သတင်းများ

ဧပြီလမှစတင်ကာ တရုတ်ပြည်သို့ သစ်သီးတင်ပို့ရာ၌ ထုတ်ပိုးမှုစနစ် ပြောင်းလဲရမည်

မြန်မာ့သီးသစ်ဝလံများကို တရုတ်နိုင်ငံသို့တင်ပို့ရာ၌ လာမည့် ဧပြီ ၁ ရက်မှစတင်ကာ သစ်သီးများအား လုံးချင်း(သို့မဟုတ်)တစ်စုချင်းထုပ်ပိုး (Packing) စနစ်ဖြင့် တင်ပို့ရန် မူဝါဒပြောင်းလဲထားကြောင်း နယ်စပ် သစ်သီးဝလံကုန်သည်များထံမှသိရသည်။

မြန်မာ့သစ်သီးဝလံများဖြစ်သည့် ဖရဲ၊ သခွားနှင့် သရက်တို့ကို မိုင်းလား နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံ၊ တာလော့သို့တင်ပို့ရာ၌ ယခင်က ကားစီးလုံးတိုက် 1box/truck (ဝမ်းပုံစနစ်)ဖြင့် တင်သွင်းခွင့်ပြုထားရာမှ လာမည့် ဧပြီ ၁ ရက်မှစ၍ တရုတ်နိုင်ငံ၊ တာလော့ အကောက်ခွန်ဌာနက ခွင့်မပြုတော့ကြောင်း မတ် ၁၉ ရက်နေ့က ထုတ်ပြန်အသိပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ထိုကြောင့် တရုတ်နိုင်ငံဘက်မှ သစ်သီးတင်သွင်းခြင်းနှင့်ပတ်သက်သော မူဝါဒများ ပြောင်းလဲနေခြင်းကြောင့် ပို့ကုန်သမားများ၌ ကုန်ကျစရိတ် ပိုမိုတိုးလာနိုင်ပြီး အခက်အခဲများရှိနေကြောင်း နယ်စပ်ကုန်သည် အချို့က ပြောသည်။

“လက်ရှိမှာ ဖရဲနှင့် သခွားမွှေးများကို မိုင်းလားနယ်စပ်ကနေ ကုန်သွယ်နေပါကြောင်း၊ မကြာခင် သရက်သီးကိုလည်း တင်ပို့သွားရန် ရှိနေပါကြောင်း၊ သရက်၊ သခွားမွှေးများကို ပါကင်ပိတ်၍ ပို့ဆောင်ရခြင်းများရှိသလို ဂျပ်ဖာထဲ စုပုံထည့်ပြီး ပို့ခြင်းများလည်းရှိပါကြောင်း၊ အဓိက ဖရဲသီးကို ကားထဲမှာထည့်ပြီး ဝမ်းပုံစနစ်ဖြင့် ပို့ခြင်းက ဂျပ်ဖာဖိုး ကုန်ကျစရိတ် မရှိပါ။ ပါကင်ထုပ်ပိုးပြီး ပို့မည်ဆိုပါက ပါကင်ဖာဖိုးအတွက် ကုန်ကျစရိတ် က ထပ်ပိုသွားပြီ။ ယခုဆိုရင် လုပ်ကွက်ငယ်၊ အလယ်အလတ် တောင်သူတွေအနေဖြင့် ပိုခက်ခဲသွားပြီဖြစ်ကြောင်း၊ ယခု စစ်ကိုင်း-မိုင်းလား ကားခ ကျပ်သိန်း ၁၂၀ ကျော်၊ ကားခက စရံကြိုငွေကျပ် သိန်း ၆၀ ပေးရပါကြောင်း၊ ဂျပ်ဖာတစ်စီးစာ ကျပ်သိန်း ၅၀ ကျော်မှာရှိပါကြောင်း၊ မိုင်းလား -တာလောကားချိန်း ဂျုတီအခွန်ပေါင်း ယွမ် ၁၂,၀၀၀ ရှိပါကြောင်း၊ မြန်မာငွေဆိုပါကကျပ် သိန်း ၇၀ ရှိပါကြောင်း၊ တွက်ကြည့်လိုက်ပါက တောင်သူရော၊ ကုန်သည်များပါ အခက်အခဲတွေရှိနေပါကြောင်း” တရုတ်နယ်စပ် သစ်သီးဝလံများတင်ပို့ရောင်းချသူ ကုန်သည်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

