သတင်းများ

မအူပင်မြို့နယ်၌ ယခုဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲတီစိမ်း ၂၀၃၆ ဧကစိုက်ပျိုးပြီးစီးနေပြီး လျာထားဧက ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးဆောင်ရွက်လျက်ရှိ

မအူပင်   ဇန်နဝါရီ   ၂၇

ဧရာဝတီတိုင်းဒေသကြီး  မအူပင် မြို့နယ်၌ ယခုဆောင်းသီးနှံစိုက်ပျိုး ရာသီတွင် ပဲတီစိမ်း ၂၀၃၆   ဧကစိုက်ပျိုး ပြီးစီးနေပြီး လျာထားဧက  ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေး  ဆောင်ရွက်လျက်ရှိကြောင်း မအူပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန  ဦးစီးမှူး   ဦးဇော်မင်းထွန်း၏ ပြောပြချက်အရ သိရသည်။

မအူပင်မြို့နယ်၌   ယခုဆောင်းသီးနှံ စိုက်ပျိုးရာသီတွင်     ပဲတီစိမ်းလျာထား ၂၃၄၈ ဧကကို  ၂၀၂၄ ခုနှစ်   နိုဝင်ဘာလ ဒုတိယပတ်က စတင်စိုက်ပျိုးခဲ့ရာ လက်ရှိအချိန်ထိပဲတီစိမ်း  ၂၀၃၆ ဧက  စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ စိုက်ပျိုးနေသည့် ပဲတီစိမ်းများ လျာထား ဧက  ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရန်     စိုက်ပျိုးရေးဦးစီးဌာနနှင့်   ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

'' ဒီဆောင်းသီးနှံ    စိုက်ပျိုးရာသီမှာ   ပဲတီစိမ်းကို    ၂၃၄၈  ဧကလျာထား စိုက်ပျိုးနေပါတယ်။ လက်ရှိ ပဲတီစိမ်း     ၂၀၃၆     ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ ပဲတီစိမ်းတွေ လျာထားဧက ရာနှုန်းပြည့်  စိုက်ပျိုးနိုင်ဖို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက    စိုက်ပျိုးရေးနည်းပညာတွေ နဲ့  တခြားလိုအပ်တာတွေကို   ဆောင်ရွက်ပေးနေပါတယ်။  အထွက်နှုန်းကောင်းစေဖို့၊ ပိုးမွှားအန္တရာယ်မကျရောက်စေဖို့   စိုက်နည်းစနစ်မှန်ကန်စေဖို့စတဲ့လုပ်ငန်းတွေကို တောင်သူတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်'' ဟု  ဦးဇော်မင်းထွန်း ကပြောသည်။

မအူပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ပဲတီစိမ်းစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီပြီး  အထွက်နှုန်းကောင်းစေရေး၊   အရည်အသွေးကောင်းမွန်စေရေး၊  မျိုးကောင်းမျိုးသန့်များရရှိစေရေးနှင့်  စိုက်နည်းစနစ်မှန်ကန်စေရေးစသည့် တောင်သူအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  နိုင်ငံတော်အစိုးရမှ စိုက်ပျိုးထုတ်လုပ်သူများအား  လိုအပ်ချက်မရှိအောင် ကူညီဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့လုပ်ငန်းများ ပိုမိုအောင်မြင်ရေးကို      အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း သိရသည်။

Source: Myawady Web Portal

ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ ဆေးဝါးများ တိုက်ရိုက်ရောင်းချပေး

ဇန်နဝါရီ ၂၇မှ ၃၁ ရက်အထိ ငါးရက်တိုင်တိုင် (တနင်္လာနေ့မှ သောကြာနေ့အထိ)  နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဆေးကုမ္ပဏီ၄ဝ မှ ဆေးဝါးမျိုးစုံတို့အား ပါဝင်ပြသရောင်းချပွဲကျင်းပလျက်ရှိကြောင်း  သိရသည်။

