အမေရိကန်စစ်တပ်က အီရန်ကို ယမန်နေ့ည (ဇွန် ၂၁) က “Operation Midnight Hammer” အမည်ရှိ စစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့ပြီး ပစိဖိတ် ဒေသဆီသို့ ဗုံးကြဲလေယာဉ်များစေလွှတ်ဟန်ဖြင့် “အာရုံလွှဲရန်” နည်းဗျူဟာ ကို အသုံးပြုခဲ့ကြောင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒန်ကိန်းက တနင်္ဂနွေနေ့ (ဇွန် ၂၂) တွင် ပြောကြားခဲ့သည်။

ထိုစစ်ဆင်ရေးတွင် B-2 ကိုယ်ပျောက်ဗုံးကြဲလေယာဉ် ၇ စီး ပါဝင်ခဲ့ပြီး အဆိုပါလေယာဉ်များက အီရန်၏ နျူကလီးယားစက်ရုံများ (Fordow နှင့် Natanz) ကို တန် ၃၀,၀၀၀ အလေးချိန်ရှိ Massive Ordnance Penetrator (MOP) ဗုံးကြီးများ ဒါဇင်ကျော် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် Isfahan ကိုလည်း တိုမာဟော့ခ် ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ချုပ်ကြီး က ဆိုသည်။
စုစုပေါင်း လေယာဉ် ၁၂၅ စီးကျော် (B-2 ဗုံးကြဲလေယာဉ်များ၊ လောင်စာ ဖြည့်လေယာဉ်များ၊ စောင့်ကြည့်ရေးလေယာဉ်များနှင့် တိုက်လေယာဉ်များ အပါအဝင်) ပါဝင်ခဲ့ပြီး၊ အမေရိကန်အရှေ့ဘက်စံတော်ချိန် ည ၆:၄၀ တွင် တိုက်ခိုက်မှုစတင်ကာ ည ၇:၀၀ အချိန်တွင် အီရန်လေပိုင်နက်မှ ဘေးကင်းစွာ ထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။
မစ္စစ္စပီပြည်နယ်ရှိ အခြေစိုက်စခန်းမှ ပျံသန်းခဲ့သည့် အဆိုပါစစ်ဆင်ရေး သည် စက်တင်ဘာ ၁၁ ရက်တိုက်ခိုက်မှုနောက်ပိုင်း B-2 ဗုံးကြဲ လေယာဉ် ကြီးများ၏ အကြာဆုံး စစ်မှုထမ်းဆောင်မှု ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။ ထို့အပြင် တိုမဟော့ခ် ဒုံးကျည်များစွာကိုလည်း အီရန်အတွင်းရှိ ပစ်မှတ်များဆီသို့ ပစ်လွှတ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါလှည့်စားတိုက်ခိုက်မှုကို ဝါရှင်တန်နှင့် တမ်ပါရှိ ထိပ်တန်းတာဝန်ရှိ ပုဂ္ဂိုလ်အနည်းငယ်ကသာ သိရှိခဲ့သည်ဟု ရှင်းပြခဲ့သည်။ အဓိက တိုက်ခိုက်ရေးအုပ်စုဖြစ်သော B-2 Spirit လေယာဉ် ၇ စီး (လေယာဉ်မှူး ၂ ဦးစီ) သည် အရှေ့ဘက်သို့ လျှို့ဝှက်စွာဖြင့် တိတ်တဆိတ် ခရီးနှင်ခဲ့ကြသည် ဟု ၎င်းက ပြောကြားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အမေရိကန်သည် အီရန်၏ Fordow အဏုမြူစက်ရုံကို B-2 ဗုံးကြဲ လေယာဉ် ၆ စီးကိုအသုံးပြု၍ Bunker buster ၁၂ လုံးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု အမေရိကန် အရာရှိတစ်ဦး၏ CNN သို့ ထုတ်ဖော် ပြောဆိုချက်အရ သိရှိရသည်။
ထို့အပြင် အမေရိကန် ရေတပ်ပိုင် ရေငုပ်သင်္ဘောများမှ Natanz နှင့် Isfahan ရှိ စက်ရုံနှစ်ခုသို့ TLAM ခရူးဇ်ဒုံးကျည် ၃၀ ဖြင့်လည်းကောင်း၊ B-2 တစ်စီးမှ Natanz သို့ Bunker buster ၂ လုံးဖြင့်လည်းကောင်း တိုက်ခိုက် ပစ်ခတ်ခဲ့ကြောင်း ၎င်းအရာရှိက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုဆိုင်ရာ အသေးစိတ်အချက်အလက်များကို ယခင်က The New York Times သတင်းစာတွင် ဖော်ပြခဲ့ဖူးသည်။
(Bunker buster) GBU-57A/B Massive Ordnance Penetrator (MOP) ဟုခေါ်သော ယင်းဗုံးသည် အလေးချိန် ပေါင် ၃၀,၀၀၀ ရှိပြီး ပေါက်ကွဲ စေနိုင်သော ခဲယမ်းဆက်စပ်ပစ္စည်း ပေါင် ၆,၀၀၀ ပါဝင်သည်။
အမေရိကန်လေတပ်၏ သတင်းအချက်အလက်များအရ MOP ဗုံးကို ခိုင်ခံ့စွာကာကွယ်ထားသော စခန်းများအတွင်းရှိ ရန်သူ၏ အစုလိုက် အပြုံလိုက် ဖျက်ဆီးနိုင်သည့် လက်နက်များကို တိုက်ခိုက် ဖျက်ဆီးရန် အတွက် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်ဟု ဆိုသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်၏ နျူကလီးယား စက်ရုံ သုံးခုဖြစ်သော Fordow ၊ Natanz နှင့် Esfahan တို့ကို ပစ်မှတ်ထား တိုက်ခိုက်ကြောင်း ၎င်း၏ Truth Social လူမှုကွန်ရက်ပေါ်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

