သတင်းများ

ပူးပေါင်းတီထွင်ထားသော EV ဗင်ကားများကို ဂျပန် မော်တော်ကားကုမ္ပဏီ ၃ ခုက ဖြန့်ချိရောင်းချမည်

ဂျပန် မော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီ ၃ ခုက ၎င်းတို့ ပူးပေါင်းတီထွင်ထားသော လုပ်ငန်းသုံးအသေးစား လျှပ်စစ်မော်တော်ယာဉ် EV များကို ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်းမှာ ဖြန့်ချိရောင်းချမည်ဖြစ်ကြောင်း ကြေညာလိုက်ပါသည်။

အစိုးရအသိအမှတ်ပြုလက်မှတ်ရရန်အတွက် Daihatsu ကုမ္ပဏီက ဘေးကင်းရေးစမ်းသပ်မှုအတုများ ပြုလုပ်ခဲ့ခြင်းမှတ်တမ်းများ ပေါ်ထွက်လာပြီးနောက် Daihatsu ၊ Toyota နှင့် Suzuki တို့သည် အဆိုပါယာဉ်တီထွင်မှုကို ယာယီရပ်ဆိုင်းခဲ့ပါသည်။

၎င်းမော်တော်ယာဉ်များကို ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပွဲဦးထွက်ရောင်းချရန် စီစဉ်ထားခဲ့သော်လည်း Daihatsu က ၎င်းတို့လုပ်ဆောင်ခဲ့မှုများအတွက် ပြေလည်အောင်ဖြေရှင်းပြီးမှသာ တီထွင်မှုကိုပြန်လည် စတင်ခဲ့ပါသည်။

Daihatsu နှင့် Suzuki တို့၏ အသေးစား မော်တော်ယာဉ်ထုတ်လုပ်မှုနည်းပညာကို Toyota ၏ EV နည်းပညာနှင့်ပေါင်းစပ်ပြီး EV အသေးစားဗင်ကားများကို တီထွင်ထားခြင်းဖြစ်သည်။

အဆိုပါမော်တော်ယာဉ်သစ်များကို Daihatsu က ထုတ်လုပ်မည်ဖြစ်ပြီး ကုမ္ပဏီ ၃ ခု၏ ကိုယ်ပိုင်အမှတ် တံဆိပ်များတပ်ဆင် ရောင်းချမည်ဟုသိရပါသည်။

အသေးစား EV ဗင်ကားများ၏ ဝယ်လိုအားမြင့်မားနေပြီး ဂျပန်ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး ကုမ္ပဏီအချို့က တရုတ် EV ကားများကို ပြောင်းလဲဝယ်ယူ လာနေကြခြင်းကြောင့် ပြိုင်ဆိုင်မှုများ ပြင်းထန်လာနေပါသည်။

ဝယ်လိုအားကို ပြည့်မီစေရန်အတွက် Mitsubishi Motors သည် လွန်ခဲ့သော ၃ နှစ်က EV မော်တော်ယာဉ်များရောင်းချမှုကို ပြန်လည်စတင်ခဲ့ပြီး Honda က အလားတူမော်ဒယ်များကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း စတင်ရောင်းချခဲ့ပါသည်။

ကိုးကား-NHK World

သာယာဝတီမြို့ရှိ ဒေသခံပြည်သူများ  မိရိုးဖလာမြေအိုးလုပ်ငန်းဖြင့် အဆင်‌ပြေ

သာယာဝတီ  ဇန်နဝါရီ  ၂၉

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နှင့် ၇ မိုင်ကွာဝေးသော ဖိုးခေါင်ကျေးရွာရှိ အိမ်ထောင်စုများသည်မိရိုးဖလာအိုးလုပ်ငန်းဖြစ်သော မြေအိုးအမျိုးမျိုးလုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်းပြုလုပ်ပြီး မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

