သတင်းများ

၂၀၂၅ ခုနှစ်၊ တိုကျိုမာရသွန်အပြေးပြိုင်ပွဲ

၂၀၂၅ ခုနှစ်၊ ဂျပန်နိုင်ငံ၏ အကြီးဆုံးသော တိုကျိုမာရသွန်အပြေးပြိုင်ပွဲတွင် အားကစား သမားပေါင်း ၃၈,၀၀၀ ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

၎င်းအပြေးပြိုင်ပွဲကို ကံစမ်းမဲပေါက်သည့်သူများသာ မတ်လ ၂ ရက်နေ့တွင်ကျင်းပခဲ့သည့် ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။ ဒေသတွင်းနှင့် နိုင်ငံတကာမှ လက်ရွေးစင်အပြေးသမားများကိုလည်း ဖိတ်ကြားခဲ့ပြီး အဆိုပါပြိုင်ပွဲကို တိုကျိုမြို့တော်၊ Shinjuku အဆောက်အအုံ၌ နံနက် ၉ နာရီခန့်တွင် စတင်ခဲ့သည်။

Saitama ခရိုင်မှ အသက် (၅၀) အရွယ် အမျိုးသားတစ်ဦးက “၎င်းအနေဖြင့် နိုင်ငံအတွင်းရှိ ပြေးပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသော်လည်း တိုကျိုမာရသွန်အပြေးပြိုင်ပွဲကို ကံစမ်းမဲပေါက်၍ ပထမဆုံးပါဝင်ခွင့်ရခြင်း ဖြစ်ကြောင်း နှင့် ၎င်း၏ ရည်မှန်းချက်မှာ လမ်းတစ်လျှောက်ရှိ ပရိတ်သတ် များ၏ အားပေးမှုကိုခံယူ၍ ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ ပြိုင်ပွဲကို ပြီးဆုံးအောင်မြင်ရန်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

Osaka မှ အသက် (၄၀) အရွယ် အမျိုးသမီးတစ်ဦးက အဆိုပါပြိုင်ပွဲ၏ ဆွဲဆောင်မှုမှာ တိုကျိုမြို့လယ်ရှိ လူသိ ထင်ရှားသော နေရာများကို ဖြတ်သန်းယှဉ်ပြိုင်ခြင်းဖြစ်ကြောင်းနှင့် ၎င်းသည် Seneo-Ji ဘုရားကျောင်းနှင့် ToKyo Skytree တို့ကို တွေ့မြင်နိုင်ရန် မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်။

မာရသွန်ပြေးပွဲလမ်းကြောင်းသည် Asakusa၊ Ginza နှင့် တိုကျိုမြို့ရှိ အခြားထင်ရှားသောနေရာများသို့ ဖြတ်သန်းသွားပြီး တိုကျိုဘူတာရုံတွင် ပန်းဝင်မည်ဖြစ်ပါသည်။ လမ်းကြောင်းတစ်လျှောက်တွင် ပရိတ်သတ်များက ပြိုင်ပွဲဝင် အားကစားသမားများကို အားပေးခဲ့ကြပြီး ပြိုင်ပွဲဝင် အားကစားသမားများကလည်း လက်များဝှေ့ယမ်းကာ အပြန် အလှန် အားပေးခဲ့ကြသည်။

ပြိုင်ပွဲဝင်အားကစားသမားများသည် ပန်းဝင်ချိန်တွင် ပြုံးပျော်နေကြသည်။ Kanagawa ခရိုင်မှ အသက် (၅၀) အရွယ် အမျိုးသမီးတစ်ဦးက “နေပူသည်ဟုအနည်းငယ်ခံစားရသော်လည်း ပရိတ်သတ်များက သူမကို အားပေးခဲ့ကြ သဖြင့် ပြိုင်ပွဲကိုပျော်ရွှင်စွာပါဝင်ခဲ့ကြောင်း” ပြောကြားခဲ့သည်။