“မိမိတို့သည် Fordow ၊ Natanz နှင့် Esfahan အပါအဝင် အီရန်၏ နျူကလီးယားစက်ရုံသုံးခုကို အောင်မြင်စွာ တိုက်ခိုက်ပြီးစီးခဲ့ပါပြီ၊ လေယာဉ် အားလုံးသည် ယခုအခါ အီရန်၏ လေကြောင်းနယ်နိမိတ်အပြင်သို့ ရောက်ရှိသွားပါပြီ။ အဓိကစက်ရုံ Fordow ကို ထိထိရောက်ရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး လေယာဉ်အားလုံးသည် လုံခြုံစွာဖြင့် ပြန်လည် ရောက်ရှိ ခဲ့ပြီဖြစ်ပါသည်” ဟု ထရမ့်က ရေးသားခဲ့သည်။
၎င်းသည် ထိုစစ်ဆင်ရေးကို ချီးကျူးခဲ့ပြီး “မိမိတို့၏ ကြီးမြတ်သော အမေရိကန်စစ်သည်တော်များကို ဂုဏ်ပြုပါသည်။ ထိုကဲ့သို့ လုပ်ဆောင် နိုင်သည့် အခြားစစ်တပ်မရှိပါ” ဟု ဖြည့်စွက်ခဲ့သည်။
ထိုသတင်းစကားတွင် အမေရိကန်ခေါင်းဆောင်က တီဟီရန်အား ပြန်လည် တုံ့ပြန်တိုက်ခိုက်ခြင်းမပြုဘဲ ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ ပြုလုပ်ရန် တိုက်တွန်းထားသည်ဟု ဖော်ပြထားသည်။
တီဟီရန်ဘက်မှ ယခုအချိန်အထိ တုံ့ပြန်ချက်မရှိသေးပေ။ အီရန် စစ်တပ် က ယခင်က အမေရိကန်နှင့် အခြားတတိယပါတီများအား ပဋိပက္ခတွင် ပါဝင်ခြင်းမပြုရန် သတိပေးခဲ့ပြီး အစ္စရေးသို့ ပို့ဆောင်နေသော စစ်ရေး ပစ်မှတ်များနှင့် လက်နက်တင်သင်္ဘောများကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက် ခဲ့သည်။ ယီမင်ရှိ ဟူသီအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူကလည်း အမေရိကန် ပါဝင်ပါက “အနီးရှိ ပင်လယ်အတွင်းမှ ၎င်း၏စစ်သင်္ဘောများကို ပစ်မှတ် ထားမည်” ဟု သတိပေးခဲ့သည်။
ကိုးကား- RT

