သတင်းများ

24 June 2025

လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် ကျေးရွာလုံခြုံရေးဆောင်ရွက်နေသည့် ပြည်သူ့စစ်အဖွဲ့ဝင်များအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၂ ရက် ည ၁၂ နာရီ ၂၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ အေးသုခကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ အဆိုပါကျေးရွာနေ ပြည်သူ့စစ်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးရွှေနုအောင်(၇၅)နှစ်၊ ဦးဝင်းကြိုင်(၄၅)နှစ်နှင့် ဦးရဲနီ(၅၅)နှစ်တို့ သုံးဦးက လုံခြုံရေးဆောင်ရွက်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၂၀ ဦးခန့်(စိစစ်ဆဲ)က လက်နက်များ ကိုယ်စီကိုင်ဆောင်၍ ဒိုက်ဦးမြို့နယ်၊ ဘောနီကျေးရွာဘက်မှ ရောက်ရှိလာပြီး ရုံးအတွင်း ဝင်ရောက်ကာ ဦးရွှေနုအောင်အား ဓားဖြင့် ထိုးခုတ်သတ်ဖြတ်၍ ဦးရဲနီအား ရုံးရှေ့ရှိ ရေမြောင်းအတွင်းသို့ ကန်ချခဲ့ပြီး ဦးဝင်းကြိုင်အား ဖမ်းဆီးခေါ်ဆောင်ကာ ဘောနီကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အကြမ်းဖက်ချေမှုန်းရေး ဆောင်ရွက်ခဲ့ရာ ဒိုက်ဦးမြို့နယ်၊ မအူတန်းကျေးရွာအနီး ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၅၇ မိုင် ၁ ဖာလုံအရောက်၌ ဦးဝင်းကြိုင်အား ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး အဆိုပါဖြစ်စဉ်တွင် ပြည်သူ့စစ်အဖွဲ့ဝင် ဦးရွှေနုအောင်နှင့် ဦးဝင်းကြိုင်တို့တွင် ဓားဒဏ်ရာ များရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ကျေးရွာလုံခြုံရေးဆောင်ရွက်နေသည့် ပြည်သူ့စစ်အဖွဲ့ဝင်များအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။

24 June 2025

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၃ ရက် ည ၇ နာရီ ၄၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြကံသာကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအတွင်း လက်နက် ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဦးအောင်ဆန်းဦး(၅၀)နှစ်တွင် လက်နက်ကြီးဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
 
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ယူကေ-ယူကရိန်း စစ်သုံးဒရုန်း ပူးပေါင်းထုတ်လုပ်ရေး စတင်မည်ဟု ကြေညာ

လန်ဒန်တွင် တနင်္လာနေ့ (ဇွန် ၂၃) က ကျင်းပသော သဘောတူညီချက် လက်မှတ်ရေးထိုးပွဲတွင် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက ယူကရိန်း အား စစ်ရေးအကူအညီပေးရာတွင် ပထမဆုံးအကြိမ် ပူးပေါင်း ဆောင်ရွက်မှုနှင့် ကြီးမားသောတိုးတက်မှုအဖြစ် မှတ်တမ်းတင်ခဲ့ပြီး ဇီလန်စကီးက အဆိုပါသဘောတူညီချက်ကို သမိုင်းဝင်လုပ်ဆောင်မှုဟု ဖော်ပြခဲ့သည်။

မော်စကိုအစိုးရက ဗြိတိန်နိုင်ငံအား ရုရှား-ယူကရိန်းပဋိပက္ခတွင် အဓိက ထောက်ပံ့တွန်းအားပေးနေသည့် နိုင်ငံအဖြစ် မကြာခဏ ပြောဆိုလေ့ရှိသည်။

အဆိုပါစီမံကိန်း၏ အသေးစိတ်အချက်အလက်များကို မည်သည့် ခေါင်းဆောင်ကမျှ ထုတ်ဖော်မပြောဆိုသော်လည်း ယူကရိန်း ကာကွယ်ရေးလုပ်ငန်းများသည် ဗြိတိန်တို့၏ စစ်မြေပြင်နည်းပညာများမှ အကျိုးကျေးဇူး ရရှိမည့် အလားအလာရှိကြောင်း နှစ်ဖက်စလုံးက ဖော်ပြခဲ့သည်။

ဇီလန်စကီးသည် ယခုသီတင်းပတ်အတွင်း စတာမာနှင့်တွေ့ဆုံရန်နှင့် Chatham House Think Tank ၏ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားရန် ဗြိတိန်သို့ရောက်ရှိခဲ့ပြီး မိန့်ခွန်းတွင် တာဝေး ထိန်းချုပ် ပျံသန်းနိုင်သော ဒရုန်း ထုတ်လုပ်မှုကို ဇီလန်စကီးက ဖော်ပြခဲ့သည်။ အဆိုပါ အသေခံ ဒရုန်းတစ်စင်းသည် မော်စကိုအနီး ရပ်ကွက်တစ်ခုရှိ လူနေအဆောက်အဦ တစ်ခုကို အင်္ဂါနေ့ (ဇွန် ၂၄) နံနက်စောစောတွင် တိုက်ခိုက်ခဲ့သည်။