လက်ရှိတွင် မြန်မာဘက်မှတရုတ်ဘက်သို့ ပျမ်းမျှ သခွားမွှေးကားအစီး ၁၀၀ ကျော်နှင့် ဖရဲကား ၁၀ စီးကျော် ဝင်ရောက်နေပြီး သခွားမွှေး တစ်ကီလိုလျှင် အရည်အသွေးအလိုက် တရုတ်ငွေ ၄ ယွမ် မှ ၅ ယွမ်ခန့် ဈေးဝန်းကျင်၊ ဖရဲသီး ၁၅ တန်အောက်ကားတစ်စီးလျှင် ယွမ် ၅ သောင်းမှ ၆ သောင်းခန့် အထိ ပေါက်ဈေးရရှိနေကြောင်းသိရသည်။

ကိုးကား-NP News

ကမ္ဘာပေါ်ရှိ ဗဟိုဘဏ်များက ဒေါ်လာငွေကြေးအစား ရွှေချောင်း ၁၀၄၄ ဒသမ ၆ မက်ထရစ်တန်ချိန်ကို အရန်အဖြစ် သိုလှောင်ရန် ဝယ်ယူ

ကမ္ဘာပေါ်ရှိဗဟိုဘဏ်များသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း ရွှေချောင်း ၁၀၄၄ ဒသမ ၆ မက်ထရစ်တန်ချိန်ကို အရန်အဖြစ်သိုလှောင်ရန် ဝယ်ယူခဲ့ကြောင်း ကမ္ဘာ့ရွှေကောင်စီက ထုတ်ပြန်သည့် အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

ကမ္ဘာ့နိုင်ငံများရှိ ဗဟိုဘဏ်များသည် ဒေါ်လာငွေကြေးအစား ရွှေချောင်းများကို ပိုမိုဝယ်ယူ၍ အရန်အဖြစ်သိုလှောင်ခဲ့ခြင်းကြောင့် ၂၀၂၄ ခုနှစ်သည် ရွှေချောင်းများအား မက်ထရစ်တန်ချိန်ပေါင်း ၁၀၀၀ ကျော်ထက် ပိုမိုများပြားသည့် ပမာဏကိုဝယ်ယူသည့် တတိယမြောက်နှစ် ဖြစ်လာခဲ့သည်ဟု အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

ထို့ပြင် ဗဟိုဘဏ်များ၏ ရွှေချောင်းဝယ်ယူမှု ပမာဏသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း နှစ်ဆမြင့်တက်လာပြီး လာမည့် ၁၂ လအတွင်း ကမ္ဘာပေါ်ရှိ ဗဟိုဘဏ်များအနက် ၈၁ ရာခိုင်နှုန်းသည် ရွှေချောင်းကို အရန်အဖြစ် သိုလှောင်ရန်အတွက် ပိုမိုဝယ်ယူမည်ဟု မျှော်လင့်ထားသည်။

ရွှေချောင်းများကို အရန်အဖြစ် အများဆုံး သိုလှောင်ထားသည့် နိုင်ငံ ၁၀ နိုင်ငံတွင် အမေရိကန်ပြည်ထောင်စုက ထိပ်ဆုံးမှ ဦးဆောင်နေပြီး ရုရှားနိုင်ငံက နံပါတ် ၅ နေရာနှင့် တရုတ်နိုင်ငံက နံပါတ် ၆ နေရာတို့တွင် ရပ်တည်လျက်ရှိသည်။

ရုရှားဗဟိုဘဏ်က  အရန်အဖြစ် သိုလှောင်ထားသည့် ရွှေချောင်းပမာဏမှာ ၂၃၃၂ ဒသမ ၇၄  မက်ထရစ်တန်ရှိပြီး တရုတ်နိုင်ငံကမူ ၂၂၇၉ ဒသမ ၅၆ မက်ထရစ်တန် ကိုသိုလှောင်ထားသည်ဟု အစီရင်ခံစာတွင် ဆက်လက် ဖော်ပြထားသည်။

Source: https://myawady.net.mm/

ပရိုတင်းဓာတ်ကြွယ်ဝသည့် ပြောင်းဖူးမျိုးစိတ်အား ပဲပိစပ်အစားထိုး အသုံးပြုနိုင်ရေး တရုတ်နိုင်ငံမှ တီထွင်လျက်ရှိ

တရုတ်စိုက်ပျိုးရေးသိပ္ပံပညာရှင်များသည် တိရစ္ဆာန်အစာအတွက် ပဲပိစပ် အစားထိုး ပရိုတင်းဓာတ်ကြွယ်ဝသော ပြောင်းဖူးမျိုးစိတ် အသစ်များကို တီထွင်လျက်ရှိပြီး ၎င်းသည် ကောက်ပဲသီးနှံသွင်းကုန်အပေါ် မှီခိုမှု ကို လျှော့ချရန် ကြိုးပမ်းမှုအတွက် အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်သည်။