နေပြည်တော် ဇွန် ၂၁
မန္တလေးမြို့မှ စစ်ကိုင်းမြို့သို့ ဘိန်းဖြူသယ်ဆောင်ရောင်းဝယ်သူများကို ငွေကျပ်သိန်း ၉၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၄ ဒသမ ၃၅ ကီလိုကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၀ ရက် ည ၈ နာရီတွင် စစ်ကိုင်းမြို့ တကောင်းရပ်ကွက်အနီး မန္တလေးမှ ကလေးသို့ ကျော်စွာလင်းမောင်းနှင်လာသည့် PAJERO မော်တော်ယာဉ်အား သတင်းအရစစ်ဆေးရာ ဘိန်းဖြူမှုန့်အလေးချိန် ၆ ဒသမ ၉၃ ကီလို ဖမ်းဆီးရမိခဲ့သည်။

ကွင်းဆက်စစ်ဆေး ဖော်ထုတ်ချက်အရ ယင်းနေ့ ည ၉ နာရီခွဲတွင် မူးယစ်ဆေးဝါးများ တင်ပေးခဲ့သူ ကျော်ကြီး (ခ) ကျော်မင်းအောင်အား အောင်မြေသာစံမြို့နယ် ၈၈ (A) လမ်း၊ ၂၂ x ၂၃ လမ်းကြားရှိ ကားဂိတ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ဇွန် ၁၁ ရက် နံနက် ၉ နာရီတွင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာမြိုင် (၂) ရပ်ကွက်၊ ၆၁ လမ်း၊ ၄၂ x ၄၃ လမ်းကြားရှိ သန်းသန်းမိုး၏ နေအိမ်အား ရှာဖွေရာ ဘိန်းဖြူမှုန့် အလေးချိန် ၁၇ ဒသမ ၄၂၄ ကီလို ထပ်မံဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့ ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါးများ လာရောက်ပို့ပေးခဲ့သူ မအေးမြင့် (ခ) မလုအား ဆက်လက်ဖမ်းဆီးရမိခဲ့သည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ မန္တလေးမှကလေးသို့ ဘိန်းဖြူများ တင်ပို့ရောင်းချသူ ဒေါ်တင်ဦး (ခ) ဒေါ်အုန်းအား ဇွန် ၁၄ ရက် ညနေ ၅ နာရီတွင် ချမ်းမြသာစည်မြို့နယ် ၆၇ လမ်း၊ ၁၀၅ x ၁၀၆ လမ်းကြားတွင် ဖမ်းဆီးရမိခဲ့ကာ ဒေါ်တင်ဦး (ခ) ဒေါ်အုန်း၊ ၎င်း၏ သားဖြစ်သူ ဟိန်းလတ်နှင့်ဇနီး အေးအေးအောင် (ခ) မပိတို့ သုံးဦးမှာ အုန်းချော နယ်မြေရဲစခန်းမှ မူးယစ်အမှုဖြင့် အလိုရှိ တရားခံပြေးများဖြစ်ပြီး ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် မန္တလေးမှ ကလေးသို့ ဘိန်းဖြူသယ်ဆောင်ရောင်းဝယ်သူများကို ငွေကျပ် သိန်း ၉၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၄ ဒသမ ၃၅ ကီလိုကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အီရန်နိုင်ငံက အမေရိကန်သည် အဏုမြူစက်ရုံများကို ညပိုင်းအချိန်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် အဏုမြူလက်နက်မပျံ့နှံ့ရေးစာချုပ် (NPT) ကို ချိုးဖောက်ခဲ့သည် ဟု စွပ်စွဲခဲ့ကာ ပစ်မှတ်ထားတိုက်ခိုက်ခံရသည့်နေရာများတွင် ရေဒီယို သတ္တိကြွ ညစ်ညမ်းမှု မတွေ့ရှိရကြောင်း အာမခံပြောကြားခဲ့သည်။

