သတင်းများ

တံတားဦးမြို့နယ် အိမ်မြင့်စံကျေးရွာ “ ရွှေအိမ်စံ”  စာကြည့်တိုက်ဖွင့်ပွဲကျင်းပ

တံတားဦး ၊ ဖေဖော်ဝါရီ - ၁၂

၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်း ဒေသကြီး တံတားဦးခရိုင်၊ တံတားဦးမြို့နယ် သဲမောင်းကန်ကျေးရွာအုပ်စု အိမ်မြင့်စံကျေးရွာ “ရွှေအိမ်စံ” စာကြည့်တိုက်ဖွင့်ပွဲကို ယင်းနေ့ နံနက် (၈) နာရီခွဲအချိန်က အဆိုပါကျေးရွာ စာကြည့်တိုက် အဆောက်အအုံသစ်၌ ကျင်းပကြောင်းသိရသည် ။

ရှေးဦးစွာအခမ်းအနားသို့တက်ရောက်လာသူများအား ကျေးရွာသူ/သားများကိုယ်စား ဦးရွှေရိုး+ ဒေါ်မိုး အဖွဲ့က ဧည့်ခံဖျော်ဖြေပေးပြီး တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ဦးရွှေရိုး+ဒေါ်မိုး အဖွဲ့အား ဆု‌ငွေများချီးမြင့်ပေးသည်။ ဆက်လက်၍  “ရွှေအိမ်စံ” စာကြည့်တိုက် အဆောက်အအုံသစ်အား တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်း၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)  ဒုတိယဗိုလ်မှူးကြီးဇေယျာမင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၃)  ဦးသန်းနိုင်၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် အတွင်းရေးမှူး ဒုရဲမှူးကြီး ခင်မောင်ဇော်၊ အလှူရှင် ဦးဝင်းကျော်တို့က စာကြည့်တိုက်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများက စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှု အားပေးကြသည် ။

အဆိုပါစာကြည့်တိုက်အဆောက်အအုံသစ်အကျယ်မှာ အလျား(၂၀)ပေ၊ အနံ(၁၉)ပေ၊ အမြင့် (၁၂)ပေ ဖြစ်ပြီး နိုင်ငံတော်မှ မတည်ငွေ ငွေကျပ်သိန်း(၁၅၀)ကျပ် ၊ အလှူရှင် စေတနာရှင်များမှ ထည့်ဝင်လှူဒါန်းငွေသိန်း(၁၀၀)ကျပ် ၊ စုစုပေါင်းကုန်ကျငွေ ကျပ်သိန်း (၂၅၀)ကျပ် ဖြစ်ကြောင်းသိရသည်။

 ဦးရဲတင့်( ပြန်/ဆက်)

အမေရိကန်၏ ရန်ပုံငွေထည့်ဝင်မှုရပ်ဆိုင်းလိုက်ခြင်းကြောင့် ကမ္ဘာလုံး ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုမှာ ခြိမ်းခြောက်မှုအန္တရာယ်ဖြင့် ရင်ဆိုင် နေရကြောင်း WHO အကြီးအကဲ သတိပေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ Tedros Adhanom Ghebreyesusက အမေရိကန်ပြည်ထောင်စု၏ ရန်ပုံငွေထည့်ဝင်မှု အကူအညီ ရပ်ဆိုင်းခြင်းမှာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအစီအစဉ်များ အပေါ် ပြင်းထန်သော သက်ရောက်မှုများရှိနေကြောင်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် သတိပေးလိုက်ပါသည်။ 

အမေရိကန်အစိုးရအနေဖြင့် ရန်ပုံငွေထည့်ဝင်မှုအကူအညီ ရပ်ဆိုင်းလိုက်ခြင်းကြောင့် HIV‌ ရောဂါကုသ‌ရေး၊ ပိုလီယို‌ရောဂါ၊ မျောက်ကျောက် ရောဂါ (mpox) နှင့် ငှက်ဖျားရောဂါ (avian influenza) တိုက်ဖျက်ရေး အစီအစဉ်များ ထိခိုက်သွားကြောင်း၊ အထူးသဖြင့် နိုင်ငံပေါင်း ၅၀ အတွင်း အရေးပေါ် AIDS ကုသရေးအစီအစဉ်ဖြစ်သည့်   HIV ကုသမှု၊ စမ်းသပ်မှု နှင့် ကာကွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများအား ချက်ချင်းရပ်တန့်ခဲ့ရကြောင်း ၎င်းက ဆိုထားပါသည်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အမေရိကန်ပြည်ထောင်စု နုတ်ထွက်မှုကြောင့် ယခုအခါ မိမိတို့မှာ ဘတ်ဂျက်‌ လျှော့ချရန် အစီအစဉ်များကို ဆောင်ရွက် နေရပြီး အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင်လည်း အခက်အခဲ များစွာ ရင်ဆိုင်နေရသဖြင့် အမေရိကန်အစိုးရအနေဖြင့် ရန်ပုံငွေ ရပ်ဆိုင်းမှုကို ပြန်လည်စဉ်းစားရန် ၎င်းက တိုက်တွန်းထားပါသည်။ 

