သတင်းများ

အီရန်က အစ္စရေးသည် ၎င်း၏ Arak နျူကလီးယာစက်ရုံကို တိုက်ခိုက်ခဲ့ကြောင်းနှင့် ကြီးမားသည့် ထိခိုက်ပျက်စီးမှု မရှိဟုဆို

အီရန်နိုင်ငံက အစ္စရေးသည် တီဟီရန်မြို့၏ အနောက်တောင်ဘက် ကီလိုမီတာ ၂၅၀ (၁၅၅ မိုင်) အကွာရှိ Arak Heavy Water Reactor ကို တိုက်ခိုက်ခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာ IRIB က ဖော်ပြခဲ့သည်။

IRIB ၏ ဖော်ပြချက်အရ ဒေသစံတော်ချိန် နံနက် ၆ နာရီခန့်တွင် ဒုံးကျည် ၂ စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသော်လည်း စက်ရုံသည် ကြီးမားသော ထိခိုက်ပျက်စီးမှုမရှိခဲ့ဘဲ ရေဒီယိုသတ္တိကြွမှုလည်း မတွေ့ရှိရကြောင်း သိရှိရသည်။

ယင်းတိုက်ခိုက်မှုမတိုင်မီ အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) က Arak စက်ရုံအနီးရှိ နေထိုင်သူများအား “အဆိုပါဧရိယာတွင် ရှိနေခြင်းသည် အသက်အန္တရာယ်ဖြစ်စေနိုင်သည်” ဟု သတိပေးချက် ထုတ်ပြန် ခဲ့သည်။ 

၂၀၁၅ ခုနှစ်က အမေရိကန်အပါအဝင် အခြားနိုင်ငံများနှင့် ချုပ်ဆိုခဲ့သည့် နျူကလီးယား သဘောတူညီချက်တွင် Arak Heavy Water Reactor အား အဓိကအာရုံစိုက်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် Heavy water ဓာတ်ပေါင်း (ဒြပ်စင်တူ ဟိုက်ဒရိုဂျင်ပါသည့် ရေ) ကို ပလူတိုနီယမ် ထုတ်လုပ်ရာတွင် အသုံးပြုနိုင်ပြီး ယူရေနီယမ်ထပ်တိုးသန့်စင်ခြင်းထက် နျူကလီးယားဗုံးထုတ်လုပ်နိုင်သည့် ဒုတိယနည်းလမ်းကို အီရန်အား ဖန်တီးပေးနိုင်သောကြောင့် ဖြစ်သည်။

ထိုသဘောတူညီချက်အရ အီရန်အနေဖြင့် Arak စက်ရုံအား လက်နက်အဆင့် ပလူတိုနီယမ်ထုတ်လုပ်ခြင်းမပြုလုပ်နိုင်သည့် ငြိမ်းချမ်းရေး သုတေသန စက်ရုံအဖြစ် ပြန်လည်ဒီဇိုင်းဆွဲရန် လိုအပ်ခဲ့သည်။ သို့သော် အမေရိကန် နိုင်ငံ သဘောတူညီချက်မှ နုတ်ထွက်ပြီးနောက် အီရန်နိုင်ငံသည် သဘော တူညီချက်၏ အချို့အချက်များကို ချိုးဖောက်ကာ ကုလသမဂ္ဂ စစ်ဆေးရေးအဖွဲ့များအား ၎င်း၏ Heavy Water ဓာတ်ပေါင်းထုတ်လုပ်မှုနှင့် လက်ကျန် ပမာဏများကို စောင့်ကြည့်ခွင့် မပြုတော့ပေ။

အဆိုပါတိုက်ခိုက်မှုသည် အစ္စရေးက Natanz, Isfahan နှင့် Fordow နျူကလီးယားစက်ရုံ ၃ ခုနှင့် အဆင့်မြင့် သိပ္ပံပညာရှင်များအား တိုက်ခိုက်ပြီး တစ်ပတ်နီးပါးအကြာတွင် ဖြစ်ပွားခြင်း ဖြစ်သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အီရန်နိုင်ငံသည် နျူကလီးယားဗုံးထုတ်လုပ်ရန် ကြိုးပမ်းနေသည် ဟူသော အထောက်အထား မတွေ့ရဟု ကုလသမဂ္ဂ၏ အဏုမြူစွမ်းအင်ဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြား

အီရန်နိုင်ငံသည် အဏုမြူလက်နက် ထုတ်လုပ်ရန် စနစ်တကျ ကြိုးပမ်းမှု ရှိကြောင်း အထောက်အထား မတွေ့ရဟု အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင်အေဂျင်စီ (IAEA) ၏ အကြီးအကဲ Rafael Grossi က ပြောကြားခဲ့သည်။

အီရန်သည် နျူကလီးယားဗုံး ထုတ်လုပ်နိုင်ရန် အလားအလာရှိသည်ဟု စွပ်စွဲကာ အစ္စရေးနိုင်ငံက အီရန်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက် စလုံးမှ အပြန်အလှန် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မကြာသေးမီက အီရန်သည် နျူကလီးယားလက်နက်ရရှိရန် “အလွန်နီးကပ်နေပြီ” ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ သို့သော် ၎င်း၏ အမျိုးသားထောက်လှမ်းရေး ဒါရိုက်တာ Tulsi Gabbard ၏ အီရန်သည် နျူကလီးယားလက်နက်ထုတ်လုပ်ရန် “လုပ်ဆောင်မှုမရှိ” ဟူသော အစောပိုင်း ထုတ်ပြန်ချက်နှင့် ဆန့်ကျင် နေသည်။ အီရန်အာဏာပိုင်များကမူ ၎င်းတို့၏ နျူကလီးယား အစီအစဉ် သည် ငြိမ်းချမ်းစွာအသုံးပြုရေးအတွက်သာဖြစ်ပြီး ၎င်းကို လုပ်ဆောင်ရန် အပြည့်အဝ အခွင့်အရေးရှိသည်ဟု ခိုင်ခိုင်မာမာ ပြောဆိုနေဆဲဖြစ်သည်။

ဇွန်လ ၁၇ ရက်နေ့တွင် CNN ၏ Christiane Amanpour နှင့် အင်တာဗျူး တစ်ခုပြုလုပ်စဉ် ဂရိုစီက အီရန်အနေဖြင့် နျူကလီးယားဗုံးထုတ်လုပ်ရန် အချိန်မည်မျှလိုအပ်မည် ဆိုသည်နှင့်ပတ်သက်၍ “မည်သူမှားနေသည်၊ မှန်နေသည်ဆိုသည့် အငြင်းပွားမှုများ ရှိနေပါသည်” ဟု ဖြေကြားခဲ့သည်။ ၎င်းက “သေချာသည်က ဒီနေ့မဟုတ်ဘူး၊ နှစ်နှင့်ချီသည့်ကိစ္စလည်း မဟုတ်နိုင်ပါ” ဟု ထပ်လောင်းမှတ်ချက်ပြုခဲ့သည်။

IAEA အကြီးအကဲ ဂရိုစီ၏ ရှင်းပြချက်အရ အီရန်တွင် ကြွယ်ဝသော ယူရေနီယမ် ပမာဏ လုံလောက်စွာ ရှိနိုင်သော်လည်း ၎င်းကို နျူကလီးယား လက်နက်အဖြစ် ပြောင်းလဲရန် နည်းပညာနှင့် ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်မှုများလည်း လိုအပ်ကြောင်း ဖော်ပြခဲ့သည်။

ကုလသမဂ္ဂ၏ စောင့်ကြည့်အဖွဲ့သည် အီရန်၏ နျူကလီးယား စီမံကိန်း နယ်မြေများကို နှစ် ၂၀ ကျော် စစ်ဆေးခဲ့သော်လည်း အီရန်ဘက်မှ “နျူကလီးယားလက်နက်ထုတ်လုပ်ရန် စနစ်တကျ ကြိုးပမ်းမှုနှင့် ပတ်သက်သည့် မည်သည့်အထောက်အထားကိုမျှ မတွေ့ရှိခဲ့ကြောင်း” ၎င်းက ပြောကြား ခဲ့သည်။