ရုရှားက ဗြိတိန်သည် ခရိုင်းမီးယားကို ပစ်မှတ်ထားသည့် ရေတပ်ဆိုင်ရာ ဒရုန်းတိုက်ခိုက်မှုများအပါအဝင် ယူကရိန်း၏ ဒရုန်းစစ်ဆင်ရေးများတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခဲ့သည်။ လွန်ခဲ့သော လဆန်းပိုင်းက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လဗရော့ဗ်က ဗြိတိန်နိုင်ငံသည် မော်စကိုက အကြမ်းဖက်မှုအဖြစ် သတ်မှတ်ထားသော လုပ်ဆောင်ချက်များအပါအဝင် ယူကရိန်းထောက်လှမ်းရေးလုပ်ငန်းများတွင်လည်း “၁၀၀% ပါဝင်ပတ်သက်နေသည်” ဟု ပြောကြားခဲ့သည်။

“အဆိုပါအရာအားလုံးကို ယူကရိန်းဘက်မှ လုပ်ဆောင်နေခြင်းဖြစ်သော်လည်း ဗြိတိန်၏ထောက်ပံ့မှုမရှိပါက မည်သို့မျှ အထောက်အကူ မဖြစ်နိုင်သည်မှာ ရှင်းနေပါသည်” ဟု လဗရော့ဗ်က ဆိုသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

အီရန်ကို တိုက်ခိုက်မှုအတွက် မည်သည့်အကြောင်းပြချက်မျှမရှိဟု ပူတင် ပြော

အစ္စရေးနှင့် အမေရိကန်တို့၏ အီရန်ဆန့်ကျင်ရေး ရန်စမှုများသည် အကြောင်းတရားမရှိဘဲ မှားယွင်းသော အပြုအမူများဖြစ်ကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီ အား ပြောကြားခဲ့သည်။

တနင်္လာနေ့ (ဇွန် ၂၃) တွင် မော်စကိုသို့ရောက်ရှိလာပြီး ရုရှားသမ္မတနှင့် တွေ့ဆုံခဲ့သော အီရန်နိုင်ငံခြားရေးဝန်ကြီးက ၎င်း၏ခရီးစဉ်သည် အမေရိကန်၏ အီရန်နျူကလီးယားစက်ရုံများကို တိုက်ခိုက်မှုအပြီး ရုရှား နှင့် “ပိုမိုနီးကပ်၊ ပိုမိုတိကျပြီး ပိုမိုလေးနက်သော တိုင်ပင်ဆွေးနွေးမှုများ” ပြုလုပ်ရန် လိုအပ်ကြောင်း ယခင်က ဖော်ပြခဲ့သည်။

ကရင်မလင်တွင် ကျင်းပသော အစည်းအဝေးအတွင်း ပူတင်က အီရန် အပေါ် တိုက်ခိုက်မှုများကို အကြောင်းမဲ့စော်ကားမှုအဖြစ် သတ်မှတ်ကာ ယင်းအတွက် “မည်သည့်အကြောင်းပြချက်မျှ မရှိနိုင်” ကြောင်း ပြောကြား ခဲ့သည်။

အစ္စရေးနှင့် အမေရိကန်၏ လုပ်ရပ်များသည် တရားမဝင်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ စံနှုန်းများကို ချိုးဖောက်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ရုရှားခေါင်းဆောင်က အာရက်ချီအား မော်စကိုတွင် တွေ့ဆုံရသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်ကြောင်း၊ ၎င်း၏ခရီးစဉ်သည် ရုရှားနှင့် အီရန်တို့အား “လက်ရှိအရေးတကြီးကိစ္စရပ်များကို ဆွေးနွေးကာ လက်ရှိအခြေအနေမှ ရုန်းထွက်ရန် နည်းလမ်းများကို ပူးပေါင်းစဉ်းစားဆောင်ရွက်နိုင်မည်” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီရန်က အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်စခန်းများကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်