နိုင်ငံတွင်း အသားနှင့်နို့ထွက်ပစ္စည်းများ စားသုံးမှုများပြားလာသည့်အတွက် မကြာသေးမီ နှစ်များအတွင်းက တိုးချဲ့လာသည့် မွေးမြူရေးလုပ်ငန်းများအတွက် တိရစ္ဆာန်အစာ လိုအပ်ချက်ဖြစ်သည့် ပဲပိစပ် ပမာဏ တိုးမြှင့်တင်သွင်းရန် အကြောင်းအရင်းဖြစ်လာသည်။

ပေကျင်းအစိုးရသည် ပြည်ပစိုက်ပျိုးရေးထွက်ကုန်များအပေါ် မှီခိုမှု တိုးမြှင့်လာခြင်းသည် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှုအတွက် ခြိမ်းခြောက်မှုတစ်ရပ် အဖြစ်လည်းကောင်း၊ အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲ တိုးမြှင့်လာခြင်း၏ ပဋိပက္ခဖြစ်နိုင်ခြေတစ်ရပ်အဖြစ်လည်းကောင်း ရှုမြင်သည်။

ထို့ကြောင့် တိရစ္ဆာန်အစာ ပဲပိစပ်အစားထိုးအဖြစ် ပရိုတင်းဓာတ် ကြွယ်ဝသော ပြောင်းဖူးမျိုးစိတ်များကို တီထွင်ထုတ်လုပ်ခြင်းသည် လက်တွေ့ ကျသည့် ဖြေရှင်းနည်းဖြစ်ပြီး၊ အခြားမျိုးကွဲများစွာကိုလည်း တရုတ်နိုင်ငံ Huazhong စိုက်ပျိုးရေးတက္ကသိုလ် သုတေသီများမှ တီထွင်ထုတ်လုပ်လျက်ရှိကြောင်း တက္ကသိုလ်၏ ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် ပြောင်းဖူးပမာဏ အများအပြား စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ပြောင်းဖူးတွင် ပရိုတင်းပါဝင်မှု ၁%မျှ တိုးတက်လာပါက ပြည်ပပဲပိစပ် ဝယ်လိုအား တန်ချိန် ၈ သန်းထိ လျှော့ချနိုင်ကြောင်း Huazhong စိုက်ပျိုးရေးတက္ကသိုလ် ဥက္ကဋ္ဌ Yan Jianbing က ပြီးခဲ့သည့် အပတ်၌ ကျင်းပခဲ့သည့် တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုရေးနှင့် အတိုင်ပင်ခံ အဖွဲ့ နှစ်ပတ်လည် အစည်းအဝေးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ပထဝီနိုင်ငံရေးတင်းမာမှုများနှင့် နိုင်ငံတကာဈေးကွက် မတည်ငြိမ်မှုများ မြင့်တက်လာခြင်းကြောင့် တရုတ်နိုင်ငံသည် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးကို ပိုမိုအလေးထားဆောင်ရွက်လျက် ရှိသည်။

တရုတ်နိုင်ငံ၏ ပဲပိစပ်သွင်းကုန်ပမာဏသည် ကမ္ဘာ့ကောက်ပဲသီးနှံ စုစုပေါင်းကုန်သွယ်မှု၏ ၆၀%ခန့်ရှိပြီး၊ အမေရိကန်နိုင်ငံနှင့် ဘရာဇီး နိုင်ငံတို့သည် အဓိကတင်သွင်းသည့်နိုင်ငံများ ဖြစ်ပါသည်။ 

ကိုးကား- South China Morning Post

ဘာသာပြန်ဆိုသူ-ဒေါ်ငြိမ်းဆုသာ၊ ဦးစီးအရာရှိ၊ နစက-၃

BMW ကား အမြတ်ငွေ ၂၀၂၄ ခုနှစ်တွင် ၃၇ ရာခိုင်နှုန်းအထိ စံချိန်တင် ထိုးကျ

ဂျာမနီအခြေစိုက် ကမ္ဘာကျော် မော်တော်ကားကုမ္ပဏီဖြစ်သည့် BMW သည် ၂၀၂၃ ခုနှစ် အမြတ်ငွေနှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ်တွင် ၃၇ ရာခိုင်နှုန်း (ယူရို ၇ ဒသမ ၇ ဘီလီယံ) အထိ အမြတ်စံချိန်တင်ကျဆင်းခဲ့ကြောင်း အဆိုပါကုမ္ပဏီ၏ ၂၀၂၄ ခုနှစ် ဘဏ္ဍာရေးအစီရင်ခံစာဖော်ပြချက်အရ သိရ ပါသည်။