“မိမိတို့ ပြောနေသည်က မိမိတို့ သက်သေပြနိုင်သည့်အရာတွေပါ။ ကုန်ကြမ်း ပစ္စည်းတွေ ရှိနေသည်။ အရင်တုန်းက နျူကလီးယား လက်နက် ဖွံ့ဖြိုးရေးနှင့် ဆက်စပ်သည့် လုပ်ဆောင်မှုတချို့ ရှိခဲ့ဖူးသော်လည်း ယခု အချိန်မှာတော့ အဆိုပါအချက်များ မတွေ့ရပါ” ဟု ဂရိုစီက အတိအလင်း ပြောကြားခဲ့သည်။

အစ္စရေးက အီရန်ကို ပထမဆုံးအကြိမ် တိုက်ခိုက်မှု မစတင်မီ တစ်ရက် အလိုတွင် IAEA သည် တီဟီရန်သည် နျူကလီးယားလက်နက် မပြန့်ပွားရေး ဆိုင်ရာ တာဝန်များကို မလိုက်နာကြောင်း ကြေညာသည့် ဆုံးဖြတ်ချက် တစ်ရပ်ကို အတည်ပြုခဲ့သည်။ အခြားအချက်များအပြင် အီရန်သည် ၎င်း၏ နျူကလီးယားပစ္စည်းများကို စစ်ဘက်ဆိုင်ရာအသုံးပြုနိုင်ရေး ပိုမိုကြွယ်ဝလာစေရန် လုပ်ဆောင်မှုများရှိသည်ဆိုခြင်းကို သက်သေမပြနိုင်ခဲ့ကြောင်း အေဂျင်စီက မှတ်ချက်ပြုခဲ့သည်။ 

ကိုးကား- RT

19 June 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အေးချမ်းစွာနေထိုင်လျက်ရှိသည့် ဒေသခံ ပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင် လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၇ ရက် ညနေ ၄ နာရီတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ယုန်တောင်ကျေးရွာနေသူများဖြစ်ကြသည့် ဦးကျော်ရဲအောင်(၃၂)နှစ်၊ ဦးဝင်းထူး(၃၀)နှစ်၊ ဦးရှိန်းထက်အောင်(၃၀)နှစ်၊ ကိုဇွဲထက်(၂၂)နှစ်၊ ကိုဝေဠု(၂၆)နှစ်၊ ဒေါ်တင်ဇာခိုင် (ခ)အောင်ငဲ(၃၀)နှစ်နှင့် ဒေါ်အေးအေးထွေး(၃၆)နှစ်တို့သည် ယုန်တောင်ကျေးရွာမှ ထီးလှိုင်ကျေးရွာ အနီးရှိ ဒေသအခေါ် ငှက်တွင်းသို့ သွားရောက်စဉ် အဆိုပါနေရာအနီးအရောက် PDF အမည်ခံ အကြမ်းဖက်သမား ၁၀၀ ဦးခန့်(စိစစ်ဆဲ) ရောက်ရှိလာပြီး ဒေါ်အေးအေးထွေးအား ယုန်တောင်ကျေးရွာသို့ ပြန်လည်စေလွှတ်ကာ ဦးကျော်ရဲအောင်၊ ဦးဝင်းထူး၊ ဦးရှိန်းထက်အောင်၊ ကိုဇွဲထက်၊ ကိုဝေဠုနှင့် ဒေါ်တင်ဇာခိုင်(ခ)အောင်ငဲတို့ ခြောက်ဦးအား မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ဖိုးအင်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ဒေသခံပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေ တောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေးနှင့် ဖမ်းဆီးခေါ်ဆောင်ခံရသည့် ပြည်သူများအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

