၂၀၂၅ ခုနှစ်၊ တိုကျိုမာရသွန်အပြေးပြိုင်ပွဲ
၂၀၂၅ ခုနှစ်၊ ဂျပန်နိုင်ငံ၏ အကြီးဆုံးသော တိုကျိုမာရသွန်အပြေးပြိုင်ပွဲတွင် အားကစား သမားပေါင်း ၃၈,၀၀၀ ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
၎င်းအပြေးပြိုင်ပွဲကို ကံစမ်းမဲပေါက်သည့်သူများသာ မတ်လ ၂ ရက်နေ့တွင်ကျင်းပခဲ့သည့် ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။ ဒေသတွင်းနှင့် နိုင်ငံတကာမှ လက်ရွေးစင်အပြေးသမားများကိုလည်း ဖိတ်ကြားခဲ့ပြီး အဆိုပါပြိုင်ပွဲကို တိုကျိုမြို့တော်၊ Shinjuku အဆောက်အအုံ၌ နံနက် ၉ နာရီခန့်တွင် စတင်ခဲ့သည်။
Saitama ခရိုင်မှ အသက် (၅၀) အရွယ် အမျိုးသားတစ်ဦးက “၎င်းအနေဖြင့် နိုင်ငံအတွင်းရှိ ပြေးပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသော်လည်း တိုကျိုမာရသွန်အပြေးပြိုင်ပွဲကို ကံစမ်းမဲပေါက်၍ ပထမဆုံးပါဝင်ခွင့်ရခြင်း ဖြစ်ကြောင်း နှင့် ၎င်း၏ ရည်မှန်းချက်မှာ လမ်းတစ်လျှောက်ရှိ ပရိတ်သတ် များ၏ အားပေးမှုကိုခံယူ၍ ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ ပြိုင်ပွဲကို ပြီးဆုံးအောင်မြင်ရန်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
Osaka မှ အသက် (၄၀) အရွယ် အမျိုးသမီးတစ်ဦးက အဆိုပါပြိုင်ပွဲ၏ ဆွဲဆောင်မှုမှာ တိုကျိုမြို့လယ်ရှိ လူသိ ထင်ရှားသော နေရာများကို ဖြတ်သန်းယှဉ်ပြိုင်ခြင်းဖြစ်ကြောင်းနှင့် ၎င်းသည် Seneo-Ji ဘုရားကျောင်းနှင့် ToKyo Skytree တို့ကို တွေ့မြင်နိုင်ရန် မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်။
မာရသွန်ပြေးပွဲလမ်းကြောင်းသည် Asakusa၊ Ginza နှင့် တိုကျိုမြို့ရှိ အခြားထင်ရှားသောနေရာများသို့ ဖြတ်သန်းသွားပြီး တိုကျိုဘူတာရုံတွင် ပန်းဝင်မည်ဖြစ်ပါသည်။ လမ်းကြောင်းတစ်လျှောက်တွင် ပရိတ်သတ်များက ပြိုင်ပွဲဝင် အားကစားသမားများကို အားပေးခဲ့ကြပြီး ပြိုင်ပွဲဝင် အားကစားသမားများကလည်း လက်များဝှေ့ယမ်းကာ အပြန် အလှန် အားပေးခဲ့ကြသည်။
ပြိုင်ပွဲဝင်အားကစားသမားများသည် ပန်းဝင်ချိန်တွင် ပြုံးပျော်နေကြသည်။ Kanagawa ခရိုင်မှ အသက် (၅၀) အရွယ် အမျိုးသမီးတစ်ဦးက “နေပူသည်ဟုအနည်းငယ်ခံစားရသော်လည်း ပရိတ်သတ်များက သူမကို အားပေးခဲ့ကြ သဖြင့် ပြိုင်ပွဲကိုပျော်ရွှင်စွာပါဝင်ခဲ့ကြောင်း” ပြောကြားခဲ့သည်။
တိုကျိုမြို့မှ အသက်(၆၀)အရွယ်အမျိုးသားတစ်ဦးက “၎င်းသည် အသက် (၇၀)၊ (၈၀)အရွယ်ထိပြေးနိုင်ရန် စိတ်ပိုင်း ဖြတ်ထားကြောင်း” ပြောကြားခဲ့သည်။ မာရသွန်ပြေးပွဲလမ်းကြောင်းတစ်လျှောက် အချို့နေရာများတွင် ယာဉ်ကြော ပိတ်ဆို့မှု များရှိခဲ့သည်။ အချို့သောလမ်းများကို ည ၉ နာရီအချိန်ထိ ယာဉ်ကြောပိတ်ထားခဲ့ရသည်။
ကိုးကား- NHK