BMW ကုမ္ပဏီအချက်အလက်များအရ BMW ကား ဝယ်လိုအားအများဆုံး ဈေးကွက်မှာ ဥရောပဖြစ်ပါသည်။ စုစုပေါင်းကားထုတ်လုပ်မှု၏ ၄၂.၇ ရာခိုင်နှုန်းကို ဝယ်ယူကြပါသည်။ ၎င်းနောက်တွင် အာရှသည် ဒုတိယ အကြီးဆုံး ဈေးကွက်နေရာတွင်လိုက်နေပြီး ၃၂.၇ ရာခိုင်နှုန်းရှိပါသည်။ မြောက်အမေရိကတိုက်နှင့် တောင်အမေရိကတိုက်တို့မှာ တတိယ ၂၂.၄ ရာခိုင်နှုန်း ဖြစ်ပြီး ကျန်နိုင်ငံများကမူ ၂.၂ ရာခိုင်နှုန်း ဝယ်ယူကြပါသည်။

နိုင်ငံအားဖြင့်ဆိုလျှင် တရုတ်နိုင်ငံသည် BMW ကား ဝယ်လိုအား အများဆုံး နိုင်ငံဖြစ်ပြီး ၂၉.၂ ရာခိုင်နှုန်း ရှိပါသည်။ အမေရိကန်သည် ဒုတိယ ဝယ်လိုအား အများဆုံးဖြစ်ပြီး ၁၆.၃ ရာခိုင်နှုန်းရှိပါသည်။ ဂျာမနီသည် ၁၀.၈ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင် ရပ်တည်နေပါသည်။

ဂျာမနီစီးပွားရေးသုတေသနအဖွဲ့အစည်း Ifo ထုတ်ပြန်ချက်အရ  လက်ရှိ အခြေအနေတွင် BMW သည် ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း ပြည်တွင်းဈေးကွက်မှာရော ပြည်ပဈေးကွက်မှာပါ ရောင်းလိုအား စံချိန်တင် ထိုးကျနေကြောင်း ဖော်ပြထားပါသည်။ ထိုသို့ ဖြစ်ရခြင်းမှာ တရုတ်ကားများ၏ ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်း၊ EV အဆင့်မြင့်ကားများ ဥရောပတွင် အစားထိုးနေရာ ဝင်ယူလာခြင်း၊  ဂျာမနီပြည်တွင်းစီးပွားရေး မငြိမ်မသက် ဖြစ်နေခြင်းတို့အပြင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ဥရောပမှ တင်ပို့သည့်ကားများအပေါ် အခွန်တိုးမြှင့်စည်းကြပ်ရန် ခြိမ်းခြောက်နေမှုတို့ကြောင့် ဟု Ifo မှ ဈေးကွက်ကျွမ်းကျင်သူက ပြောကြားထားပါသည်။ 

ကိုးကား- TASS

Photo: MSN

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ရုရှားမှ အိန္ဒိယသို့ ရေနံစိမ်းတင်ပို့မှု သိသိသာသာတိုးလာ

မတ်လအတွင်း စျေးနှုန်းကျဆင်းလာမှုကြောင့် ရုရှားမှ အိန္ဒိယနိုင်ငံသို့ ရေနံစိမ်းတင်ပို့မှုများ ပြန်လည်တိုးတက်လာကြောင်း Financial express သတင်းစာက မတ်လ ၂၄ရက် (တနင်္လာနေ့)တွင် ဖော်ပြခဲ့သည်။ စျေးနှုန်းချိုသာမှုသည် ရေနံတင်သင်္ဘောများရရှိနိုင်မှုကို တိုးမြင့်စေပြီး အိန္ဒိယကုမ္ပဏီများအတွက် ရေနံသယ်ယူမှုကို ပိုမိုလွယ်ကူစေခဲ့ပါသည်။ ထို့ကြောင့် ယခင်လများက ကျဆင်းခဲ့သော ရုရှားရေနံတင်သွင်းမှုသည် မတ်လတွင် ပြန်လည်တိုးတက်လာခဲ့ပါသည်။

Kpler ၏ စာရင်းဇယားအရ မတ်လပထမ ၂၁ ရက်အတွင်း အိန္ဒိယ၏ ရုရှားရေနံတင်သွင်းမှုသည် သိသိသာသာတိုးလာခဲ့ပြီး ပျမ်းမျှတစ်ရက်လျှင် ဗြိတိသျှပုံစံ ဘားရယ်လ် ၁.၈၅ သန်း (bpd) အထိ ရှိခဲ့ပါသည်။ ယခင်လ ဖြစ်သော ဖေဖော်ဝါရီလတွင် ၁.၄၇ သန်း bpd နှင့် ဇန်နဝါရီလတွင် ၁.၆၄ သန်း bpd သာရှိခဲ့ပါသည်။ မတ်လတွင် ရုရှားရေနံသည် အိန္ဒိယ၏စုစုပေါင်းရေနံတင်သွင်းမှု၏ ၃၅% ကျော်ကို ကိုယ်စားပြုနေပြီး ဖေဖော်ဝါရီလက ၃၁% သာရှိခဲ့ပါသည်။ အဆိုပါတိုးတက်မှုက ရုရှားအား အာရှနိုင်ငံများသို့ အဓိကရေနံပေးသွင်းသူအဖြစ် ပိုမိုခိုင်မာစေခဲ့ပါသည်။