မြေအိုးအမျိုးမျိုးပြုလုပ်ရာတွင် ရှေးဦးစွာ ရွာ၏အပြင်ဘက်ရှိ မြေကျင်းမှ မြေနီ၊ မြေစေးတို့ကို လှည်းဖြင့်တိုက်၍ မိမိတို့နေအိမ်တွင် စုပုံထားရကြောင်း၊  အိုးပြုလုပ်ရန်  နုန်းမြေတစ်ဆ မြေနီနှစ်ဆ မြေစေးတစ်ဆတို့ကိုရော၍    အင်တုံထဲတွင်ထည့်ကာ စိမ်ထားရကြောင်း၊ မြေများနူးလာပါက စေးသွားစေရန် ဖျာပေါ်သို့ပုံ၍ ခြေထောက်ဖြင့် အကြိမ်ကြိမ်နင်းနယ်ရကြောင်း၊ ထို့နောက် လက်လှည့်ဆုံပေါ်တွင်တင်ကာ  မိမိပြုလုပ်လိုသောအိုးပုံစံကို  လက်ဖြင့်ပုံဖော်၍ အဆင့်ဆင့် ပြုလုပ်ပြီးမှ မီးဖုတ်ရကြောင်း သိရသည်။

အဆိုပါ ဖိုးခေါင်ကျေးရွာမှထွက်ရှိသောအိုးများကို   အိုးအမျိုးအစားအလိုက် ဈေးနှုန်းအသီးသီးဖြင့် သာယာဝတီမြို့သို့သွားရောက်ရောင်းချရာ မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း ဖိုးခေါင်ကျေးရွာနေ မြေအိုးအမျိုးမျိုးလုပ်ကိုင်သူမသင်းသင်းမော်၏  ပြောကြားချက်အရ သိရသည်။

Source: Myawady Web Portal

အတိုးနှုန်းများကို မူလနှုန်းထားအတိုင်း အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌ Jerome Powell သတ်မှတ်

အမေရိကန်ဗဟိုဘဏ်ကအတိုးနှုန်းများကို မူလနှုန်းထားအတိုင်း ဆက်လက်သတ်မှတ်လိုက်ကြောင်း ကြေညာပြီးနောက် နာရီပိုင်းအကြာတွင် အမေရိကန်ဗဟိုဘဏ်နှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ Jerome Powellတို့သည် စီးပွားရေးကို အလွဲသုံးစားလုပ်ကာ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်စွမ်းမရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က စွပ်စွဲပြောကြားခဲ့ပါသည်။

Powell က ဇန်နဝါရီ ၂၉ ရက်(ဗုဒ္ဓဟူးနေ့) တွင် ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် အတိုးနှုန်းများကို ယခင်အတိုင်း ၄.၂၅ % မှ ၄.၅ % အထိ သတ်မှတ် ခဲ့ပါသည်။ အမေရိကန်စီးပွားရေးသည် သေချာရေရာသည့် အခြေအနေမဟုတ်သည့်အတွက် ဘဏ်၏အတိုးနှုန်းများကို ရုတ်တရက်လျှော့ချရန်မသင့်ဟု Powell ကပြောကြားခဲ့ပါသည်။ 

သမ္မတဒေါ်နယ်ထရမ့်သည် မဲဆွယ်စည်းရုံးသည့်ကာလအတွင်း အတိုးနှုန်းများကိုလျှော့ချပေးမည်ဟုပြောကြားခဲ့ပြီး လက်ရှိတွင်လည်း အမေရိကန်စီးပွားရေးကို အကြီးအကျယ်ပြောင်းလဲစေမည့် မူဝါဒများကို ချမှတ်နေသူဖြစ်ပါသည်။ သို့သော်လည်း ထိုမူဝါဒများသည် အမေရိကန်ဈေးနှုန်းများအပေါ်တွင် ဖိအားများဖြစ်စေနိုင်သည့်အတွက် အချို့သောစီးပွားရေးပညာရှင်များမှာ Powell ဘက်မှ ထောက်ခံနေကြပါသည်။

Powell ကမူ “၎င်းအနေဖြင့် ထရမ့်နှင့် အဆက်အသွယ်မရှိပါကြောင်း၊ အတိုးနှုန်းများကို အချက်အလက်အပေါ် တွင်သာ အခြေခံပြီးလုပ်ဆောင်ပါကြောင်း” ပြောကြားခဲ့ပါသည်။

ကိုးကား -BBC

ရုရှား LNG တင်ပို့မှု စံချိန်သစ်တင်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြ

ရုရှားနိုင်ငံသည် ယမန်နှစ်တွင် သဘာဝဓာတ်ငွေ့ရည် (LNG) တန်ချိန် ၃၃.၆ သန်း စံချိန်တင်တင်ပို့ခဲ့ပြီး ထက်ဝက်ကျော်သည် အီးယူဈေးကွက်သို့ တင်ပို့ခဲ့ကြောင်း စီးပွားရေးနေ့စဉ်ထုတ်သတင်းစာ RBK မှ ဇန်နဝါရီ ၂၈ ရက်နေ့တွင် စွမ်းအင်တင်ပို့မှုသုံးသပ်ရေးအဖွဲ့ Kpler ၏ အချက်အလက်များကို ကိုးကား၍ဖော်ပြခဲ့သည်။

အဆိုပါကိန်းဂဏန်းသည် ၂၀၂၂ ခုနှစ်တွင် သတ်မှတ်ထားသော ယခင်စံချိန်တင်တန်ချိန် ၃၂.၉ သန်းထက် ၄% တိုးလာသည်ဟု အစီရင်ခံစာကဖော်ပြခဲ့သည်။ ထို့အပြင် ရုရှားနိုင်ငံသည် ဒီဇင်ဘာလတွင် မှတ်တမ်းသစ်တစ်ခုရောက်ရှိခဲ့ပြီး LNG တန်ချိန် ၃ ဒသမ ၂၅ သန်း တင်ပို့နိုင်ခဲ့ကာ ယခင်လနှင့်နှိုင်းယှဉ်ပါက ၁၄ % တိုးလာပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ယခင် သတ်မှတ်ထားသည့် အမြင့်ဆုံးထက် ၁.၃ % တိုးမြင့် လာခဲ့သည်။

အစီရင်ခံစာအရ နိုင်ငံ၏ LNG တင်ပို့မှုသည် ဒီဇင်ဘာလတွင် ၂၀၂၄ နှစ်ကုန်တွင် တန်ချိန် ၃၃ သန်း ခန့်ရောက်ရှိမည်ဟု ခန့်မှန်းထားသော ရုရှားဒုတိယ ဝန်ကြီးချုပ် Aleksandr Novak ၏ ထုတ်ပြန်ချက် များနှင့် ကိုက်ညီကြောင်းတွေ့ရှိရပါသည်။

အီးယူသို့တင်ပို့မှုသည် ခန့်မှန်းခြေအားဖြင့် တန်ချိန် ၁၇ ဒသမ ၄ သန်း သို့မဟုတ် ရုရှား၏ LNG တင်ပို့မှုစုစုပေါင်း၏ ၅၂% ရှိပြီး ၂၀၂၃ ခုနှစ်ထက် ၄%တိုးလာကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ ရုရှားစွမ်းအင်အပေါ် မှီခိုအားထားမှုကို တားဆီးရန် EU က ကြိုးပမ်းခဲ့သော်လည်း သွင်းကုန်များ ပိုမိုမြင့်တက် လာခဲ့သည်။

ဇွန်လတွင် ဘရပ်ဆဲလ်သည် ရုရှား LNG ကို ပထမဆုံးအကြိမ် ပစ်မှတ်ထားခဲ့ပြီး ပြန်လည်တင်ဆောင်ခြင်း လုပ်ငန်းများ၊ သင်္ဘောမှသင်္ဘောလွှဲပြောင်းခြင်းနှင့် အီးယူမှတစ်ဆင့် တတိယနိုင်ငံသို့ ပြန်လည်တင်ပို့ရန် ရည်ရွယ်ချက်ဖြင့် သင်္ဘောမှသင်္ဘော လွှဲပြောင်းခြင်းများကို တားမြစ်ခဲ့သည်။ 

ပြင်သစ်၊ စပိန်၊ ဘယ်လ်ဂျီယံနှင့် နယ်သာလန်တို့သည် အီးယူအတွင်း ရုရှား LNG ကို ယမန်နှစ်တွင် အများဆုံး ဝယ်ယူသည့်နိုင်ငံများဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။

တစ်ချိန်တည်းတွင် တန်ချိန် ၁၅ ဒသမ ၂ သန်းနှင့် ညီမျှသော စုစုပေါင်းတင်ပို့မှု၏ ၄၅ % ခန့်ကို အာရှ ဈေးကွက်များသို့ ဦးတည်ခဲ့သည်။ တရုတ်နိုင်ငံက တန်ချိန် ၇ သန်း တင်သွင်းခဲ့ပြီး၊ ဂျပန်က တန်ချိန် ၅ ဒသမ ၇ သန်း တင်သွင်းခဲ့ကာ တူကီယဲ နှင့် ကူဝိတ်တို့သို့လည်း တင်ပို့ခဲ့ရကြောင်း သိရှိရပါသည်။

