နိုင်ဂျီးရီးယားနိုင်ငံသည် BRICS အဖွဲ့တွင် မိတ်ဖက်နိုင်ငံ ဖြစ်လာ

News Image

  • နိုင်ဂျီးရီးယားနိုင်ငံသည် BRICS အဖွဲ့တွင် မိတ်ဖက်နိုင်ငံ ဖြစ်လာ

နိုင်ဂျီးရီးယားနိုင်ငံသည် BRICS အဖွဲ့တွင် မိတ်ဖက်နိုင်ငံအဖြစ်ပါဝင်သည့် နဝမမြောက်နိုင်ငံ ဖြစ်လာခဲ့ကြောင်း ဘရာဇီးနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

BRICS အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘရာဇီးအစိုးရအဖွဲ့က နိုင်ဂျီးရီးယားအား အုပ်စု၏ မိတ်ဖက် နိုင်ငံတစ်နိုင်ငံအဖြစ် ဇန်နဝါရီ ၁၇ ရက်တွင် တရားဝင် လက်ခံခဲ့ကြောင်း ကြေညာခဲ့ပြီး ဘရာဇီးအစိုးရသည် နိုင်ဂျီးရီးယား အစိုးရ၏ဆုံးဖြတ်ချက်ကို ကြိုဆိုပါကြောင်း အဆိုပါ စာတွင် ဖော်ပြထားပါသည်။

ထို့ကြောင့် နိုင်ဂျီးရီးယားသည် ဘီလာရုစ်၊ ဘိုလီးဗီးယား၊ ကျူးဘား၊ ကာဇက်စတန်၊ မလေးရှား၊ ထိုင်း၊ ယူဂန်ဒါနှင့် ဥဇဘက်ကစ္စတန်တို့ပြီးလျှင် BRICS ၏ နဝမမြောက် မိတ်ဖက်နိုင်ငံဖြစ်လာကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ကိုးကား - RIA Novosti

Photo: You Tube