ယင်းသို့ဆေးဝါးများဝယ်ယူရာ၌ ဝယ်ယူမရရှိခြင်းများနှင့် အခြားသောအခက်အခဲများရှိနိုင်ခြင်းတို့အပြင် ဆေးဝါးမှားယွင်းဝယ်ယူမိခြင်းမရှိစေရန်နှင့် အာနိသင်ရှိသောအလားတူဆေးဝါးများအား စိတ်ချစွာဝယ်ယူနိုင်ရန်အတွက် ဆွေးနွေးတိုင်ပင်လမ်းညွှန်မှုပြုပေးနိုင်ရန်  ပြပွဲတွင်ဆရာဝန်နှင့်  ဆေးဝါးနားလည်ကျွမ်းကျင်သူများအားထားရှိကာ ဝန်ဆောင်မှုပေးဆောင်ရွက်သွားမည်ဖြစ်သည်။

“ဆေးဝါးတွေကို အလွယ်တကူရရှိနိုင်ဖို့အတွက် အလှည့်ကျဆရာဝန်တွေလည်း ရှိပါတယ်။ ဥပမာ ဒီဆေးသောက်ချင်တယ်ဆိုရင် ဆေးကိုလည်းရှာပေးမယ် သို့သော် မရှိခဲ့ဘူးဆိုရင်လည်း ဒီဆေးနဲ့အလားတူ သောက်လို့ရမယ်ပေါ့။ Brand ကွာမယ်၊Chemical တူမယ့်ပုံစံမျိုးကို ကူညီရှာဖွေပေးသွားမှာဖြစ်ပါတယ်။    နောက်ပြီးဆေးဝါးနဲ့ပတ်သက်တဲ့  အကြောင်းအရာတွေကိုလည်း  သေသေချာချာရှင်းပြပေးသွားမှာဖြစ်ပါတယ်။ ဆေးဝါးတွေအနေနဲ့ကတော့ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်ဆေး၊ အားဆေးအမျိုးမျိုး၊ ပိုးသတ်ဆေး၊ အပူကျဆေး၊   ချောင်းဆိုးပျောက်ဆေး စသဖြင့်ဆေးဝါးမျိုးစုံကို တစ်နေရာတည်းမှာရရှိနိုင်မှာဖြစ်ပါတယ်”ဟု  မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ပြင်  လာမည့်ဖေဖော်ဝါရီလအတွင်းပဲခူးတိုင်းဒေသကြီးနှင့်ရန်ကုန်တိုင်းဒေသကြီးတို့တွင်လည်း အရောင်းစင်တာများကိုထပ်မံဖွင့်လှစ်၍ ဆေးကုမ္ပဏီများမှသုံးစွဲသူပြည်သူများသို့ တိုက်ရိုက်ဆေးဝါးရောင်းချခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီးဆေးဝါးသုံးစွဲသူပြည်သူများအနေဖြင့်  မိမိတို့ကျန်းမာရေးအတွက် လိုအပ်သောဆေးဝါးများအား   အဆိုပါဆေးဝါးအရောင်းစင်တာများတွင် လေ့လာကြည့်ရှုဝယ်ယူနိုင်ကြောင်းသိရသည်။

မြန်မာနိုင်ငံ   ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းအနေဖြင့် အဆိုပါဆေးဝါးတိုက်ရိုက်ရောင်းချပွဲများကို ပထမအကြိမ်အနေဖြင့် ၂၀၂၄ ခုနှစ် ဇူလိုင်လနှင့်ဩဂုတ်လတို့တွင် ရန်ကုန်၊  နေပြည်တော်နှင့်  ပဲခူးတိုင်းဒေသကြီးတို့တွင် အရောင်းစင်တာများဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်း  သိရသည်။

ပခုက္ကူမြို့နယ်၌ ဆောင်းမြေပဲများထွက်ပေါ်ပြီး ဈေးကောင်းရ

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၌ ဆက္ခဝကျေးရွာအုပ်စုအတွင်းရှိ ဆိက္ခဝ၊ သီရိ၊ ဇီးကုန်း၊ ရွာနောင်စသည့် ‌ကျေးရွာများ၌ မြစ်ရေဝင်မြေနုကျွန်းများပေါ်၌ ငရုတ်၊ နှမ်း၊ ကြက်သွန်နီနှင့် ပဲမျိုးစုံတို့ကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ဆောင်းမြေပဲများကိုလည်း စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် လှိုင်လှိုင်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။

မြေပဲသီးနှံကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလဆန်းပိုင်းမှစတင်၍ ရိတ်သိမ်းခဲ့ကြောင်း၊ မျိုးအနေဖြင့် ပင်ပြန့်အတောင့်ကြီးမျိုးများကို အဓိကစိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစု၊ ရိတ်သိမ်းခနှင့် လုပ်သားခအပါအဝင် မြေပဲတစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၁၀ သိန်းခန့်ကုန်ကျ‌ကြောင်း၊ မြေပဲတစ်ဧကလျှင် ၄၈ တင်းခန့်ထွက်ရှိပြီး‌ မြေပဲအတောင့်များကို ရောင်းချခြင်းမရှိဘဲ မြေပဲဆန်များကိုသာ ရောင်းချကြကြောင်း၊ ဈေးကွက်အနေဖြင့် မြေပဲဆန်များကို ပခုက္ကူမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြကြောင်း၊ ယခုနှစ်တွင် မြေပဲသီးနှံအထွက်နှုန်း‌ကောင်းမွန်ပြီး ဈေးကောင်းရရှိ၍ အကျိုးအမြတ်ပိုမိုရရှိကြောင်း မြေပဲစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

DOCA (မကွေး)

Source: မြန်မာ့အလင်းသတင်းစာ

ယူကရိန်းပဋိပက္ခက ရေနံဈေးနှုန်းမြင့်တက်ခြင်းနှင့် သက်ဆိုင်မှုမရှိဟု ပက်စကော့ပြောကြား

ယူကရိန်းပဋိပက္ခသည် ရေနံဈေးနှုန်းမြင့်တက်ခြင်းနှင့် သက်ဆိုင်မှုမရှိကြောင်း ရုရှားအစိုးရအဖွဲ့၏  ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ဇန်နဝါရီလ ၂၄  ရက်တွင်ပြောကြားသည်။

ယူကရိန်းပဋိပက္ခသည် ရုရှားနိုင်ငံ၏အမျိုးသားလုံခြုံရေးအပေါ် ကျရောက်လာသည့်ခြိမ်းခြောက်မှုဖြစ်ပြီး  ရုရှား၏စိုးရိမ်ပူပန်မှုများကို အနောက်နိုင်ငံများကအလေးထားရန် ပျက်ကွက်ခြင်းကြောင့်ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ရေနံဈေးနှုန်းများနှင့်သက်ဆိုင်မှုမရှိကြောင်း ပက်စကော့ က သတင်းထောက်များကိုပြောကြားရာတွင် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ထို့ပြင် ယူကရိန်းနိုင်ငံက နေတိုးအဖွဲ့သို့ ဝင်ရောက်ရန်ကြိုးပမ်းခြင်းသည်      နိုင်ငံအတွင်းရှိ အချို့နယ်မြေများရှိ ရုရှားနိုင်ငံသားများအတွက် ခြိမ်းခြောက်မှုဖြစ်လာကြောင်း၊ သို့သော်  အဆိုပါကိစ္စရပ်ကို အမေရိကန်နှင့်    ဥရောပနိုင်ငံများကလျစ်လျူရှုခဲ့ခြင်းကြောင့် ယူကရိန်းပဋိပက္ခဖြစ်ပွားနေခြင်းဖြစ်ကြောင်း    ၎င်းကဆက်လက်ပြောကြားသည်။

လက်ရှိ  ဆက်လက်ဖြစ်ပွားနေသည့် ယူကရိန်းပဋိပက္ခကို အဆုံးသတ်နိုင်စေရေးအတွက် ရေနံဈေးနှုန်းကိုလျှော့ချရန် ဆော်ဒီအာရေဗျနိုင်ငံနှင့် OPEC  နိုင်ငံများအား တောင်းဆိုမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က     ဇန်နဝါရီလ ၂၃ ရက်တွင် ပြောကြားပြီးနောက်  ရုရှားအစိုးရ၏တုံ့ပြန်ပြောဆိုချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခုအခါ ရေနံဈေးနှုန်းသည် မြင့်တက်လျက်ရှိသောကြောင့်   ယူကရိန်းပဋိပက္ခသည်     ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့ကြောင်းသိရသည်။           

တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် တည်ငြိမ်သော စီးပွားရေးဆိုင်ရာဆက်ဆံမှုများ တိုးမြှင့်ရန် ဆန္ဒရှိဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောကြား

အပြန်အလှန်လေးစားမှုရှိရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ နှစ်ဦးနှစ်ဖက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်ရေး မူဝါဒများအပေါ် အခြေခံလျက် တည်ငြိမ်ခိုင်မာ၍ ရေရှည်တည်တံ့သော စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာဆက်ဆံမှုများ တိုးမြှင့်ရေးအတွက် အမေရိကန်နိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန် တရုတ်နိုင်ငံက ဆန္ဒရှိကြောင်း တရုတ်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၃ ရက်၌ ပြောကြားခဲ့သည်။ “သွင်းကုန်စည်းကြပ်ခွန် အစီအမံများသည် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံအတွက်သာမက တခြား ကမ္ဘာ့နိုင်ငံအားလုံး၏ အကျိုးစီးပွားကိုပါ အထောက်အကူ မဖြစ်စေနိုင်ကြောင်း” စီးပွားရေးနှင့်ကူး

အပြန်အလှန်လေးစားမှုရှိရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ နှစ်ဦးနှစ်ဖက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်ရေး မူဝါဒများအပေါ် အခြေခံလျက် တည်ငြိမ်ခိုင်မာ၍ ရေရှည်တည်တံ့သော စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာဆက်ဆံမှုများ တိုးမြှင့်ရေးအတွက် အမေရိကန်နိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန် တရုတ်နိုင်ငံက ဆန္ဒရှိကြောင်း တရုတ်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၃ ရက်၌ ပြောကြားခဲ့သည်။ “သွင်းကုန်စည်းကြပ်ခွန် အစီအမံများသည် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံအတွက်သာမက တခြား ကမ္ဘာ့နိုင်ငံအားလုံး၏ အကျိုးစီးပွားကိုပါ အထောက်အကူ မဖြစ်စေနိုင်ကြောင်း” စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် He Yadong က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ထရမ့်အစိုးရက တရုတ်သွင်းကုန်များအပေါ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ဖွယ်ရှိခြင်းနှင့်ပတ်သက်၍ မေးမြန်းရာ၌ ၎င်းက အထက်ပါ အတိုင်း တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ကိုးကား-ဆင်ဟွာ

ထရမ့်က ဒဏ်ခတ်ပိတ်ဆို့မှု ထပ်မံလုပ်လာနိုင်သဖြင့် ရုရှားစီးပွားရေးအတွက် ပူတင် စိုးရိမ်မှု တိုးလာ

ရုရှား-ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံ့စီးပွားရေး ထိခိုက်လာနေသည်ကို သမ္မတ ပူတင် စိုးရိမ်စပြုနေကြောင်း၊ ထိုသို့စီးပွားရေးယိုင်နဲ့လာခြင်းကြောင့် ယူကရိန်း ပဋိပက္ခအဆုံးသတ်ရေးကို ဆွေးနွေးညှိနှိုင်းလာနိုင်ဖွယ်ရှိကြောင်းနှင့် လက်ရှိကြုံတွေ့နေရသော စီးပွားရေးအကြပ်အတည်းများနှင့်ပတ်သက်၍ ကရင်မလင် အစည်းအဝေးတွင် အစိုးရအဖွဲ့ဝင်များအား အပြစ်တင်နေကြောင်း သတင်းအရင်းအမြစ်တစ်ခုက ပြောကြားထားပါသည်။

ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုအစီအစဉ်သစ်များဖြင့် ထရမ့်၏ ဖိအားပေးလာနိုင်မှုကြောင့် စစ်ပွဲအတွင်း ယိုင်နဲ့လာသည့် ရုရှားနိုင်ငံ၏ စီးပွားရေးအပေါ် သမ္မတ ဗလာဒီမာပူတင်က စိုးရိမ်နေကြောင်း ခိုင်မာသော သတင်းရင်းမြစ် ၅ ခုက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

