သတင်းများ

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အမည်ခံအဖွဲ့ဝင်များကို ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်

နေပြည်တော် ဇွန် ၂၀

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေများအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အမည်ခံ အဖွဲ့ဝင်များကို ပြန်လည်ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းမှူးဗိုလ်မှူးချုပ် မျိုးမင်းထွေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေဆိုင်ရာပုဒ်မများနှင့် ပတ်သက်သည်များကို အသိပညာပေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၂၄ ဦးတို့ကို တာဝန်ရှိသူများက ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး ၎င်းတို့၏မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံကာ ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးလျက်ရှိကြောင်း သတင်းရရှိသည်။

MOI

အစ္စရေးနိုင်ငံက အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင်ကို သတ်ဖြတ်မည် ဟု ခြိမ်းခြောက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေး၏ အီရန်အပေါ် စစ်ဆင်ရေး တွင် တိုက်ရိုက်ပါဝင်ရန် စဉ်းစားနေစဉ် ထိုသို့ဝင်ရောက်တိုက်ခိုက်မှုက တီဟီရန်တွင် အစိုးရအပြောင်းအလဲကို ဖြစ်စေနိုင်ခြေရှိမရှိ မေးခွန်းများ မြင့်တက်လာနေသည်။ ထိုသို့ဖြစ်ပါက အီရန်နိုင်ငံ ပြိုကွဲသွားခြင်း နှင့် ဒေသတစ်ခွင်လုံးသို့ ရိုက်ခတ်မှုများ ဖြစ်နိုင်သည်ဟု ဆိုသည်။

အာဏာနှင့် လွတ်လပ်ရေးအတွက် ကြာမြင့်စွာ တိုက်ပွဲဝင်နေသော ခွဲထွက်ရေး လှုပ်ရှားမှုများ ရှိသည့် အီရန်သည် အစိုးရပြိုလဲပါက နိုင်ငံတွင်း ကွဲပြားမှုနှင့် ကပ်ဘေးဆိုးများ ရင်ဆိုင်ရနိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။

အယ်လီ ခါမေနီအား လုပ်ကြံသတ်ဖြတ်ရန် အစ္စရေး၏ အစီအစဉ်ကို ငြင်းပယ်ခဲ့သည်ဟု သတင်းများထွက်ပြီးနောက် ထရမ့်က အီရန်၏ အမြင့်ဆုံးခေါင်းဆောင်သည် “လွယ်ကူစွာ ပစ်မှတ်ထားနိုင်သူ” ဖြစ်ကြောင်း လွန်ခဲ့သည့်သီတင်းပတ်က ပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အယ်လီ ခါမေနီအား ပစ်မှတ်ထားလုပ်ကြံရန် အစီအစဉ်ကို ပယ်ဖျက်ခြင်းမရှိဘဲ အမြင့်ဆုံး ခေါင်းဆောင်၏ သေဆုံးမှုသည် “ပဋိပက္ခကို ပိုမိုဆိုးရွားစေမည် မဟုတ်ဘဲ အဆုံးသတ်သွားစေမည်” ဟု ပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

21 June 2025

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေး ထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာ အသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ် များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ် ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၀ ရက် ညနေ ၄ နာရီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပြည်သူ့ဆေးရုံ၌ မိုင်းစထိမှန် ဒဏ်ရာရရှိထားသည့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၊ အမှတ်(၄)ရပ်ကွက်နေ ဦးလှထွန်း(၅၀)နှစ်သည် ဘားအံမြို့နယ်၊ ထီးညခြားရွာအနီး တောအတွင်း၌ မျှစ်ချိုးနေစဉ် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိ ပေါက်ကွဲခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံ တိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၀ ရက် နံနက် ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဖက်တန်းကျေးရွာအရှေ့တောင်ဘက် ငါးဖာလုံခန့်အကွာ ခက်လန်းကန် ကျေးရွာသွား ကားလမ်းဘေး၌ အမျိုးသား တစ်ဦး ကျည်ထိမှန် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တောင်ဖက်တန်းကျေးရွာနေ ဦးညွန့်လှိုင်(၆၇)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး (စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး “သတင်းပေး၊ ဒလန်” ဟု စွပ်စွဲပြောဆိုကာ လက်နောက်ပြန်ကြိုးတုပ်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ခက်လန်းကန်ကျေးရွာသွား ကားလမ်းဘေး အရောက်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ 
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်း PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ကျေးရွာအတွင်း အကြောင်းမဲ့ပစ်ခတ်ခြင်း၊ မိုင်းထောင်ခြင်းများကြောင့် ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် ဇွန် ၂၀