Photo - Icon Scout

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊  ဇွန် ၁၇ ရက် ည ၇ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု၊ အနိမ့်ကျေးရွာ၌ သာပေါင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းသိုက်(၃၉)နှစ်ပါ ပူးပေါင်းအဖွဲ့သည် လုံခြုံရေးဆောင်ရွက်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၁၅ ဦးခန့်(စိစစ်ဆဲ)က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ ဦးမင်းသိုက်တွင် ဦးခေါင်းပွင့်ထွက် ဒဏ်ရာများ ရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

အမေရိကန်စစ်တပ်သည် အရှေ့အလယ်ပိုင်းရှိ လေယာဉ်အချို့နှင့် သင်္ဘောအချို့ကို ရွှေ့ပြောင်းထားဟု ကာကွယ်ရေးအရာရှိများပြောဆို

ကာကွယ်ရေးအရာရှိနှစ်ဦး၏ ပြောကြားချက်အရ အစ္စရေးနှင့် အီရန် အကြား ပဋိပက္ခကျယ်ပြန့်နေစဥ်တွင် အမေရိကန်စစ်တပ်သည် အရှေ့ အလယ်ပိုင်းရှိ ၎င်းတို့၏စစ်အင်အားနှင့် ပစ္စည်းများကို ကာကွယ်ရန် အဆင့်များစွာဆောင်ရွက်ခဲ့သည်။ ၎င်းတွင် ကာတာရှိ Al Udeid လေတပ် ၏ အကာအရံမဲ့လေယာဉ်အားလုံးကို ရွှေ့ပြောင်းခြင်းနှင့် ဘာရိန်းတွင် တပ်စွဲထားသော အမေရိကန်ရေတပ်သင်္ဘောများကို ရွှေ့ပြောင်းခြင်းတို့ ပါဝင်သည်ဟု သိရှိရပါသည်။

ထို့အပြင် US Central Command သည် ဒေသတွင်း သွေးသိုလှောင်မှု အပိုများကို ကြိုတင်စုဆောင်းထားကြောင်း အရာရှိများနှင့် နီးစပ်သူ တစ်ဦးက ပြောကြားခဲ့သည်။ ၎င်းမှာ အမေရိကန်စစ်အင်အား တိုက်ခိုက် နိုင်ခြေရှိသည့်အခါတိုင်း ကျင့်သုံးလေ့ရှိသော စံလုပ်ငန်းစဉ်တစ်ခုဖြစ်သည်။

အရာရှိတစ်ဦးက အဆိုပါပြောင်းလဲမှုများအား အမေရိကန်က အီရန်၏ နျူကလီးယားစက်ရုံများကို အစ္စရေးနှင့်အတူ တိုက်ခိုက်ရန် ဆုံးဖြတ်ပါက အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်သည်များနှင့်စခန်းများကို အီရန်က တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသည့်အချိန်တွင် သတိထား၍ အစီအမံ ကြိုတင်ပြုလုပ်ထားခြင်းဟု ဖော်ပြခဲ့သည်။

အကာအရံမဲ့ အမေရိကန်လေယာဉ်များကို ယခုသီတင်းပတ် အစောပိုင်း တွင် ကာတာရှိ Al Udeid လေတပ်စခန်းမှ ရွှေ့ပြောင်းခဲ့ကြောင်း ဂြိုလ်တု ဓာတ်ပုံများတွင် လေယာဉ်မရှိတော့သည်ကို တွေ့ရပြီးနောက် အရာရှိ တစ်ဦးက အတည်ပြုခဲ့သည်။ ထို့အပြင် ဘာရိန်းရှိ Naval Support Activity (အမေရိကန်ရေတပ်၏ အခြေစိုက်စခန်း) တွင် ရှေ့တန်း တပ်စွဲ ထားသော အမေရိကန်ရေတပ်သင်္ဘောအားလုံးသည်လည်း ယခုသီတင်းပတ် အစောပိုင်းတွင် ဆိပ်ကမ်းမှ ထွက်ခွာသွားခဲ့သည်။ တင်းမာမှုမြင့်တက် နေစဥ်ကာလအတွင်း ထိုလေယာဉ်များနှင့် သင်္ဘောများကို မည်သည့် နေရာသို့ ရွှေ့ပြောင်းထားသည်ကိုမူ မသိရသေးပေ။

