ရေနံဈေးနှုန်းများလျှော့ချရန် ထရမ့်တိုက်တွန်း

News Image

  • ရေနံဈေးနှုန်းများလျှော့ချရန် ထရမ့်တိုက်တွန်း

သမ္မတထရမ့်က ရေနံဈေးနှုန်းများလျှော့ချရန် ဆော်ဒီအာရေးဘီးယားနှင့် အခြားအိုပက် အဖွဲ့ဝင်နိုင်ငံများသို့ ပြောကြားခဲ့ပြီး အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံမည့်ကိစ္စကိုလည်း ထိထိရောက်ရောက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုကဲ့သို့ ရေနံဈေးနှုန်းများ မြင့်တက်နေမှုအပေါ် ဈေးနှုန်းကျဆင်းလာစေရန် လုပ်ဆောင်နိုင်စွမ်းမရှိသည့် OPEC အဖွဲ့ကိုလည်း အံ့ဩကြောင်း ဇန်နဝါရီ ၂၃ ရက်နေ့က Davos မြို့၌ ကျင်းပခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်စဉ်က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။ 

“ရေနံဈေးနှုန်းမြင့်တက်လာပါက ရုရှား-ယူကရိန်း စစ်ပွဲ ပိုမို အရှိန်ရလာမည်ဖြစ်ပြီး ရေနံဈေးနှုန်းကျဆင်းလာပါက စစ်ပွဲအမြန်ဆုံးအဆုံးသတ်နိုင်ပါကြောင်း” ၎င်းက ထပ်မံပြောကြားခဲ့ပါသည်။

ဆော်ဒီအာရေးဘီးယားအိမ်ရှေ့မင်းသား မိုဟာမက်နှင့် သမ္မတထရမ့်တို့ ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်တွင် တွေ့ဆုံစဉ်က ရေနံဈေးနှုန်းများ လျှော့ချသင့်သည့်ကိစ္စနှင့်စပ်လျဉ်း၍ အပြန်အလှန် ပြောဆိုခဲ့ကြသော်လည်း ဆော်ဒီအာရေးဘီးယားဘက်က တစ်စုံတစ်ရာ ကတိပြု ပြောကြားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။

ကိုးကား -BBC