အီရန်နိုင်ငံမှ အမေရိကန်၏ အရှေ့အလယ်ပိုင်းဒေသ စစ်စခန်းများကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာ များက တနင်္လာနေ့ (ဇွန် ၂၃) တွင် ဖော်ပြခဲ့သည်။ "Herald of Victory" (အောင်ပွဲ၏ အစပျိုး) ဟု အမည်ပေးထားသော အဆိုပါစစ်ဆင်ရေးတွင် ကာတာနှင့် အီရတ်နိုင်ငံရှိ စစ်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုသည် အမေရိကန်၊ ကာတာနှင့် ဗြိတိန်တို့ အသုံးပြုနေသော Al Udeid လေတပ် အခြေစိုက်စခန်းကို ပစ်မှတ်ထားသည်ဟု သတင်းများက ဖော်ပြထားပြီး ဒုံးကျည်များ စခန်းအတွင်းသို့ ကျရောက်ထိမှန်ခဲ့ခြင်း ရှိ/ မရှိ မသိရှိရသေးပေ။

ကာတာစစ်တပ်က အီရန်ဒုံးကျည်အားလုံးကို ချေမှုန်းနိုင်ခဲ့ပြီး မည်သူ တစ်ဦးတစ်ယောက်မျှ အသက်ဆုံးရှုံးခြင်း သို့မဟုတ် ဒဏ်ရာရခြင်း မရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါ တိုက်ခိုက်မှုကို "အချုပ်အခြာအာဏာကို သိသာထင်ရှားစွာ ချိုးဖောက်မှု" အဖြစ် ရှုတ်ချပြီး ဒိုဟာအနေဖြင့် ယင်းတိုက်ခိုက်မှုကို တုံ့ပြန်ပိုင်ခွင့် ရှိသည်ဟု ပြောကြားခဲ့သည်။

သို့သော် အီရန်မီဒီယာများက အနည်းဆုံး ဒုံးကျည် (၃) စင်း လေကြောင်း ကာကွယ်ရေးစနစ်ကို ကျော်ဖြတ်ကာ လေတပ်စခန်းကို ထိမှန်ခဲ့သည်ဟု ဖော်ပြသည်။ အချို့သတင်းဌာနများက အဆိုပါအရေအတွက်ထက် နှစ်ဆများပြီး အနည်းဆုံး ဒုံးကျည် (၆) စင်း ပစ်မှတ်ကို ရောက်ရှိခဲ့သည်ဟု ဆိုသည်။

အီရန်၏ ထိပ်တန်းအစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က Al Udeid စခန်းကို တိုက်ခိုက်မှုကို အတည်ပြုခဲ့ပြီး ထိုစခန်းအား "အနောက် အာရှဒေသတွင် အမေရိကန်အကြမ်းဖက်စစ်တပ်၏ အကြီးဆုံး နည်းဗျူဟာမြောက် အရင်းအမြစ်" အဖြစ် ရည်ညွှန်းဖော်ပြခဲ့သည်။ IRGC က "အီရန် နိုင်ငံ၏ နယ်နိမိတ်၊ အချုပ်အခြာအာဏာနှင့် အမျိုးသားလုံခြုံရေးကို ထိပါးသည့် မည်သည့်တိုက်ခိုက်မှုကိုမဆို တုံ့ပြန်တိုက်ခိုက်ခြင်းမှ ချန်လှပ် ထားခဲ့မည် မဟုတ်" ဟု အလေးပေး ပြောကြားခဲ့သည်။

အီရန် သတင်းအရင်းအမြစ်များက အဆိုပါတိုက်ခိုက်မှုသည် အဓိကအားဖြင့် အမေရိကန်၏တိုက်ခိုက်မှုများအား လက်တုံ့ပြန်သည့်အနေဖြင့် လိုအပ်သော သက်သေပြမှု သင်္ကေတတစ်ခုဖြစ်သော်လည်း တင်းမာမှု လျှော့ချရန် အလားအလာကိုလည်း ချန်ထားခဲ့သည်ဟု ဆိုသည်။

အခြားဒေသတွင်းနိုင်ငံများဖြစ်သည့် ယူအေအီး၊ ဘာရိန်း၊ ကူဝိတ်နှင့် အီရတ်တို့သည် အီရန်၏ အမေရိကန်စစ်စခန်းများကို နောက်ထပ် တိုက်ခိုက်နိုင်ခြေအတွက် မိမိတို့၏ လေကြောင်းနယ်နိမိတ်များကို ယာယီ ပိတ်ထားကြောင်း ကြေညာခဲ့သည်။ အီရန်မီဒီယာများက အီရတ်ရှိ အမေရိကန်စစ်စခန်းများကို ဒုံးကျည်များဖြင့် ထပ်မံပစ်လွှတ် တိုက်ခိုက် ခဲ့သည်ဟု ဖော်ပြခဲ့သည်။