တနင်္ဂနွေ (ဇွန် ၂၂) နံနက်စောစောတွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန် ကြေညာချက်တစ်ရပ်တွင် အီရန်၏ အဏုမြူစွမ်းအင်အဖွဲ့ (AEOI) က အမေရိကန်၏ လေတပ်မှ ဒေသစံတော်ချိန် နံနက်စောစောအချိန်တွင် ဖော်ဒိုး (Fordow)၊ နတန်ဇ် (Natanz) နှင့် အစ္စဖာဟန် (Isfahan) ရှိ ၎င်း၏ အဏုမြူစက်ရုံများကို တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး ထိုလုပ်ရပ်အား တရားမဝင်ပြီး “ရက်စက်ကြမ်းကြုတ်သော” လုပ်ရပ် တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။
အီရန်အာဏာပိုင်များက အပြည်ပြည်ဆိုင်ရာ စစ်ဆေးသူများ၏ ကြီးကြပ်မှု အောက်တွင် လည်ပတ်နေသည့် စက်ရုံများကို ဝါရှင်တန်မှ တိုက်ခိုက်ခဲ့ခြင်းအတွက် ဝေဖန်ခဲ့ကြသည်။
“အဆိုပါလုပ်ရပ်ကို နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ လျစ်လျူရှုမှုနှင့်ပင် ထောက်ခံမှုရပ်ဝန်းအောက်တွင် ဆောင်ရွက်ခဲ့ခြင်းမှာ ဝမ်းနည်းဖွယ်ရာပင်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

အီရန်ခေါင်းဆောင်၏ အရေးပါသော အကြံပေးတစ်ဦးက အမေရိကန် ရေတပ်သင်္ဘောများကို ဒုံးကျည်များဖြင့် တိုက်ခိုက်ရန် နှင့် ရေနံသယ်ယူ ပို့ဆောင်ရေး အဓိကလမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြားကို ပိတ်သိမ်းရန် တောင်းဆိုလိုက်သည်။
“အမေရိကန်က ဖော်ဒိုးနျူကလီးယားစက်ရုံကို တိုက်ခိုက်ပြီးနောက် ယခု မိမိတို့အလှည့်ဖြစ်ပါပြီ” ဟု သဘောထားတင်းမာသော Kayhan သတင်းစာ ၏ အယ်ဒီတာချုပ် Hossein Shariatmadari က သတိပေးပြောကြား ခဲ့သည်။ ၎င်းသည် ၎င်းကိုယ်ကို အီရန်ခေါင်းဆောင် Ayatollah Ali Khamenei ၏ “ကိုယ်စားလှယ်” အဖြစ် ယခင်က ပြောဆိုခဲ့သူ ဖြစ်သည်။

Kayhan ၏ Telegram မက်ဆေ့ဂျ်တွင် Shariatmadari က “အချိန် ဆွဲခြင်း၊ နှောင့်နှေးခြင်းမရှိဘဲ ပထမအဆင့်အနေဖြင့် ဘာရိန်းတွင် အခြေစိုက်နေသော အမေရိကန်ရေတပ်အား ဒုံးကျည်များဖြင့် တိုက်ခိုက် ရမည်။ တစ်ချိန်တည်းမှာပင် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်း သွားလာနေသော အမေရိကန်၊ ဗြိတိန်၊ ဂျာမနီနှင့် ပြင်သစ်သင်္ဘောများ အား ပိတ်ပင်ရမည်” ဟု ပြောကြားခဲ့သည်။
ထိုမက်ဆေ့ဂျ်၏ အဆုံးတွင် ကုရ်အာန်ကျမ်းမှ စကားစုတစ်ခုဖြင့် အဆုံးသတ်ထားပြီး၊ “၎င်းတို့ကို သင်တွေ့သမျှနေရာတိုင်းတွင် သတ် ပစ်လော့” ဟု ဖော်ပြထားသည်။
ယခုအချိန်အထိ အမေရိကန်၏ အီရန်နျူကလီးယား စက်ရုံ တိုက်ခိုက်မှု အား ခေါင်းဆောင် Khamenei ထံမှ တရားဝင်တုံ့ပြန်ချက် မရှိသေးပေ။