တိုကျိုမြို့မှ အသက်(၆၀)အရွယ်အမျိုးသားတစ်ဦးက “၎င်းသည် အသက် (၇၀)၊ (၈၀)အရွယ်ထိပြေးနိုင်ရန် စိတ်ပိုင်း ဖြတ်ထားကြောင်း” ပြောကြားခဲ့သည်။ မာရသွန်ပြေးပွဲလမ်းကြောင်းတစ်လျှောက် အချို့နေရာများတွင် ယာဉ်ကြော ပိတ်ဆို့မှု များရှိခဲ့သည်။ အချို့သောလမ်းများကို ည ၉ နာရီအချိန်ထိ ယာဉ်ကြောပိတ်ထားခဲ့ရသည်။

ကိုးကား- NHK

လွန်ခဲ့သော(၁၁)ရာစုကတည်းက သနပ်ခါးလိမ်းခြယ်ခြင်းရှိနေကြောင်း အပယ်ရတနာဘုရား နံရံဆေးရေးပန်းချီမှလည်း မှတ်တမ်းပြုစုနိုင်ခဲ့

လွန်ခဲ့သော(၁၁)ရာစု ပုဂံခေတ်ကတည်းက သနပ်ခါးလိမ်းခြယ်ခြင်း ရှိနေကြောင်းကို အပယ်ရတနာဘုရား နံရံဆေးရေးပန်းချီမှလည်း မှတ်တမ်းပြုစုနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ့သနပ်ခါးကို ရှေးဘုရင်များလက်ထက်ကတည်းက မြတ်မြတ်နိုးနိုး သုံးစွဲခဲ့ကြောင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသမှ နံရံဆေးပန်းချီများ၌ တွေ့ရှိနိုင်ပြီး ပုဂံက စူဠာမဏိစေတီရှိ သနပ်ခါးလိမ်းခြယ်နေသောပုံကို လူသိများသော်လည်း အပယ်ရတနာဘုရားမှ နံရံဆေးပန်းချီရှိသည်ကို သိသူနည်းပါးပြီး အဆိုပါပုံများမှာ ရှေးဟောင်းယဉ်ကျေးမှုအတွက် တန်ဖိုးဖြတ်မရသော သမိုင်းအမွေအနှစ်ပုံများ ဖြစ်ကြောင်း သိရသည်။

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနသည် ပုဂံဒေသရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းပြုပြင် စောင့်ရှောက် လျက်ရှိပြီး အပယ်ရတနာဘုရားရှိ သနပ်ခါးလိမ်းခြယ်မှုဟန်ပါဝင်သည့် နံရံဆေးပန်းချီများကို မှတ်တမ်းပြုစုထားရှိပြီးလည်း ဖြစ်ကြောင်း သိရ သည်။

ထို့ပြင် ၁၉၉၁ - ၁၉၉၂ ခုနှစ်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်တို့ ပူးပေါင်း၍ ပြုပြင် ထိန်းသိမ်းရေးစီမံကိန်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ စူဠာမဏိစေတီ အတွင်း ရှိ နံရံဆေးပန်းချီကားများကို သန့်စင်ချေးချွတ်ရာမှ သနပ်ခါးလိမ်းခြယ် နေသောပုံများကို တွေ့ရှိမှတ်တမ်းပြုစုနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်” ကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်စေရန်လုပ်ဆောင်ခဲ့ပြီးနောက်" မြန်မာ့ သနပ်ခါးယဉ်ကျေးမှုဓလေ့" ကိုလည်း UNESCO ၏ Representative List of the Intangible Cultural Heritage of Humanity တွင် စာရင်းဝင်နိုင်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်မတိုင်မီ ပြန်လည်တင်သွင်းရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုးကား- ပြန်ကြားရေးဝန်ကြီးဌာန

 ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့

နေပြည်တော် မတ် ၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း (MCCT) အစီအစဉ်နှင့် အသက် (၈၅) နှစ်အထက် သက်ကြီးများကို ထောက်ပံ့သော လူမှုရေးပင်စင်အစီအစဉ်တို့မှ အကျိုးခံစားခွင့်ရှိသူများ ပုသိမ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ထောက်ပံ့ကြေးငွေထုတ်ယူနေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်‌ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အစီအစဉ် (၂) ရပ်၏ အကျိုးခံစားခွင့်ရှိသူများကို ထောက်ပံ့ကြေးဖြန့်ဝေပြီး အခြေအနေလေ့လာဆန်းစစ်ခြင်း (Post Distribution Monitoring – PDM) နှင့် Case Study များ ပြုလုပ်နေခြင်းတို့ကို ကြည့်ရှုပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် အဘိုးအဘွားများ၊ ကိုယ်စားလာရောက်ထုတ်ယူသူများအား ကြက်ဥနှင့် ခေါက်ဆွဲခြောက်ထုပ်များ ထောက်ပံ့ကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အိမ်တွင်းမှုသက်မွေး သင်တန်းကျောင်းရှိ ဝါးလက်မှုပစ္စည်းထုတ်လုပ်မှုသင်တန်း၊ အခြေခံ၊ အဆင့်မြင့် စက်ချုပ်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သင်တန်းသား/ သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးကာ သင်ကြားရရှိသည့် ပညာရပ်များဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ရရှိရေး ဆက်လက်ဆောင်ရွက်သွားရေးနှင့် စပ်လျဉ်း၍ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မူလတန်းကြိုကျောင်းသို့ သွားရောက်ပြီး ကလေးများအား သင်ကြားလေ့ကျင့်နေမှုကို ကြည့်ရှုကာ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် လူမှုဝန်ထမ်းရုံး၌ ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ သိုလှောင်ရုံ၌ ကယ်ဆယ်ရေးပစ္စည်း၊ အထောက်အကူပစ္စည်းနှင့် အလှူပစ္စည်းများ သိုလှောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ကယ်ဆယ်ရေးပစ္စည်းများအား ဘေးသင့်ပြည်သူများထံ အချိန်မီထောက်ပံ့နိုင်ရန် စီမံဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ မှာကြားခဲ့ကြောင်း သိရသည်။

Source: https://www.myanmardigitalnewspaper.com/

သွေးကျဲဆေးသုံးစွဲမှုရပ်ခဲ့သော သက်ကြီးပိုင်းများ၌ လေဖြတ်နိုင်ခြေနှင့် နှလုံးဖောက်နိုင်ခြေ မြင့်တက်နိုင်

လန်ဒန်   မတ် ၁

သွေးကျဲဆေးသုံးစွဲမှု ရပ်တန့်ခဲ့သော သက်ကြီးပိုင်းလူနာများ၌ လေဖြတ်နိုင်ခြေနှင့် နှလုံးဖောက်နိုင်ခြေ မြင့်တက်လာနိုင်ကြောင်း သုတေသနပညာရှင်များက ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားသည်။

Anticoagulants ခေါ် သွေးကျဲဆေးများသည် သွေးကြောများအတွင်း သွေးခဲများပေါ်ထွက်မှုကို တားဆီးပေးသည့်ဆေးများဖြစ်ကြကြောင်းသိရသည်။

သို့ရာတွင် Anticoagulants ဆေးများကြောင့် သက်ကြီးပိုင်းများအနေဖြင့် ထိခိုက်ဒဏ်ရာရခဲ့ပါက သွေးထွက်လွန်မှုပြဿနာရှိလာနိုင်သည်ဟူသော စိုးရိမ်စိတ်ကြောင့် ဆရာဝန်များက အသက် ၇၅ နှစ်အထက်ရှိသူများ ၎င်းဆေးများ သောက်သုံးရမည့်အချိန်ကာလကို ကန့်သတ်ပေးထားကြောင်း သိရသည်။

ပုံမှန်အားဖြင့် သက်ကြီးပိုင်းလူနာများအနေဖြင့် Anticoagulants ဆေးများကို သုံးလမှ ခြောက်လထိ သုံးစွဲပြီးပါက ဆေးသုံးစွဲမှုရပ်ထားရန် ဆရာဝန်များက ညွှန်ကြားလေ့ရှိကြောင်း သိရသည်။

သို့ရာတွင် ဗြိတိန်သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ သက်ကြီးပိုင်းလူနာများအနေဖြင့် သွေးကျဲဆေးများ သောက်သုံးမှုကို ရပ်ခဲ့ပါက အကျိုးထက် အဆိုးပိုများပြီး အသက်အန္တရာယ်ရှိသည့် လေဖြတ်နိုင်ခြေနှင့် နှလုံးဖောက်နိုင်ခြေ မြင့်တက်လာနိုင်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