PDF အမည်ခံအကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်၍ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူသွားလာအသုံးပြုနေသည့် လမ်းများပေါ်၌ မိုင်းထောင်ထားခြင်း၊ ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဇွန် ၁၉ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဝသုန္ဒရကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးဗုံးသီးများမှာ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ကျေးရွာနေသူများ ဖြစ်ကြသည့် ဦးခင်မင်းဇော် (၅၈)နှစ်၊ ဦးစောထွန်း(၅၅)နှစ်၊ ဦးစိုးဇော်ဦး (၃၈)နှစ်၊ ဦးမြင့်ကို (၅၉)နှစ်နှင့် မဇူးရတနာကို(၃)နှစ်တို့ ၅ ဦးတွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၈ နာရီတွင် မတ္တရာမြို့နယ်၊ လက္ကောင်းလေးကျေးရွာနေ ဦးသောင်းဌေး (၅၃)နှစ်သည် ကျေးရွာ၏အရှေ့ဘက်ရှိ ချောင်း၌ ငါးဖမ်းရန်သွားစဉ် ကျေးရွာနှင့် ၃ ဖာလုံခန့်အကွာ အရောက် PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ဦးသောင်းဌေးတွင် ယာခြေသလုံးအောက်မှ ပြတ်ထွက်ဒဏ်ရာတစ်ချက် ရရှိခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ PDF အမည်ခံအကြမ်းဖက်သမားများ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးကျရောက်ပေါက်ကွဲမှုနှင့် နင်းမိုင်းပေါက်ကွဲမှုတို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား မန္တလေးပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးကာ လိုအပ်ချက်များအပေါ် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ PDF အမည်ခံအကြမ်းဖက်သမားများက အပြစ်မဲ့အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူသွားလာလှုပ်ရှားနေသည့် နေရာများ၌ မိုင်းထောင်ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်ခဲ့မှုများကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

နယူးယောက် မြို့တော်ဝန်လောင်း လုပ်ကြံသတ်ဖြတ်ခံရမည်ဟု ခြိမ်းခြောက်ခံရ

ဒီမိုကရက်တစ်ပါတီမှ နယူးယောက်မြို့တော်ဝန်လောင်း Zohran Mamdani အား လုပ်ကြံသတ်ဖြတ်မည်၊ ကားဗုံးခွဲမည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက်ခံရပြီး ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုစတင်ခဲ့သည်။

ဇွန်လ ၁၉ ရက်နေ့တွင် Zohran Mamdani ၏ ရွေးကောက်ပွဲအဖွဲ့က ၎င်းထံသို့ “စိတ်အနှောင့်အယှက်ဖြစ်စရာ” အသံမက်ဆေ့ချ်များ မကြာခဏ ရောက်ရှိလာကြောင်း၊ ၎င်းတွင် လုပ်ကြံသတ်ဖြတ်မည်၊ ကားဗုံးခွဲမည် ဟူသော ခြိမ်းခြောက်မှုများ ပါဝင်ကြောင်း ထုတ်ပြန်ခဲ့သည်။

“Zohran Mamdani တွင် ကားပိုင်ဆိုင်မှုမရှိသော်လည်း၊ ၎င်းအား ပစ်မှတ်ထားသည့် အကြမ်းဖက်ခြိမ်းခြောက်မှုများသည် တစ်ဦးတည်းမှ အကြိမ်ကြိမ်ဖြစ်နေပြီး စိုးရိမ်စရာဖြစ်ကာ မိမိတို့ အထူး သတိထား နေမည်” ဟု ၎င်း၏ရွေးကောက်ပွဲအဖွဲ့က ပြောကြားခဲ့သည်။

