀) အရွယ် အမျိုးသားတစ်ဦးက “၎င်းအနေဖြင့် နိုင်ငံအတွင်းရှိ ပြေးပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသော်လည်း တိုကျိုမာရသွန်အပြေးပြိုင်ပွဲကို ကံစမ်းမဲပေါက်၍ ပထမဆုံးပါဝင်ခွင့်ရခြင်း ဖြစ်ကြောင်း နှင့် ၎င်း၏ ရည်မှန်းချက်မှာ လမ်းတစ်လျှောက်ရှိ ပရိတ်သတ် များ၏ အားပေးမှုကိုခံယူ၍ ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ ပြိုင်ပွဲကို ပြီးဆုံးအောင်မြင်ရန်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

Osaka မှ အသက် (၄၀) အရွယ် အမျိုးသမီးတစ်ဦးက အဆိုပါပြိုင်ပွဲ၏ ဆွဲဆောင်မှုမှာ တိုကျိုမြို့လယ်ရှိ လူသိ ထင်ရှားသော နေရာများကို ဖြတ်သန်းယှဉ်ပြိုင်ခြင်းဖြစ်ကြောင်းနှင့် ၎င်းသည် Seneo-Ji ဘုရားကျောင်းနှင့် ToKyo Skytree တို့ကို တွေ့မြင်နိုင်ရန် မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်။

မာရသွန်ပြေးပွဲလမ်းကြောင်းသည် Asakusa၊ Ginza နှင့် တိုကျိုမြို့ရှိ အခြားထင်ရှားသောနေရာများသို့ ဖြတ်သန်းသွားပြီး တိုကျိုဘူတာရုံတွင် ပန်းဝင်မည်ဖြစ်ပါသည်။ လမ်းကြောင်းတစ်လျှောက်တွင် ပရိတ်သတ်များက ပြိုင်ပွဲဝင် အားကစားသမားများကို အားပေးခဲ့ကြပြီး ပြိုင်ပွဲဝင် အားကစားသမားများကလည်း လက်များဝှေ့ယမ်းကာ အပြန် အလှန် အားပေးခဲ့ကြသည်။

ပြိုင်ပွဲဝင်အားကစားသမားများသည် ပန်းဝင်ချိန်တွင် ပြုံးပျော်နေကြသည်။ Kanagawa ခရိုင်မှ အသက် (၅၀) အရွယ် အမျိုးသမီးတစ်ဦးက “နေပူသည်ဟုအနည်းငယ်ခံစားရသော်လည်း ပရိတ်သတ်များက သူမကို အားပေးခဲ့ကြ သဖြင့် ပြိုင်ပွဲကိုပျော်ရွှင်စွာပါဝင်ခဲ့ကြောင်း” ပြောကြားခဲ့သည်။

တိုကျိုမြို့မှ အသက်(၆၀)အရွယ်အမျိုးသားတစ်ဦးက “၎င်းသည် အသက် (၇၀)၊ (၈၀)အရွယ်ထိပြေးနိုင်ရန် စိတ်ပိုင်း ဖြတ်ထားကြောင်း” ပြောကြားခဲ့သည်။ မာရသွန်ပြေးပွဲလမ်းကြောင်းတစ်လျှောက် အချို့နေရာများတွင် ယာဉ်ကြော ပိတ်ဆို့မှု များရှိခဲ့သည်။ အချို့သောလမ်းများကို ည ၉ နာရီအချိန်ထိ ယာဉ်ကြောပိတ်ထားခဲ့ရသည်။

ကိုးကား- NHK