နောက်ပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်၏ တိုက်ခိုက်မှုကို အလွန်အားနည်းသော တုံ့ပြန်မှုအဖြစ် သုံးသပ်ခဲ့ပြီး ပစ်လွှတ်ခဲ့သည့်ဒုံးကျည် ၁၄ စင်းအနက် ၁၃ စင်းကို ကာကွယ်နိုင်ခဲ့ကာ နောက်ဆုံး ၁ စင်းမှာ ပစ်မှတ်လွဲချော်ခဲ့သည်ဟု ဆိုသည်။ ထို့အပြင် အီရန်က ဝါရှင်တန်အား တိုက်ခိုက်မှုအကြောင်း ကြိုတင် သတိပေး ခဲ့ကြောင်း ၎င်းက ဖော်ပြခဲ့သည်။

သမ္မတထရမ့်က ၎င်း၏ Truth Social လူမှုမီဒီယာတွင် “အချိန်မီ အသိပေးခဲ့သည့်အတွက် အီရန်ကို ကျေးဇူးတင်ပါသည်။ ထို့ကြောင့် မည်သူမျှ အသက်မဆုံးရှုံးခဲ့ပါ၊ ဒဏ်ရာလည်း မရခဲ့ပါ” ဟု ရေးသားခဲ့ပြီး အီရန်အနေဖြင့် “ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်မှုဘက်သို့ ဆက်လက် လျှောက်လှမ်းနိုင်မည်” ဟု မျှော်လင့်ကြောင်း၊ ၎င်းကိုယ်တိုင်လည်း “အစ္စရေးကို ထိုနည်းအတိုင်း လုပ်ဆောင်ရန် အားပေးမည်” ဟု ကတိပြုခဲ့ပြီး “ကမ္ဘာကြီးကို ဂုဏ်ပြုပါသည်၊ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းရန် အချိန်ကျရောက်ပါပြီ” ဟု ၎င်းက ဖြည့်စွက် ရေးသားခဲ့သည်။

ဆီးရီးယားရှိ ဘုရားရှိခိုးကျောင်းဗုံးခွဲတိုက်ခိုက်မှုတွင် ပါဝင်သူများ တရားဥပဒေအရစီရင်ခံရမည်ဟုဆို

ဇွန်လ ၂၂ ရက်တွင်ဖြစ်ပွားသည့် ဘုရား ရှိခိုးကျောင်းတစ်ခု ဗုံးခွဲတိုက်ခိုက်ခံရမှု၌ ပါဝင်သူများသည် တရားဥပဒေအရစီရင်ခံရမည်ဖြစ်ကြောင်း ဆီးရီးယားယာယီ သမ္မတ အာမတ်အယ်ရှာရာက ဇွန်လ ၂၃ ရက်တွင်ပြောသည်။

ဒမတ်စကပ်မြို့ ဒွဲလာရပ်ကွက်ရှိ ဘုရား ရှိခိုးကျောင်းတစ်ခုတွင် ပစ်ခတ်မှုများနှင့် အသေခံဗုံးခွဲတိုက်ခိုက်မှုတို့ဖြစ်ပွားရာ လူ၂၅ ဦးသေဆုံးပြီး ၆၃ ဦးဒဏ်ရာရှိသည် ဟု ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုကိုကျူးလွန်သူသည် IS စစ်သွေးကြွအဖွဲ့နှင့်ဆက်စပ်နေသူဖြစ်ကြောင်း၊ အဆိုပါပြစ်မှုကျူးလွန်သူများကို နေ့ရောညပါရှာဖွေဖော်ထုတ်ဖမ်းဆီးကာ ဥပဒေနှင့်အညီစီရင်သွားမည်ဖြစ်ကြောင်း ရှာရာကထုတ်ပြန်ထားသည်။ ယခုတိုက်ခိုက်မှုသည်၂၀၁၁ ခုနှစ်နောက်ပိုင်း ဘုရား ရှိခိုးကျောင်းအတွင်းပိုင်း၌ ပထမဆုံးဖြစ် ပွားသောတိုက်ခိုက်မှုဖြစ်ကြောင်း လေ့လာသူများကပြောသည်။ 

Ref: AGC

MWD Daily Newspaper

Photo - Al Monitor

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စီမံထိန်းချုပ်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ကြေညာ

နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတိုက်ဖျက်ရေးအား ဘက်စုံမြှင့်တင်ရန်အတွက် ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်စပ်ဒေသ စီမံထိန်းချုပ်မှု အစီအမံများအား မြှင့်တင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုန်တန်က ဇွန် ၂၃ ရက်တွင် ကြေညာခဲ့သည်။ 