ကိုးကား-RT

တရုတ်အခြေစိုက် DeepSeek ကုမ္ပဏီ၏ AI assistant အပလီကေးရှင်းကြောင့် ဒေါ်လာ ၁၀၈ ဘီလီယံ ဆုံးရှုံး

တရုတ်အခြေစိုက် DeepSeek ကုမ္ပဏီသည် ၎င်းတို့၏ AI အပလီကေးရှင်းမော်ဒယ်တစ်ခုကို ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက မိတ်ဆက်လိုက်ပြီးနောက် ကမ္ဘာပေါ်ရှိ ငွေကြေးအကြွယ်ဝဆုံးသော  လူပုဂ္ဂိုလ် ၅၀၀ ခန့်မှာ ဇန်နဝါရီလ ၂၇ ရက် တစ်ရက်တည်းမှာပင် ဒေါ်လာ ၁၀၈ ဘီလီယံ ဆုံးရှုံးသွားခဲ့ကြောင်း Bloomberg ကဖော်ပြသည်။

DeepSeek ကုမ္ပဏီသည် ၎င်းတို့၏ AI assistant  အပလီကေးရှင်းကို စတင်မိတ်ဆက်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပင် အမေရိကန်အခြေပြု OpenAI ၏ ChatGPT ကိုကျော်တက်ပြီး Apple အပလီကေးရှင်းစတိုးတွင် လူကြိုက်အများဆုံးနှင့်  လူအများဆုံး download ရယူသည့် အပလီကေးရှင်းဖြစ်လာခဲ့သည်။

DeepSeek ကုမ္ပဏီ၏ AI assistant အပလီကေးရှင်းကြောင့် နည်းပညာကုမ္ပဏီများ အများဆုံးပါဝင်သည့် စတော့ဈေးကွက်မှာ ဂယက်ရိုက်ခတ်မှုခံခဲ့ရပြီး အစုရှယ်ယာများမှာ ဒေါ်လာဘီလီယံနှင့်ချီ၍ ထိုးကျခဲ့ခြင်းဖြစ်သည်။

ကယ်လီဖိုးနီးယားအခြေပြုသည့် Nvidia ကုမ္ပဏီသည် DeepSeek ကုမ္ပဏီ၏ AI assistant အပလီကေးရှင်း၏ ရိုက်ခတ်မှုကို အဆိုးရွားဆုံးခံခဲ့ရပြီး    ယင်းကုမ္ပဏီ၏ အစုရှယ်ယာဈေးနှုန်းမှာ ၁၇ ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့ကြောင်း Bloomberg ကဖော်ပြသည်။

ထို့ပြင် အစုရှယ်ယာဈေးနှုန်းကျဆင်းမှုနှင့်ရင်ဆိုင်ခဲ့ရသည့်နည်းပညာကုမ္ပဏီများတွင် Huang’s fortune၊ Oracle၊ Meta နှင့် Dell တို့ပါသည်။                    

  Ref: RT     

တရုတ်နိုင်ငံ၏ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုက ပထမဆုံးအကြိမ်အဖြစ် တန်ချိန်ပေါင်း သန်း ၄၀၀ ကျော်လွန်

တရုတ်နိုင်ငံ၏ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုသည်    ပထမဆုံးအကြိမ်အဖြစ် ၂၀၂၄ ခုနှစ်တွင် တန်ချိန်ပေါင်း သန်း ၄၀၀ ကျော်လွန်လာခဲ့သည်။

တရုတ်နိုင်ငံ၏ ရေနံစိမ်းထုတ်လုပ်မှုသည် ၂၀၁၈ ခုနှစ်တွင် တန်ချိန် ၂၄ သန်း ရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင်  တန်ချိန်ပေါင်း ၂၁၃ သန်းအထိမြင့်တက်လာသည်။

ထို့ပြင် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုတွင်လည်း ပြီးခဲ့သည့်နှစ်တွင် ၂၄၆ ဒသမ ၄ ဘီလီယံ ကုဗမီတာအထိမြင့်တက်လာခဲ့ကြောင်း တရုတ်အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုအဖွဲ့က ထုတ်ပြန်ထားသည်။