ကိုးကား- ကုလသမဂ္ဂအဖွဲ့ (UN)

ခေါင်းကိုက်ရောဂါလူနာများက ကိုယ့်ကိုယ်ကို အဆုံးစီရင်နိုင်ခြေ ပို၍ မြင့်မားနိုင်ဖွယ်ရှိ

ကိုပင်ဟေဂင် ဖေဖော်ဝါရီ ၁၁

ခေါင်းကိုက်ရောဂါ ခံစားနေရသူများသည် ကိုယ့်ကိုယ်ကို အဆုံးစီရင်နိုင်ခြေ သာမန်လူများထက် ပို၍မြင့်မားနိုင်ဖွယ်ရှိကြောင်း သုတေသနပညာရှင်၏ အဆိုကိုကိုးကား၍ ဖေဖော်ဝါရီ ၁၀ ရက်သတင်းများအရ သိရသည်။

ခေါင်းကိုက်ရောဂါကြောင့် အဆက်မပြတ်နာကျင်ကိုက်ခဲနေရသူများသည် ပုံမှန်လူများနှင့် နှိုင်းယှဉ်ပါက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် ကြိုပမ်းလာနိုင်ခြေ နှစ်ဆပိုမြင့်မားကြောင်း အမေရိကန်နှင့် ဒိန်းမတ်သုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။

အမေရိကန်နှင့် ဒိန်းမတ်သုတေသနပညာရှင်များသည် ခေါင်းကိုက်ရောဂါရှိသူ အသက် ၁၅ နှစ်နှင့်အထက် လူပေါင်း ၁၂၀၀၀၀ တို့ကို ခေါင်းကိုက်ရောဂါမရှိသူများနှင့် နှိုင်းယှဉ်လေ့လာခဲ့ကြကြောင်း၊ လေ့လာချက်မှ ပေါ်ထွက်လာသည့် ရလဒ်များအရ ခေါင်းကိုက်ရောဂါဝေဒနာရှင်များ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် ကြိုးပမ်းလာနိုင်သည့် အလားအလာမှာ သာမန်လူများထက် ပိုမိုမြင့်မားနေသည်ဟု သုတေသနပညာရှင်များက သုံးသပ်ထားကြောင်း သိရသည်။

ခေါင်းကိုက်ရောဂါကို ထိရောက်စွာ ကုသပေးခြင်းဖြင့် လူနာများကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် ကြိုးပမ်းလာနိုင်ခြေကို လျှော့ချပေးနိုင်မည်ဖြစ်သည်ဟု သုတေသနပညာရှင်များက ပြောကြားကြောင်း သိရသည်။ 

Source: ရတနာပုံသတင်းစာ

ရွှေတိဂုံစေတီတော်၌ မြန်မာ့ရိုးရာထမနဲလှူဒါန်းပွဲတော်နှင့် ထမနဲထိုးပြိုင်ပွဲ ကျင်းပ

ရန်ကုန်  ဖေဖော်ဝါရီ ၁၁

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲလှူဒါန်းပွဲတော်နှင့် ထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် အာဇာနည်လမ်းရှိ ထန်းပင်ကုန်း၌ ကျင်းပသည်။

ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ထမနဲလှူဒါန်းပွဲတော်ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ အလှည့်ကျသဘာပတိ ဦးလှမြင့်နှင့် ဂေါပကအဖွဲ့ဝင်များက ရွေကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြိုင်ပွဲဝင်အသင်းပေါင်း ၃၂ သင်း၏ ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ပြိုင်ပွဲအပြီးတွင် ဂေါပကအဖွဲ့ဝင်များက ထမနဲထိုးပြိုင်ပွဲ ပထမဆုရအသင်းအား ငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုရ အသင်းအား ငွေကျပ် ခုနစ်သိန်း၊ တတိယဆုရအသင်းအား ငွေကျပ် ခြောက်သိန်း၊ စတုတ္ထဆုရအသင်းအား ငွေကျပ် ငါးသိန်း၊ ပဉ္စမဆုရအသင်းအား ငွေကျပ် လေးသိန်း၊ နှစ်သိမ့်ဆုနှစ်ဆုအတွက် ငွေကျပ် သုံးသိန်းစီနှင့် ဆုကလပ်များ ပေးအပ်ချီးမြှင့်သည်။

ပြိုင်ပွဲဝင် အသင်းများ၏ ထမနဲများကို သံဃာတော်များအား ထမနဲဆွမ်းတော်ကြီး လောင်းလှူသွားမည်ဖြစ်သည့်အပြင် အများပြည်သူကို ကုသိုလ်ပြုဝေငှသွားမည်ဖြစ်ကြောင်း သိရသည်။

Source: ကြေးမုံသတင်းစာ

စင်ကာပူတွင် ခန္ဓာကိုယ် တဖြည်းဖြည်းချင်း “ကျောက်တုံး” ကဲ့သို့ ဖြစ်လာသည့် ရှားပါးရောဂါ ဖြစ်ပွားမှုတွေ့ရှိ

စင်ကာပူနိုင်ငံ၏ NTU ကောလိပ်ကျောင်းသူ ရာဖီလာဂွါတာမာသည် ခန္ဓာကိုယ် တဖြည်းဖြည်းချင်း “ကျောက်တုံး” ကဲ့သို့ လှုပ်ရှား၍ မရဖြစ်လာသော ရှားပါးရောဂါ ခံစားနေရကြောင်းဆိုသည်။

Fibrodysplasia ossificans progressiva(FOP)ဟု ခေါ်သည့် ၎င်း ရောဂါသည် ကြွက်သားနှင့်တစ်သျှူးများ တဖြည်းဖြည်း အရိုးအဖြစ် ပြောင်းလဲလာသော ရှားပါးရောဂါဖြစ်ပြီး အဆိုပါရောဂါကြောင့် အသက် (၂၀)နှစ်အရွယ် ဂွါတာမာသည် လှုပ်ရှားမှုပြုလုပ်ရန် မလွယ်ကူတော့ဘဲ ဘီးတပ်ကုလားထိုင် အသုံးပြုနေရသည်။ သူမ အသက်(၁၃)နှစ် အရွယ် တွင် ဘတ်စ်ကားပေါ်က ပြုတ်ကျခဲ့ခြင်းမှ အဆိုပါရောဂါ အစပြုခဲ့ခြင်းဖြစ်ပြီး ခြေကျင်းဝတ်များညောင်းနေသကဲ့သို့ ခံစားရခြင်းကြောင့် ဓာတ်မှန် ရိုက်စစ်ဆေးကြည့်ရာ ထိုကဲ့သို့သော ထူးဆန်းသည့်အရိုးများ ဖြစ်ပေါ်နေခြင်းကို တွေ့ရခြင်းဖြစ်ကြောင်း သူမကဆိုပါသည်။ 

သွေးစစ်ခြင်း၊ စကင်န်နှင့်ဓာတ်မှန်ရိုက်ခြင်းများ လုပ်ဆောင်ရန်အတွက် ဆေးရုံသို့ ပုံမှန်သွားခဲ့သော်လည်း ရောဂါကိုတိကျစွာ အဖြေမထုတ်နိုင်ခဲ့ကြောင်း ဂါတာမာက ပြောသည်။ ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် ဆယ်ကျော်သက်များ၌ ဖြစ်ပွားတတ်သော FOP - stone man disease သို့မဟုတ် Munchmeyer disease ဟုလည်းခေါ်သည့် ရောဂါခံစားနေရခြင်း ဖြစ်နိုင်ကြောင်း တွဲဖက်ပါမောက္ခ အန်ဂီလိုင်လဲ့က သံသယရှိပြီး မျိုးရိုးဗီဇစစ်ဆေးခဲ့ပြီးနောက်တွင် သူမသည် FOP ဝေဒနာခံစားနေရခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

