အီရန်တရားရုံးချုပ်မှ တရားသူကြီးနှစ်ဦးအား အမည်မသိသေနတ်သမားတစ်ဦးက တိုက်ခိုက်သတ်ဖြတ်

News Image

  • အီရန်တရားရုံးချုပ်မှ တရားသူကြီးနှစ်ဦးအား အမည်မသိသေနတ်သမားတစ်ဦးက တိုက်ခိုက်သတ်ဖြတ်

အီရန်တရားရုံးချုပ်မှ တရားသူကြီးနှစ်ဦးအား အမည်မသိသေနတ်သမားတစ်ဦးက တိုက်ခိုက်သတ်ဖြတ် သွားကြောင်း IRNA သတင်းအေဂျင်စီက ဇန်နဝါရီလ ၁၈ ရက်တွင်ဖော်ပြသည်။

သေနတ်သမားသည် ပစ်ခတ်တိုက်ခိုက်ပြီးနောက်ပိုင်းတွင် အာဏာပိုင်များက ၎င်းအားဖမ်းဆီးရန် ကြိုးပမ်းစဉ် မိမိကိုယ်ကို သတ်သေသွားခဲ့ကြောင်းသိရသည်။

သေနတ်သမား၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားရသည့် တရားသူကြီးများမှာ တရားရုံးချုပ်ရှိ ဌာနခွဲများတွင် တာဝန်ထမ်းဆောင်နေသူများဖြစ်ပြီး   ၎င်းတို့သည် အမျိုးသားလုံခြုံရေးအတွက်   အန္တရာယ်ကျရောက်စေမည့် မှုခင်းများကို တိုက်ဖျက်ရာတွင်   နက်ရှိုင်းစွာပါဝင်နေသူများဖြစ် ကြောင်း အာဏာပိုင်အဖွဲ့ကထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုသည် လွန်ခဲ့သည့် နှစ်ကတည်းက ကြိုတင်စီစဉ်ထားသည့် တိုက်ခိုက်မှုတစ်ရပ်ဖြစ်ကြောင်း    အီရန်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ပြောကြားထားကြောင်း သိရသည်။       

  Ref: RT

Source: Myawady Web Portal