(CNN ၏သတင်းအရ သမ္မတ Donald Trump သည် အီရန်၏ နျူကလီးယား စက်ရုံများကို တိုက်ခိုက်ရန် မဆုံးဖြတ်ရသေးပေ။ သို့သော် အကယ်၍ ၎င်းက တိုက်ခိုက်ပါက တီဟီရန်က အမေရိကန်ကို တိုက်ရိုက်ပြန်လည်တုံ့ပြန်မည်ဟု ခြိမ်းခြောက်ထားသည်။ အီရန်တွင် အမေရိကန်စစ်အင်အားနှင့် စခန်းများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်နိုင်သည့် ကြားခံအဖွဲ့များစွာ ရှိနေသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီတွင် အီရန်မှထောက်ခံသော Shia မွတ်စ်လင်အဖွဲ့က ဆီးရီးယား-အီရတ်နယ်စပ်ရှိ အမေရိကန်စခန်း Tower 22 ကို ဒရုန်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အမေရိကန်စစ်သား ၃ ဦးသေဆုံးကာ ဒါဇင်နှင့်ချီ ဒဏ်ရာ ရခဲ့သည်။)

ကိုးကား- CNN

Photo: Arab News

အာဒိုဂန်က အီရန်အနေဖြင့် အစ္စရေးကို လက်တုံ့ပြန်မှုအပေါ် ထောက်ခံ

အစ္စရေး၏ တိုက်ခိုက်မှုများကို အီရန်အနေဖြင့် တုံ့ပြန်ရန် တရားဝင် အခွင့်အရေးရှိကြောင်း တူရကီသမ္မတ Recep Tayyip Erdogan က ပြောကြားခဲ့ပြီး အနောက်ဂျေရုဆလင်အား “တရားမဲ့ပြုကျင့်မှုနှင့် နိုင်ငံတော် အကြမ်းဖက်မှု” ကျူးလွန်သည်ဟု စွပ်စွဲခဲ့သည်။

ထို့အပြင် ၎င်းက အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုအား အဒေါ့ဖ် ဟစ်တလာနှင့် နှိုင်းယှဉ်ခဲ့သည်။

အစ္စရေးသည် ဇွန် ၁၃ က အီရန်ကို ဗုံးကြဲတိုက်ခိုက်မှု စတင်ခဲ့ပြီး တီဟီရန်သည် နျူကလီးယားဗုံး ပိုင်ဆိုင်ရန် နီးကပ်နေသည်ဟု စွပ်စွဲ ခဲ့သည်။ အီရန်က အဆိုပါစွပ်စွဲချက်များကို ပယ်ချခဲ့ပြီး အစ္စရေး၏ စစ်ဆင်ရေး ကို ဒရုန်းနှင့် ဒုံးကျည်များဖြင့် ပြင်းထန်စွာ တုံ့ပြန်ခဲ့သည်။

“အစ္စရေး၏ တရားမဲ့ပြုကျင့်မှုနှင့် နိုင်ငံတော် အကြမ်းဖက်မှုများကို ကာကွယ်ရန် အီရန်၏ တုံ့ပြန်မှုသည် လုံးဝ သဘာဝကျပြီး တရားဝင်ကာ ဥပဒေနှင့်ညီသည်” ဟု အာဒိုဂန်က အန်ကာရာ၌ ပါလီမန် အစည်းအဝေး တစ်ခုအတွင်း ဗုဒ္ဓဟူးနေ့ (ဇွန် ၁၈) က ပြောကြားခဲ့သည်။