နိုင်ငံ၏ရေနံစိမ်းနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု မြင့်တက်လာခြင်းသည်‌ ကမ်းလွန်နှင့် သမားရိုးကျမဟုတ်သည့် အရန်အရင်းအမြစ်များကြောင့်  ဖြစ်ကြောင်း အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှု အဖွဲ့ကပြောသည်။

Ref: Xinhua

ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်းတင်ပို့မှု အခွန်ကင်းလွတ်ခွင့် ရရှိ

ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်းတင်ပို့ရာ၌ လာမည့် ဖေဖော်ဝါရီလ ၁ ရက်မှစတင်ကာ ဩဂုတ်လကုန်အထိ ၇ လ ကြာကာလအတွင်း အခွန်ကင်းလွတ်ခွင့် ပေးထားကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရပါသည်။

“ပြောင်းကတော့ ယခုနှစ်ထဲမှာ ထိုင်းနိုင်ငံကို အများဆုံး တင်ပို့မည်ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံကလည်း ၇ လတာ အတွင်းမှာ အခွန်ကင်းလွတ်ခွင့်ပေးထားသည့်အတွက် ထိုကာလကို ချိန်ကိုက်ပြီး တင်ပို့ခြင်းဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံသို့ တင်ပို့ပြီးမှ တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ် နှင့် ဘင်္ဂလားဒေ့ရှ်စသည့် နိုင်ငံများကို တင်ပို့သွားမည် ဖြစ်ပါကြောင်း၊ ယခုနှစ် ပြောင်းတင်ပို့မှုသည် ယခင်နှစ် ကထက် တိုးလာမည့်အခြေအနေမျိုး ဖြစ်ပါကြောင်း” အသင်း၏ အကြံပေးပုဂ္ဂိုလ် ဦးစိုးဝင်းမောင်က NP News ကို ပြောသည်။

မြန်မာနိုင်ငံသည် ယခင် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း၌ ပြောင်းတန်ချိန် (၁ ဒသမ ၁၁)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၏ ဧပြီလမှ နိုဝင်ဘာလအတွင်း၌ ပြောင်းတန်ချိန် (၁ ဒသမ ၈၈)သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ(၄၄၇)သန်းဖိုး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံသည် ပြောင်း တင်ပို့မှုကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအစား ရေကြောင်းကုန်သွယ်မှုဆိပ်ကမ်းများဖြစ်သည့် အလုံ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း၊ မြန်မာ့စက်မှု ဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်း၊ ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ သီလဝါဆိပ်ကမ်း၊ ရွှေမဲဆိပ်ကမ်းနှင့် မင်းထက်မင်းဆိပ်ကမ်းတို့မှ အဓိက တင်ပို့နေကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရာတွင် ကော့သောင်း ဆိပ်ကမ်းမှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းသို့ ပင်လယ်ရေကြောင်းလမ်းဖြင့် တင်ပို့နေသည့်အပြင် ကုန်းတွင်းနယ်စပ် တာချီလိတ်မှတစ်ဆင့်လည်း တင်ပို့ လျက်ရှိကြောင်း သိရသည်။

ကိုးကား-NP News

တရုတ်ကားဈေးကွက်တွင် BYD က ဘဏ္ဍာငွေအများဆုံး ရှာဖွေပေးနိုင်သည့်ကားအဖြစ် ရပ်တည်

BYD ကုမ္ပဏီထုတ်မော်တော်ကားသည် တရုတ်နိုင်ငံရှိ   မော်တော်ကားဈေးကွက်တွင် နာမည်ကြီး ဂျာမနီကားကုမ္ပဏီများကို ကျော်ဖြတ်၍ ဘဏ္ဍာငွေအများဆုံး ရှာဖွေပေးနိုင်သည့်ကားအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း Sina Finance တွင်ဖော်ပြထားသည်။

