ဗြိတိန်နှင့် ယူကရိန်းတို့သည် တာဝေးပစ်တိုက်ခိုက်မှုများတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း ဝန်ကြီးချုပ် Keir Starmer ၏ ခရီးစဉ်အပြီးတွင် ဗြိတိန်နှင့် ယူကရိန်း အစိုးရရုံးတို့မှ ထုတ်ပြန်သော နှစ်တစ်ရာပြည့် မိတ်ဖက်ဆက်ဆံရေး ကြေညာချက်တွင် ဖော်ပြထားပါသည်။


ဗြိတိန်နှင့် ယူကရိန်းတို့၏ နှစ်တစ်ရာပြည့် မိတ်ဖက်ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှု ကြေညာချက်တွင် ဗြိတိန်နိုင်ငံသည် စစ်အခြေစိုက်စခန်းများ၊ ထောက်ပံ့ပို့ဆောင်ရေး ဂိုဒေါင်များ၊ အရန်စစ်လက်နက်ပစ္စည်းများ သိုလှောင်ခြင်းအပါအဝင် နိုင်ငံအတွင်း ကာကွယ်ရေးအခြေခံအဆောက်အအုံများ ဖြန့်ကျက် ထိန်းသိမ်းခြင်းဆိုင်ရာနေရာများကို လေ့လာမည်ဖြစ်ပါသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် အီရန်သမ္မတ Masoud Pezeshkian တို့သည် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ကရင်မလင်နန်းတော်၌ တွေ့ဆုံဆွေးနွေးမည် ဖြစ်ပြီး ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြမည် ဖြစ်ပါသည်။

သမ္မတ ပူတင်သည် စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန်အတွက် အရန်တပ်များအတွင်းသို့ ရုရှားနိုင်ငံသားများကို ခေါ်ယူခြင်းဆိုင်ရာ အမိန့်တစ်ရပ်ကို ဇန်နဝါရီလ ၁၆ ရက်၊ ကြာသပတေးနေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

ဗြိတိန်သည်ယူကရိန်းသို့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များစေလွှတ်ရာတွင် ပါဝင်ရန်အသင့်ရှိကြောင်း ဗြိတိန် ဝန်ကြီးချုပ် Keir Starmer က Kiev သို့ သွားရောက်စဉ် Sky News Channel ၌ ပြောကြားခဲ့ပါသည်။ ၎င်းက အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီး ပြင်သစ်သမ္မတ Emmanuel Macron အပါအဝင် မဟာမိတ်အများအပြား နှင့်ဆွေးနွေးခဲ့ပြီးဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ယူကရိန်းသို့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ စေလွှတ်ရာတွင် အပြည့်အဝ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ကပြောကြားခဲ့ပါသည်။ ပြင်သစ်သမ္မတ Emmanuel Macron သည် အနာဂတ်တွင် ယူကရိန်း၌ ငြိမ်းချမ်းရေးသဘောတူညီချက်များရရှိပြီးန

အနောက်နိုင်ငံများသည် ဘီလာရုစ်နိုင်ငံ၏ နယ်စပ် ဒေသကိုသိမ်းပိုက်ရန်နှင့် ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့များဟု ခေါ်ဆိုကြသောတပ်ဖွဲ့များကို ထိုနယ်စပ်ဒေသသို့စေလွှတ်ရန် စီစဉ်နေကြောင်း ဘီလာရုစ်နိုင်ငံ နိုင်ငံတော်လုံခြုံရေးကောင်စီ အတွင်းရေးမှူး Aleksandr Wolfowitz က ပြောကြားခဲ့ပါသည်။
ပိုလန်နိုင်ငံတွင် စစ်သွေးကြွများကို လေ့ကျင့်သင်ကြားပေးသည့် လုပ်ငန်းစဉ်ကိုစီမံခန့်ခွဲရန် "Pospolite Rustication" ၏ အမိန့်နှင့်ညှိနှိုင်းရေးစင်တာ တစ်ခု တည်ထောင်ထားကြောင်း ၎င်းကထပ်လောင်း ပြောကြား ခဲ့ပါသည်။
ကိုးကား -BelTA

ဗီယက်နမ်နိုင်ငံသည် ယခု ၂၀၂၅ ခုနှစ်တွင် နိုင်ငံအတွင်းမှ ထွက်ရှိသည့် အသီးအနှံနှင့်ဟင်းသီးဟင်းရွက် စသည့် စိုက်ပျိုးပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၈ ဘီလီယံအထိ ရရှိနိုင်မည်ဟု မျှော်မှန်းလျက်ရှိသည်။

ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်လုပ်ဆောင်လိုကြောင်း အနောက်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းများ၏ အချက်ပြပြောဆိုမှုများ လက်ခံရရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ရှိ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဌာနမှ ညွှန်ကြားရေးမှူး ဒီမစ်ဒရီဘီရီချက်စကီက ပြောသည်။

ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုသည် လာမည့် ၂၀၂၈ ခုနှစ်အထိ ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက ဇန်နဝါရီလ ၁၄ ရက်တွင် ထုတ်ပြန်သည့် လေ့လာမှုစစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။
ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုသည် ယခု ၂၀၂၅ ခုနှစ်တွင် ပျမ်းမျှအားဖြင့် ၃ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ၂၀၂၆ ခုနှစ်တွင် ၃ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းလာနိုင်ကြောင်း ဂျာမနီစီးပွားရေးသုတေသနအင်စတီကျုနှင့် ဆွစ်ဇာလန်စီးပွားရေးအင်စတီကျုတို့မှ စီးပွားရေးပညာရှင်များက ဦးဆောင်ထုတ်ပြန်သည့် လေ့လာမှုစာတမ်းတွင် ဖော်ပြထားခြင်းဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံရှိကလေးငယ်နှစ်သန်းနီးပါးသည် ရာသီဉတုဆိုးရွားသောဒေသများ အဓိကအားဖြင့် ကျေးလက်ဒေသများတွင် နေထိုင်လျက်ရှိကြောင်း ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။
ကလေးများ၏ရာသီဉတုအန္တရာယ်အညွှန်းကိန်းခေါင်းစဉ်တွင် နိုင်ငံအတွင်းရှိကလေးဦးရေ၏သုံးပုံတစ်ပုံခန့်သည် မိုးခေါင်ရေရှားမှုအခြေအနေများနှင့်ကြုံတွေ့နေရပြီး ကလေးထက်ဝက်ကျော်သည် ပူပြင်းမှု၊ လေပြင်းတိုက်မှုနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများခံစားနေရကြောင်း ဖော်ပြထားသည်။