အနောက်နိုင်ငံများ၏ ဖေဖော်ဝါရီလပိုင်းက ပိုမိုတင်းကျပ်လာသော ပိတ်ဆို့မှုများအပြီး အိန္ဒိယသည် ရုရှားရေနံကို ဘားရယ်လ်တစ်ခု (ရေနံ တစ်စည်) လျှင် အမေရိကန်ဒေါ်လာ ၆၀ အောက် စျေးနှုန်းဖြင့် ရောင်းချပါက၊ အရေးယူပိတ်ဆို့ခံမထားရသော ရေနံတင်သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ကာ ပိတ်ဆို့ခံအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်များ မပါဝင်ပါက ဆက်လက်ဝယ်ယူမည်ဟု ကတိပြုခဲ့ကြောင်း Financial express က ဖော်ပြခဲ့ပါသည်။

Kpler မှ လေ့လာသုံးသပ်သူ ဆူမစ်ရီတိုလီယာက “ယူကရိန်း၏ ရုရှား စက်ရုံများကို ဒရုန်းတိုက်ခိုက်မှုများကြောင့် ရုရှား၏ ပြည်တွင်းရေနံ လိုအပ်ချက် ဖေဖော်ဝါရီနှင့် မတ်လများတွင် ကျဆင်းသွားခြင်းက ရုရှား ရေနံထုတ်လုပ်မှုကို တိုးစေခဲ့ပါသည်။ ရုရှားရေနံထွက်လာမှု တိုးလာခြင်းက ယူရယ်လ် (ရုရှား၏ အဓိကရေနံအမျိုးအစား) စျေးနှုန်းကို ဖေဖော်ဝါရီ တွင် ပျမ်းမျှဒေါ်လာ ၅၉.၉ နှင့် မတ်လတွင် ဒေါ်လာ ၅၆ အထိ ကျဆင်းစေခဲ့ပါသည်။ ယင်းသည် G7 ၏ သတ်မှတ်စျေးနှုန်းထက် နိမ့်နေသေးသဖြင့် ဝယ်ယူသူနှင့် ရောင်းချသူများအနေဖြင့် အနောက်တိုင်းသင်္ဘောနှင့် အာမခံဝန်ဆောင်မှုများကို အသုံးပြုနိုင်ဆဲဖြစ်သည်” ဟု ဖော်ပြခဲ့သည်။

Bloomberg သတင်းအရ အိန္ဒိယ၏ ရုရှားမှ ရေနံတင်သွင်းမှုသည် ယခင်လတွင် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလပြီးနောက် အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ပြီး အမေရိကန်က ရုရှားစွမ်းအင်ကုမ္ပဏီများနှင့် ရေနံတင်သင်္ဘော ၁၈၃ စီးကို အရေးယူပိတ်ဆို့မှုများချမှတ်အပြီးတွင် ဖြစ်ပွားခဲ့ပါသည်။ 

အဆိုပါအစီအမံများသည် ကမ္ဘာ့တတိယအကြီးဆုံး ရေနံတင်သွင်းသူဖြစ်ပြီး ပင်လယ်ရေနံသယ်ယူမှုကို မှီခိုနေရသော အိန္ဒိယနှင့် ကမ္ဘာ့အကြီးဆုံးရေနံတင်သွင်းသူ တရုတ်တို့အပေါ် သက်ရောက်မှုရှိခဲ့ပါသည်။

ကိုးကား - RT

ပိတ်ဆို့မှုချမှတ်ရေး မူဝါဒကြောင့် အမေရိကန်ဒေါ်လာ၏ လွှမ်းမိုးမှုအပေါ် ထိခိုက်စေနိုင်ဟု အမေရိကန်စီးပွားရေး ပညာရှင်ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပိတ်ဆို့မှုချမှတ်ရေးမူဝါဒကြောင့် အမေရိကန် ဒေါ်လာငွေကြေး၏ လွှမ်းမိုးမှုအပေါ် ထိခိုက်စေနိုင်ကြောင်း အမေရိကန်စီးပွားရေး ပညာရှင် ဘယ်ရီ အိုက်ချင် ဂရစ်က ပြောကြားလိုက်သည်။