BYD ကုမ္ပဏီသည် ၎င်းတို့ထုတ်လုပ်သည့် မော်တော်ကားများအား ပျမ်းမျှအားဖြင့် တစ်စီးလျှင် ယွမ် ၁၂၁၀၀၀ (ဒေါ်လာ ၁၆၇၀၀) ဖြင့်ရောင်းချပေးခဲ့ပြီး တရုတ်ဈေးကွက်အတွင်း နှစ်စဉ်ရောင်းချမှုသည် မော်တော်ကားအစီးပေါင်း ၃ ဒသမ ၄၉ သန်းအထိမြင့်တက်လာခဲ့ခြင်းကြောင့် တရုတ်နိုင်ငံအတွက် ဘဏ္ဍာငွေအဖြစ် ယွမ် ၄၂၀ ဒသမ ၇ ဘီလီယံ (ဒေါ်လာ ၅၈ ဒသမ ၁ ဘီလီယံ) ရှာဖွေပေးနိုင်ခဲ့သည်။

ဘဏ္ဍာငွေအများဆုံး  ရှာဖွေပေးနိုင်သည့်စာရင်းတွင် BYD ကုမ္ပဏီပြီးနောက် နာမည်ကြီးဂျာမနီကုမ္ပဏီကြီးများဖြစ်သည့် Mercedes-Benz နှင့် Volkswagen တို့က ဒုတိယနှင့် တတိယနေရာအသီးသီးတွင် ရပ်တည်လျက်ရှိသည်။

ထို့ပြင်  အခြားကုမ္ပဏီများဖြစ်သည့် Aito  နှင့် Li Auto တို့ကလည်း ဘဏ္ဍာငွေအများဆုံးရှာဖွေပေးနိုင်သည့် မော်တော်ကားစာရင်းတွင်  ပါဝင်လာခဲ့ကြောင်း  Sina Finance တွင်    ဆက်လက်ဖော်ပြထားသည်။

Ref: CNChina

ပွင့်ဖြူမြို့နယ်၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးသည့် ပန်းမုန်လာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး တောင်သူများ သီးနှံဝင်ငွေရရှိသဖြင့် သီးနှံဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကို အထောက်အကူပြုစေမည်ဖြစ်

ပွင့်ဖြူ   ဇန်နဝါရီ   ၂၇

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မုန်းချောင်းရေနှင့် မြေအောက်ရေတို့ဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးသည့် ပန်းမုန်လာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး တောင်သူများသီးနှံဝင်ငွေရရှိသဖြင့် သီးနှံဈေးနှုန်း တည်ငြိမ်ကျဆင်းရေးကိုအထောက်အကူပြုစေမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူ များ၏ပြောကြားချက်အရ သိရသည်။

"ဒီဆောင်းသီးနှံ စိုက်ပျိုးရာသီမှာ ဒေသခံတောင်သူတွေ  မုန်းချောင်းရေ၊ မြေအောက်ရေတို့နဲ့ မိသားစုဝင်ငွေတိုးပွားစေရေးအတွက် တစ်နိုင်တစ်ပိုင်စားဖို ဆောင်းသီးနှံ ပန်းမုန်လာစိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးကြပါတယ်။ အခုဆိုရင် တောင်သူတွေ တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြတဲ့  ပန်းမုန်လာစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းပြီး  ရောင်းချရာမှာလည်း ဈေးကောင်းရရှိလို့ လုပ်ငန်းအဆင်ပြေကြတယ်။ ပန်းမုန်လာစိုက်ပျိုးရေးလုပ်ငန်းမှာ အဖြူမျိုးနဲ့ အစိမ်းမျိုးဆိုပြီး နှစ်မျိုးရှိတယ်။ အဖြူမျိုးက တစ်ပွင့်တည်း သာပွင့်ပြီး အစိမ်းမျိုးက အနည်းဆုံးနှစ်ပွင့်၊  သုံးပွင့်အထိ  ဆွတ်ခူးရောင်းချရပါတယ်။ စားဖိုဆောင်သီးနှံတွေ စိုက်ပျိုးရာ မှာ ဝယ်ယူစားသုံးကြတဲ့ ပြည်သူတွေ အစားအစာဘေးကင်းလုံခြုံစေဖို့  အော်ဂဲနစ်စိုက်ပျိုးနည်းစနစ်နဲ့   စိုက်ပျိုးတာကြောင့် သန့်ရှင်းလတ်ဆတ်မှုရှိပြီး အရည်အသွေးလည်း ကောင်းမွန်ပါတယ်။ သန့်ရှင်းလတ်ဆတ်မှုရှိတဲ့အတွက် ဈေးကွက်မှာ ရောင်းအားကောင်းမွန်နေပါတယ်" ဟု  ပွင့်ဖြူမြို့နယ်  ပိန္နဲတောကျေးရွာမှ ဒေသခံတောင်သူတစ်ဦးကပြောသည်။