နယူးယောက်ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက နောက်ပိုင်းတွင် Mamdani အား ပစ်မှတ်ထားသည့် “အစ္စလာမ်ဘာသာရှုတ်ချမှုဆိုင်ရာ ပြောဆိုချက် များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုစတင်ခဲ့ကြောင်း” အတည်ပြုခဲ့သည်။ ယခုအချိန်အထိ အဆိုပါဖြစ်စဉ်နှင့်သက်ဆိုင်သည့် မည်သည့် သံသယဖြစ်ဖွယ်ကိုမျှ ဖမ်းဆီးထားခြင်းမရှိသေးပေ။

နယူးယောက်ပြည်နယ်လွှတ်တော်အမတ်ဖြစ်သူ အသက် ၃၄ နှစ်အရွယ် Zohran Mamdani ကို ယူဂန်ဒါနိုင်ငံတွင် အိန္ဒိယမိဘများမှ မွေးဖွားခဲ့ပြီး၊ နယူးယောက်ရှိ Columbia တက္ကသိုလ်တွင် ပါမောက္ခတစ်ဦးဖြစ်သည့် အစ္စလာမ်ဘာသာဝင် ဖခင်နှင့်အတူ အမေရိကသို့ ရွှေ့ပြောင်း နေထိုင်ခဲ့သည်။

“၎င်းအား ခြိမ်းခြောက်မှုများသည် ယနေ့အမေရိကန်နိုင်ငံရေး၏ ဝမ်းနည်းဖွယ် အမှန်တရား ကို ရောင်ပြန်ဟပ်နေကြောင်း” ၎င်းကပြောသည်။ ထို့အပြင် “မွတ်စ်လင်မ်ဆန့်ကျင်ရေး၊ ဘာသာရေးနှင့် လူမျိုးရေးအခြေပြု မညီညွတ်မှု နှင့် အမုန်းစကားများကို မြှင့်တင်ရန် ဒေါ်လာသန်းပေါင်းများစွာ အကုန် ခံနေကြသည့်” နိုင်ငံရေးအဖွဲ့အစည်းများကိုလည်း ဝေဖန်ခဲ့သည်။

နယူးယောက်မြို့တော်ဝန်လောင်းအဖြစ် ပြိုင်ပွဲဝင်နေသည့် ယခင် ပြည်နယ်အုပ်ချုပ်ရေးမှူး Andrew Cuomo က X (Twitter) တွင် အမေရိကန်နိုင်ငံရေးနှင့် လူမှုအဖွဲ့အစည်းအတွင်း အကြမ်းဖက်မှုကို ကန့်ကွက်သည့်အနေဖြင့် မက်ဆေ့ဂျ်တစ်စောင် ရေးသားခဲ့သည်။ “နိုင်ငံ သည် အထိခိုက်မခံသော အချိန်ကာလတစ်ခုကို ဖြတ်သန်းနေရပြီး၊ မိမိ တို့သည် စကားလုံးများကို ပျော့ပြောင်းစွာသုံးကာ ပြည်သူတို့၏ ပြဿနာများကို အဓိကထား ဖြေရှင်းရန် လိုအပ်ပါသည်” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

20 June 2025

လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၉ ရက် ည ၉ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ရဲရွာသစ်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးရွှေသိန်း(၄၃)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ငါးဦး(စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးရွှေသိန်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ထရမ့်က အီရန်ကို စစ်ရေးအရ တုံ့ပြန်မည့်ဆုံးဖြတ်ချက်မချမီ ညှိနှိုင်းဆွေးနွေးရန် ၂ ပတ် အချိန်ပေး

သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်ကို စစ်ရေးအရ တုံ့ပြန်မည့် ဆုံးဖြတ်ချက် မချမီ ညှိနှိုင်းဆွေးနွေးရန် နှစ်ပတ်ကြာ အချိန်ပေးရန် ဆုံးဖြတ်ချက်သည် လွန်ခဲ့သောတစ်ပတ်က အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှု စတင်ပြီးနောက် လမ်းဆုံးနေခဲ့သော ဆွေးနွေးပွဲများကို အရေးတကြီး ပြန်လည်စတင်ရန် အားထုတ်မှုများကို လှုံ့ဆော်ပေးလိုက်သည်။

အမေရိကန် အစိုးရအရာရှိများ၏ ပြောကြားချက်အရ ထရမ့်နှင့် ၎င်း၏ အကြံပေးများသည် အစ္စရေး၏ အဆက်မပြတ် တိုက်ခိုက်မှုများနှင့် ၎င်း၏ ဒုံးပစ်လက်နက်များ ဆုံးရှုံးမှုများကို ခံစားနေရသော အီရန်သည် ၎င်း၏ ခေတ်မီနျူကလီးယား လက်နက်များဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို စွန့်လွှတ်ရန် အပါအဝင် ယခင်က ငြင်းဆိုခဲ့သော သဘောတူညီချက်များကို လိုက်လျောပြီး ၎င်း၏ တင်းခံထားသောရပ်တည်ချက်မှ ပြန်လည်ရုန်းထွက်လာမည်ဟု မျှော်လင့်နေကြသည်။

သမ္မတထရမ့်သည် အီရန်ကို တိုက်ခိုက်ရန်အတွက် အမိန့်ပေးရန် အသင့်ပြင်ဆင်နေကြောင်း ညွှန်းဆိုနေသော စစ်ရေးဆန်ဆန် သတင်း စကားများ ရက်ပေါင်းများစွာ ထုတ်ပြန်ပြီးနောက် ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းလိုက်ခြင်းသည် ၎င်း ရှောင်ရှားမည်ဟု ကတိပြုခဲ့သော နိုင်ငံခြား ပဋိပက္ခမျိုးထဲသို့ အမေရိကန်ကို ဆွဲသွင်းနိုင်သည့် အလားအလာများ အပါအဝင် ဖြစ်ပေါ်လာနိုင်မည့် အခြားအကျိုးဆက်များကို ပိုမို စဉ်းစား ဆုံးဖြတ်ရန် အချိန်ပိုရရှိစေသည်။ 

သို့သော် ထရမ့်၏ ကျဉ်းမြောင်းသော အချိန်ဇယားအတွင်း သံတမန် နည်းလမ်းဖြင့် အဖြေရှာရန် ကြိုးပမ်းမှုများသည် အစောပိုင်းတွင် ကြီးမားသောအခက်အခဲများကို ကြုံတွေ့နိုင်သည်။

ဗြိတိန်၊ ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးများသည် သောကြာနေ့ (ဇွန် ၂၀) တွင် ဂျီနီဗာသို့ သွားရောက်ကာ အီရန် ကိုယ်စားလှယ် များနှင့် ဆွေးနွေးမည်ဖြစ်ပြီး အီရန်သို့ ဝစ်ကော့ဖ်က နောက်ဆုံးအကြိမ် အဆိုပြုခဲ့သော သဘောတူညီချက်၏ အသေးစိတ် အချက်အလက်များကို အသိပေးထားသည်။ အဆိုပါသဘောတူညီချက်ကို အီရန်အစိုးရက အစ္စရေး၏ တိုက်ခိုက်မှုများ မစတင်မီ အဆုံးတွင် ငြင်းဆိုခဲ့သည်။ အမေရိကန် အရာရှိတစ်ဦးက ဂျီနီဗာတွင် သောကြာနေ့ (ဇွန် ၂၀) တွင် ကျင်းပမည့် အစည်းအဝေးအောင်မြင်မည်ဟု မျှော်လင့်ထားခြင်း မရှိကြောင်း ပြောကြားခဲ့သည်။ သို့သော် အိမ်ဖြူတော် အရာရှိတစ်ဦးက တိုးတက်မှု ရရှိရန် အခွင့်အလမ်းများကို ဖွင့်ထားသည်ဟု ဆိုသည်။

