အာဇော့ပင်လယ်သည် ရုရှားနိုင်ငံပိုင်ဖြစ်သောကြောင့် အဆိုပါပင်လယ်အား ၎င်းတို့ပိုင်အဖြစ်ကြေညာသည့် မည်သည့် ကြိုးပမ်းမှုမျိုးကိုမဆို နှိမ်နင်းသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဇန်နဝါရီလ ၁၈ ရက်တွင် သတိပေးပြောကြားသည်။

အီရန်တရားရုံးချုပ်မှ တရားသူကြီးနှစ်ဦးအား အမည်မသိသေနတ်သမားတစ်ဦးက တိုက်ခိုက်သတ်ဖြတ် သွားကြောင်း IRNA သတင်းအေဂျင်စီက ဇန်နဝါရီလ ၁၈ ရက်တွင်ဖော်ပြသည်။
သေနတ်သမားသည် ပစ်ခတ်တိုက်ခိုက်ပြီးနောက်ပိုင်းတွင် အာဏာပိုင်များက ၎င်းအားဖမ်းဆီးရန် ကြိုးပမ်းစဉ် မိမိကိုယ်ကို သတ်သေသွားခဲ့ကြောင်းသိရသည်။

မှတ်တမ်းများအရ လေထုအတွင်းရှိ ကမ္ဘာကြီးပူနွေးစေသည့် ဓာတ်ငွေ့ပမာဏမှာ ယခင်နှစ်ထက် ပိုမို လျင်မြန်စွာ သိသိသာသာမြင့်တက်လာကြောင်း သိပ္ပံ ပညာရှင်များက ပြောကြားခဲ့သည်။
ယခုအခါ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှုပမာဏသည် လူသားများအနေဖြင့် ရုပ်ကြွင်းလောင်စာအမြောက်အမြားကို စတင်အသုံးမပြုမီကထက် ၅၀ % ပိုများလာသည်။

ရုရှားသမ္မတဗလာဒီမာပူတင်သည် လာမည့် ရက်သတ္တပတ်များအတွင်း အိန္ဒိယနိုင်ငံ၊ နယူးဒေလီသို့ သွားရောက်ရန် စီစဉ်ထားပြီး ယခုနွေဦးရာသီတွင် အိန္ဒိယနှင့် ရုရှား နိုင်ငံအကြား ဗီဇာကင်းလွတ် ခရီးသွားလာမှုအတွက် အတိအကျ သတ်မှတ်နိုင်မည်ဟု မျှော်လင့်ရပါသည်။
ကိုးကား - ဒေသတွင်းမီဒီယာ

နိုင်ဂျီးရီးယားနိုင်ငံသည် BRICS အဖွဲ့တွင် မိတ်ဖက်နိုင်ငံအဖြစ်ပါဝင်သည့် နဝမမြောက်နိုင်ငံ ဖြစ်လာခဲ့ကြောင်း ဘရာဇီးနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။
BRICS အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘရာဇီးအစိုးရအဖွဲ့က နိုင်ဂျီးရီးယားအား အုပ်စု၏ မိတ်ဖက် နိုင်ငံတစ်နိုင်ငံအဖြစ် ဇန်နဝါရီ ၁၇ ရက်တွင် တရားဝင် လက်ခံခဲ့ကြောင်း ကြေညာခဲ့ပြီး ဘရာဇီးအစိုးရသည် နိုင်ဂျီးရီးယား အစိုးရ၏ဆုံးဖြတ်ချက်ကို ကြိုဆိုပါကြောင်း အဆိုပါ စာတွင် ဖော်ပြထားပါသည်။

ဂျာမန်ဘက်မှ အစပြုမှုဖြင့် စကားပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဆလိုဗက်ကီးယားဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။ ဆွေးနွေးမှု၏ အကြောင်းအရာမှာ ယူကရိန်းနိုင်ငံမှတစ်ဆင့် ဓာတ်ငွေ့ထောက်ပံ့မှုနှင့် ဖြတ်သန်းမှုဆိုင်ရာ ကိစ္စရပ်ဖြစ်ပါသည်။

ရုရှားနှင့် အီရန်ကြား ကျယ်ပြန့်လှသည့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်သည် အရှေ့အလယ်ပိုင်းဒေသရှိ လုံခြုံရေးနယ်ပယ်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအပေါ် အကျိုးသက်ရောက်စေလာနိုင်မည်ဖြစ်သည်။

ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့သည် ၎င်းတို့၏စစ်သည်များကို ယူကရိန်းနိုင်ငံသို့ စေလွှတ်ရန် ဆွေးနွေးတိုင်ပင်လျက်ရှိကြောင်း ဗြိတိန်နိုင်ငံထုတ် Telegraph သတင်းစာကြီးက ဖော်ပြသည်။

အာတိတ်ဒေသနှင့် မြောက်အတ္တလန္တိတ်ဒေသများ၏ ကာကွယ်ရေးစွမ်းဆောင်ရည်ကို တိုးမြှင့်နိုင်ရေးအတွက် ဂရင်းလန်း အနောက်ပိုင်းတွင် လေတပ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်ရန် ဒိန်းမတ်နိုင်ငံက စီစဉ်လျက်ရှိကြောင်းသိရသည်။

တောင်ကိုရီးယား၊ ဂျပန်နှင့်အမေရိကန်ပြည်ထောင်စုတို့ကြား ယခုရက်သတ္တပတ်အတွင်းက လုပ်ဆောင်ခဲ့သည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုအား မြောက်ကိုရီးယားနိုင်ငံက ဇန်နဝါရီလ ၁၇ ရက်တွင် ပြစ်တင် ရှုတ်ချခဲ့ကြောင်းသိရသည်။
အဆိုပါ ပူးတွဲစစ်ရေး လေ့ကျင့်မှုသည် နိုင်ငံအပေါ်ခြိမ်းခြောက်မှု ဖြစ်သည့်အတွက် မြောက်ကိုရီးယားအနေဖြင့် မိမိကိုယ်ကို ကာကွယ်ရေးအတွက် စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်နိုင်သည့်အခွင့်အရေးရှိကြောင်း မြောက်ကိုရီးယားနိုင်ငံက ပြောသည်။