KK Women's and Children's Hospital (KKH) မှ မျိုးရိုးဗီဇဆိုင်ရာ အကြီးတန်းအတိုင်ပင်ခံ ပါမောက္ခလဲ့က FOP သည် အလွန်ရှားပါးသည့် မျိုးရိုးဗီဇ အခြေအနေတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်သည် ကြွက်သား၊ အရွတ်နှင့် အခြားတွယ်ဆက်တစ်သျှူးများတွင် အရိုးများဖွဲ့စည်းနေခြင်းဖြစ်သည် ဟုဆိုပါသည်။ ဤကဲ့သို့သောအခြေအနေသည် ကမ္ဘာတစ်ဝန်းရှိ လူတစ်သန်း၌ တစ်ဦးနှုန်းသာဖြစ်ပွားလေ့ရှိသည်ဟုသိရှိရပြီး FOP အတွက် ကုသဆေးမရှိသေးကြောင်း ဆိုပါသည်။

ကိုးကား-NP News

အမေရိကတွင် ဝက်ကျောက်ကပ် အစားထိုးကုသမှု နောက် တစ်ယောက် အောင်မြင်

ဟမ်ရှိင်းယား မှ အသက် ၆၆ နှစ်အရွယ်ရှိ တင်မ်အန်ဒရူးသည် ဝက်ကျောက်ကပ်အစားထိုးကုသမှုဖြင့်အသက်ရှင်နေထိုင်သည့် ဒုတိယမြောက်လူသား ဖြစ်လာပါသည်။ စမ်းသပ်လေ့လာမှုများ ကြိမ်ဖန်များစွာ ပြုလုပ်ပြီး အစားထိုးကုသရန် လပေါင်းများစွာ ကြိုတင်ပြင်ဆင် ပြီးနောက် အန်ဒရူးကို ဇန်နဝါရီ ၂၅ ရက်နေ့က ဝက် ကျောက်ကပ် အစားထိုးပေးလိုက်ပြီး တစ်ပတ်အကြာတွင်မက်ဆာချူးဆက် အထွေထွေဆေးရုံမှ ဆင်းခွင့်ပေးလိုက်ကာ တင်မ်အန်ဒရူးသည် ဝက်ကျောက်ကပ်ဖြင့် အသက်ရှင် နေထိုင်သော ဒုတိယမြောက် လူသား ဖြစ်လာပါသည်။ 

ယခုတွင် သူသည် ကျောက်ကပ်ဆေးနေရသည့် ဘဝမှ လွတ်မြောက်ပြီး တိရစ္ဆာန်မှလူသားသို့ ကိုယ်တွင်းအင်္ဂါ အစားထိုးကုသနိုင်ခဲ့သည့် နောက်ထပ်အောင်မြင်မှု တစ်ခု ဖြစ်လာခဲ့ပါသည်။ အန်ဒရူးသည် လွန်ခဲ့သည့် နှစ်နှစ် ခန့်က ကျောက်ကပ်ဆိုင်ရာ ချိုယွင်းမှုဖြင့် ရုန်းကန်နေရပြီး အစားထိုးကုသမှုစာရင်းတွင် ပါဝင်နေသော်လည်း လိုက်ဖက်သော ကျောက်ကပ်တစ်ခုအတွက် ခုနစ်နှစ်ကျော် စောင့်ဆိုင်းခဲ့ရသည်။ 

ကျောက်ကပ်ဆေးခြင်းဆိုင်ရာ ရှုပ်ထွေးမှုများနှင့် နှလုံးပြဿနာများကြောင့်၎င်း၏ အသက်ရှင်နိုင်ခြေ နည်းပါးခဲ့ရပြီး အခြားရွေးချယ်စရာတစ်ခုကို ရှာဖွေရန် စိတ်ပိုင်း ဖြတ်ထားပြီး စမ်းသပ်ဝက်ကျောက်ကပ် အစားထိုးကုသမှုအတွက် စေတနာ့ဝန်ထမ်းလုပ်ခဲ့သည်။ ၎င်းက ကြံ့ခိုင်မှု တိုးတက်စေရန်အတွက် ကျယ်ပြန့်သော ရုပ်ပိုင်းဆိုင်ရာ ကုထုံးကိုခံယူခဲ့ပြီး ပေါင် ၃၀ ချနိုင်ခဲ့ပါသည်။ ထို့နောက်တွင် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာကာ အစားထိုးကုသမှုကို ပြုလုပ်နိုင်ခဲ့ပါသည်။