အိမ်ဖြူတော် တာဝန်ရှိသူတစ်ဦးက “အဆိုပါဆွေးနွေးပွဲသည် ဥရောပ ခေါင်းဆောင်များနှင့် အီရန်အကြားဖြစ်ပြီး ထရမ့်သည် ၎င်း၏ မဟာမိတ်များ၏ သံတမန်ရေးကြိုးပမ်းမှုများကို ထောက်ခံပါသည်။ ၎င်းတို့သည် အီရန်အား ထရမ့်၏သဘောတူညီချက်ကို လက်ခံလာစေရန် လုပ်ဆောင် နိုင်ခြေရှိပါသည်” ဟု ပြောကြားခဲ့သည်။

အစ္စရေး၏တိုက်ခိုက်မှုစတင်ပြီးနောက် တစ်ပတ်အတွင်း အီရန်မှ အမေရိကန်သို့ ပေးပို့ခဲ့သော တသမတ်တည်းသော သတင်းစကားမှာ ‘အစ္စရေး၏ လက်ရှိစစ်ဆင်ရေး မပြီးဆုံးခင်အချိန်ထိ အမေရိကန်နှင့် နောက်ထပ်ဆွေးနွေးမည်မဟုတ်” ဟူ၍ဖြစ်ကြောင်း အရင်းအမြစ်များက ပြောကြားခဲ့သည်။

အမေရိကန်သည် ယခုအချိန်ထိ အစ္စရေးအား ၎င်း၏တိုက်ခိုက်မှုများကို ရပ်တန့်ရန် ဖိအားမပေးသေးပေ။ ထရမ့်ကိုယ်တိုင်ကလည်း ဆက်လက် လုပ်ဆောင်ရန် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုထံ အကြံပြုခဲ့သည်။ လက်ရှိအချိန်ထိ အီရန်သည် ၎င်း၏ယူရေနီယမ် ချဲ့ထွင်မှုဆိုင်ရာ ရပ်တည်ချက်မှ ရုန်းထွက်ရန် လိုလားကြောင်း မည်သည့်လက္ခဏာမျှ မပြသေးဘဲ အီရန်အစိုးရအတွက် အဆိုပါကိစ္စသည် မပြောင်းလဲနိုင်သော အနီရောင်မျဉ်း (red line) ဖြစ်နေဆဲဖြစ်သည်။

ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းခြင်းဖြင့် ထရမ့်သည် တစ်ရက်အလိုက မဖြစ်နိုင် ဟုယူဆထားသော သံတမန်နည်းလမ်းဖြင့်ဖြေရှင်းမှု အပေါ် ပိုမိုအားကိုး လာဟန်ရှိသည်။ ယခုသီပတ်အတွင်း ကျင်းပခဲ့သော အစည်းအဝေး များတွင် ထရမ့်သည် အကြံပေးများအား အမေရိကန်၏ ဘန်ကာ-ဘတ်စတာ ဗုံးများ (bunker-buster bombs) ဖြင့် အီရန်၏ ဖော်ဒိုး မြေအောက် နျူကလီးယားစက်ရုံကို အပြည့်အဝဖျက်ဆီးနိုင်မှုနှင့် ထိုကဲ့သို့သော စစ်ဆင်ရေးတစ်ခု မည်မျှကြာမြင့်နိုင်သည်ကို မေးမြန်းခဲ့ကြောင်း သိရသည်။

သမ္မတထရမ့်သည် နှစ်ပေါင်းများစွာ ကြာရှည်မည့် ပဋိပက္ခ ဖြစ်ပွားစေ နိုင်သည့် လုပ်ရပ်များကို ရှောင်ရှားလိုကြောင်း အခါခါအလေးပေး ပြောဆို ခဲ့သည်။ သို့သော် ၎င်း၏ အနီးကပ်အကြံပေး စတီဗ် ဘန်နွန် အပါအဝင် များစွာသောပုဂ္ဂိုလ်တို့က အကယ်၍ စစ်ရေးလုပ်ငန်းစဉ်ကို ဆက်လုပ်ဆောင်ပါက ရှည်လျားသည့် ပဋိပက္ခ မလွဲမသွေဖြစ်လာမည်ဟု ပြောဆို အကြံပေးခဲ့ကြသည်။