အမေရိကန် တစ်နိုင်ငံထဲတွင်ရှိသော ပေါင်သုံးသောင်းဗုံးများဖြင့် အီရန် ၏ မြေအောက်နျူကလီးယားနေရာ သုံးနေရာကို အမေရိကန် လေယာဉ် များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သမ္မတထရမ့် ကြေညာခဲ့ကြောင်း သိရှိရပါသည်။
ယနေ့ (ဇွန် ၂၂) အမေရိကန်က ဗုံးကြဲခဲ့သည့် နျူကလီးယား နေရာ သုံးခု ထဲမှ အရေးပါဆုံးနေရာမှာ အစ္စရေးတို့တောင် မဖျက်ဆီးနိုင်သည့် မြေအောက် အနက်ပေ ၂၆၀ နှင့် ၃၀၀ အကြား တည်ဆောက်ထားသော နျုကလီးယား စီမံကိန်း တစ်ခုလည်းပါဝင်ပါသည်။
နတန်ဇ် (Natanz)

ယင်းမှာ အီရန်နိုင်ငံ၏ အကြီးဆုံး ယူရေနီယမ် သန့်စင်စက်ရုံ ဟု သတ်မှတ်ခံထားရပြီး မြို့တော် တီဟီယန်မှ မိုင် ၁၅၀ အဝေးတွင် တည်ရှိပါသည်။
အဆိုပါနေရာ၌ မြေပေါ် အဆောက်အဦ သုံးခုနှင့် မြေအောက် အဆောက်အဦ သုံးခုရှိပါသည်။
ကျွမ်းကျင်သူများ၏ သုံးသပ်ချက်တွေအရ ထိုနေရာတွင် ယူယေနီယမ် တွေကို သန့်စင်ပြီး နျူကလီးယားစွမ်းအင် ထုတ်လုပ်ပါသည်။
အပြည်အပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ IAEA၏ အဆိုအရ ထိုနေရာတွင် ယူယေနီယမ်ကို ၆၀% ရာခိုင်နှုန်းအထိ သန့်စင်ပေးနိုင်ပြီဟု ဆိုပါသည်။ နျူကလီးယား လက်နက်ထုတ်မည် ဆိုပါက ယူယေနီယမ်ကို ၉၀ % သန့်စင်ပေးရမည်ဖြစ်ပါသည်။
ဖော်ဒိုး (Fordow)
အဆိုပါ စက်ရုံမှာ Qom မြို့အနီးမှာရှိပြီး တောင်တန်းများ၏ အတွင်း မြေအောက် ခပ်နက်နက်တွင် လှိုဏ်ဂူတူးပြီးဆောက်ထားသည့် စက်ရုံ ဖြစ်ပါသည်။ စက်ရုံ၏ အရွယ်အစားနှင့် အတိုင်းအတာ အသေးစိတ်ကို မသိရှိရသေးပါ။
အဆိုပါနေရာမှာ စက်ရုံရှိနေသည်ဆိုသည်ကို လွန်ခဲ့သည့် နှစ် အနည်းငယ်က အစ္စရေး ထောက်လှမ်းရေးအဖွဲ့က အီရန်ထံမှ ခိုးယူ ရရှိ ခဲ့သည့် စာရွက်စာတမ်းများအရ သိရှိရခြင်းဖြစ်ပါသည်။
အဆိုပါနေရာမှာရှိသည့် အဓိက စက်ရုံခန်းမသည် မြေအောက်အနက် ၂၆၀ နှင့် ၃၀၀ ပေကြားမှာရှိပြီး ထိုအနက်ကို ဖျက်ဆီးနိုင်သည့် လက်နက် သည် အမေရိကန်တစ်နိုင်ငံတည်းမှာပဲရှိကြောင်း အစ္စရေး တာဝန်ရှိသူ က ပြောခဲ့ဖူးပါသည်။
IAEA ၏ အစီရင်ခံစာအရ ထိုနေရာမှာလည်း ယူယေနီယမ်တွေကို ၆၀ % ထိတိုးမြင့် ထုတ်လုပ်နိုင်နေပြီဖြစ်ကြောင်း သိရှိရပါသည်။
အစ္စဖာဟန် (Isfahan)
ဖော်ပြပါစက်ရုံက အီရန်နိုင်ငံ အလယ်ပိုင်းမှာ တည်ရှိပြီး ၁၉၈၄ ခုနှစ်မှာ တရုတ်အကူညီဖြင့် တည်ဆောက်ခဲ့သည့် နေရာဖြစ်ပါသည်။
အဆိုပါစက်ရုံတွင် နျူကလီးယားသိပ္ပံပညာရှင် အယောက် ၃၀၀၀ ခန့် အလုပ်လုပ်နေကြကြောင်း ခန့်မှန်းထားပြီး အီရန် နျူကလီးယား စီမံကိန်း ၏ ဗဟိုဌာနဟု ယူဆရကြောင်း သိရှိရပါသည်။
ကိုးကား CNN