ကိုးကား-Myanmar National Post

မြန်မာ ယူ-၁၉ အသင်းနည်းပြချုပ်သစ် ခန့်အပ်

ရန်ကုန်  ဖေဖော်ဝါရီ ၈

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၁၉ အမျိုးသားအသင်း နည်းပြချုပ်အဖြစ် ဂျပန်နိုင်ငံသား ယူဂျီဆေအိုကာကို ခန့်အပ်လိုက်ပြီဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းကို ပြီးခဲ့သည့်နှစ်အထိ ဦးအောင်နိုင်က နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်ခဲ့ပြီး စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် လမ်းခွဲကာ ဂျပန်နည်းပြတစ်ဦး ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ယူဂျီဆေအိုကာသည် ကစားသမားဘဝတွင် စင်ကာပူ၊ ထိုင်း၊ အိန္ဒိယစသည့် ကလပ်အသင်းများ၌ ကစားခဲ့ပြီး UEFA ပရိုနည်းပြလိုင်စင်ရရှိထားသူဖြစ်သည်။ ယူဂျီဆေအိုကာသည် မြန်မာ ယူ-၁၉ အသင်းနှင့်အတူ ၂၀၂၅ ခုနှစ်အတွင်း အာဆီယံ ယူ-၁၉ ပြိုင်ပွဲနှင့် အာရှဖလား ယူ-၂၀ ခြေစစ်ပွဲတို့တွင် ရလဒ်ကောင်းရယူနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။ ထို့ပြင် ယူဂျီဆေအိုကာသည် မြန်မာ ယူ-၂၂ အသင်းတွင် လက်ထောက်နည်းပြအဖြစ်ပါ ပူးတွဲဆောင်ရွက်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၂၂ အမျိုးသားအသင်းနှင့် ယူ-၁၉ အမျိုးသားအသင်းတို့အတွက် ဂျပန်လူမျိုးနည်းပြများကို နည်းပြချုပ်အဖြစ် တာဝန်ပေးခဲ့သည်။

တံတားဦး ၊ ဖေဖော်ဝါရီ - ၇

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများ ဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ပြည့်စုံကြွယ်ဝလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေးတို့အတွက်ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသည့် လူငယ်စကားဝိုင်းကို ဖေဖော်ဝါရီ ၇ ရက်နေ့၊ နံနက်ပိုင်းက တံတားဦးမြို့နယ် သူငယ်တော် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပကြောင်သိရသည် ။

အခမ်းအနားတွင် သူငယ်တော်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ တာဝန်ခံ ကျောင်းအုပ် ဆရာကြီး ဦးဇော်ဝင်းက အမှာစကားပြောကြားပြီး  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဦးစီးအရာရှိ ဦးဘိုမောင်က လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင်  လူငယ်များ အချင်းချင်း တိုင်ပင်ညှိနှိုင်း ဆွေးနွေးတတ်စေရန် ၊ လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်၊ အတွေးအမြင်များ ကျယ်ပြန့်လာစေရန်၊ မိမိတို့ သိထားသင့်သော ဗဟုသုတများကို အချင်းချင်း ပြန်လည်မျှဝေတတ်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပပေးခြင်းဖြစ်ကြောင်းပြောကြားသည် ။

ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဘိုမောင်က Moderator အဖြစ်ဆောင်ရွက်ပြီး သူငယ်တော် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) Grade -11 မှ ကျောင်းသူ မချယ်ရီလှိုင်က လူငယ်နှင့် ကျောင်းစာကြည့်တိုက်ခေါင်းစဉ်ဖြင့်လည်းကောင်း၊  Grade -11 မှ ကျောင်းသူ မနွေးနွေးဇော်က   လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊  Grade -11 မှ ကျောင်းသူ မသဲရွှေစင်က လူငယ်နှင့် စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -11 ကျောင်းသူ မအေမီမီလွင်က လူငယ်နှင့်စာဖတ်ခြင်း အကျိုးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းကြရာ လူငယ်စကားဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိနှင့် ပါဝင် ဆွေးနွေးကြသည့် ကျောင်းသား ၊ ကျောင်းသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားပေးကြသည်။

ထို့နောက် ကျောင်းသား/ သူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ ၊ ရသစာအုပ်စာစောင်များကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုလေ့လာကြကြောင်းသိရသည်။