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၁၉

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇွန် ၁၇ ရက်တွင် အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်သေတ္တာ သုံးလုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၄၁၁၈၆၄၇၀) ကိုလည်းကောင်း၊ သီလဝါဆိပ်ကမ်း၌ ကုန်သေတ္တာ ၁၆ လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၀၂ မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၆၀၈၁၀၈၅) ကိုလည်းကောင်း၊ ဇွန် ၁၈ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ Singapore Airlines လေယာဉ်ခရီးစဉ်အမှတ် SQ-762/ SF - 5799 ဖြင့် စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ လိုက်ပါလာသည့် မြန်မာနိုင်ငံသား ခရီးသည်တစ်ဦး ၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၀၀၀၀၀) ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၉၆၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၀၀၀၀၀၀) ကိုလည်းကောင်း၊ အမှတ် (၂) လမ်းမကြီး လေးထောင့်ကန် Max ဆီဆိုင်အနီး၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ခြောက်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၃၃၈၅၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၀၁၆၆၀၅၅ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဇွန် ၁၈ ရက်တွင် နေပြည်တော် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပျဉ်းမနားခရိုင် ဇမ္ဗူသီရိမြို့နယ်အတွင်း၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၅၀၂ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၄၂၂၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်မြို့ ရှမ်းချောင်းလမ်းမကြီး AST ဆီဆိုင်အနီး၌ မြိတ်မြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း သုံးမျိုး၊ လူသုံးကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၃၈၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Zhong Tong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅၃၈၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်လေးပင်ခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၁ ဒသမ ၂၀၅ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၆၀၄၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်၌ မန္တလေးမြို့မှ တောင်ကြီးမြို့သို့ သွားရောက်မည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၆ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၃၈၉၃၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter Truck တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၈၀၀၀၀၀၀) ကိုလည်းကောင်း၊ ကျောက်ဆည်မြို့ မြို့ရှောင်လမ်း ဝင်းထက်ဆီဆိုင်အနီး၌ အေးသာယာမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းရှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၅၂၃၆၂၅၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) ကို လည်း ကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၆၆၂၅၅၅၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဇွန် ၁၈ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှုစာရင်းများအရ လိုင်စင်မဲ့မော်တော်ယာဉ် ၁၂ စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၅၉ စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဇွန် ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၈ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅၃၆၇၄၂၀၅)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့်ကုန်ပစ္စည်းများ စျေးကွက်အတွင်း မျှတစွာ ယှဉ်ပြိုင်နိုင်မှုမရှိခြင်းနှင့် စျေးကွက်ပျောက်ဆုံးခြင်းတို့ ဖြစ်ပေါ်စေပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေပါသဖြင့် တရားမဝင်ကုန်သွယ်မှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သတင်းရရှိသည်။

MNP

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၈ ရက် ည ၉ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ ညောင်ကိုင်းကျေးရွာနှင့် မဲချောင်ကျေးရွာများသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦးခန့်က ဆိုင်ကယ် ငါးစီးဖြင့် ရောက်ရှိလာပြီး ညောင်ကိုင်းကျေးရွာနေ ကိုဝင်းလှိုင်(စိစစ်ဆဲ)နှင့် ကိုကျော်အောင်(စိစစ်ဆဲ)တို့ နှစ်ဦး အားလည်းကောင်း၊ ည ၁၀ နာရီ ၃၀ မိနစ်တွင် မဲချောင်ကျေးရွာနေ ကိုသန်းဇော်(စိစစ်ဆဲ)အားလည်းကောင်း ဖမ်းဆီးခေါ်ဆောင်ကာ ဖြူကုန်းကျေးရွာသို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ဒေသခံပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများ စသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေးနှင့် ဖမ်းဆီးခေါ်ဆောင်ခံရသည့် ပြည်သူများအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။