ထိုင်းနိုင်ငံအစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့် ထိစပ်နေသောဒေသ၏ နယ်စပ်စီမံထိန်းချုပ်မှုများကို တစ်ဆင့်တိုး မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ ယင်းတွင် နယ်စပ်ပြည်နယ် ၇ ခု၏ နယ်စပ်စစ်ဆေးရေးစခန်း ဖွင့်လှစ်သည့်အချိန် ကန့်သတ်ခြင်း၊ မလိုအပ်သည့်အခြေအနေတွင် ယာဉ်နှင့် တစ်သီးပုဂ္ဂလ နယ်စပ်ဖြတ်ကျော် ဖြတ်သန်းသွားလာမှုအား တားမြစ်ခြင်း တို့ပါဝင်ကြောင်း ပေထုန်တန်က ထိုနေ့ ဝန်ကြီးချုပ်အိမ်တော်၌ ကျင်းပ သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ပေထုန်တန်က ထိုင်းနိုင်ငံအစိုးရအနေဖြင့် နိုင်ငံဖြတ်ကျော် ဆက်သွယ်ရေး လိမ်လည်မှုကွန်ရက်နှင့် ပတ်သက်သည့် ဘဏ္ဍာရေးစနစ်အား စောင့်ကြည့် ထိန်းချုပ်မှုကိုလည်း မြှင့်တင်သွားမည်ဖြစ်ပြီး ကမ္ဘောဒီးယား စစ်တပ်၊ အစိုးရအဖွဲ့အစည်းများနှင့် အင်တာနက်နှင့် ပင်လယ်ရေအောက် အင်တာနက် ဖိုင်ဘာကြိုး ချိတ်ဆက်မှုကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်မှု သက်ဆိုင်ရာဒေသသို့ လျှပ်စစ်ဓာတ်အား၊ လောင်စာဆီနှင့် အခြား အဓိကပစ္စည်းများ တင်ပို့မှုကိုလည်း ရပ်ဆိုင်းပြီး ကမ္ဘောဒီးယားအပေါ် လောင်စာဆီတင်ပို့မှုကို ပြန်လည်စိစစ်ကာ ၎င်းကို အခြား တရားမဝင် အကျိုးအတွက် အသုံးပြုမှုများကို ကြိုတင်ကာကွယ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ထိုင်းနိုင်ငံ စစ်တပ်၏ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်အား ထိန်းချုပ်သော ကြည်းတပ်စစ်ဌာနချုပ်နှင့် ရေတပ် နယ်စပ်ကွပ်ကဲရေးဌာနတို့က ဇွန် ၂၃ ရက် ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်၍ ကမ္ဘောဒီးယားနှင့် နယ်စပ် ဒေသ ပြည်ဝင်၊ ပြည်ထွက် ကန့်သတ်မှုအစီအမံများအား တင်းကျပ်စွာ လုပ်ဆောင်သွားပြီး ဆေးကုသရေး စသည့် လူသားချင်းစာနာမှု အကြောင်း ပြချက်ဖြင့် ပြည်ဝင်ပြည်ထွက်မှုနှင့် ကျောင်းတက်ခြင်း၊ လူနေမှုဘဝ လိုအပ်သည့်ပစ္စည်းများ ဝယ်ယူခြင်း စသည့် လိုအပ်သော သွားလာမှုများ ကိုသာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ထိုင်းမီဒီယာများက သတင်းဖော်ပြကြသည်။

လတ်တလောကာလအတွင်း နယ်စပ်ဒေသအငြင်းပွားမှုကြောင့် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တင်းမာမှု အခြေအနေ ဆိုးရွားလာခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံက ဇွန် ၂၂ ရက်တွင် ထိုင်းနိုင်ငံမှ လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့ တင်သွင်းမှုကို တားမြစ်ကြောင်း၊ ကမ္ဘောဒီးယား နိုင်ငံသားများကိုလည်း ထိုင်းနိုင်ငံသို့ ခရီးသွားလာမှုအား ရှောင်ကြဉ်ရန် အကြံပြုခဲ့သည်။

ကိုးကား - ဆင်ဟွာ

drug

နေပြည်တော် ဇွန် ၂၃

တာချီလိတ်မြို့၌ ငွေကျပ် ၆၀၄ ဒသမ ၉ သိန်းကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်၂၁ ရက် ညနေပိုင်းက သတင်းအရ တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက် မြို့ပတ်လမ်းပေါ်တွင် အောင်မျိုးလင်း (ခ) အားဖာ မောင်းနှင်ပြီး အိုက်ဆမ် (ခ) အားဟုန် လိုက်ပါလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ၎င်းတို့နှစ်ဦးထံမှ အိုက်စ် (မက်သ်အဖက်တမင်း) ၆ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၆၀၀) ဖမ်းဆီးရမိသည်။