အမေရိကန်ဒေါ်လာ၏ လွှမ်းမိုးမှုသည် ကုန်သွယ်ရေး၊  မဟာမိတ်နိုင်ငံများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများအပေါ် အမှီသဟဲပြုနေခြင်းကြောင့် ပြီးခဲ့သည့်လများအတွင်း ထရမ့်၏ပိတ်ဆို့မှုချမှတ်ရေး မူဝါဒသည် မဟာမိတ်နိုင်ငံများနှင့် ဆက်ဆံရေးကို လျှော့ပါးစေခဲ့ သို့မဟုတ် ပျက်စီးစေခဲ့ကြောင်း၊ ထို့ကြောင့် နောက်ဆုံးတွင် ဒေါ်လာငွေကြေးသည်   ကမ္ဘာပေါ်တွင် ဦးဆောင်နေသည့်   ငွေကြေးအဖြစ်မှ ကျဆင်းလာနိုင်ကြောင်း အိုက်ချင်ဂရစ်၏ ပြောကြားချက်ကို ကိုးကား၍ Financial Times သတင်းဌာနကဖော်ပြသည်။

လက်ရှိတွင် ကမ္ဘာ့နိုင်ငံအများအပြားက ကုန်သွယ်မှုပြုလုပ်ရာတွင် ဒေါ်လာငွေကြေးကို အသုံးပြုရန်ငြင်းဆန်လျက်ရှိပြီး အခြားငွေကြေးများအား အသုံးပြုလျက်ရှိသောကြောင့် အမေရိကန်အစိုးရ၏ ပိတ်ဆို့မှုချမှတ်ရေးမူဝါဒအား ပြန်လည်ပြင်ဆင်ရန် သမ္မတထရမ့်က ညွှန်ကြားခဲ့ရကြောင်း ဘဏ္ဍာရေးဝန်ကြီး  စကော့ ဘက်ဆန့်က အစောပိုင်းတွင်  ထုတ်ပြန်ထားသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံအများအပြားက ကုန်သွယ်မှုလုပ်ဆောင်ရာတွင်  ဒေါ်လာငွေကြေးအား အသုံးပြုရန် ငြင်းဆန်လာခြင်းကြောင့် အမေရိကန်အစိုးရအနေဖြင့် အများဆုံးဖိအားပေး ပိတ်ဆို့သည့် နည်းလမ်းကို အသုံးမပြုဘဲ ပယ်ဖျက်သွားမည်ဖြစ်သည်ဟု  ဘက်ဆန့်က ဆက်လက် ပြောကြားသည်။

ရုရှားနိုင်ငံအပေါ် အီးယူကချမှတ်သည့် ကန့်သတ်ပိတ်ဆို့မှုများက အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးကို ထိခိုက်စေလျက်ရှိဟုဆို

ရုရှားနိုင်ငံအပေါ် အီးယူအဖွဲ့က ချမှတ်သည့် ကန့်သတ်ပိတ်ဆို့မှုများသည် တဖြည်းဖြည်း အဓိပ္ပာယ်မဲ့လာပြီး ယင်းလုပ်ဆောင်ချက်များသည် အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးကို ဓားဖြင့်ထိုးသကဲ့သို့ ထိခိုက်စေလျက်ရှိသည်ဟု  ဟန်ဂေရီနိုင်ငံခြားရေး ဝန်ကြီး ပီတာဆစ်ဂျာတိုက ပြောကြားလိုက်သည်။

ယူကရိန်းပဋိပက္ခအား အဆုံးသတ်စေရန်နှင့် ရုရှားစီးပွားရေး တည်ငြိမ်မှုပျက်ပြားစေရန် အဓိကပစ်မှတ်ထား လုပ်ဆောင်သည့် အီးယူအဖွဲ့၏ ကန့်သတ်မှုများသည် အောင်မြင်မှုမရှိကြောင်း ဆစ်ဂျာတိုက RT သတင်းဌာနနှင့်  မတ်လ  ၂၂ ရက်တွင် လုပ်ဆောင်သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခု၌  ပြောကြားခြင်းဖြစ်သည်။

အီးယူအဖွဲ့သည် ၂၀၂၂ ခုနှစ်တွင် ယူကရိန်း ပဋိပက္ခစတင်ဖြစ်ပွားချိန်မှစ၍ ရုရှားနိုင်ငံအပေါ် အဓိကပစ်မှတ်ထားသည့် ကန့်သတ်ပိတ်ဆို့မှု ၁၆ ခု ချမှတ်ထားခဲ့ပြီး ကနဦးတွင် အီးယူ၏  အဆိုပါလုပ်ဆောင်ချက်ကို ဟန်ဂေရီနိုင်ငံကထောက်ခံခဲ့သည်။ သို့သော် ရုရှားနိုင်ငံမှ ရေနံတင်သွင်းမှု ပိတ်ပင်ခြင်းနှင့် နျူကလီးယားကဏ္ဍအပေါ် အီးယူက ကန့်သတ်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ရာမှ ဟန်ဂေရီနိုင်ငံအပေါ် စီးပွားရေးအရ ထိခိုက်လာခြင်းကြောင့် ဟန်ဂေရီအစိုးရက အီးယူ၏ပိတ်ဆို့မှုများကို ကန့်ကွက်လာခြင်းဖြစ်သည်။