ပြည်တွင်း၌ ထုတ်ဝေနေသော ညစ်ညမ်းစာပေများသည် ကျောင်းနေအရွယ် ကလေးများသို့ ဦးတည်နေ

ပြည်တွင်း၌ ထုတ်ဝေနေသော ညစ်ညမ်းစာပေများသည် ကျောင်းနေအရွယ် ကလေးများသို့ ဦးတည်နေကြောင်း သိရသည်။
ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ညစ်ညမ်းစာအုပ်များကို ပုံနှိပ်ထုတ်ဝေခဲ့သည့်အတွက် လုပ်ငန်းပိတ်သိမ်းခံရသော ပုံနှိပ်သူနှင့် ထုတ်ဝေသူများစာရင်းကို အသိပေးဖော်ပြသည်ကို တွေ့ရသည်။ 
၎င်းတို့တွင် တရားမဝင် ပုံနှိပ်ထုတ်ဝေခဲ့သော ညစ်ညမ်းစာအုပ် (၇)အုပ်နှင့်အတူ ပုံနှိပ်သူနှင့် ထုတ်ဝေသူများကိုလည်း လိပ်စာနှင့်တကွ ဖော်ပြထားသည်ကို တွေ့ရသည်။ 

၎င်းထဲတွင် ဒေါ်ဆုစန္ဒီသင်းဆိုသည့် ပုံနှိပ်သူမှာ ညစ်ညမ်းစာအုပ် (၇) အုပ်အနက် (၅)အုပ်ကို ရိုက်နှိပ်ထားပြီး ဒေါ်လှိုင်ယမင်း ဆိုသူမှလည်း ညစ်ညမ်းစာအုပ် (၇)အုပ်အနက် (၄)အုပ်ကို ထုတ်ဝေထားသည်ကို ဖော်ပြချက်များအရသိရသည်။

အပြည့်အစုံဆက်လက်ဖတ်ရှုရန်- https://npnewsmm.com/news/67c2de9c38128026a174965a

Source: NP News

မျောက်ကျောက်ရောဂါဖြစ်ပွားမှုက အာဖရိက၏ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေအဖြစ် ဆက်လက်တည်ရှိ

အာဖရိကဒေသတွင် လက်ရှိဆက်လက်ဖြစ်ပွားနေသည့် မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုသည် ပြည်သူ့ကျန်းမာရေးဆိုင်ရာ  အရေးပေါ်အခြေအနေ တစ်ရပ်အဖြစ် ဆက်လက် တည်ရှိနေသည်ဟု အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာကထုတ်ပြန်သည်။

ဒေသအတွင်း၌ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုနှုန်းသည် မြင့်တက်လျက်ရှိပြီး ဖြစ်ပွားနေသည့်ရောဂါသည် ကူးစက်မြန်သည့် ရောဂါမျိုးကွဲတစ်ခုဖြစ်သောကြောင့် ရောဂါကူးစက်မှု ထိန်းချုပ်ရေးအတွက် စိန်ခေါ်မှုအဖြစ် ထွက်ပေါ်လျက်ရှိသည်ဟု အဆိုပါစင်တာက ဖေဖော်ဝါရီလ ၂၈ ရက်တွင်ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာသည်  ဒေသတွင်း၌ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုကြောင့် အရေးပေါ်အခြေအနေ တစ်ရပ်ကို ပြီးခဲ့သည့်နှစ် ဩဂုတ်လမှစ၍ ကြေညာထားခြင်းဖြစ်သည်။ အဆိုပါရောဂါ ကူးစက်မှုသည်  ယခုအခါဒေသတွင်း၌  တိုးမြှင့်ဖြစ်ပွားလာပြီဖြစ်သည်။

အာဖရိကဒေသတွင် ယခု ၂၀၂၅ ခုနှစ် အစပိုင်းမှစ၍  ရောဂါပိုးကူးစက်ခံရသူ ၂၁,၅၄၄ ဦးအထိ မြင့်တက်လာပြီး ရောဂါဖြစ်ပွားမှုကြောင့် လူစုစုပေါင်း ၂၃၃ ဦးသေဆုံးပြီးဖြစ်သည်။