ကွင်းဆက်စစ်ဆေး ဖော်ထုတ်ချက်အရ တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် လားဟူဈေးအနီး၌ အိုက်စ် (မက်သ်အဖက်တမင်း) များ ရောင်းချပေးသူ စိုင်းလုံ (ခ) ဝမ်ဒင်အား ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိပြီး တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ ၎င်း၏နေအိမ်အား ဆက်လက်သွားရောက်ရှာဖွေရာ အိုက်စ် (မက်သ်အဖက်တမင်း) ၀ ဒသမ ၀၀၅ ကီလို (တစ်ကီလို လျှင် ငွေကျပ်သိန်း ၁၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၅၀၀၀၀)၊ အက်တက်စီဆေးပြား ၁၁ ပြား (တစ်ပြားလျှင် ငွေကျပ် ၄၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၄ ဒသမ ၄ သိန်း) နှင့် စိတ်ကြွရူးသွပ်ဆေးပြား ကိုးပြား (တစ်ပြားလျှင် ငွေကျပ် ၇၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၆၃၀၀)တို့အား ထပ်မံဖမ်းဆီးရမိသဖြင့် အောင်မျိုးလင်း(ခ)အားဖာ (၂၂)နှစ်၊ အိုက်ဆမ်(ခ)အားဟုန် (၂၂)နှစ်နှင့် စိုင်းလုံ (ခ) ဝမ်ဒင်(၃၂)နှစ်တို့ သုံးဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားသည်။

အလားတူ မိုးညှင်းမြို့နယ် ပင်လုံကျေးရွာအုပ်စု နန့်စီးအောင် ကျေးရွာအနီးတွင် ရွှေကူမြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသည့် ရွှေကူစတားယာဉ်လိုင်း မှ HIACE အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါ ခရီးသည် ဇော်မင်းနှင့် ခင်စန်းတင့်တို့ နှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၇၂ သိန်း)၊ ဘိန်းဖြူ ၀ ဒသမ ၀၉၉ ကီလို(တစ်ကီလိုလျှင် ငွေကျပ်သိန်း ၄၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၃၉ ဒသမ ၆ သိန်း) ဖမ်းဆီးရမိသဖြင့် ဇော်မင်း (၅၀)နှစ်၊ ခင်စန်းတင့် (၄၉) နှစ်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

MOI

အမေရိကန်ဗိုလ်ချုပ်ကြီးက အီရန်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရန် ၁၀ နှစ်ကြာ အစီအစဉ်ရေးဆွဲခဲ့ကြောင်း ပြောကြား

ဗိုလ်ချုပ်ကြီး ရောဘတ် စပါလ်ဒင်း က အမေရိကန် လေတပ်သည် အီရန်ကို ဗုံးကြဲတိုက်ခိုက်ရန် အစီအစဉ်ကို ၁၀ နှစ်ကျော်ကတည်းကရေးဆွဲခဲ့ပြီး ထရမ့်အစိုးရလက်ထက်တွင် "အကောင်းဆုံး" အကောင်အထည် ဖော်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဇွန် ၂၂ ရက်နံနက်အစောပိုင်းက စတင်ခဲ့သော "Night Hammer" စစ်ဆင်ရေးတွင် အမေရိကန်စစ်တပ်သည် အီရန်၏ နျူကလီးယား စက်ရုံ များကို တိုက်ခိုက်ရန် သမိုင်းတစ်လျှောက် အကြီးဆုံး B-2 မဟာဗျူဟာ ဗုံးကြဲလေယာဉ် တပ်ဖွဲ့ကို အသုံးပြုခဲ့သည်။ အမေရိကန် အရာရှိများ၏ အဆိုအရ ထိုတိုက်ခိုက်မှုသည် ၃၇ နာရီခန့် ကြာမြင့်ခဲ့ပြီး ၂၀၀၁ ခုနှစ် နောက်ပိုင်းတွင် B-2 လေယာဉ်များ လုပ်ဆောင်ခဲ့သည့် အကြီးမားဆုံးနှင့် အရှည်လျားဆုံး စစ်ဆင်ရေးဖြစ်သည်။

အမျိုးသားလုံခြုံရေးကောင်စီ မဟာဗျူဟာစီမံကိန်းရေးရာဌာန၏ ဒါရိုက်တာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော လေတပ်ဗိုလ်မှူးချုပ် ရောဘတ် စပါလ်ဒင်းက Night Hammer စစ်ဆင်ရေးသည် နှစ်ပေါင်းများစွာ ကတည်းက ပါဝင်ရေးဆွဲခဲ့သည့် စစ်ဆင်ရေးအစီအစဉ်အတိုင်း "အကောင်းဆုံး" အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ယခုအခါ Hudson Institute တွင် အကြံပေးပညာရှင်အဖြစ် လုပ်ကိုင် နေသော စပါလ်ဒင်းက အီရန်၏နျူကလီးယားစက်ရုံများကို လေကြောင်း တိုက်ခိုက်ရန် ဆယ်စုနှစ်ကျော်မျှ ကြိုတင်ပြင်ဆင်မှုများ လိုအပ်ကြောင်း၊ ယင်းတွင် အသုံးပြုမည့် လက်နက်စနစ်များနှင့် စစ်ဆင်ရေး အစီအစဉ် များအတွက် ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြုမှုများ ပါဝင်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

