ဂရင်းလန်းအနောက်ပိုင်းတွင် စစ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်ရန် ဒိန်းမတ်စီစဉ်

News Image

  • ဂရင်းလန်းအနောက်ပိုင်းတွင် စစ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်ရန် ဒိန်းမတ်စီစဉ်

အာတိတ်ဒေသနှင့် မြောက်အတ္တလန္တိတ်ဒေသများ၏ ကာကွယ်ရေးစွမ်းဆောင်ရည်ကို တိုးမြှင့်နိုင်ရေးအတွက် ဂရင်းလန်း အနောက်ပိုင်းတွင် လေတပ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်ရန်  ဒိန်းမတ်နိုင်ငံက စီစဉ်လျက်ရှိကြောင်းသိရသည်။

ဂရင်းလန်း၏ ကာကွယ်ရေးစွမ်းဆောင်ရည်တိုးမြှင့်နိုင်ရေးအတွက်  ဒိန်းမတ်လေတပ်မှ F-35 အမျိုးအစား တိုက် လေယာဉ်များဆင်းသက်ရန်နှင့် ပျံတက် နိုင်ရန်အတွက် Kangerlussuaq ဒေသတွင် လေတပ်အခြေစိုက်စခန်း တည်ဆောက်ရန် လိုအပ်လျက်ရှိကြောင်း၊ သို့မှသာ ဒိန်းမတ်နိုင်ငံ၏အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း ဒိန်းမတ်နိုင်ငံက ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းက ထုတ်ပြန်သည့် စာမျက်နှာ ၂၂ မျက်နှာပါ လုံခြုံရေးအစီရင်ခံစာတွင်    ဖော်ပြထားသည်။

Kangerlussuaq ဒေသတွင်တည်ဆောက်မည့်    စစ်အခြေစိုက်စခန်း၌   ဒိန်းမတ်တပ်ဖွဲ့ဝင် ၉၄ ဦးအထိ တပ်စွဲနိုင်မည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ဂရင်းလန်းရှိ အရေးပါသည့် အခြေခံအဆောက်အဦများကို ကာကွယ်ပေးနိုင်မည် ဖြစ်သည်။ အဆိုပါ အခြေခံအဆောက်အဦများတွင် ရေအောက် ကေဘယ်ကြိုးများ၊ ဓာတ်အားပေးစက်ရုံများ၊ ရေနံသိုလှောင်ရုံများနှင့် အခြားအရေးကြီး အဆောက်အဦများ ပါဝင်ကြောင်း သိရသည်။

ဂရင်းလန်းသည်   ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပြီး ယင်းဒေသသည်   အမေရိကန်အတွက် ပိုင်ဆိုင်ရန် အလွန်အရေးပါသည့်ဒေသဖြစ်ကြောင်း ဇန်နဝါရီလ ၂၀ ရက်တွင် အမေရိကန် သမ္မတအဖြစ် တက်ရောက်လာမည့် ဒေါ်နယ်ထရမ့်က ပြောကြားပြီးနောက် ဒိန်းမတ် နိုင်ငံက လုံခြုံရေးကို  တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။

Ref: Sputnik

Source: Myawady Web Portal