ဒေသတွင်း နိုင်ငံတစ်နိုင်ငံဖြစ်သည့် တောင်အာဖရိကနိုင်ငံတွင် ဖေဖော်ဝါရီလ၂၈ ရက်က မျောက်ကျောက်ရောဂါ ဖြစ်ပွားသူသုံးဦးကို   ထပ်မံတွေ့ရှိခဲ့ကြောင်း ယင်းနိုင်ငံရှိ  ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြုထားသည်။

Source: https://myawady.net.mm/

ရုရှားကို အိုလံပစ်ပြိုင်ပွဲများတွင် ပြန်လည်ပါဝင်ခွင့်ပေးမည်ဟု ဆို

ယူကရိန်း-ရုရှားပဋိပက္ခ ပြန်လည်ပြေလည်သွားပါက ရုရှားကစားသမားများကို အိုလံပစ်ပြိုင်ပွဲများတွင် ပြန်လည်ယှဉ်ပြိုင်ခွင့် ပေးသွားမည်ဟု အိုလံပစ်ပြိုင်ပွဲ ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင် ဆီဘတ်ရှန်ကိုး က လွန်ခဲ့သည့်သီတင်းပတ်က ထုတ်လွှင့်ခဲ့သည့် သတင်းထောက် ပီးယာ မော်ဂန်နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ 

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) ဥက္ကဋ္ဌအသစ် နေရာအတွက် လက်ရှိဥက္ကဋ္ဌ သောမတ်ဘတ်ချ်၏နေရာတွင် အစားထိုးရန် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် ၇ ဦးအနက်မှ တစ်ဦးဖြစ်သည့် ကိုး က အိုလံပစ်ပြိုင်ပွဲများတွင် ရုရှားကစားသမားများကို တားမြစ်ခြင်းထက် ဝင်ရောက်ယှဉ်ပြိုင်စေခြင်းက ပိုကောင်းသည်ဟု ဆိုသွားပါသည်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ယူကရိန်းပဋိပက္ခ အရှိန်မြင့်လာပြီးနောက် ရုရှားနှင့် ဘယ်လာရုစ် အားကစားသမားများအား ယှဉ်ပြိုင်ခြင်းမပြုရန် IOC မှ တားမြစ်ခဲ့ပြီး နိုင်ငံနှစ်ခုလုံးအား ကမ္ဘာလုံးဆိုင်ရာ အားကစားပွဲအများစုတွင် ချန်လှပ်ထားခဲ့သည်။ နောက်ပိုင်းတွင် IOC သည် ရုရှားနှင့် ဘယ်လာရုစ် အားကစားသမားအချို့ကို ပါဝင်ယှဉ်ပြိုင်ခွင့်ပြုခဲ့သော်လည်း ယမန်နှစ် ပါရီအိုလံပစ်ပွဲတွင် ၎င်းတို့ကို တားမြစ်ထားခဲ့ပါသည်။ 

“ငြိမ်းချမ်းရေးစာချုပ်များကို ရေးဆွဲနိုင်ရေးသည် ၎င်းတို့နှင့် မသက်ဆိုင် သော်လည်း သဘောတူညီချက်တစ်ခုရပြီး နှစ်ဖက်စလုံး ကျေနပ်မှုနှင့် ကိုက်ညီသည့် အခြေအနေမျိုးရောက်ရှိပါက ရုရှားကစားသမားများကို ပိတ်ပင်ထားမည့်အစား ပြိုင်ပွဲများတွင် ပါဝင်ခိုင်းခြင်းက ပိုကောင်းစေမည်” ဟု  IOC ဥက္ကဋ္ဌ ဖြစ်လာပါက ရုရှားနိုင်ငံအား အိုလံပစ် ပြိုင်ပွဲများသို့ ပြန်လည်ဝင်ရောက်ခွင့်ရှိ၊မရှိ မေးမြန်းရာ၌ ကိုး က ပြောဆိုခဲ့ပါသည်။  IOC သည် အခြေအနေကို စောင့်ကြည့်ရမည်ဖြစ်သော်လည်း ရုရှားကို ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ ပြဿနာမရှိကြောင်း ၎င်းက ပြောပါသည်။

