မြန်မာနိုင်ငံ၌ရှိသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် လုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ခေါ်
မြန်မာနိုင်ငံ၌ရှိသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့်လုပ်ငန်း များတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံ များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိတ်ခေါ်ခဲ့ပါသည်။
ဧပြီ ၄ ရက်နေ့ကပြုလုပ်သည့် (၆) ကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ဆွေးနွေးစဥ် ယခုကဲ့သို့ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးက မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး အတွက် ကောင်းမွန်သည့် ရေ၊ မြေ၊ ရာသီဥတုကို ပိုင်ဆိုင်ထားခြင်းကြောင့် နည်းပညာရှိသည့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၏ ခေတ်မီ စိုက်ပျိုးရေး၊ မွေးမြူရေးနည်းစနစ်များနှင့် လက်တွေ့ပေါင်းစပ် ကျင့်သုံးသွားမည် ဆိုပါက မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက်ပါ အကျိုးရှိသောရလဒ်များ ခံစားရမည်ဆိုသည်ကို အပြည့်အဝ ယုံကြည်ကြောင်း လည်း ဆိုပါသည်။
ကိုးကား-MHT