နေပြည်တော် ဇွန် ၂၀
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေများအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အမည်ခံ အဖွဲ့ဝင်များကို ပြန်လည်ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းမှူးဗိုလ်မှူးချုပ် မျိုးမင်းထွေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေဆိုင်ရာပုဒ်မများနှင့် ပတ်သက်သည်များကို အသိပညာပေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၂၄ ဦးတို့ကို တာဝန်ရှိသူများက ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး ၎င်းတို့၏မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံကာ ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးလျက်ရှိကြောင်း သတင်းရရှိသည်။
MOI

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေး၏ အီရန်အပေါ် စစ်ဆင်ရေး တွင် တိုက်ရိုက်ပါဝင်ရန် စဉ်းစားနေစဉ် ထိုသို့ဝင်ရောက်တိုက်ခိုက်မှုက တီဟီရန်တွင် အစိုးရအပြောင်းအလဲကို ဖြစ်စေနိုင်ခြေရှိမရှိ မေးခွန်းများ မြင့်တက်လာနေသည်။ ထိုသို့ဖြစ်ပါက အီရန်နိုင်ငံ ပြိုကွဲသွားခြင်း နှင့် ဒေသတစ်ခွင်လုံးသို့ ရိုက်ခတ်မှုများ ဖြစ်နိုင်သည်ဟု ဆိုသည်။
အာဏာနှင့် လွတ်လပ်ရေးအတွက် ကြာမြင့်စွာ တိုက်ပွဲဝင်နေသော ခွဲထွက်ရေး လှုပ်ရှားမှုများ ရှိသည့် အီရန်သည် အစိုးရပြိုလဲပါက နိုင်ငံတွင်း ကွဲပြားမှုနှင့် ကပ်ဘေးဆိုးများ ရင်ဆိုင်ရနိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။

အယ်လီ ခါမေနီအား လုပ်ကြံသတ်ဖြတ်ရန် အစ္စရေး၏ အစီအစဉ်ကို ငြင်းပယ်ခဲ့သည်ဟု သတင်းများထွက်ပြီးနောက် ထရမ့်က အီရန်၏ အမြင့်ဆုံးခေါင်းဆောင်သည် “လွယ်ကူစွာ ပစ်မှတ်ထားနိုင်သူ” ဖြစ်ကြောင်း လွန်ခဲ့သည့်သီတင်းပတ်က ပြောကြားခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အယ်လီ ခါမေနီအား ပစ်မှတ်ထားလုပ်ကြံရန် အစီအစဉ်ကို ပယ်ဖျက်ခြင်းမရှိဘဲ အမြင့်ဆုံး ခေါင်းဆောင်၏ သေဆုံးမှုသည် “ပဋိပက္ခကို ပိုမိုဆိုးရွားစေမည် မဟုတ်ဘဲ အဆုံးသတ်သွားစေမည်” ဟု ပြောကြားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

21 June 2025
အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေး ထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာ အသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ် များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ် ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၀ ရက် ညနေ ၄ နာရီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပြည်သူ့ဆေးရုံ၌ မိုင်းစထိမှန် ဒဏ်ရာရရှိထားသည့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၊ အမှတ်(၄)ရပ်ကွက်နေ ဦးလှထွန်း(၅၀)နှစ်သည် ဘားအံမြို့နယ်၊ ထီးညခြားရွာအနီး တောအတွင်း၌ မျှစ်ချိုးနေစဉ် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိ ပေါက်ကွဲခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA