ယူကရိန်းပဋိပက္ခက ရေနံဈေးနှုန်းမြင့်တက်ခြင်းနှင့် သက်ဆိုင်မှုမရှိဟု ပက်စကော့ပြောကြား

News Image

  • ယူကရိန်းပဋိပက္ခက ရေနံဈေးနှုန်းမြင့်တက်ခြင်းနှင့် သက်ဆိုင်မှုမရှိဟု ပက်စကော့ပြောကြား

ယူကရိန်းပဋိပက္ခသည် ရေနံဈေးနှုန်းမြင့်တက်ခြင်းနှင့် သက်ဆိုင်မှုမရှိကြောင်း ရုရှားအစိုးရအဖွဲ့၏  ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ဇန်နဝါရီလ ၂၄  ရက်တွင်ပြောကြားသည်။

ယူကရိန်းပဋိပက္ခသည် ရုရှားနိုင်ငံ၏အမျိုးသားလုံခြုံရေးအပေါ် ကျရောက်လာသည့်ခြိမ်းခြောက်မှုဖြစ်ပြီး  ရုရှား၏စိုးရိမ်ပူပန်မှုများကို အနောက်နိုင်ငံများကအလေးထားရန် ပျက်ကွက်ခြင်းကြောင့်ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ရေနံဈေးနှုန်းများနှင့်သက်ဆိုင်မှုမရှိကြောင်း ပက်စကော့ က သတင်းထောက်များကိုပြောကြားရာတွင် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ထို့ပြင် ယူကရိန်းနိုင်ငံက နေတိုးအဖွဲ့သို့ ဝင်ရောက်ရန်ကြိုးပမ်းခြင်းသည်      နိုင်ငံအတွင်းရှိ အချို့နယ်မြေများရှိ ရုရှားနိုင်ငံသားများအတွက် ခြိမ်းခြောက်မှုဖြစ်လာကြောင်း၊ သို့သော်  အဆိုပါကိစ္စရပ်ကို အမေရိကန်နှင့်    ဥရောပနိုင်ငံများကလျစ်လျူရှုခဲ့ခြင်းကြောင့် ယူကရိန်းပဋိပက္ခဖြစ်ပွားနေခြင်းဖြစ်ကြောင်း    ၎င်းကဆက်လက်ပြောကြားသည်။

လက်ရှိ  ဆက်လက်ဖြစ်ပွားနေသည့် ယူကရိန်းပဋိပက္ခကို အဆုံးသတ်နိုင်စေရေးအတွက် ရေနံဈေးနှုန်းကိုလျှော့ချရန် ဆော်ဒီအာရေဗျနိုင်ငံနှင့် OPEC  နိုင်ငံများအား တောင်းဆိုမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က     ဇန်နဝါရီလ ၂၃ ရက်တွင် ပြောကြားပြီးနောက်  ရုရှားအစိုးရ၏တုံ့ပြန်ပြောဆိုချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခုအခါ ရေနံဈေးနှုန်းသည် မြင့်တက်လျက်ရှိသောကြောင့်   ယူကရိန်းပဋိပက္ခသည်     ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့ကြောင်းသိရသည်။           

Source: Myawady Web Portal