တူရကီသမ္မတက အစ္စရေး၏ ခေါင်းဆောင်အား ၎င်း၏ စစ်ရေး ကျူးကျော်မှုများအတွက် အပြင်းအထန် ဝေဖန်ခဲ့ပြီး နေတန်ယာဟုသည် “လူမျိုးတုံးသတ်ဖြတ်မှု ရာဇဝတ်မှုတွင် အာဏာရှင် ဟစ်တလာထက် များစွာကျော်လွန်သွားပြီ” ဟု ဆိုခဲ့သည်။

ထို့အပြင် ၎င်းက ဂါဇာတွင် အစ္စရေး၏ ကျူးကျော်မှုနှင့်ပတ်သက်၍ ကမ္ဘာလုံး ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုကို ရှုတ်ချခဲ့ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက လူမျိုးတုံးသတ်ဖြတ်မှု၏ လက္ခဏာများအဖြစ် မြင်သည့် အရာကို “အစ္စရေး၏ ကျူးလွန်မှုကို ထောက်ခံသူများ၏ လက်များနှင့် မျက်နှာများတွင် သာမက တိတ်ဆိတ်နေသူများ၏ လက်များနှင့် မျက်နှာ များတွင်လည်း သတ်ဖြတ်ခံရသော အရပ်သားများ၊ သတ်ဖြတ်ခံရသော ကလေးငယ်များ၏ သွေးများ စွန်းထင်းနေသည်” ဟု ပြောကြားခဲ့သည်။

တူရကီသည် အစ္စရေး၏ အီရန်အပြင် ဂါဇာ၊ ဆီးရီးယား၊ လက်ဘနွန်နှင့် ယီမင်တို့အပေါ် လူမဆန်သော ကျူးကျော်မှုများကိုရပ်တန့်ရန် ၎င်းတို့ လုပ်ဆောင်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်နေကြောင်း အာဒိုဂန် က ဇွဲမလျှော့ဘဲ ပြောကြားခဲ့သည်။

“အစ္စရေး၏ ကျူးကျော်မှုကို ရပ်တန့်ရန်မှာ ကမ္ဘာနှင့် လူသားမျိုးနွယ် အတွက် အရေးကြီးသည်” ဟု ၎င်းက ဆိုခဲ့သည်။

အန်ကာရာသည် နိုးကြားတက်ကြွစွာရှိနေပြီး “အီရန်အပေါ် အစ္စရေး၏ အကြမ်းဖက်တိုက်ခိုက်မှုများကို နီးကပ်စွာ စောင့်ကြည့်နေသည်” ဟု ၎င်းက ပြောကြားခဲ့သည်။

ထရမ့်သည် ကြီးမားသော စွန့်စားမှုတစ်ခုကို ပြုလုပ်ရန် အလားအလာ ရှိနေ

သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့် ကြီးမားသည့် စွန့်စားမှု တစ်ခု ပြုလုပ်ရန် အခြေအနေမှာ ဖြစ်ပေါ်လာနိုင်သည့် အလားအလာရှိသည်။ သမ္မတ တစ်ဦးသည် ဖြစ်ရပ်များ၏ ဖိအား၊ အစုလိုက်အပြုံလိုက် ထိခိုက် စေနိုင်သည့် လက်နက်ကြီးများ ပိုမိုပျံ့နှံ့မည်ကို စိုးရိမ်စိတ်နှင့် မိမိကိုယ်တိုင် ပြောဆို ခဲ့သည့် စကားများကို အတည်ပြုရန် လိုအပ်မှုတို့ကြောင့် အရှေ့အလယ် ပိုင်းသို့ ဝင်ရောက်စွက်ဖက်ရန် အလားအလာ စတင်စဉ်းစားနေရသည့် အခြေအနေဖြစ်သည်။

