တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် တည်ငြိမ်သော စီးပွားရေးဆိုင်ရာဆက်ဆံမှုများ တိုးမြှင့်ရန် ဆန္ဒရှိဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောကြား

News Image

  • တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် တည်ငြိမ်သော စီးပွားရေးဆိုင်ရာဆက်ဆံမှုများ တိုးမြှင့်ရန် ဆန္ဒရှိဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောကြား

အပြန်အလှန်လေးစားမှုရှိရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ နှစ်ဦးနှစ်ဖက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်ရေး မူဝါဒများအပေါ် အခြေခံလျက် တည်ငြိမ်ခိုင်မာ၍ ရေရှည်တည်တံ့သော စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာဆက်ဆံမှုများ တိုးမြှင့်ရေးအတွက် အမေရိကန်နိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန် တရုတ်နိုင်ငံက ဆန္ဒရှိကြောင်း တရုတ်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၃ ရက်၌ ပြောကြားခဲ့သည်။ “သွင်းကုန်စည်းကြပ်ခွန် အစီအမံများသည် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံအတွက်သာမက တခြား ကမ္ဘာ့နိုင်ငံအားလုံး၏ အကျိုးစီးပွားကိုပါ အထောက်အကူ မဖြစ်စေနိုင်ကြောင်း” စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် He Yadong က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ထရမ့်အစိုးရက တရုတ်သွင်းကုန်များအပေါ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ဖွယ်ရှိခြင်းနှင့်ပတ်သက်၍ မေးမြန်းရာ၌ ၎င်းက အထက်ပါ အတိုင်း တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ကိုးကား-ဆင်ဟွာ