၂၀၂၂ ခုနှစ်တွင် ရုရှား-ယူကရိန်းပဋိပက္ခ စတင်ဖြစ်ပွားခဲ့ပြီးနောက် အနောက်နိုင်ငံများက ရုရှားအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်းရုရှားနိုင်ငံသည် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ဓာတ်သတ္တုများ တင်ပို့မှုကြောင့် လွန်ခဲ့သည့် ၂ နှစ် အတွင်း စီးပွားရေး ခိုင်မာတောင့်တင်းလာခဲ့သည်။

သို့သော် ရုရှားနိုင်ငံအနေဖြင့် ငွေကြေးဖောင်းပွမှုကြောင့် စစ်ရေးအသုံးစရိတ်မြင့်တက်လာပြီး မကြာသေးမီလများအတွင်း ငွေကြေးဖောင်းပွမှုပြဿနာကို ဖြေရှင်းရာတွင် အတိုးနှုန်းမြင့်တက်မှုများနှင့် ပြည်တွင်းလုပ်သားရှားပါးမှုကြောင့် ပြည်တွင်းရှိလုပ်ငန်းများ ထိခိုက်လာသည်။

ဇန်နဝါရီ ၂၀ ရက်က အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာသည့် သမ္မတသစ် ထရမ့်က “ဒုတိယ  ကမ္ဘာစစ်နောက်ပိုင်း ဥရောပ၏ အကြီးမားဆုံး ယူကရိန်းပဋိပက္ခကို အမြန်ဖြေရှင်းသွားမည်ဖြစ်ကြောင်း” ကတိပြုခဲ့ပါတယ်။ “ယူကရိန်းနှင့် ပဋိပက္ခအဆုံးသတ်ရေးကို ဆွေးနွေးမှုမပြုလုပ်မချင်း ရုရှားအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေအပြင် အခွန်နှုန်းများ တိုးလာဖွယ်ရှိကြောင်း” ထရမ့်ကပြောကြားခဲ့ပြီး “ရုရှားသည် စီးပွားရေးစစ်ပွဲကိုလည်း ရင်ဆိုင်နေရကြောင်း" ထပ်လောင်းပြောကြားခဲ့ပါသည်။ ရုရှားနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ယခုအချိန်အထိ သီးခြားအဆိုပြုထားခြင်း မရှိသေးကြောင်း ကရင်မလင် အကြီးတန်း လက်ထောက်တစ်ဦးက ဇန်နဝါရီ ၂၁ ရက် တွင် ပြောကြားခဲ့ပါသည်။

 “ရုရှားအနေဖြင့် ပဋိပက္ခကို အဆုံးသတ်ရန်အတွက် သံတမန်နည်းလမ်းအရ စေ့စပ်ညှိနှိုင်းရန် စိတ်ဝင်စားပါကြောင်း” ရုရှားဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဟောင်း Oleg Vyugin က ပြောကြားခဲ့ပြီး စစ်ရေးနှင့်ကာကွယ်ရေးအသုံးစရိတ်များ အလွန်အကျွံသုံးစွဲရမှုကြောင့် ရုရှားနိုင်ငံ၏ စီးပွားရေးပြိုလဲနိုင်သည့် အန္တရာယ်ရှိ‌ကြောင်းကိုလည်း အင်တာဗျူးတစ်ခုတွင် ပြောကြားထားပါသည်။

ကိုးကား-Reuters

ရုရှားနိုင်ငံအပေါ်ချမှတ်သည့်စီးပွားရေးပိတ်ဆို့မှုများက ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးကို သာပိုမိုအထိနာစေဟု ဟန်ဂေရီပြော

ရုရှားနိုင်ငံအပေါ် ဥရောပသမဂ္ဂအဖွဲ့က ချမှတ်သည့်စီးပွားရေးပိတ်ဆို့မှုများသည်အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးကိုသာ ပိုမိုအထိနာစေခြင်းကြောင့် ရုရှားအပေါ်စီးပွားရေးပိတ်ဆို့မှု သက်တမ်းတိုးမည့်အစီအစဉ်အား ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ကန့်ကွက်ခဲ့ကြောင်း Bloomberg ကဖော်ပြသည်။