ဝါရှင်တန်တွင် ဒေါ်နယ်ထရမ့်သည် အစ္စရေး၏ တောင်းဆိုချက်ကို လိုက်နာ၍ အီရန်၏ နျူကလီးယားအစီအစဉ်ကို အထိရောက်ဆုံး တိုက်ခိုက်ရန် စီစဉ်နေသည်ဟူသော ခန့်မှန်းချက်များ တိုးပွားလျက်ရှိပြီး အမေရိကန်ပြည်ထောင်စုသာ ပေးနိုင်သည့် ဘန်ကာဖျက် လက်နက် များကို အသုံးပြုရန် စဉ်းစားနေသည်။

အစ္စရေး၏ အစောပိုင်းတိုက်ခိုက်မှုသည် အီရန်၏ အဆင့်မြင့် စစ်ခေါင်းဆောင်များနှင့် နျူကလီးယား သိပ္ပံပညာရှင်များကို သုတ်သင်ပြီး အီရန်၏ ကာကွယ်ရေးစွမ်းရည်ကို ပြင်းထန်စွာ ကျဆင်းစေခဲ့သည့် အောင်မြင်မှု နှင့်အတူ သမ္မတထရမ့်၏ ပြောဆိုမှုများလည်း ပိုမိုပြင်းထန်လာခဲ့သည်။

ထရမ့်သည် အီရန်၏ နျူကလီးယားစက်ရုံများကို အမေရိကန်၏ စစ် အင်အားဖြင့် တိုက်ခိုက်ရန် စဉ်းစားလာပြီး အီရန်နှင့် ညှိနှိုင်းဆွေးနွေး၍ ပြဿနာဖြေရှင်းရန် ယခင်က မအောင်မြင်ခဲ့သည့် နည်းလမ်းကို စွန့်လွှတ် လိုနေသည်။ ထရမ့်နှင့်ပတ်သက်လျှင် အမြဲပင် ၎င်း၏ မာန်ပါသော ပြောဆိုမှုများသည် အမှန်တကယ်လားဆိုသည်ကို မေးခွန်းထုတ်ရန် လိုအပ်သည်။ ၎င်းသည် အီရန်အား သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရန် နှင့် လူမှုကွန်ရက်ပေါ်တွင် ၎င်း တောင်းဆိုခဲ့သည့် “ကန့်သတ်ချက်မရှိ အညံ့ခံမှု” သို့ ပြန်လည်ရောက်ရှိစေရန် ခြိမ်းခြောက်နေခြင်းလည်း ဖြစ်နိုင်သည်။

ထရမ့်သည် ၎င်း၏ နိုင်ငံရေးအခြေခံမူများကို ငြင်းပယ်လိုက်မည့် ကြီးမားသော စွန့်စားမှုတစ်ခု၏ အစပ်တွင် ရှိနေသည်။

အစိုးရစနစ်လွှဲပြောင်းရန် ကြိုးပမ်းခဲ့သည့် အမေရိကန်သမ္မတများကို ၎င်းကိုယ်တိုင် ပြင်းထန်စွာ ဝေဖန်ခဲ့သည့် အမြင်သည် ၎င်း၏ နိုင်ငံရေး လောကထဲသို့ ဝင်ရောက်လာမှုတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ အကယ်၍ အီရန်နှင့် စစ်ဖြစ်ခဲ့မည်ဆိုပါက ထရမ့်သည် ၎င်း၏ MAGA လှုပ်ရှားမှု၏ အလွန်ကြီးမားသည့် အစိတ်အပိုင်းကို လျစ်လျူရှုလိုက်မည် ဖြစ်သည်။ “အမေရိကန်ကို ဦးစားပေး” သမ္မတ သည် ၎င်းမနှစ်သက်ခဲ့သည့် ဝင်ရောက်စွက်ဖက်ရေးသမားတစ်ဦး ဖြစ်လာ မည်ဖြစ်သည်။

သို့ရာတွင် ထရမ့်၏ သီးသန့်ရပ်တည်ရေးဝါဒတွင် မရှင်းလင်းမှုတစ်ခု ရှိနေဆဲဖြစ်သည်။ အီရန်သည် အစ္စရေးကို ချေမှုန်းရန် ခြိမ်းခြောက်မှုများ ပြုလုပ်နေသည့်အပြင် အမေရိကန်နှင့်လည်း ရန်သူဖြစ်နေသည့်အတွက် နျူကလီးယားလက်နက် ရရှိခွင့် မည်သည့်အခါမျှမရနိုင်ဟု ၎င်းက အမြဲပင် ပြောဆိုခဲ့သည်။