အီးယူ၏ ပိတ်ဆို့မှုများသည် ရုရှားနိုင်ငံ၏ စီးပွားရေး အားချည့်နဲ့စေခြင်းမရှိသည့်အပြင် ယခုအခါယူကရိန်းပဋိပက္ခကို အဆုံးသတ်စေရန် နီးစပ်လာပြီဖြစ်ကြောင်း၊ ထိုသို့ နီးစပ်လာခြင်းမှာလည်း အီးယူ၏ ကန့်သတ်ပိတ်ဆို့မှုများကြောင့် မဟုတ်ကြောင်း ဆစ်ဂျာတိုက ဆက်လက်ပြောကြားထားသည်။

Source: https://myawady.net.mm/'

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ငါးတန်ပိဿာချိန် ၇၄၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

လပွတ္တာ  မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း  ငါးတန်ပိဿာချိန် ၇၄၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရည်ရည်ဝင်းက ပြောပြသည်။

လပွတ္တာမြို့နယ်မှ ငါးတန်များအပါအဝင် ရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ငါးတန်ပိဿာချိန် ၅၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်ထိ ငါးတန်ပိဿာချိန် ၇၄၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ငါးတန်ပိဿာချိန် ၇၄၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လပွတ္တာမြို့နယ်ကနေထွက်တဲ့ ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ထဲ တင်ပို့ရောင်းချလျက်ရှိပါတယ်။ ရန်ကုန်ဈေးကွက်က ပြီးခဲ့တဲ့ တစ်လအတွင်းကော အခုလက်ရှိကော ရေထွက်ကုန်တွေကို ဝယ်ယူမှုများပြားနေပါတယ်။ ငါးတန်က ပြည်တွင်းဈေးကွက်မှာကို အရောင်းအဝယ်ကောင်းမွန်နေပါတယ်။ တင်ပို့အားတက်လာတော့ ငါးလုပ်ငန်းလုပ်ကိုင်သူတွေ အဆင်ပြေလာပါတယ်” ဟု လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရည်ရည်ဝင်း က ပြောပြသည်။

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ငါးတန် ၁၀ ပိဿာလျှင် ငွေကျပ် ၁၀၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

ကျော်ကျော်လင်း

Source: ရတနာပုံသတင်းစာ

ကမ္ဘာ့ရွှေဈေးမြင့်တက်နေသော်လည်းပြည်တွင်းဈေးကွက်အေးနေ

ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် (၃၀၄၉)‌ ဒေါ်လာအထိပေါက်ဈေး မြင့်တက်နေသော်လည်း ပြည်တွင်းရွှေဈေးကွက်တွင် ရောင်းအားကျဆင်းပြီး ဈေးနှုန်း အပြောင်းအလဲ နည်းပါးနေကြောင်းဈေးကွက်အတွင်းမှသိရသည်။ လက်ရှိတွင် ကမ္ဘာ့ရွှေဈေး စံချိန်တင် အတက်ကြမ်းနေသော်လည်း ပြည်တွင်းရွှေဈေးအတွင်း ဈေးအနည်းငယ်သာ မြင့်တက်မှု ရှိနေကြောင်း ဈေးကွက်အတွင်း မှသိရသည်။ ကမ္ဘာ့ရွှေဈေးသည် မတ် ၂၀ ရက်၊ နံနက်ပိုင်းတွင် တစ်အောင်စကို ဒေါ်လာ ၃၀၄၉ အထိ မြင့်တက်နေခြင်းဖြစ်ပြီး ယင်းဈေးနှုန်းသည် သမိုင်းတလျှောက် အမြင့်ဆုံး စံချိန်တင်ဈေး ဖြစ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။“ကမ္ဘာ့ရွှေဈေးက တစ်အောင်စ ဒေါ်လာ ၂၆၀

ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် (၃၀၄၉)‌ ဒေါ်လာအထိပေါက်ဈေး မြင့်တက်နေသော်လည်း ပြည်တွင်းရွှေဈေးကွက်တွင် ရောင်းအားကျဆင်းပြီး ဈေးနှုန်း အပြောင်းအလဲ နည်းပါးနေကြောင်းဈေးကွက်အတွင်းမှသိရသည်။ လက်ရှိတွင် ကမ္ဘာ့ရွှေဈေး စံချိန်တင် အတက်ကြမ်းနေသော်လည်း ပြည်တွင်းရွှေဈေးအတွင်း ဈေးအနည်းငယ်သာ မြင့်တက်မှု ရှိနေကြောင်း ဈေးကွက်အတွင်း မှသိရသည်။ ကမ္ဘာ့ရွှေဈေးသည် မတ် ၂၀ ရက်၊ နံနက်ပိုင်းတွင် တစ်အောင်စကို ဒေါ်လာ ၃၀၄၉ အထိ မြင့်တက်နေခြင်းဖြစ်ပြီး ယင်းဈေးနှုန်းသည် သမိုင်းတလျှောက် အမြင့်ဆုံး စံချိန်တင်ဈေး ဖြစ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။“ကမ္ဘာ့ရွှေဈေးက တစ်အောင်စ ဒေါ်လာ ၂၆၀၀ မှ သုံးလအတွင်း ၃၀၅၀ ခန့်ဖြစ်လာကြောင်း၊ အမေရိကန်အစိုးရ၏ သွင်းကုန်အခွန် သတ်မှတ်ချက် တိုးမြှင့်ကောက်ခံမှု၊ ကုန်သွယ်စစ်ပွဲအလားအလာ၊ ပထဝီနိုင်ငံရေးမတည်ငြိမ်မှု စသည့် အခြေအနေအကြောင်းတရား အရပ်ရပ်များကြောင့် ကမ္ဘာ့ဈေး အတက်ကြမ်းလာခြင်းဖြစ်ကြောင်း၊ ဈေးကွက် အတက်အားရှိနေသော်လည်း တစ်အောင်စ ဒေါ်လာ ၃၀၂၄ ဈေးတန်းအောက် breakout လုပ်နိုင်ပါက အဝယ်များ သတိထားရန် လိုအပ်ကြောင်း” ရွှေဈေးကွက် ကျွမ်းကျင်သူ တစ်ဦးကပြောသည်။
ကမ္ဘာ့ရွှေဈေးမြင့်တက်နေခြင်းကြောင့် ပြည်တွင်းရွှေဈေးလည်း လိုက်ပါမြင့်တက်နေပြီး ပြင်ပအခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၇သိန်းရှစ်သောင်းကျပ် ဝန်းကျင်ကိုရောက်ရှိနေကြောင်းသိရသည်။

ယခုတစ်ပတ် ဈေးကွက်ဖွင့်ရက်ဖြစ်သည့် မတ် ၁၇ ရက်နေ့ (တနင်္လာနေ့) တွင် အခေါက်ရွှေ တစ်ကျပ်သား ခြောက်ဆယ့်ခြောက်သိန်းရှစ်သောင်းဖြင့် ဈေးဖွင့်ခဲ့ခြင်းဖြစ်ပြီး လေးရက်အတွင်း ကျပ်တစ်သိန်းဝန်းကျင် မြင့်တက် လာကြောင်းသိရသည်။
ရွှေလုပ်ငန်းရှင်များပြောကြားချက်အရ ကမ္ဘာ့ရွှေဈေးကြောင့် ပြည်တွင်းရွှေဈေး မြင့်တက်နေသော်လည်း အမေရိကန်ဒေါ်လာဈေးအကျဘက်မှာ ရှိနေသောကြောင့် ထင်သလောက် ဈေးမြင့်တက်မှုမရှိကြောင်း ပြောဆိုနေ ကြသည်။ လက်ရှိတွင် ရွှေဈေးကွက်အတွင်း ရွှေအတုံးအခဲလိုက် အရောင်းအဝယ်မရှိသလောက် နည်းပါးကြောင်း ဈေးကွက်အတွင်းမှသိရသည်။

ကျောက်ဆည်မြို့နယ်၌ ပဲတီစိမ်း (ဆောင်း) သီးနှံ ရိတ်သိမ်းမှုနှင့် ဈေးကွက်

မန္တလေးတိုင်းဒေသကြီး ‌ကျောက်ဆည်မြို့နယ်သည် ဆည်ရေသောက်ဒေသဖြစ်၍ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ပဲတီစိမ်းသီးနှံကို ကျောက်ဆည်မြို့နယ်တွင် ဧက ၂၄၈၀ စိုက်ပျိုးခဲ့ပြီး ၈၉၅ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ပဲတီစိမ်း(ဆောင်း) သီးနှံကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးကြပြီး ယခုအချိန်တွင် ပဲတီစိမ်းများ ရိတ်သိမ်းလျက်ရှိကြောင်း၊ မျိုးအနေဖြင့် ကျောက်စိမ်းမျိုးနှင့် ရေဆင်း-၁၁ မျိုးများကို  ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ်သုံးသိန်းခန့် ကုန်ကျကြောင်း၊  အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၂-၁၃ တင်းခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပဲစိုက်တောင်သူများက ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြပြီး ပွဲရုံများမှတစ်ဆင့် ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချကာ အကျိုးအမြတ်များရရှိကြောင်း ပဲတီစိမ်းစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

Source: မြန်မာ့အလင်းသတင်းစာ 