ပန်းမုန်လာစိုက်ပျိုးရေးလုပ်ငန်းသည် စိုက်ပျိုးပြီး နှစ်လခွဲခန့်အကြာတွင်ဆွတ်ခူးရောင်းချရကြောင်းနှင့်ပွင့်ဖြူမြို့နယ်ဒေသထွက် ပန်းမုန်လာများသည် အော်ဂဲနစ် စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးကြသဖြင့် သန့်ရှင်းလတ်ဆတ်ပြီး  အရည်အသွေးကောင်းမွန်၍  ဈေးကွက်အတွင်း ရောင်းအားကောင်းမွန်လျက်ရှိကာ မင်းဘူးနှင့် မကွေးမြို့တို့သို့လည်း တင်ပို့ရောင်းချနေရကြောင်း သိရသည်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်ခြင်းဖြင့် စိုက်ပျိုးတောင်သူများ၊ ဆက်စပ်လုပ်ကိုင်သူများနှင့်    ဒေသခံပြည်သူများ၏လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အပြင် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်မှုကိုလည်း   များစွာအထောက်အကူပြုလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ဟင်းသီးဟင်းရွက်သီးနှံစုံ  လျာထားချက်ထက်ပိုမိုစိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ခုနှစ်   ဆောင်းရာသီတွင်  ဟင်းသီးဟင်းရွက် ၅၇၇ ဧက စိုက်ပျိုးရန်လျာထားသော်လည်း ၁၀၆၇ ဧက စိုက်ပျိုးနိုင်သည့်အတွက်လျာထားချက်ထက်    ပိုမိုစိုက်ပျိုးနိုင်ပြီး  ဟင်းသီးဟင်းရွက်စိုက်ခင်းများ   အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

“ ကျွန်တော် ဒီနှစ်ဆောင်းရာသီမှာ ချောင်းရေတင်ပြီး ပန်းမုန်လာ၊ မုန်လာထုပ်၊ ခရမ်း၊ ခရမ်းချဉ်၊ ကိုက်လန်၊  ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ သီးနှံများစိုက်ပျိုးထားပါတယ်။ ခရမ်း၊ ကိုက်လန်သီးနှံများ  သီးနှံပေါ်ချိန်  ဈေးကောင်းရရှိပြီးအကျိုးအမြတ်ရရှိပါတယ်။  တိုးချဲ့စိုက်ပျိုးဖို့ ပြင်ဆင်လျက်ရှိပါတယ်” ဟု  မန်ကျည်းအင်းကျေးရွာ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူ ဦးချစ်မိုးကပြောသည်။

ကျွန်းလှမြို့နယ်  စိုက်ပျိုးရေးဦးစီးဌာနကဟင်းသီးဟင်းရွက် စိုက်ပျိုးသည့် တောင်သူများအားသဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျရောစပ်သုံးစွဲရေး၊ သဘာဝပိုးသတ်ဆေး၊ ပိုးနှင်ဆေးပြုလုပ်သုံးစွဲရေးနှင့် စိုက်ပျိုးရေးနည်းပညာများ ကွင်းဆင်းအသိပညာပေးလျက်ရှိသည်။

စိုက်ပျိုးသီးနှံများကို တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိအောင်စိုက်ပျိုးနိုင်မည်ဆိုပါက နိုင်ငံအတွင်းစားသုံးမှုဖူလုံစေရုံမျှမက ပြည်ပပို့ကုန်အဖြစ်ပါတိုးတက်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုနှင့်ဈေးကွက်လိုအပ်ချက်ဖြစ်သည့်  ဝယ်လိုအားမျှတလာပါက  ကုန်ဈေးနှုန်းတည်ငြိမ်၍လူမှုစီးပွားဘဝလည်းမြင့်မားတိုးတက်လာမည်ဖြစ်သဖြင့်  စိုက်ပျိုးသီးနှံများအထွက်နှုန်းတိုးတက်စေရေး    ဒေသမရွေးကြိုးပမ်းကြရမည်ဖြစ်ကြောင်း သိရသည်။