စစ်သည်များကို ယူကရိန်းနိုင်ငံသို့ စေလွှတ်ရန် ဗြိတိန်နှင့်ပြင်သစ်တို့ ဆွေးနွေးလျက်ရှိဟု  ဗြိတိန်ထုတ် Telegraph သတင်းစာကဖော်ပြ

News Image

  • စစ်သည်များကို ယူကရိန်းနိုင်ငံသို့ စေလွှတ်ရန် ဗြိတိန်နှင့်ပြင်သစ်တို့ ဆွေးနွေးလျက်ရှိဟု  ဗြိတိန်ထုတ် Telegraph သတင်းစာကဖော်ပြ

ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့သည် ၎င်းတို့၏စစ်သည်များကို ယူကရိန်းနိုင်ငံသို့ စေလွှတ်ရန် ဆွေးနွေးတိုင်ပင်လျက်ရှိကြောင်း ဗြိတိန်နိုင်ငံထုတ် Telegraph သတင်းစာကြီးက ဖော်ပြသည်။

ယူကရိန်းနိုင်ငံသို့ တပ်ဖွဲ့ဝင်များစေလွှတ်မည့်အစီအစဉ်ကို ဗြိတိန်ဝန်ကြီးချုပ်ကီယာ စတားမားက တွန့်ဆုတ်လျက် ရှိသည်ဟု ဗြိတိန်အစိုးရအဖွဲ့မှ အရာရှိများက ပြောကြားခဲ့သော်လည်း  ယူကရိန်းသို့ ငြိမ်းချမ်းမှုထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များစေလွှတ်နိုင်မည့် အလားအလာနှင့် စပ်လျဉ်း၍ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့် ဗြိတိန်နိုင်ငံတွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အမည်မဖော်လိုသူတစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ Telegraph သတင်းစာက‌ ဖော်ပြထားခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးမှုနှင့် ပတ်သက်၍ ဗြိတိန်အစိုးရနှင့် ပြင်သစ်အစိုးရအဖွဲ့တို့က ငြင်းဆိုထားခြင်းမရှိပေ။ သို့သော် ဆွေးနွေးမှုအသေးစိတ်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။

ဗြိတိန်ဝန်ကြီးချုပ်   စတားမားသည် ဇန်နဝါရီလ ၁၆ ရက်တွင် ယူကရိန်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး ယူကရိန်းနှင့် ဗြိတိန်တို့ကြား မိတ်ဖက်ပူးပေါင်းမှုသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ယူကရိန်းနိုင်ငံအတွင်း စစ်အခြေစိုက်စခန်းများဖွင့်လှစ်နိုင်မည့် နည်းလမ်းများကိုရှာဖွေမည်ဟု ကတိကဝတ်ပြုခဲ့ကြောင်း သိရသည်။                                  

Ref: RT

Source: Myawady Web Portal