ကိုးကား- CNN

Photo: Foreign Policy

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၌ တရားမဝင် Online ငွေကြေးလိမ်လည်မှုလုပ်ငန်း (ကျားဖြန့်)လုပ်ကိုင်သူ မြန်မာနိုင်ငံသား ၉၇ ဦးနှင့် တရုတ်နိုင်ငံသား ၄၁ ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

18 June 2025

၂၀၂၅ ခုနှစ်၊ ဇွန် ၁၆ ရက် မွန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်နှင့် ကောင်းမှုတုံရပ်ကွက်အတွင်း၌ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများ ပူးပေါင်းကာ Online ငွေကြေးလိမ်လည်မှုလုပ်ငန်း(ကျားဖြန့်) လုပ်ကိုင်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ ရှာဖွေစစ်ဆေးခြင်းများ လုပ်ကိုင်ခဲ့ပါသည်။ 

ထိုသို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ အိမ်အမှတ်(မဆ-၄၀၀) ရှိ အိမ်ပိုင်ရှင်(စိစစ်ဆဲ)၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ တရားမဝင် Online ငွေကြေးလိမ်လည်မှုလုပ်ငန်း(ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၄၀ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၁၀ ဦးတို့အား လက်ကိုင်ဖုန်း မျိုးစုံ ၁၂၀ လုံး၊ ကွန်ပျူတာမျိုးစုံ ၈၆ လုံး၊ WiFi စက် ၃ လုံး၊ CROWN မော်တော်ယာဉ် ၁ စီးတို့ဖြင့် လည်းကောင်း။
 
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ အိမ်အမှတ်(ဟန-၈)ရှိ အိမ်ပိုင်ရှင်(စိစစ်ဆဲ)၏ နေအိမ်အတွင်းမှ  တရားမဝင် Online ငွေကြေးလိမ်လည်မှုလုပ်ငန်း(ကျားဖြန့်)များ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၂၈ ဦးတို့အား ကွန်ပျူတာမျိုးစုံ ၁၆ လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ ၃၃၄ လုံး၊ WiFi စက် ၃ လုံး၊ CROWN မော်တော်ယာဉ် ၁ စီး၊ TOYOYA LANDCRUISER မော်တော်ယာဉ် ၁ စီးတို့ဖြင့်လည်းကောင်း စစ်ဆေးတွေ့ရှိသိမ်းဆည်း ဖမ်းဆီးရမိခဲ့ပါသည်။
 
အထက်ပါဖြစ်စဉ်တွင် ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား အမျိုးသား ၄၁ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၅၉ ဦးနှင့် အမျိုးသမီး ၃၈ ဦးတို့အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌ TNLA အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန်ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

18 June 2025

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
 
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၇ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ အုမ္မသီးကျေးရွာသို့ TNLA အကြမ်း ဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန်ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဦးအိုက်မွန်(၄၀)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင်ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ခြိမ်းခြောက်စာများ ပေးပို့ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၇ ရက် မွန်းလွဲ ၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ လယ်ဘဲ့ကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်း၌ ခြိမ်းခြောက်စာ တွေ့ရှိရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းရှိ Grade-5 တန်း၏ အခန်းအပြင်ဘက် ခုံတန်းပေါ်၌ A4 စာရွက်ပေါ်တွင် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုအား မပြုလုပ်ရန်ရည်ရွယ်၍ ရေးသားထားသော စာသားပါရှိသည့် ခြိမ်းခြောက်စာ တစ်စောင်အား တွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။ 
 
အထက်ပါဖြစ်စဉ်မှ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် စာသင်ကျောင်းများသို့ ခြိမ်းခြောက်စာပေးပို့ခြင်းများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။