လက်ရှိအချိန်သည် ရုရှားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကိုဖယ်ရှားရမည့်အချိန်ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂအဖွဲ့၏၂၀၂၅ ခုနှစ်အတွက် ရည်မှန်းချက်သည် ရုရှားအပေါ် ပိတ်ဆို့မှုချမှတ်ထားခြင်းမရှိသည့် ဆက်ဆံရေးဖြစ်ကြောင်း အော်ဘန်က Kossuth  ရေဒီယိုနှင့် လုပ်ဆောင်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့ကြောင်း Bloomberg  က ဇန်နဝါရီလ၂၂ ရက်တွင် ဖော်ပြသည်။

အော်ဘန်သည် ဥရောပသမဂ္ဂအဖွဲ့ကရုရှားအပေါ် ပိတ်ဆို့မှုများချမှတ်ခြင်းအပေါ်ပြစ်တင်ဝေဖန်လေ့ရှိပြီး အဆိုပါပိတ်ဆို့မှုများသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကိုသာ ပိုမိုအထိနာစေသည်ဟု ယုံကြည်နေသူဖြစ်ကြောင်းသိရသည်။

ဥရောပသမဂ္ဂအဖွဲ့က ရုရှားအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများသည် ယခုနှစ်ဇန်နဝါရီလ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ သက်တမ်းထပ်မံတိုးရန်အတွက် အဖွဲ့ဝင် ၂၇ နိုင်ငံစလုံး၏ တညီတညွတ်တည်း သဘောတူညီချက်ရရှိရန် လိုအပ်လျက်ရှိသည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် ရုရှားအပေါ်ပိတ်ဆို့မှုသက်တမ်းတိုးရေးနှင့် စပ်လျဉ်း၍ဘရပ်ဆဲမြို့၌ ဇန်နဝါရီလ၂၇ ရက်တွင်ထပ်မံတွေ့ဆုံမည်ဖြစ်ပြီး အကယ်၍ ဟန်ဂေရီနိုင်ငံက ဆက်လက်ကန့်ကွက်နေပါက ပိတ်ဆို့မှုသက်တမ်းတိုးရန် အခက်အခဲဖြစ်ပွားနိုင်ကြောင်း နီးစပ်သူများ၏ပြောကြားချက်ကို ကိုးကား၍ Bloomberg ကဆက်လက်ဖော်ပြထားသည်။

Source: Myawady Daily Newspaper

ရေနံဈေးနှုန်းများလျှော့ချရန် ထရမ့်တိုက်တွန်း

သမ္မတထရမ့်က ရေနံဈေးနှုန်းများလျှော့ချရန် ဆော်ဒီအာရေးဘီးယားနှင့် အခြားအိုပက် အဖွဲ့ဝင်နိုင်ငံများသို့ ပြောကြားခဲ့ပြီး အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံမည့်ကိစ္စကိုလည်း ထိထိရောက်ရောက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုကဲ့သို့ ရေနံဈေးနှုန်းများ မြင့်တက်နေမှုအပေါ် ဈေးနှုန်းကျဆင်းလာစေရန် လုပ်ဆောင်နိုင်စွမ်းမရှိသည့် OPEC အဖွဲ့ကိုလည်း အံ့ဩကြောင်း ဇန်နဝါရီ ၂၃ ရက်နေ့က Davos မြို့၌ ကျင်းပခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်စဉ်က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။ 

“ရေနံဈေးနှုန်းမြင့်တက်လာပါက ရုရှား-ယူကရိန်း စစ်ပွဲ ပိုမို အရှိန်ရလာမည်ဖြစ်ပြီး ရေနံဈေးနှုန်းကျဆင်းလာပါက စစ်ပွဲအမြန်ဆုံးအဆုံးသတ်နိုင်ပါကြောင်း” ၎င်းက ထပ်မံပြောကြားခဲ့ပါသည်။

ဆော်ဒီအာရေးဘီးယားအိမ်ရှေ့မင်းသား မိုဟာမက်နှင့် သမ္မတထရမ့်တို့ ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်တွင် တွေ့ဆုံစဉ်က ရေနံဈေးနှုန်းများ လျှော့ချသင့်သည့်ကိစ္စနှင့်စပ်လျဉ်း၍ အပြန်အလှန် ပြောဆိုခဲ့ကြသော်လည်း ဆော်ဒီအာရေးဘီးယားဘက်က တစ်စုံတစ်ရာ ကတိပြု ပြောကြားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။