တံတားဦးမြို့နယ်တွင် အခြေခံပညာနှင့် စက်မှု ၊ စိုက်ပျိုး ၊ မွေးမြူရေးကျောင်းသို့ တက်ရောက်နိုင်ရေး Grade – 9 ကျောင်းသား/ သူများနှင့်တွေ့ဆုံ

တံတားဦး ၊ ဖေဖော်ဝါရီ - ၇

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့ အခြေခံပညာ အထက်တန်းကျောင်း အတွင်း၌ ဖွင့်လှစ်ထားသော အခြေခံပညာနှင့် စက်မှု ၊ စိုက်ပျိုး ၊ မွေးမြူရေးကျောင်းသို့ တက်ရောက် နိုင်ရေး Grade – 9 ကျောင်းသား/သူများနှင့် တာဝန်ရှိသူများ၏ တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၇ ရက်၊ နံနက် ၁၁ နာရီ က တံတားဦးမြို့ အခြေခံပညာ အထက်တန်းကျောင်း ရတနာထွန်းခန်း၌ ကျင်းပကြောင်းသိရသည် ။

တွေ့ဆုံဆွေးနွေးပွဲတွင် တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကိုကိုမောင်က အမှာစကားပြောကြားသည်။ ဆက်လက်၍ မွေးမြူရေးကျောင်းအတွက် ဆရာမ ဒေါ်ငြိမ်းငြိမ်းစိုးကလည်းကောင်း၊ စိုက်ပျိုးရေးကျောင်းအတွက် ဆရာ ဦးဖြိုးမင်းထက်နှင့် ဆရာမ ဒေါ်အိအိအောင်ကလည်းကောင်း၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းသို့ တက်ရောက်နိုင်ရေးကို ဆရာမဒေါ်အေးငြိမ်းအောင်ကလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးကြသည် ။

ထို့နောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် Grade – 9 ကျောင်းသား/ သူများက မိမိတို့ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိသူများက အသီးသီးပြန်လည်ရှင်းလင်းပေး ကြသည်။ အဆိုပါအခြေခံပညာနှင့် စက်မှု ၊ စိုက်ပျိုး ၊ မွေးမြူရေး ကျောင်းသို့ (၃) နှစ် တက်ရောက်ရမည်ဖြစ်ပြီး ထူးချွန်စွာအောင်မြင်သူများကို တက္ကသိုလ်ကျောင်း၊ ကောလိပ်ကျောင်းများတွင် တက်ရောက် ပညာသင်ကြားနိုင်ကြောင်း သိရသည်။

အသည်းရောဂါနှင့် ပတ်သက်သောဆေးဝါးများ နိုင်ငံ‌တော်မှ အခမဲ့ပေးအပ်မည်

အသည်းရောဂါခံစားနေရသည့် ဝေဒနာရှင်များအတွက် အသည်းနှင့်ပတ်သက်သောဆေးဝါးများကို ယခု ဖေဖော်ဝါရီလမှစတင်ကာ နီးစပ်ရာမြို့နယ် ကျန်းမာရေးဌာနများ၌ အခမဲ့ပေးအပ်နေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထိုဆေးဝါးများသည် အသည်းအဆီဖုံးရောဂါ၊ အသည်းခြောက်ရောဂါနှင့် အသည်းကင်ဆာရောဂါ ဖြစ်စေနိုင်သော အသည်းရောင်အသားဝါ စီပိုး (Hepatitis-C) ရောဂါခံစားနေရသူများအား ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရောဂါရှင်များအနေဖြင့် အခမဲ့ဆေးဝါး ထောက်ပံ့မှုများ ကို ၃ လမှ ၆ လအထိ သောက်သုံးသွားရမည်ဖြစ်ပြီး ဆေးဝါးကုသမှု အခမဲ့ရယူလိုသော ဝေဒနာရှင်များသည် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ နီးစပ်ရာအစိုးရဆေးရုံ (သို့မဟုတ်) မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနများ၌ သွားရောက်ဆက်သွယ်နိုင်ကြောင်း သိရသည်။

လွန်ခဲ့သော ၂၀၂၄ ခုနှစ်အတွင်း၌ သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး၊ မြွေဆိပ်ဖြေဆေး၊ ခွေးရူးပြန် ရောဂါကာကွယ်ဆေးနှင့် ကိုဗစ်ကာကွယ်ဆေးများ အပြင် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဦးစီးဌာနအနေဖြင့် အခမဲ့ ထောက်ပံ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။