ကန့်ဘလူမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေး

News Image

  • ကန့်ဘလူမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို မတ်လ ၄ ရက် နံနက်ပိုင်းတွင် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များကို ကိုယ်အလေးချိန် ချိန်ခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သန္ဓေသားအနေအထား မှန်ကန်စေရေးပြုပြင်ပေးခြင်း၊ သွေးဖောက်စစ်ဆေးခြင်း၊ မတည့်သည့်ဆေးရှိ၊ မရှိနှင့် အခြားရောဂါရှိ၊ မရှိတို့ကို မေးမြန်းစစ်ဆေးပြီး ထုံနာကျဉ်နာ ပျောက်ဆေး၊ ဖောလစ်အက်စစ်၊ သံဓာတ်အားဆေးတို့ကို အခမဲ့ပေးအပ်သည်။ ထို့နောက် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို လစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)

Source: Myawady Daily Newspaper