ကိုးကား -BBC

အမေရိကန်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အေအိုင်နည်းပညာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည်ဟု ထရမ့်ပြော

ဝါရှင်တန်   ဇန်နဝါရီ ၂၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဇန်နဝါရီ ၂၁ ရက်က အေအိုင်နည်းပညာဟုခေါ်သော ဉာဏ်ရည်တုနည်းပညာကဏ္ဍ၌ မိတ်ဖက်အဖွဲ့သစ်တစ်ဖွဲ့က အမေရိကန်‌ဒေါ်လာ ဘီလီယံ ၅၀၀ အထိ ရင်းနှီးမြှုပ်နှံမည့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုအ‌ကြောင်း ဦးစားပေးပြောကြားခဲ့သည်။ အဆိုပါ မိတ်ဖက်အဖွဲ့သစ်ကို အိုးပင်းအေအိုင်၊ အော်ရေကယ်နှင့် ဆော့ဖ်ဘဏ်တို့က ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။

အေအိုင်နည်းပညာကဏ္ဍအတွက် အရေးပါသည့် စတားဂိတ်လုပ်ငန်းစီမံချက်သည် အေအိုင်ဒေတာအဆောက်အအုံများကို မကြာမီတည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် တက္ကဆက်ရှိ လျင်မြန်စွာ ပြောင်းလဲဖွံ့ဖြိုးတိုးတက်နေသော အေအိုင်၏ နောက်ထပ်ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သောလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကို မကြာမီထုတ်လုပ်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်၏ ပြောကြားချက်အရ သိရသည်။

ကနဦးရင်းနှီးမြှုပ်နှံမှုကို အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ နှင့် စတင်သွားမည်ဖြစ်ပြီး နောက်ထပ်ငါးဆအထိ ထပ်မံတိုးမြှင့်ရင်းနှီးမြှုပ်နှံသွားမည်ဟု မျှော်လင့်ရသည်။

အိမ်ဖြူတော်တွင် အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲနှင့် ဖွင့်ပွဲမိန့်ခွန်းပြောကြားသည့် အခမ်းအနားသို့ ဆော့ဖ်ဘဏ်၊ အိုးပင်းအေအိုင်နှင့် အော်ရေကယ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ၎င်းတို့သုံးဦးစလုံးက အေအိုင်လုပ်ငန်းစီမံချက်အတွက် သမ္မတထရမ့်ကို ကျေးဇူးတင်လျက်ရှိသည်။

အမေရိကန်ပြည်ထောင်စု ရွှေခေတ်လွှမ်းပြီဆိုသည့် သမ္မတထရမ့်၏ မိန့်ခွန်းပါကောက်နုတ်ချက်ကိုရည်ညွှန်းပြီး ဆော့ဖ်ဘဏ်၏ တာဝန်ရှိသူ မာဆာယိုရှီဆန်းက ရွှေခေတ်အစပဲဟု ပြောကြားလိုက်သည်။

သမ္မတထရမ့်သည် ၎င်း၏ သမ္မတသက်တမ်းအစတွင် စီးပွားရေးကို မြှင့်တင်သည့်အနေဖြင့် အလားတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေမည့် ဆောင်ရွက်ချက်အမြောက်အမြားကို ကြေညာခဲ့သည်။

ကိုးကား - မြန်မာ့အလင်းသတင်းစာ

Photo: Nikkei Asia

သမ္မတထရမ့်က လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ မှစ၍ ကနေဒါထုတ်ကုန်များအပေါ် အခွန်တိုးမြှင့် ကောက်ခံမည်ဆိုပါက တုံ့ပြန်သွားရန် အသင့်ရှိကြောင်း ကနေဒါ ပြောကြား