စပါလ်ဒင်း၏ အဆိုအရ စစ်ဆင်ရေးကို စီစဉ်သောအခါတွင် စစ်ဆင်ရေး ၏ အောင်မြင်မှုသည် လျှို့ဝှက်မှုပေါ်တွင် များစွာမူတည်သည်ဟု အမေရိကန် စစ်တပ်က ဆုံးဖြတ်ခဲ့သည်။ ၎င်းကူညီရေးဆွဲခဲ့သည့် အစီအစဉ်တွင် အမေရိကန်လေတပ်သည် ဂူအမ်သို့ ဗုံးကြဲလေယာဉ် တပ်ဖွဲ့တစ်ခုစေလွှတ်ကာ "အာရုံပြောင်းလှည့်မှု" အဖြစ် အသုံးပြုခဲ့ပြီး လူထုအာရုံနှင့် အီရန်၏ အာရုံကို ဖယ်ရှားခဲ့သည်။

"ယနေ့ကမ္ဘာတွင် ထိုကဲ့သို့သော လှုပ်ရှားမှုများကို ဖုံးကွယ်ရန် ပိုမို ခက်ခဲလာသည်" ဟု စပါလ်ဒင်းက ပြောကြားခဲ့သည်။ “စမတ်ဖုန်းများနှင့် လေယာဉ်လမ်းကြောင်းခြေရာခံ ဝက်ဘ်ဆိုဒ်များကြောင့် ရန်သူများက အဆိုပါလုပ်ဆောင်ချက်များကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်သည် ဆိုသည့် အချက်အလက်များအားလုံးကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်” ဟု ၎င်းကဆိုသည်။

B-2 ၏ အတောင်ပံ ဒီဇိုင်းသည် ရေဒါဖမ်းယူမှုများကို ရှောင်ရှားနိုင်စေပြီး အီရန်ကို တိုက်ခိုက်ရန် အကောင်းဆုံးလေယာဉ်အဖြစ် သင့်လျော် စေသည်။ အစ္စရေးသည် အီရန်၏ လေကာစနစ်ကို အားနည်းစေခဲ့သော်လည်း B-2 ၏ ဖုံးကွယ်နိုင်စွမ်းသည်လည်း အဆိုပါစစ်ဆင်ရေး အောင်မြင်ရေးအတွက် အရေးပါသည်ဟု စပါလ်ဒင်းက ပြောကြား ခဲ့သည်။

အဆိုပါစစ်ဆင်ရေးတွင် ပါဝင်ခဲ့သော B-2 ဗုံးကြဲလေယာဉ်များသည် အမေရိကန်ပြည်ထောင်စုမှ ပျံတက်ပြီးနောက် အတ္တလန္တိတ်သမုဒ္ဒရာနှင့် မြေထဲပင်လယ်ကို ဖြတ်ကျော်ကာ အီရန်လေပိုင်နက်အတွင်းသို့ ဝင်ရောက် ခဲ့သည်။ ဗုံးများပစ်ချတိုက်ခိုက်ပြီးနောက် လေယာဉ်များသည် ပြန်လည် ချိန်ကိုက်ပျံသန်းခဲ့ကြရာ ကြာမြင့်စွာပျံသန်းရခြင်းသည် လေယာဉ်မှူး များအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့သည်။

စပါလ်ဒင်းက “လေယာဉ်မှူးများသည် တစ်ခါပျံသန်းစဉ် လေထဲမှ လောင်စာဆီဖြည့်ခြင်း (Mid-Air Refueling) ၆-၇ ကြိမ်ခန့် ပြုလုပ်ရပြီး၊ ဖြည့်တင်းမှုတစ်ကြိမ်စီသည် မိနစ် ၃၀ ခန့် ကြာမြင့်သည်” ဟု ရှင်းပြ ခဲ့သည်။ “ထို့ကြောင့် လေယာဉ်မှူးများသည် အရေးကြီးသော အချိန် များတွင် နိုးကြားတက်ကြွစွာရှိနေစေရန် ပျံသန်းမှုမတိုင်မီနှင့် ပျံသန်းနေ စဉ်အတွင်း အိပ်စက်ခြင်းနှင့် အစားအသောက်ဆိုင်ရာ စည်းကမ်းများကို တင်းကြပ်စွာ လိုက်နာရသည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုးကား- VN Express

ပြင်သစ်နိုင်ငံသည် အစ္စရေးက အီရန်ရှိ အီဗင်ထောင်အပေါ် တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချ

ပြင်သစ်နိုင်ငံသည် အစ္စရေးက အီရန်မြို့တော်ရှိ အီဗင်ထောင်ကို တနင်္လာနေ့ (ဇွန် ၂၃) က တိုက်ခိုက်မှုကြောင့် ၎င်းတို့နိုင်ငံသားများ အန္တရာယ် ကျရောက်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။

အီရန်အရာရှိများက ထောင်အချို့အစိတ်အပိုင်းများ ပျက်စီးခဲ့ကြောင်း ပြောကြားခဲ့ပြီး လူမှုကွန်ရက်ပေါ်တွင် မျှဝေနေသည့် ဗီဒီယိုတစ်ခုတွင် ထောင်ရှိ အရှေ့ဘက်မုဒ်ဝကို ပစ်မှတ်ထားတိုက်ခိုက်ထားသည်ကို တွေ့မြင် ရသည်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျန်-နိုအယ် ဘာရိုက X (တွစ်တာ) တွင် ထုတ်ပြန်ချက်ထုတ်ပြန်၍ အဆိုပါတိုက်ခိုက်မှုကို “လက်မခံနိုင်သော အရာ” ဟု ပြောကြားကာ ၂၀၂၂ ခုနှစ်က အီရန်သို့ ခရီးသွားအဖြစ် လာရောက်စဉ် သူလျှို ဟု စွပ်စွဲခံထားရသည့် ပြင်သစ်နိုင်ငံသား ဆီဆီးလ် ကိုလာ နှင့် ဂျက်ပါရီတို့ကို အန္တရာယ်ကျရောက်စေခဲ့ကြောင်း ဖော်ပြခဲ့သည်။(ထိုစွပ်စွဲချက်ကို ၎င်းတို့ ငြင်းဆိုထားသည်။) ကိုလာ၏ညီမ နိုအဲမီ ကလည်း အဆိုပါတိုက်ခိုက်မှုကို “တာဝန်မဲ့သော အရာ” ဟု ဝေဖန်ကာ ထောင်သား များကို “အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေသို့ ရောက်စေခဲ့ သည်” ဟု ပြောကြားခဲ့သည်။

ဘာရိုက အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးပြောဆိုခဲ့ပြီး ကိုလာနှင့် ပါရီတို့ ဘေးကင်းစွာရှိကြောင်း အတည်ပြုချက်ရရှိထားသည်ဟု ပြောကြား ခဲ့သည်။

“အဆိုပါတိုက်ခိုက်မှုသည် အီရန် နျူကလီးယားလက်နက်ရရှိမှုကို တားဆီးရေး ဆိုသည့် အစ္စရေး၏ ရည်မှန်းချက်နှင့် လုံးဝမသက်ဆိုင်ပါ” ဟု ပြင်သစ် သမ္မတ မက်ခရွန်က ပြောကြားခဲ့သည်။

နော်ဝေနိုင်ငံသို့ ခရီးစဉ်အတွင်း မက်ခရွန်က အမေရိကန်မှ အီရန် နျူကလီးယားစက်ရုံသုံးခုကို ဗုံးကြဲတိုက်ခိုက်မှုကိုလည်း ဆက်လက် ရှုတ်ချကာ “အပြည်ပြည်ဆိုင်ရာဥပဒေအရ တရားမဝင်ပါ” ဟု ပြောကြား ခဲ့သည်။ “အီရန်နျူကလီးယားလက်နက်ရရှိမှုကို တားဆီးရေးဆိုသည့် ရည်မှန်းချက်ကို ပြင်သစ်က မျှဝေထားသော်လည်း အဆိုပါ တိုက်ခိုက်မှု များသည် ဥပဒေအရ ညီညွတ်မှုမရှိပါ” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့ သည်။

အမေရိကန်၏တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်မှ ကာတာရှိ အမေရိကန် Al Udeid လေတပ်စခန်းကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ပြီး အမေရိကန်အရာရှိများ၏ပြောဆိုချက်အရ အသက်ဆုံးရှုံးမှုမရှိခဲ့ပေ။

ထိုနေ့ညနေပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးနှင့် အီရန်ကြား စစ်ပြေငြိမ်းရေးသဘောတူညီချက် ရရှိပြီဖြစ်ကြောင်း ကြေညာ ခဲ့သည်။ သို့သော် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီက ထိုသို့ သဘောတူညီချက်မရှိသေးဟု ငြင်းဆိုခဲ့ပြီး အစ္စရေးက ပထမဆုံး ရပ်တန့် ပါက တီဟီရန်မှလည်း ပဋိပက္ခများကို အဆုံးသတ်မည်ဟု ပြောကြား ခဲ့သည်။