ကိုးကား-Myanmar National Post

ငါးပါဝင်မှုများသည့် ဓာတ်စာပုံစံများက MS ရောဂါတိုးလာမှု လျှော့ချရာတွင် အထောက်အကူပြုနိုင်

စတော့ဟုမ်း  ဖေဖော်ဝါရီ ၂၇

ငါးပါဝင်မှုများသည့် ဓာတ်စာပုံစံများသည် ခုခံအားစနစ်ဖောက်ပြန်မှုရောဂါ တစ်မျိုးဖြစ်သည့် ဗဟိုအာရုံနာ့ဗ်ဆဲလ်စနစ် ပျက်စီးမှုရောဂါ (MS) အခြေအနေတိုးလာမှုကို လျှော့ချရာတွင် အထောက်အကူပြုနိုင်ကြောင်း ဖေဖော်ဝါရီ ၂၆ ရက် သတင်းများအရ သိရသည်။

အဆီဓာတ်များသည့် ငါးများတွင် တွေ့ရတတ်သော အိုမီဂါ-၃ ဖက်တီးအက်စစ်သည် MS ရောဂါအေခြေအနေ ဆိုးရွားလာမှုကို တားဆီးပေးနိုင်ဖွယ်ရှိကြောင်း နိုင်ငံတကာ သုတေသနပညာရှင်များက ပြောကြားထားသည်။

သို့ရာတွင် ဆွီဒင်သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ငါးမှန်သမျှတွင် ရှိနေသည့် Taurine အမိုင်နိုအက်စစ်ကဲ့သို့ ဓာတုဒြပ်ပေါင်းများသည်လည်း MS ရောဂါကို ရင်ဆိုင်ရာတွင် အထောက်အကူပြုနိုင်ကြောင်း သိရသည်။

မိမိတို့၏ လေ့လာတွေ့ရှိချက်အရ ငါးပါဝင်မှုမြင့်မားသော ဓာတ်စာများမှာ MS ရောဂါတိုးလာမှုအရှိန်ကို လျှော့ချရာတွင် အထောက်အကူပြုနိုင်သည်ကိုတွေ့ရကြောင်း ဆွီဒင် သုတေသနပညာရှင်များက ပြောကြားသည်။

ဆွီဒင် သုတေသနပညာရှင်များသည် MS ရောဂါလူနာ ၂၇၀၀ ကျော်တို့ကို အချိန်ယူလေ့လာပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်ကို တင်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ကာယပညာနှင့်အားကစားနည်းပြ မွမ်းမံသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၂၅

ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန ကာယပညာနှင့် အားကစားနည်းပြ မွမ်းမံ သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လယ်ဝေးအားကစား လေ့ကျင့်ရေး စခန်း၌ ကျင်းပသည်။

ဖွင့်ပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ သင်တန်း နည်းပြများ၊ ဒိုင်လူကြီးများ၊ ပညာရေးဒီဂရီ ကောလိပ် များမှ အားကစားနည်းပြဆရာ သင်တန်းသား သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို နှစ်စဉ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားနည်း ခြောက်မျိုးမှာ ပါဝင် ယှဉ်ပြိုင်ခဲ့ခြင်းအတွက် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း၊ ပါဝင်ယှဉ်ပြိုင်ခြင်းမှသည် အနိုင်ရဗိုလ်စွဲရန် လေ့ကျင့် ပေးရမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် စံချိန်သစ်များ တင်နိုင်သည်အထိ ကြိုးစားလေ့ကျင့်ပေးရမည် ဖြစ်ကြောင်း၊ ပညာရေးဒီဂရီကောလိပ် ဆရာ ဆရာမများက အားကစား နည်းစနစ် မှန်ကန်စွာဖြင့် လေ့ကျင့်သင်ကြားပေးနိုင်မှသာ အခြေခံပညာတွင် အားကစားထူးချွန်သည့် ဆရာ၊ ဆရာမများ ပေါ်ထွန်းလာနိုင်မည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ကိုယ်ကာယကြံ့ခိုင်ပြီး အားကစား ထူးချွန်သည့် နိုင်ငံ့သားကောင်းမျိုးဆက်သစ်များကို ပြုစုပျိုးထောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကားပြောကြားသည်။

ယနေ့ဖွင့်လှစ်သည့် ကာယပညာနှင့် အားကစားနည်းပြမွမ်းမံသင်တန်း (၁/၂၀၂၅) ကို ဖေဖော်ဝါရီ ၂၀ ရက်မှ မတ် ၉ ရက်အထိ လယ်ဝေးအားကစားလေ့ကျင့်ရေးစခန်းတွင် ဒုတိယအကြိမ် မွမ်းမံသင်တန်း ဖွင့်လှစ် လေ့ကျင့် ပေးလျက်ရှိပြီး ပညာရေးဒီဂရီကောလိပ်များမှ အားကစားနည်းပြဆရာ သင်တန်းသား သင်တန်းသူ ၇၅ ဦး တက်ရောက်လျက်ရှိပြီး မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများက အားကစားအခြေခံနည်းစနစ်များ၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများကို သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။

ကိုးကား- MOI

ဘန်ကောက်တွင် လူကြိုက်များလာသည့် “Zombie စီးကရက်များ” နှင့်ပတ်သက်၍ သတိပေးချက်ထုတ်ပြန်

ထိုင်းအာဏာပိုင်များက ဆယ်ကျော်သက်များအား Etomidate ဆေးဝါးများ ရောစပ်ထားသော “Zombie စီးကရက်များ” ကို မစမ်းသပ်ရန် သတိပေးချက်ထုတ်ပြန်ထားပြီး အဆိုပါစီးကရက်များကို ရေရှည်သောက်သုံးပါက ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများစွာကို အနှောင့်အယှက် ဖြစ်စေ နိုင်သည်ဟု ဆိုသည်။

ထိုင်းဝန်ကြီးချုပ်ရုံး၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ Anukul Prueksanusak က “Zombie စီးကရက်များ” တွင် စိတ်ငြိမ်ဆေး Etomidate ပါဝင်ပြီး ဘန်ကောက်ရှိ အချို့သော ဖျော်ဖြေရေးနေရာများတွင် ပိုမိုလူကြိုက်များ လာနေကြောင်း ပြောကြားခဲ့သည်။ The Straits Times ၏ ဖော်ပြချက် အရ မူးယစ်ဆေးဝါးကုန်ကူးမှုကို တိုက်ဖျက်ရန် အစိုးရ၏ ဆက်လက်ကြိုးပမ်းမှုများရှိနေသော်လည်း အဆိုပါစီးကရက်များကို သုံးစွဲမှုသည် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။

The Nation ၏ ဖော်ပြချက်အရ Etomidate သည် အိပ်ငိုက်ခြင်း၊ အသက်ရှူနှေးခြင်းနှင့် သွေးပေါင်ကျခြင်းတို့ကို ဖြစ်စေနိုင်ပြီး၊ ပြင်းထန်သော အခြေအနေများတွင် သတိလစ်ခြင်း သို့မဟုတ် သေဆုံးခြင်းကိုပင် ဖြစ်စေနိုင်သည်။ ရေရှည်သုံးစွဲပါက အခြားသော ကျန်းမာရေးဆိုင်ရာ အန္တရာယ်များအပြင် Adrenal gland ၏လုပ်ဆောင်မှုကို ထိခိုက်စေပြီး Cortisol ထုတ်လုပ်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။

အဆိုပါဆေးဝါးကို စိတ်ဖိစီးမှုပြေလျော့ခြင်းနှင့် အိပ်ပျော်စေခြင်းအတွက် ထုတ်ကုန်တစ်ခုအဖြစ် တရားမဝင်ရောင်းချနေကြောင်း အစီရင်ခံစာများက ဖော်ပြသည်။ Anukul က Etomidate ရောစပ်ထားသောအီးစီးကရက်များသည် ပိုမိုကြီးမားသည့် အန္တရာယ်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

အာဏာပိုင်များက ပြည်သူလူထုအား “Zombie စီးကရက်များ” နှင့် ဆက်စပ်နေသော အန္တရာယ်များကို သတိပြုရန် တိုက်တွန်းထားပြီး မိဘများအား ကလေးများ၏ အပြုအမူကို နီးကပ်စွာစောင့်ကြည့်ရန် အကြံပြုထားသည်။

ကိုးကား-VN Express

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