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ ကနေဒါနိုင်ငံနှင့် မက္ကဆီကိုနိုင်ငံတို့အပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံသွားရန် စဉ်းစား ထားကြောင်း ဇန်နဝါရီ ၂၀ ရက်(တနင်္လာနေ့)ညတွင် ပြောကြားခဲ့မှုအပေါ် တုံ့ပြန်ဆောင်ရွက်သွားရန်အသင့်ရှိကြောင်း ကနေဒါထိပ်တန်းဝန်ကြီးများက ပြောကြားလိုက်ပါသည်။

ထရမ့်သည် ကနေဒါ၊ မက္ကဆီကိုနှင့် အခြားကုန်သွယ်ဖက်နိုင်ငံများမှ တင်သွင်းသည့် ထုတ်ကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း၊ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ရန် စဉ်းစားထား ကြောင်း ဇန်နဝါရီ ၂၀ ရက်နေ့ညပိုင်းတွင် ပြောကြား ခဲ့သည်။

အဆိုပါသွင်းကုန်ခွန်များကို စားသုံးသူများကိုယ်စား တင်သွင်းသူများက လက်ရှိပေးဆောင်နေသော်လည်း မကြာမီ သွင်းကုန်ခွန်များ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ရာ လိုက်နာမှုမရှိပါက အဆိုပါတင်သွင်းသူနိုင်ငံများအနေဖြင့် ကုန်သွယ်မှုဒဏ်ကြေးများ ပေးဆောင်ရလိမ့်မည်ဟု ထရမ့်က ၎င်း၏ အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့ပါသည်။

 “အမေရိကန်၏ အခွန်တိုးမြှင့်ကောက်ခံရန် ဆောင်ရွက်နေမှုကို ပြန်လည်တုံ့ပြန်ဖို့ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်" ဟု ကနေဒါနိုင်ငံခြားရေးဝန်ကြီး Melanie Joly က ပြောကြားခဲ့ပါသည်။

ကနေဒါနိုင်ငံသည် ကမ္ဘာပေါ်တွင် ကုန်သွယ်ရေးကို အများဆုံးမှီခိုသည့်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး ကနေဒါ၏ ပို့ကုန် ၇၅ ရာခိုင်နှုန်းမှာ အမေရိကန်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်ပြီး အဓိကအားဖြင့် မော်တော်ကားနှင့် ကားအပိုပစ္စည်းများ တင်ပို့ခြင်းဖြစ်သည်။

ကနေဒါသည် အမေရိကန်ပြည်ထောင်စု၏ ပြည်နယ် ၃၆ ခုသို့ အများဆုံးတင်ပို့သည့် နိုင်ငံလည်းဖြစ်သည်။ နယ်စပ်မှတစ်ဆင့် နေ့စဉ် ကနေဒါဒေါ်လာ ၃.၆ ဘီလီယံနီးပါး (အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံ) တန်ဖိုးရှိ ကုန်စည်နှင့် ဝန်ဆောင်မှုများကို အမေရိကန် နိုင်ငံသို့ တင်ပို့လျက်ရှိပါသည်။ 

အမေရိကန်က ကနေဒါကို မလိုအပ်ကြောင်း ထရမ့်က ပြောဆိုနေသော်လည်း အမေရိကန်နိုင်ငံတွင် တစ်ရက် သုံးစွဲသည့် ရေနံ၏ လေးပုံတစ်ပုံကို ကနေဒါနိုင်ငံမှ တင်သွင်းနေရခြင်းဖြစ်သည်။

“အမေရိကန်ပြည်ထောင်စုအတွင်း နေထိုင်မှုကုန်ကျ စရိတ်၊ အလုပ်အကိုင်ရရှိမှုနှင့် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအား အဆင့်ဆင့်လွှဲပြောင်းရယူမှု ကွင်းဆက် (Supply Chain) စနစ်ခိုင်မာစေရေးနှင့်ပတ်သက်ပြီး ယခုလို သွင်းကုန်ခွန်တိုးမြှင့် ကောက်ခံမည့်အစီအစဉ်ကို ဆက်လက်လုပ်ဆောင်နေခြင်းသည် အမေရိကန်အစိုးရအတွက် အမှားအယွင်း တစ်ခုပါပဲ" ဟု ကနေဒါ ဘဏ္ဍာရေးဝန်ကြီး Dominic LeBlanc က ပြောကြားလိုက်သည်။

ကိုးကား -AP News